Ygn Lab.
duo indie game studio
16/08/2026
ဒီနေ့မှာတော့ ကျွန်တော်တို့ဂိမ်းထဲမှာ သုံးထားတဲ့ building assets တွေနဲ့ final game-ready အဆင့်ရောက်အောင် ဘယ်လိုဖန်တီးခဲ့လဲဆိုတာလေးကို နည်းနည်း share ပေးချင်ပါတယ်။
ကျွန်တော်တို့ ဂိမ်းထဲမှာပါမယ့် assets တွေက ပထမဆုံးပုံမှာ ပြထားတဲ့အတိုင်း အပြင်က တကယ့်အိမ်ပုံအစစ်တွေကို ယူသုံးထားတာပါ။ အဲ့ဒီပုံတွေကိုသုံးပြီး blender ထဲမှာ low-poly model လေးတွေ ပြန်ဆွဲပါတယ်။ အဲ့ဒီနောက်မှာတော့ အပြင်ကအိမ်ပုံအစစ်တွေကို low-poly model ပေါ်မှာ texture အနေနဲ့ ပြန်ကပ်လိုက်ပါတယ်။ ဒါပေမယ့် ဒီတိုင်းကြီးက သိပ်မမိုက်တဲ့အပြင် ကျွန်တော်တို့လိုချင်တဲ့ Silent Hill 2 လို vibe မျိုးရဖို့ဆိုရင် နောက်ဆုံး မှာပြထားတဲ့အတိုင်း custom shader လေးတစ်ခုကို Godot engine ထဲမှာ အိမ် model တွေပေါ်ကထပ်အုပ်လိုက်ပါတယ်။ အဲ့အခါကျ PS2 ခေတ်ကလိုမျိုး graphic အငွေ့အသက်လေးရသွားပြီး ဂိမ်းထဲမှာတကယ်သုံးမယ့် final အဆင့်ကို ရောက်သွားတာပါ။
ဒီထဲမှာပြထားတာ model အကုန်တော့မဟုတ်သေးပါဘူး။ Game map ရဲ့ main town sector မှာပါဝင်လာမယ့် model တွေပဲဖြစ်ပါတယ်။ Map ရဲ့ တခြားအပိုင်းတွေမှာပါဝင်လာမယ့် assets တွေကိုလဲ နောက် post တွေမှာ ပြပေးသွားပါမယ်။ ဒါကတော့ ကျွန်တော်တို့ game assets တွေကို ဘယ်လို ဖန်တီးခဲ့လဲဆိုတဲ့ process ပဲဖြစ်ပါတယ်။ ဒီ process မှာသုံးခဲ့တဲ့ custom shader လေးကို စမ်းကြည့်ချင်တယ်ဆိုရင် comment မှာ ပြောခဲ့ပေးပါ၊ သုံးလို့အဆင်ပြေအောင် file လေး share ပေးပါမယ်။
အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော်တို့က ygn lab လို့ခေါ်တဲ့ indie game studio အသစ်လေးပါ။ လက်ရှိမှာ developer တစ်ယောက်၊ designer တစ်ယောက် လူနှစ်ယောက်တည်းနဲ့ ဒီ studio လေးကို run နေတာပါ။ နှစ်ယောက်လုံးက ပြည်ပမှာ full-time အလုပ်ကိုယ်စီနဲ့မို့လို့ game development ကို ဝါသနာအရ အားလပ်ချိန်လေးတွေမှာပဲ ဖန်တီးဖြစ်နေတာပါ။
အခု ပထမဆုံး game အနေနဲ့ 'bottom feeder' လို့ခေါ်တဲ့ narrative fishing game လေးတစ်ခုကို develop လုပ်နေပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်က Silent Hill game တွေ၊ Twilight ရုပ်ရှင်ကားထဲကလို Washington မြို့ရဲ့ မြူနှင်းတွေဖုံးနေတဲ့ aesthetic မျိုးတွေကို သဘောကျလို့ အဲ့ဒီလို vibe မျိုးရအောင် အဓိကထား ဖန်တီးထားတာပါ။ Horror game တစ်ခု မဟုတ်ပေမယ့်၊ တကယ်ကို စိတ်ဝင်စားစရာကောင်းပြီး နက်ရှိုင်းတဲ့ story ပါဝင်မယ့် narrative fishing game လေးပါ။ International က indie studio တစ်ခုလုပ်ထားတဲ့ about fishing ဆိုတဲ့ game လေးဆီကနေလည်း inspiration ရထားပါတယ်။ အလုပ်တွေတစ်ဖက်နဲ့မို့လို့ progress ကတော့ ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ သွားနေမှာပါ။
Game က early development ထဲမှာပဲရှိသေးတာကြောင့် ရှေ့ဆက်ပြီး ဒီ page ကနေ game footage တွေ၊ concept design တွေနဲ့ update တွေ ဆက်တိုက်တင်ပေးသွားမှာမို့လို့ ကျွန်တော်တို့ရဲ့ journey ကို စိတ်ဝင်စားရင် page လေးကို follow လုပ်ပြီး အားပေးကြဖို့ request လုပ်ချင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Alerts
Be the first to know and let us send you an email when Ygn Lab. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.