Authentic Guitar Store

Authentic Guitar Store

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Authentic Guitar Store, Musical Instrument Store, Quater 2, Yuzana Street, Aungban.

Photos from Authentic Guitar Store 's post 07/09/2026

“ကြိုးလဲရင် plectrum 2 ခု အပိုလက်ဆောင်ပါ ပါတဲ့ NG ထဲက 11 gate ကြိုးလေးတွေ in stock 📌နော် ဘော်ဒါတို့ ..🤩”
•စျေးနှုန်းလေးက 20000 Ks ပါပဲ ခင်ဗျ
•လိုအပ်ခဲ့ရင် messenger chat box (or) ☎️ 09673129968, 09255580215 ကို Hello လိုက်ပါနော် 💕

03/09/2026

ဘော်ဒါတို့အတွက် Guitar လွယ်ကြိုးလေးတွေ in stock ရပြီနော်😉💕

•Design (2) မျိုးနဲ့ Black & Browns
Color (2) မျိုး ရပါတယ်ရှင့်
•NG-13000 Ks
•GS 86-17000Ks
•ခိုင်ခံ့မှုနဲ့ Quality ပိုင်းလည်း စိတ်ချရတာမို့ လိုအပ်ခဲ့ရင် Messenger chat box (or) ☎️ 09673129968 , 09255580215 ကိုအားမနာတမ်း ဆက်သွယ်​မေးမြန်း မှာယူလို့ရပါတယ်ရှင့် 🥰

03/09/2026

Guitar wall stand 🎸

•လွယ်”ကူ” တပ်ဆင်လို့ရတဲ့ Guitar wall stand လေးတွေ In stock📌 ရပါပြီရှင့်💕
Price-15000(for 1)

31/08/2026

🎸 ဒီတစ်ခေါက်မှာ Guitar Fret တံအကြောင်း သိသင့်တာလေးတွေ sharing ပြန်လုပ်ပေးပါ့မယ်နော်💕

Guitar တီးတဲ့အခါ အသံမကြည်တာ၊ ကြိုးတွေ Fret နဲ့ ထိပြီး ညှိနေတဲ့အသံမျိုးဖြစ်တာတွေ ကြုံဖူးကြမှာပါ။

🔹 Fret တံကွေးခြင်းဆိုတာ?
အချိန်ကြာလာတာ၊ အပူအအေးနဲ့ စိုထိုင်းဆပြောင်းလဲတာတွေကြောင့် Fret တံက အနည်းငယ် အနိမ့်အမြင့်မညီတာမျိုး ဖြစ်လာတာပါ။ အဲ့ဒီအခါ ကြိုး နဲ့ Fret ထိပြီး အသံမညီတာတွေ ဖြစ်သွားတာမျိုးပေါ့

🔹 Fret တံဖြောင့်ခြင်း (Fret Leveling) ဆိုတာ?
Fret တွေရဲ့ အမြင့်မညီတဲ့နေရာတွေကို စစ်ဆေးပြီး လိုအပ်သလို ညှိပေးတာ၊ Level ပြန်လုပ်ပေးတာ ဖြစ်ပါတယ်။ ပြီးရင် Fret Crown ကို ပြန်ပုံဖော်ပြီး Polish လုပ်ပေးရတာမျိုးပေါ့နော်

✨ Fret မညီရင် ဖြစ်နိုင်တာတွေက
• String Buzz ဖြစ်ခြင်း
• Note တွေ အသံမညီခြင်း
• Bend လုပ်တဲ့အခါ အသံပျောက်ခြင်း
• Guitar တီးရတာ မသက်သာခြင်း
• Action ကို မလိုအပ်ဘဲ မြင့်ထားရခြင်း တွေပါ။

🎯 ဒါကြောင့် Guitar ရဲ့ Fret ကို တစ်ပတ်(၁)ခါ (သို့) တစ်လ (၁)ခါအားလျော်စွာ စစ်ဆေးပေးတာက တီးရတာ ပိုကောင်းပြီး အသံပိုကြည်လင်
ညီညာစေမှာပါရှင့် 🥰

ဒါကြောင့် Guitar တစ်လုံးရဲ့ အသံက ကြိုးကောင်းရုံနဲ့ မပြီးသေးပါဘူး။
Fret တွေညီညာပြီး Setup မှန်ကန်ဖို့လည်း
အရေးကြီးပါတယ်နော်💕

Photos from Authentic Guitar Store 's post 26/08/2026

Hello guys 💕🙋🏻‍♂️

•ကျွန်တော်တို့ Authentic Guitar Store မှာ Guitar ကြိုးတွေအပြင် တယော၊ Ukulele နဲ့ တခြား accessories လေးတွေဖြစ်တဲ့ guitar strap(လွယ်ကြိုး) ၊ guitar cleansing အတွက် အဆင်ပြေတဲ့ polish နဲ့ lemon oil ၊ Guitar ချိတ်ဖို့အတွက် အဆင်ပြေစေမယ့် wall stand လေးတွေလည်း ရပါတယ်ဗျ🥰

•Guitar , Violin ကြိုးနဲ့ပတ်သတ်လို့ Single strings လေးတွေလည်း ရတာမို့ ၁ကြိုး ၂ ကြိုး ပြတ်သွားလည်း ပူစရာမလိုဘူးနော် 😉

•စျေးနှုန်းလေးတွေကိုတော့ ပုံတစ်ပုံစီရဲ့ အောက်မှာ ရေးထားပေးတာမို့ တစ်ခုခု လိုအပ်ခဲ့ရင် Page messenger chat box (or) ☎️ 09673129968 , 09255580215 ကိုဆက်သွယ်မေးမြန်း မှာယူလို့ရပါတယ်နော် 💕🍃

17/08/2026

🎸 Guitar ကြိုးကို ဘာကြောင့် အမြဲညှိသင့်တာလဲ?

•Guitar ကြိုးတွေက အမြဲတမ်း အသံတိကျနေမယ်လို့ မဆိုနိုင်ပါဘူး။

•အပူချိန်၊ စိုထိုင်းဆ၊ တီးခတ်မှု၊ ရာသီဥတု အကူးအပြောင်းနဲ့ ကြိုးအသစ်လဲထားတာတွေကြောင့် ကြိုးရဲ့ tension ပြောင်းပြီး အသံလွဲ (out of tune) ဖြစ်နိုင်ပါတယ်ဗျ

•ဒါကြောင့် Guitar မတီးခင် E – A – D – G – B – E ဆိုတဲ့ Standard Tuning အတိုင်း အရင်ညှိပေးပါနော်

•အသံမှန်မှ သီချင်းရဲ့ အရသာလည်း ပိုကောင်းလာမှာဖြစ်တဲ့အတွက် Guitar တီးတိုင်း ကြိုးညှိဖို့ မမေ့ပါနဲ့နော် 💕😉

16/08/2026

Acoustic Guitar ကြိုးလေးတွေ in stock ပါဗျို့📌🥳

•Guitar တစ်လက် အသံကောင်း ၊မကောင်း ဆိုတာက ကြိုးတွေနဲ့လည်း သက်ဆိုင်တာမို့ ဘော်ဒါတို့ Guitar သံတွေပြောင်းနေပြီလို့ ခံစားရရင် အသံမကြည်တာတို့ ဖြစ်နေပြီဆိုရင် ကြိုးလဲဖို့ လိုအပ်လို့ပါပဲခင်ဗျ

•3/4 လ တစ်ခါလဲပေးရင်တော့ အကောင်းဆုံးပေါ့ဗျာ

ဆိုတော့ကာ ကျွန်တော်တို့ “Authentic Guitar Store “ မှာ local နဲ့ branded နိုင်ငံခြားဖြစ် Acoustic Guitar ကြိုးလေးတွေကို စျေးနှုန်း 7000 MMK ကနေ30000 MMK ထိ ဘော်ဒါတို့စိတ်ကြိုက် ရွေးချယ် တပ်ဆင်နိုင်ပါပြီနော် 🎸

•မှာယူလိုပါက messenger chat box (or) ☎️ 09673129968၊ 09255580215 က်ိုဆက်
သွယ်မေးမြန်းမှာယူလို့ရပါတယ်ခင်ဗျာ 🥰💕

25/07/2026

🎸 Guitar cleansing ကို ဘာကြောင့် လုပ်သင့်တာလဲ?

Guitar ကို ပုံမှန်သန့်ရှင်းပေးခြင်းက အလှအပအတွက်သာမက အသုံးခံပြီး အသံအရည်အသွေးကောင်းမွန်စေဖို့လည်း အထောက်အကူပြုပါတယ်။

✨ ဖုန်မှုန့်၊ ချွေးနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ဖို့အတွက်ဆို Prefox ကထုတ်တဲ့ Polish နဲ့ lemon oil လေးက အဆင်ပြေစေမှာပါနော်

• Guitar cleansing ပုံမှန်လုပ်ပေးမယ်ဆိုရင်
🎵 Guitar ရဲ့ အသံအရည်အသွေးကို ကောင်းမွန်စေမယ်
•ကြိုးတွေ ခဏ” လဲရတာမျိုး မလုပ်ရတော့ပဲ တီးရတာလည်း ပိုချောမွေ့စေမယ်
•Guitar ရဲ့ ကိုယ်ထည်နဲ့ အရောင်အလွှာကိုလည်း ထိန်းသိမ်းပေးနိုင်မှာပါရှင့်

Guitar တီးပြီးတိုင်း အဝတ်ပျော့လေးနဲ့ သုတ်ပေးတဲ့ အလေ့အကျင့်က Guitar ကို အချိန်ကြာကြာ အသစ်လို ထိန်းသိမ်းနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါရှင့်

🎶 ဂီတကိုချစ်ရင် Guitar ကိုလည်း ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့နော်💕
•Prefox Polish -27000 Ks
•lemon oil -27000 Ks ကိုမှာယူလိုပါက Messenger chat box (or) ☎️ 09673129968 ၊ 09255580215 ကို ဆက်သွယ်မေးမြန်းမှာယူလို့ရပါပြီနော် 🥰📍

Photos from Authentic Guitar Store 's post 14/01/2026

“ကဲ ဆိုင်မှာ လက်ရှိ in stock 📌ရနိုင်မယ့် guitar လေးတွေ🍃”
•NG (GT-600) -425000 MMK
•Kepma (A-1C)-530000 MMK

NG (GT-600)🎸
•Germany Brand, Hong Kong made ဖြစ်တဲ့ 41”size အိုးပြည့် ဂစ်တာလေး

•ဆေးလိုက်ကာ Matte Type ဖြစ်ပြီးတော့
✅NG original steel keys, steel bars, L key ပါတဲ့အပြင်
✅ဂစ်တာ frat တံမှာ ထည့်မြှပ်ထားပေးတဲ့ ဒီဇိုင်းအလှလေးရယ်
✅ဂစ်တာရဲ့ ရှေ့မျက်နှာပြင် ထင်ရှူးသား၊ဘေးပတ်လည်နဲ့ နောက်က မဟော်ဂနီ သားသုံးထားတဲ့ အတွက် အသံထွက်ကောင်းမွန်ပြီး ရေရှည်တီးလိုသူများ အတွက် အဆင်ပြေပါမယ်ရှင့်💕

Kepma (A-1C)
•Kepma brand ဆိုတော့ အားလုံးသိကြတဲ့အတိုင်း
Model မမေးပဲ မျက်စိမှိတ်ဝယ်လိုက်ရင်တောင် မမှားနိုင်တဲ့အပြင်
•AA grade အရည်အသွေးမြင့် Sitka Spruce မျက်နှာပြင်၊ Sapele + AGATHIS နှစ်လွှာထပ် Back & Sides တို့ပေါင်းစပ်ဖွဲ့စည်းထားတာကြောင့်
တစ်ခါတီးပြီး တစ်သက်မမေ့နိုင်မဲ့ Kepma A-1C ရဲ့ အသံ Quality ကို ပြည့်ပြည့်ဝဝ ရရှိနိုင်မှာပါရှင့် 🍃
———————————————————————

📍ရပ်ကွက်(၃) ၊အေးမေတ္တာလမ်း(ပင်းတယသွားလမ်း)၊အောင်ပန်းမြို့။
☎️- 09 255580215 ၊ 09673129968
⏰ဆိုင်ဖွင့်ချိန် မနက် 9:00 နာရီ မှ ညနေ 5:30 ထိ။

Photos from Authentic Guitar Store 's post 17/12/2025

Guitar color အနက်ခြောက်ထဲက ကြိုက်တဲ့သူလေးတွေအတွက် ဒီကောင်လေး in stock 📌ရပါအုံးမယ်ဗျ💕

Website

Address

Quater 2, Yuzana Street
Aungban
06022