Burma Human Rights Network

Burma Human Rights Network

Share

Burma Human Rights Network (BHRN) is working for human rights, minority rights and religious freedom.

31/07/2026

စစ်အုပ်စု ပြန်အသက်သွင်းလာတဲ့ အစွန်းရောက်အမျိုးသားရေးဝါဒ
--------------------------------------------------
(ဆွေးနွေးပွဲ စကားဝိုင်း)

စစ်အာဏာရှင်အဆက်ဆက်ဟာ တိုင်းပြည်နှင့်လူမျိုးကို ထိန်းသိမ်းသူ၊ ကာကွယ်စောင့်ရှောက်သူလို့ ပုံဖော်ကာ မှိုင်းတိုက်ပြီး အမျိုးသားရေးအမည်ခံ အစွန်းရောက်ဝါဒကို ပြည်သူလူထုကြားထဲ ဝါဒဖြန့်ချိခဲ့ကြပါတယ်။
စာပေအနေနဲ့ "အမျိုးပျောက်မှာစိုးကြောက်စရာ"၊ "အမျိုးမပျောက်အောင်ကာကွယ်ရမည့်နည်းလမ်းများ"၊ "ကိုယ်တော့်ကရုဏာ"၊ "မြန်မာတွေကျားဖြစ်ဖို့လိုပြီ" စတဲ့ အမုန်းတရားမှိုင်းတိုက်စာတွေအပြင် အတုမရှိ၊ သာကီသွေး၊ ဘူးလတ်ဂျာနယ် စတဲ့ အပတ်စဉ်ထုတ်၊ လစဉ်ထုတ်စာစောင်တွေ ထုတ်ဝေဖြန့်ချိပြီး အခမဲ့ဝေငှခြင်း၊ စစ်အုပ်စုလက်ဝေခံမီဒီယာများထောက်ပံ့ကာ တည်ထောင်ပေးထားခြင်း၊ မဘသ အပါအဝင်အမျိုးသားရေးအမည်ခံ အသင်းအဖွဲ့များ
ဖွဲ့စည်းပေးပြီး ထိုအသင်းအဖွဲ့များမှတဆင့် ဝါဒဖြန့်လှုပ်ရှားမှုများအပြင် ဇီးပင်ကြီး၊ ဖောင်ကြီးသင်တန်းတို့လို ဝန်ထမ်းမွမ်းမံသင်တန်းတွေသာမက ကျောင်းပညာရေးအထိပါ ထိထိရောက်ရောက်ဝါဒဖြန့် မှိုင်းတိုက်ခဲ့ကြပါတယ်။
အခုအခါမှာ ရွေးတုအစိုးရရဲ့ လွှတ်တော်အတွင်းမှာလည်း အစွန်းရောက်များကို အယောက် ၃၀ ခန့် နေရာပေးထားတဲ့အပြင် Social media အသီးသီးမှာလည်း စစ်အုပ်စု ဝါဒဖြန့်ပေးနေတဲ့ အစုအဖွဲများ၊ တစ်သီးပုဂ္ဂလ ဝါဒဖြန့်ပေးနေသူများကိုပါ နေရာ‌ပေး အသုံးပြုလာခဲ့ကြတာတွေကို ခပ်စိပ်စိပ်တွေ့လာရပါတယ်။
ဒါ့ကြောင့် ဒီတစ်ပတ် BHRN ရဲ့ စကားဝိုင်းဆွေးနွေးပွဲမှာ ဘာသာရေးခေါင်းဆောင်များ၊ လူငယ်များနှင့် ဥပဒေရှု့ထောင့်များကိုပါ တင်ပြသွားဖို့
ရည်သန်ပြီး "စစ်အုပ်စု ပြန်လည်အသက်သွင်းတဲ့ အစွန်းရောက်အမျိုးသားရေးဝါဒ" ဆိုတဲ့ခေါင်းစဉ်အောက်ကနေ စစ်အုပ်စုဘယ်လိုလှုပ်ရှားပြီး ဘယ်လိုကောက်ကျစ်စဉ်းလဲဖို့ ကြံနေသလဲဆိုတာနဲ့
အဲ့ဒီလိုအမုန်းတရား သတင်းအမှားတွေနဲ့ အစွန်းရောက်နေမှုတွေကို ဘယ်လိုကာကွယ်ထိန်းသိမ်းမလဲ၊ ဘယ်လိုတုန့်ပြန်ကြမလဲဆိုတဲ့အကြောင်းအရာတွေကို တင်ပြဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်။

ပါဝင် ဆွေးနွေးမယ့်သူတွေကတော့ -

· ဆရာတော် အရှင်တေဇာနန္ဒ (တန့်ဆည်)
· မောင်လာနာကာရီစိုးနေဦး (BHRN)
· ဒေါ်သဉ္ဇာမြ (မြို့နယ်တရားသူကြီး - CDM)
· ကိုသီဟ
တို့ဖြစ်ပြီး

Moderator အဖြစ်
- ကိုဟယ်ရီ
က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒီစကားဝိုင်းကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်(သောကြာနေ့ည) 7:00 PM (YGN Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားပါမယ်။
အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal နှင့် People Radio Myanmar တို့မှာလည်း တပြိုင်နက် တင်ဆက်သွားပါမှာ ဖြစ်ပါတယ်။

ဒီစကားဝိုင်းကို တိုက်ရိုက်ထုတ်လွှင့်ခွင့်ပေးတဲ့ မိတ်ဖက်မီဒီယာများကို BHRN က အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
- BHRN

30/07/2026

29/06/2026

အမုန်းစကားအောက်က ရုန်းမထနိုင်သေးတဲ့ မြန်မာပြည်
--------------------------------------------------
(ဆွေးနွေးပွဲ စကားဝိုင်း)

မြန်မာနိုင်ငံမှာ ပဒေသရာဇ် လက်ထက်အခါက လူမျိုးရေး ဘာသာရေး မုန်းတီးမှု၊ ခွဲခြားမှုနှင့် ဘာသာစွဲ လူမျိုးစွဲ ဆိုတဲ့ အစဉ်အလားဆိုးတွေ မရှိခဲ့ပေမယ့် ကိုလိုနီခေတ် နယ်ချဲ့အစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်၊ ခွဲခြားအုပ်ချုပ်မှု ဗျူဟာအောက်မှာတော့ ဘာသာအယူမတူသူတွေအကြား ရန်မီးပွား အမုန်းတရားများ စတင်ပေါ်ပေါက်လာခဲ့ရ ပါတယ်။

အဲ့ဒီလိုပေါ်ပေါက်လာခဲ့ရတဲ့ အမုန်းတရားဟာ သတင်းတုသတင်းမှား ဖြန့်ချိမှု၊ အမုန်းစကားလှုံ့ဆော်မှုတွေကနေ စတင်ဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။ အဆိုပါ အမုန်းစကား သတင်းတုသတင်းမှားများဟာ ကိုလိုနီစနစ်နဲ့ တစ်ပါတည်း နေဝင်မသွားခဲ့ဘဲ ၁၉၆၂ ခုနှစ် အာဏာရှင်နေဝင်း အာဏာသိမ်းယူပြီးနောက်ပိုင်းမှာတော့ ကိုလိုနီရဲ့ဆိုးမွေတွေကို ပြန်လည်အသက်သွင်းကာ တရုတ်-ဗမာ အရေးအခင်း၊ K လား-ဗမာအရေးအခင်းများကိုဖန်တီးပြီး စစ်အာဏာရှင်တွေ နေရာမြဲ ရာထူးမြဲ ခုံမြဲစေဖို့ ရည်သန်ကာ ဆက်လက်အသက်သွင်းခဲ့ကြပါတယ်။

အဲ့ဒီလို အသက်သွင်းရာမှာတော့ ကိုလိုနီခေတ်ထက်ပိုပြီး စနစ်တကျ သွေးခွဲမှုတွေ ဝါဒဖြန့်မှုတွေနောက်မှာ မြန်မာ့လူအဖွဲ့အစည်းထဲကို ခွဲခြားဆက်ဆံမှုနဲ့ အမုန်းတရားစေ့ဆော်မှုတွေက နက်ရှိုင်းစွာ နေရာယူလာခဲ့ပါတယ်။ ဒီလိုနက်ရှိုင်းစွာ တိုးဝင်လာခဲ့တာဟာလည်း အမုန်းစကားတွေကြောင့်ပဲဖြစ်ပါတယ် ။

၁၉၈၉ ခုနှစ်မှာ စစ်တပ်အစီအမံနဲ့ "အမျိုးပျောက်မှာ စိုးကြောက်စရာ"ဆိုပြီး စာတစ်တန်ပေတစ်တန်အနေနဲ့ အမုန်းစကားများကို စနစ်တကျ ဖြန့်ချိလာခဲ့ပါတယ်။ အဆိုပါ ဝါဒဖြန့်အမုန်းတိုက်မှုများကြောင့် တောင်ကြီး၊ တောင်ငူ၊ ပြည်၊ မန္တလေးမြို့ကြီးများမှာ ဘာသာရေးအကြမ်းဖက်မှုများ ခပ်စိပ်စိပ်ဖန်တီးခဲ့ပြီး ၂၀၁၀ နောက်ပိုင်း စစ်ယူနီဖောင်းချွတ် ဗိုလ်ချုပ်သိန်းစိန် သမ္မတဖြစ်လာချိန်မှာတော့ တိုင်းပြည်ကိုမတည်မငြိမ်ဖြစ်အောင် ထပ်မံဝါဒဖြန့်ခဲ့ရာကနေ မိတ္ထီလာ၊ လားရှိုး၊ ပဲခူးတိုင်းအနောက်ခြမ်း၊ သရဲသမိန်၊ လုံးခင်း၊ မန္တလေး စတဲ့မြို့တွေအပြင် ရခိုင်ပြည်နယ်မှာ လူမျိုးတုံး သ-တ်ဖြ-တ်မှုဆိုတဲ့ ကမ္ဘာကျော် ရာဇဝတ်မှုများအထိပါ ဖြစ်ပေါ်ခဲ့ရပါတယ်။ အဆိုပါသမိုင်းဆိုး အမွေဆိုး ရာဇဝတ်မှုများအားလုံးဟာ အမုန်းစကားနှင့် ဝါဒဖြန့်မှု၊ အုပ်ချုပ်သူလူတန်းစားတို့ရဲ့ စနစ်တကျပါဝင်ပတ်သက် သွေးခွဲအုပ်ချုပ်မှုများကြောင့်လို့ သုံးသပ်နိုင်ပါတယ်။

ဒီနေ့ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့သမျှသော ဘာသာရေး လူမျိုးရေး လက်နက်ကိုင် ပဋိပက္ခများ၊ အကြမ်းဖက်မှုများ၊ ဂျီနိုစိုက်အားလုံးတို့ဟာ Hate Speech ခေါ် အမုန်းစကား ဖြန့်ဝေပြောဆို ဝါဒဖြန့်မှုကိုအခြေခံပြီး အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ရတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ပတ်မှာတော့ BHRN ရဲ့ စကားဝိုင်းဆွေးနွေးပွဲမှာ ၂၀၂၅ ခုနှစ် တစ်နှစ်ပတ်လုံး အမုန်းစကားဖြန့်ဝေမှု ဝါဒဖြန့်မှုတွေအကြောင်း ရေးသားထားတဲ့ BHRN ရဲ့ နှစ်ပတ်လည်အစီရင်ခံစာကို အများပြည်သူထံ ထုတ်ပြန်ပေးရင်း အမုန်းစကားနဲ့ သူ့ရဲ့ အန္တရာယ်များမှု၊ သင်းခွဲသပ်သျှိုမှု၊ ဖြန့်ချိမှုပုံစံနဲ့ အမုန်းစကားဟာ အာဏာရှင်တွေ အာဏာတည်မြဲဖို့ မည်၍မည်မျှ အရေးပါအရာရောက်နေသလဲဆိုတဲ့ အကြောင်းအရာများကိုပါ တစ်ပါတည်းတင်ပြဆွေးနွေးသွားကြမှာပဲ ဖြစ်ပါတယ်။

ပါဝင် ဆွေးနွေးမယ့်သူတွေကတော့ -

- ကိုမိုးထက်နေ
(သုတေသနဲ့ နိုင်ငံရေးအကြံပေး - Nyan Lynn Thit Analytica)

- Seng (Myanmar FORB Network)

- Grace (BOD)

- မောင်လာနာကာရီစိုးနေဦး (BHRN)

တို့ဖြစ်ပြီး

Moderator အဖြစ်

- ကိုအောင်သူရ
(စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ အထွေထွေသပိတ်ကော်မတီ)
က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒီစကားဝိုင်းကို
၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်(အင်္ဂါနေ့ည) 7:00 PM (YGN Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားပါမယ်။

အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal နှင့် People Radio Myanmar တို့မှာလည်း တပြိုင်နက် တင်ဆက်သွားပါမှာ ဖြစ်ပါတယ်။
ဒီစကားဝိုင်းကို တိုက်ရိုက်ထုတ်လွှင့်ခွင့်ပေးတဲ့ မိတ်ဖက်မီဒီယာများကို BHRN က အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

- BHRN

29/05/2026

အာဏာရှင် ယန္တရားအောက်က ခွဲခြားခံနေရဆဲ လူနည်းစုများ
--------------------------------------------------
(ဆွေးနွေးပွဲ စကားဝိုင်း)

မြန်မာ့နိုင်ငံရေးအခင်းအကျင်း တော်လှန်ရေးခရီးကြမ်းမှာ အမျိုးသားရေးလက္ခဏာကို ရှေ့တန်းတင်ကာ ပြည်သူလူထုကို စည်းရုံးသိမ်းသွင်းပြီး ကိုလိုနီဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး လှုပ်ရှားမှုတွေမှာ နိုင်ငံရေးနည်းနာအဖြစ်နဲ့ မြန်မာ့နိုင်ငံရေးဦးဆောင်သူများက အသုံးပြုခဲ့ကြပါတယ်။

ဒါပေမယ့် မရိုးဖြောင့်မသမာသူ စစ်အာဏာရှင်များဟာ မွန်မြတ်လှတဲ့ အမျိုးသားရေးလက္ခဏာကို အလွဲသုံးစားပြုလုပ်ကာ မိမိတို့အာဏာတည်မြဲရေး လူထုကိုနိုင်ငံရေးမှာ အာရုံလွှဲရန်ရည်သန်ပြီး တလွဲအသုံးချခဲ့ကြသလို အစွန်းရောက်အမျိုးသားရေးလှုပ်ရှားမှုများကို နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားခဲ့ကြပါတယ်။

အဆိုပါလွဲမှားသော အတွေးအမြင်အယူအဆများကြောင့် လူနည်းစုတိုင်းရင်းသားများ၊ လူနည်းစု မျိုးနွယ်ဝင်များ၊ လူနည်းစုဘာသာဝင်များအပေါ် ပေါ်ပေါ်တင်တင် ခွဲခြားဆက်ဆံမှုများ၊ အခွင့်အရေးချိုးဖောက်မှုများ၊ ပစ်မှတ်ထားတိုက်ခိုက်မှု ရာဇဝတ်မှုများအထိ ရက်စက်စွာကျူးလွန်ခဲ့ကြရုံသာမက ထိုသို့ကျူးလွန်ပြုလုပ်မှုများကိုလည်း ကိုယ့်အမျိုးဘာသာထိန်းသိမ်းမှုဟု နာမည်လှလှတပ်ကာ လှည့်စားအသုံးပြုခဲ့ကြပါတယ်။ အဲ့ဒီလို ခွဲခြားဖိနှိပ် အကြမ်းဖက်မှုများ တနေ့တခြား ပိုမိုဆိုးရွာလာခဲ့တာကြောင့် လူနည်းစုများရဲ့ ပြန်လည်တုန့်ပြန်မှုများဟာလည်း အပြုသဘောမဆောင်မှုများရှိလာခဲ့ပါတယ်။

အထက်ဖော်ပြပါ အာဏာရှင်တို့ရဲ့ ဖိနှိပ်နေမှု ယန္တရားများအကြောင်းကို ပညာရှင်ရှုထောင့် လူငယ်ရှုထောင့်တို့ကနေ အဖိနှိပ်ခံများရဲ့ အသံအဖြစ် ဒီတစ်ပတ် Burma Human rights Network ရဲ့ စကားဝိုင်းဆွေးနွေးပွဲမှာ ဆွေးနွေးတင်ပြသွားကြမှာလည်းဖြစ်ပါတယ်။

ပါဝင် ဆွေးနွေးမယ့်သူတွေကတော -

- ဒေါက်တာသန်းလွင်ဦး

- လိုည်းမွမ့်နွန်း @ နွန်း
(တအာင်းအမျိုးသမီးတက်ကြွလှုပ်ရှားသူ)

- ခွန်ဟိဏ်း

- ကိုထက်ခိုင်စိုး

တို့ဖြစ်ပြီး

Moderator အဖြစ်
- ကိုဟယ်ရီ

က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒီစကားဝိုင်းကို ၂၀၂၆ ခုနှစ် မေလ ၃၀ ရက်(စနေနေ့ည) 7:00 PM (YGN Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားပါမယ်။

အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal နှင့် People Radio Myanmar တို့မှာလည်း တပြိုင်နက် တင်ဆက်သွားပါမှာ ဖြစ်ပါတယ်။
ဒီစကားဝိုင်းကို တိုက်ရိုက်ထုတ်လွှင့်ခွင့်ပေးတဲ့ မိတ်ဖက်မီဒီယာများကို BHRN က အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

- BHRN

21/05/2026

၂၀၂၆ ခုနှစ် ဧပြီလအတွင်း
စစ်တပ်၏ လူ့အခွင့်ရေးချိုးဖောက်မှု
လစဉ်အစီရင်ခံစာမှ ကောက်နုတ်ချက်
-----------------
(Short Video for April 2026)

21/05/2026

၂၀၂၆ ခုနှစ် မတ်လအတွင်း
စစ်တပ်၏ လူ့အခွင့်ရေးချိုးဖောက်မှု
လစဉ်အစီရင်ခံစာမှ ကောက်နုတ်ချက်
-----------------
(Short Video for March 2026)

.

21/05/2026

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း
စစ်တပ်၏ လူ့အခွင့်ရေးချိုးဖောက်မှု
လစဉ်အစီရင်ခံစာမှ ကောက်နုတ်ချက်
-----------------
(Short Video for February 2026)

29/03/2026

အာဏာရှင် လွှတ်တော်နှင့် ဂျီနိုစိုက်အစိုးရ
--------------------------------------------------
(ဆွေးနွေးပွဲ စကားဝိုင်း)

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် နောက်လိုက်နောက်ပါ အာဏာရှင်တသိုက်ဟာ များမကြာမီက သူတို့စိတ်ကြိုက်ရေးဆွဲပြင်ဆင်ထားတဲ့ ၂၀၀၈ နာဂစ် ဥပဒေအရဆိုကာ အတုအယောင်ရွေးကောက်ပွဲကို ကျင်းပခဲ့ကြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ အရပ်သားပြည်သူ ၇၉၅၂ ဦးကို ညှင်းပမ်းနှိပ်စက် သ - တ်ဖြ-တ် ခဲ့ပြီး ဒေါ် အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ဖမ်းဆီးထိမ်းသိမ်းထားကာ ဒေါ်စုကိုမတရားအမှုတွေနဲ့ ၂၇ နှစ်ပြစ်ဒဏ်ချထားကာ ဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေနဲ့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေ အပါအဝင် ၁၉၇ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ဆန္ဒပြသူတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃၀,၀၀၀ လောက်ကို ဖမ်းဆီးထားပြီး ပါတီတွေကို တရားမဝင်ဟုဆိုကာ
ဖျက်သိမ်းထားခဲ့ကာ လူထုထောက်ခံမှု အများဆုံးရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုလည်း ၂၀၂၃ ခုနှစ်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်နဲ့ ဖျက်သိမ်းခဲ့ပါတယ်။ NLD အပါအဝင် ပါတီပေါင်း ၄၀ ကျော် ဖျက်သိမ်းခံလိုက်ရပါတယ်။

ဒါ့အပြင်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း သတင်းဌာန ၆၀ လောက် ပိတ်သိမ်းခံရတာ၊ ပြည်ပကို တိမ်းရှောင်ရတာတွေ ရှိခဲ့ပါတယ်။ သတင်းထောက် ၁၇၆ ဦး ဖမ်းဆီးခံခဲ့ရပြီး သတင်းထောက် ၅၁ ဦးလောက် လက်ရှိ အကျဉ်းချခံထားရပြီးတော့ သတင်းထောက် ၇ ဦးလောက် သတ်ဖြတ်ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်ပြီးရင် ကမ္ဘာပေါ်မှာ သတင်းထောက်တွေကို ဒုတိယအများဆုံး ဖမ်းဆီးတဲ့နိုင်ငံ ဖြစ်လာပါတယ်။ အွန်လိုင်းပေါ်က စစ်ကောင်စီကို ဝေဖန်သူ ၂,၀၀၀ လောက် ဖမ်းဆီးခံခဲ့ရပါတယ်။

အထက်ဖော်ပြပါ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရာဇဝတ်မှုတွေကို ကျူးလွန်ပြီး ဆင်ယင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်နဲ့ လွှတ်တော်ကိုယ်စားလှယ်ရာထူးများကို ဂုဏ်သိက္ခာမဲ့စွာ
အတင်းအဓမ္မရယူခဲ့သူတွေကို ဗိုလ်ချုပ်ဟောင်း၊ ရဲချုပ်ဟောင်း၊ ဂျီနိုစိုက်အမှုတွဲမှာ ဦးဆောင်ကျူးလွန်များအနက်အပါအဝင်ဖြစ်တဲ့ ဦးခင်ရီက လွှတ်တော်ဥက္ကဌ ရာထူးကို
မျက်နှာပြောင်တိုက်ယူထားတဲ့ အာဏာရှင်လွှတ်တော်ရယ်၊ ဂျီနိုစိုက်ရဲ့ လက်သည်အစစ်အမှန်ဦးဆောင်ကျူးလွန်နေသူ ရာဇဝတ်သား
အာဏာရှင်များ၊ အာဏာရှင်ခါးပိုက်ဆောင်များဖြင့် စုစည်းတည်ဆောက်ထားတဲ့ အစိုးရအဖွဲ့ကြောင့် ပြည်တွင်းနိုင်ငံရေး စီးပွားရေး၊ ကျန်းမာရေး၊
ပညာရေးအခြေအနေတွေဟာ ဘယ်လောက်အထိ အထိနားပြီး နိုင်ငံတကာအသိုင်းမှာရော ဘယ်လောက်အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားနိုင်သလဲဆိုတဲ့အကြောင်းအရာတွေရယ် စစ်အာဏာရှင်အသိုင်းအဝိုင်းအတွင်းက အာဏာခွဲဝေမှုရဲ့ နောက်ဆက်တွဲအကွဲအပြဲတွေကိုပါ ဒီတစ်ပတ် BHRN ရဲ့ စကားဝိုင်းဆွေးနွေးပွဲကနေ တင်ဆက်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။

ပါဝင် ဆွေးနွေးမယ့်သူတွေကတော -

- ကိုမိုးထက်နေ
(သုတေသနနှင့်နိုင်ငံရေးအကြံပေး၊ Nyan Lynn Thit Analytica )

- ဒေါက်တာသန်းလွင်ဦး

- ဒေါ်သဉ္ဇာမြ
(မြို့နယ်တရားသူကြီး - CDM)

- ကိုသူရိန်
(NRFF)

တို့ဖြစ်ပြီး

Moderator အဖြစ်
- ကိုအောင်သူရ
(စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ - GSC)

က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒီစကားဝိုင်းကို ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်(တနင်္လာနေ့ည) 7:00 PM (YGN Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားပါမယ်။

အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal နှင့် People Radio Myanmar တို့မှာလည်း တပြိုင်နက် တင်ဆက်သွားပါမှာ ဖြစ်ပါတယ်။
ဒီစကားဝိုင်းကို တိုက်ရိုက်ထုတ်လွှင့်ခွင့်ပေးတဲ့ မိတ်ဖက်မီဒီယာများကို BHRN က အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

- BHRN

27/02/2026

လက်ရှိတော်လှန်ရေးအခင်းအကျင်းနှင့် အနာဂါတ်အလားအလာ
--------------------------------------------------
(ဆွေးနွေးပွဲ စကားဝိုင်း)

တော်လှန်ရေးကာလ ၅ နှစ်ကျော်ကြာလာသည်နှင့်အမျှ ဘက်ပြောင်းခိုလှုံခြင်း၊ အဂတိမှုများကြောင့် တော်လှန်ရေးအပေါ်မေးခွန်းထုတ်ခြင်း၊ ဝေဖန်ထောက်ပြခြင်း၊ ဝိဝါဒကွဲပြားခြင်းများ ဖြစ်ပေါ်လျက်ရှိနေသော်လည်း အကြမ်းဖက်စစ်အာဏာရှင်များကို ဆန့်ကျင်သူ တော်လှန်ပြည်သူများဟာလည်း လုပ်စရာရှိသော လုပ်ငန်းဆောင်တာ တာဝန်ဝတ္တတရားများကို ဆက်လက် ဖော်ဆောင်လျက်ရှိနေကြပါသည်။ တော်လှန်ရေးဟူသည် မတရားမှုရှိနေသောနေရာတိုင်း၊ အဝန်းအဝိုင်းပတ်ဝန်းကျင်တိုင်းမှာ တည်ရှိနေတတ်သော မွန်မြတ်လှသော လူထုလှုပ်ရှားမှုတစ်ရပ်ဖြစ်တာကြောင့် ဆက်လက်တော်လှန် ဆန့်ကျင်ရုန်းကြွမှုများ ရှိနေမည်သာဖြစ်ပါသည်။ တော်လှန်ရေး၏အဓိကပဲ့ကိုင်ရှင်သည် မည်သည့် အစုအဖွဲ့မှမဟုတ်ဘဲ ပြည်သူလူထုတစ်ရပ်လုံးသာဖြစ်ပါသည်။ ပြည်သူပါသော တော်လှန်ရေးသာလျှင် ထိရောက်အောင်မြင်မှုရှိနိုင်တာဖြစ်ပြီး ပြည်သူ့ထံမှစတင်ဖောက်ပွားလာသော တော်လှန်ရေးတွင်လည်း ပြည်သူကသာ အဓိကဖြစ်ပါတယ်။ ထို့ကြောင့် ယခုလ စကားဝိုင်းဆွေးနွေးပွဲတွင် "လက်ရှိတော်လှန်ရေးအခင်းအကျင်းနှင့် အနာဂါတ်အလားအလာ" ဆိုသည့် ခေါင်းစဉ်အောက်တွင် ရှု့ထောင့်ပေါင်းစုံကနေ ဆွေးနွေးတင်ပြသွားကြမှာ ဖြစ်သည်။

ပါဝင် ဆွေးနွေးမယ့်သူတွေကတော -

- Seng
(Myanmar FORB Network )

- မောင်သုည
(OFMPP)

- ကိုမျိုးသူရ
(ညှိနှိုင်းရေးမှူး - စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ - GSC)

- မောင်လာနာကာရီ စိုးနေဦး
(BHRN)

တို့ဖြစ်ပြီး

Moderator အဖြစ်
- ကိုအောင်သူရ
(စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ - GSC)

က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒီစကားဝိုင်းကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်(စနေနေ့ည) 7:00 PM (YGN Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားပါမယ်။

အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal နှင့် People Radio Myanmar တို့မှာလည်း တပြိုင်နက် တင်ဆက်သွားပါမှာ ဖြစ်ပါတယ်။
ဒီစကားဝိုင်းကို တိုက်ရိုက်ထုတ်လွှင့်ခွင့်ပေးတဲ့ မိတ်ဖက်မီဒီယာများကို BHRN က အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

- BHRN

22/02/2026

၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း
စစ်တပ်၏ လူ့အခွင့်ရေးချိုးဖောက်မှု
လစဉ်အစီရင်ခံစာမှ ကောက်နုတ်ချက်
-----------------
(Short Video for January 2026)

Want your organisation to be the top-listed Non Profit Organisation in London?
Click here to claim your Sponsored Listing.

Address

Forest Road
London
E17