Global Development Agency

Global Development Agency

Share

​လူငယ်များ၏
ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊
အခွင့်အလမ်း ဖန်တီး၍ ကိုယ့်အနာဂတ်ကို တည်ဆောက်ကြစို့🤝

03/09/2026

မြန်မာကျောင်းသားများအနေနဲ့
အိန္ဒိယနိုင်ငံတွင် ပညာသင်ယူသင့်ပါသည်

📚 ပညာရေးက အနာဂတ်ကို ပြောင်းလဲပေးနိုင်ပါတယ် 🇮🇳

1. အရည်အသွေးမြင့် ပညာရေး – အိန္ဒိယရှိ တက္ကသိုလ်များစွာသည် နိုင်ငံတကာတွင် အသိအမှတ်ပြုထားသည်။

2. ကျောင်းလခ သက်သာခြင်း – အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ကျောင်းလခနှင့် နေထိုင်စရိတ် ပိုမိုသက်သာနိုင်သည်။

3. အင်္ဂလိပ်ဘာသာဖြင့် သင်ကြားမှု – တက္ကသိုလ်အများစုတွင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပေးသည်။

4. သင်တန်းရွေးချယ်စရာ များပြားခြင်း – Engineering, IT, Business, Medical, Arts, Law စသည့် ဘာသာရပ်များစွာကို ရွေးချယ်နိုင်သည်။

5. နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့များ – ရရှိသောဘွဲ့များကို နိုင်ငံများစွာတွင် အသုံးချနိုင်သည်။

6. Scholarship အခွင့်အရေးများ – အချို့တက္ကသိုလ်များနှင့် အဖွဲ့အစည်းများမှ ပညာသင်ဆုများ ရရှိနိုင်သည်။

7. အလုပ်အကိုင် အခွင့်အလမ်းများ – ဘွဲ့ရပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးလာနိုင်သည်။

8. ယဉ်ကျေးမှုပေါင်းစုံကို လေ့လာနိုင်ခြင်း – နိုင်ငံအသီးသီးမှ ကျောင်းသားများနှင့် တွေ့ဆုံဖလှယ်နိုင်သည်။

9. အနီးကပ်တည်ရှိမှု – မြန်မာနိုင်ငံနှင့် အတော်လေးနီးသဖြင့် သွားလာရ လွယ်ကူသည်။

10. နည်းပညာနှင့် သုတေသန ဖွံ့ဖြိုးမှု – IT၊ AI၊ Engineering နှင့် Research ကဏ္ဍများတွင် လေ့လာနိုင်သည်။

11. အင်္ဂလိပ်စွမ်းရည် တိုးတက်လာခြင်း – နေ့စဉ်အသုံးပြုရသဖြင့် ဘာသာစကားကျွမ်းကျင်မှု တိုးတက်လာနိုင်သည်။

12. နိုင်ငံတကာ မိတ်ဆွေကွန်ယက် တည်ဆောက်နိုင်ခြင်း – အနာဂတ်ပညာရေးနှင့် အလုပ်အကိုင်အတွက် အထောက်အကူဖြစ်စေသည်။

13. မြန်မာကျောင်းသားအသိုင်းအဝိုင်း ရှိခြင်း – အချို့မြို့များတွင် မြန်မာကျောင်းသားများ အချင်းချင်း ကူညီပံ့ပိုးနိုင်သည်။

14. ကိုယ်ပိုင်စွမ်းရည် ဖွံ့ဖြိုးတိုးတက်ခြင်း – လွတ်လပ်စွာ နေထိုင်သင်ယူရင်း တာဝန်ယူမှုနှင့် ယုံကြည်မှု တိုးလာနိုင်သည်။

15. အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှု – ပညာရေးသည် ဘဝအခွင့်အလမ်းများကို ချဲ့ထွင်ပေးပြီး မိမိ၊ မိသားစုနှင့် လူမှုအသိုင်းအဝိုင်းအတွက် ရေရှည်အကျိုးရှိစေသည်။

လူငယ်တစ်ယောက်အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုက ပညာရေး ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံသည် အရည်အသွေးမြင့် ပညာရေး၊ သက်သာသော ကျောင်းလခ၊ အင်္ဂလိပ်ဘာသာဖြင့် သင်ကြားမှုနှင့် နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့များကြောင့် မြန်မာကျောင်းသားများအတွက် ရွေးချယ်စရာကောင်းသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာနေပါတယ်။

ပညာသင်ယူခြင်းသည် ဘွဲ့တစ်ခု ရယူရုံသာမက— ✅ အသိပညာတိုးတက်စေခြင်း
✅ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်လာခြင်း
✅ နိုင်ငံတကာ အတွေ့အကြုံ ရရှိခြင်း
✅ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာခြင်း
✅ မိမိနှင့် မိသားစု၏ အနာဂတ်ကို တည်ဆောက်နိုင်ခြင်းတို့ကိုလည်း အထောက်အကူပြုနိုင်ပါတယ်။

ယနေ့ သင်ယူမှုက မနက်ဖြန်၏ အောင်မြင်မှုကို ဖန်တီးပေးနိုင်ပါတယ်။

🎓 ပညာရေးသည် ဘဝကို ပြောင်းလဲပေးနိုင်သော အင်အားဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ပညာသင်ယူခြင်းသည် လူငယ်များအတွက် အနာဂတ်အခွင့်အလမ်းများကို ဖွင့်လှစ်ပေးနိုင်သည့် ရွေးချယ်မှုတစ်ခု ဖြစ်လာမှာပါ။

📩 အသေးစိတ် စုံစမ်းရန်
📧 [email protected]
📞 WhatsApp: +91 88264 82344

30/08/2026

FULLY FUNDED UN YOUTH PROGRAM 2026 IN GERMANY 🇩🇪 (No Application Fee)

Link is in the comments...

Program: UN Youth Townhall 2026
Location: Heidelberg, Germany
Duration: 3 Days
Dates: 8–10 December 2026
Fully Funded Benefits:

✓ Round-trip travel ticket
✓ Daily Subsistence Allowance (DSA)
✓ Terminal expenses
✓ Visa fee reimbursement after trip completion
✓ Visa invitation letter

Application Deadline: 7 September 2026, 11:59 PM ET

Credit: United Nations Youth Office
Disclaimer: This post is for informational purposes only. We are not affiliated with the United Nations or the UN Youth Office. Limited sponsored places are available. Please verify all details on the official UN website before applying.

29/08/2026

ချူလာလောင်ကွန်းတက္ကသိုလ် ထိုင်းအစိုးရပညာသင်ဆုဖွင့်

ထိုင်းနိုင်ငံ၊ ဘန်ကောက်က ချူလာလောင်ကွန်းတက္ကသိုလ်မှာ မဟာတန်းနဲ့ ပါရဂူတန်းတွေ တက်ရောက်မယ့်ကျောင်းသားတွေအတွက် ထိုင်းအစိုးရ ပညာသင်ဆု စတင်လျှောက်ထားနိုင်ပြီလို့ တက္ကသိုလ်ကကြေညာပါတယ်။

မြန်မာအပါအဝင်နိုင်ငံတကာကျောင်းသားတွေ လျှောက်ထားနိုင်တဲ့ ဒီပညာသင်ဆုကို အောက်တိုဘာ ၁၀ ရက် နောက်ဆုံးထားပြီး လျှောက်ရမှာဖြစ်ပါတယ်။

ဒီသတင်းအပြည့်အစုံ အပါအဝင် သြဂုတ် ၂၉ ရက် သတင်းအနှစ်ချုပ်ကို ဒီမှာ https://www.bbc.com/burmese/articles/c4gdvgv5nd1o ဖတ်ရှုနိုင်ပါပြီ။

ပုံစာ - ဘန်ကောက်မြို့က ချူလာလောင်ကွန်းတက္ကသိုလ်ပရဝုဏ်(ပုံဟောင်း)
ဓာတ်ပုံ-Getty

#ဘီဘီစီမြန်မာပိုင်း #ချူလာလောင်ကွန်း #တက္ကသိုလ် #ပညာသင်ဆု
Crd

27/08/2026

Degree / Qualification အဆင့်တွေကြည့်ရအောင်

🎓 Let's Talk About Degrees

1. Diploma 📜

Bachelor မတိုင်ခင် သို့မဟုတ် Bachelor ထက် တိုတောင်းတဲ့ ပညာရေး/ကျွမ်းကျင်မှု qualification

ပုံမှန်အားဖြင့် 1–3 နှစ်ခန့်

ဥပမာ — Diploma in Business, Diploma in IT

2. Bachelor’s Degree 🎓

Undergraduate level ရဲ့ အဓိက Degree

ပုံမှန်အားဖြင့် 3–4 နှစ်ခန့်

ဥပမာ — BA, BSc, BBA, B.Tech

3. Master’s Degree 🎓🎓

Bachelor ပြီးနောက် ဆက်လက်သင်ယူတဲ့ Postgraduate Degree

ပုံမှန်အားဖြင့် 1–2 နှစ်ခန့်

ဥပမာ — MA, MSc, MBA, M.Tech

4. Ph.D. 🎓🏆

Doctor of Philosophy

Master’s ပြီးနောက် အများအားဖြင့် ဆက်လက်တက်ရောက်ပြီး မူရင်းသုတေသန (original research) ကို အဓိကလုပ်ဆောင်ရတဲ့ Doctoral degree

မှန်အားဖြင့် 3–6+ နှစ်အထိ ကြာနိုင်ပါတယ်။

ဥပမာ-
Ph.D. in Education 🎓
Ph.D. in Economics 📊
Ph.D. in Computer Science 💻
Ph.D. in Engineering ⚙️
Ph.D. in Biology 🧬

🎓 GDA – Education Knowledge

“Understanding Education, Building Your Future.”

📚 Education Levels

Diploma
Bachelor’s Degree
Master’s Degree
Ph.D. / Doctoral Degree

🌱 Learn • Grow • Achieve
GDA – Your Education, Your Future.

27/08/2026

လူတွေဟာ ကျောင်းတက်တာကိုပဲ
Education လို့ထင်တတ်ကြတယ်။
တကယ်က ပညာရေးကို အဓိကအားဖြင့် ၃ မျိုး
ခွဲကြည့်ရမှာပါ

1. Formal Education (တရားဝင်ပညာရေး)
ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်တွေမှာ သတ်မှတ်ထားတဲ့ Curriculum၊ အတန်း၊ စာမေးပွဲ၊ Certificate/Degree စတဲ့ စနစ်တွေနဲ့ သင်ယူတာပါ။

ဥပမာ — ကျောင်းတက်တာ၊ ဘွဲ့ယူတာ၊ Master/PhD တက်တာ။

2. Non-formal Education (ကျောင်းပြင်ပ စနစ်တကျပညာရေး)
ပုံမှန်ကျောင်းစနစ်ထဲမှာ မဟုတ်ပေမယ့် ရည်ရွယ်ချက်ရှိရှိ၊ အစီအစဉ်တကျ သင်ယူတာ ဖြစ်ပါတယ်။

ဥပမာ — Training တက်တာ၊ Workshop တက်တာ၊ Short Course သင်တာ၊ Vocational Training တက်တာ။

3. Informal Education (နေ့စဉ်ဘဝကနေ သင်ယူခြင်း)
ဆရာ၊ Classroom၊ Certificate မလိုဘဲ နေ့စဉ်ဘဝ၊ အတွေ့အကြုံနဲ့ ပတ်ဝန်းကျင်ကနေ သင်ယူနေတာ ဖြစ်ပါတယ်။

ဥပမာ — YouTube ကြည့်ပြီး ဟင်းချက်တတ်လာတာ၊ သူငယ်ချင်းဆီက Skill တစ်ခုသင်ယူတာ၊ အလုပ်လုပ်ရင်း အတွေ့အကြုံကနေ Problem Solving တတ်လာတာ။

ဒါကြောင့်…ကျောင်းပြီးသွားတာက Education ပြီးသွားတာ မဟုတ်ပါဘူး။
ကျောင်းထဲမှာလည်း သင်ယူတယ်။
Training တွေကနေလည်း သင်ယူတယ်။
လူတွေ၊ အလုပ်တွေ၊ အမှားတွေနဲ့ နေ့စဉ်ဘဝကနေလည်း သင်ယူနေကြပါတယ်။ လူတစ်ယောက်ရဲ့ ပညာတတ်မှု၊ မတတ်မှုဟာ ဘွဲ့လက်မှတ်တစ်ရွက်ထက် အများကြီးပိုပါတယ်။

တစ်ခါတလေတော့ ကိုယ့်ဘဝမှာ အကောင်းဆုံးဆရာက ကိုယ်လုပ်ခဲ့တဲ့ အလွဲတွေ ဖြစ်နေတတ်တယ်။ 😂 အဲ့ဒီဆရာကတော့ Certificate မပေးဘူး…သင်ခန်းစာတော့ တော်တော်ပေးပါတယ်။

27/08/2026

🇲🇲 Myanmar To India 🇮🇳

🎓 India မှာ ကျောင်းတက်ရောက်လိုသူများအတွက်
GDA မှ ရရှိနိုင်သော Education Services များ

📚 GDA Education Services

🔹 University & Course Selection
မိမိနှင့် သင့်လျော်သော University နှင့် Course ရွေးချယ်ပေးခြင်း

🔹 University Application
University Application လျှောက်ထားပေးခြင်း

🔹 Admission Guidance
Admission Process အဆင့်ဆင့်ကို လမ်းညွှန်ပေးခြင်း

🔹 Application Support
University Application တင်သွင်းရာတွင် ကူညီပေးခြင်း

🔹 Offer Letter Assistance
Offer Letter ရရှိရန် လိုအပ်သည့် လုပ်ငန်းစဉ်များတွင် ကူညီပေးခြင်း

🔹 Acceptance & Registration Support
Acceptance Letter နှင့် Registration ကိစ္စများတွင် ကူညီပေးခြင်း

🔹 Document Guidance
လိုအပ်သော စာရွက်စာတမ်းများ ပြင်ဆင်ရာတွင် လမ်းညွှန်ပေးခြင်း

🔹 Visa Guidance
Student Visa လျှောက်ထားရာတွင် လမ်းညွှန်ကူညီပေးခြင်း

🔹 Accommodation Arrangement 🏠
Room / Hostel နေရာထိုင်ခင်း စီစဉ်ပေးခြင်း

🔹 Transportation Arrangement 🚗
Airport Pickup နှင့် Transportation စီစဉ်ပေးခြင်း

🔹 Pre-Departure Guidance ✈️
India မထွက်ခွာမီ လိုအပ်သော ပြင်ဆင်မှုများကို လမ်းညွှန်ပေးခြင်း

🔹 Arrival Support 🤝
India ရောက်ရှိပြီးနောက် လိုအပ်သော အခြေခံအကူအညီများ ပေးခြင်း

🎯 Myanmar မှ India သို့ ပညာရေးခရီးစဉ်အတွက်
GDA နှင့်အတူ ယုံကြည်စိတ်ချစွာ စတင်လိုက်ပါ။

🌏 GDA – Your Trusted Education Partner 🎓

27/08/2026

🚨🎓 2026 INTAKE အတွက် အခုလျှောက်ထားဖို့ နောက်မကျသေးပါ! 🇮🇳

🇲🇲 MYANMAR ➡️ INDIA 🇮🇳

🎓 AMITY UNIVERSITY 🇮🇳

🇮🇳 India နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်များထဲမှ တစ်ခုဖြစ်သော Amity University

🌏 India နိုင်ငံအတွင်း Campus များစွာရှိပြီး နိုင်ငံတကာတွင်လည်း London 🇬🇧 | Dubai 🇦🇪 | Singapore 🇸🇬 | New York 🇺🇸 | San Francisco 🇺🇸 | Tashkent 🇺🇿 | Mauritius 🇲🇺 | Kenya 🇰🇪 စသည့် နေရာများတွင် Campus များရှိပါသည်။

🤝 နိုင်ငံတကာရှိ Universities နှင့် Research Institutions များနှင့် ပူးပေါင်းချိတ်ဆက်ထားပြီး Student Exchange, International Study, Research နှင့် International Academic Pathway အခွင့်အလမ်းများ ရရှိနိုင်ပါသည်။

🌍 UK 🇬🇧 | USA 🇺🇸 | Australia 🇦🇺 | Canada 🇨🇦 | New Zealand 🇳🇿 နှင့် အခြားနိုင်ငံများရှိ Partner Universities များနှင့်လည်း နိုင်ငံတကာပညာရေးအခွင့်အလမ်းများ ရရှိနိုင်ပါသည်။

✨ WHY CHOOSE AMITY UNIVERSITY?

🔹 Quality & Globally Aligned Education
🔹 International Exposure 🌏
🔹 Modern Campus & Facilities 🏫
🔹 Global University Partnerships 🤝
🔹 Student Exchange & Study Abroad Opportunities ✈️
🔹 Career & Placement Support 💼

🎓 STUDY IN INDIA 🇮🇳
🇲🇲 MYANMAR ➡️ INDIA 🇮🇳

📚 Undergraduate | Postgraduate | Professional Programs

🇲🇲 Myanmar Students များအတွက် India တွင် ပညာသင်ယူမည့် ခရီးစဉ်ကို Global Development Agency နှင့်အတူ စတင်လိုက်ပါ။

📞 Phone / WhatsApp: 8826482344
📧 Email: [email protected]

🇲🇲 Myanmar to India 🇮🇳
🎓 Your Education Journey Starts Here!

26/08/2026

Congratulations 🎓🙏
Brother!

12 တန်းကို ပြန်လည်ဖြေဆိုတော့မယ့် ကျောင်းသားလေးတစ်ယောက်ပါ။

ကိုယ့်အနာဂတ်အတွက် ပြန်လည်ကြိုးစားရဲတဲ့ စိတ်ဓာတ်က တကယ်လေးစားစရာပါ။ 💪📚

God bless you and your future! 🙏🎓

Website