Knowledge sharing by Hsu

Knowledge sharing by Hsu

Share

Knowledge is power

07/11/2025

ဘာကြောင့် စိတ်ညစ်တာလဲ❓

အထူးသဖြင့် ဆုတို့ လူငယ်တွေ
အမြဲတမ်းပဲ အပြောအများဆုံး စကားလုံး "စိတ်ညစ်လိုက်တာ၊စိတ်ညစ်လိုက်တာဟယ်" ဟုတ်တယ်မလား 🕳️

ဘာလို့ စိတ်ညစ်ရတာလဲ❓
-မိသားစုနဲ့အဆင်မပြေလို့
-စာမွေးပွဲကျလို့
-ရည်စားနဲ့အဆင်မ‌ပြေလို့၊ broken ဖြစ်လို့
(reason) အကြောင်းအရာအမျိုးမျိုး၊ခေါင်းစဉ်အမျိုး နဲ့ စိတ်ညစ်ကြတယ်၊ပူ ‌ေဆွးကြတယ်။ဒီခေတ်ကြီးထဲမှာ ပိုလို့တောင် စိတ်ညစ်စရာ ပေါသေး 🥹

လွန်ကဲစွာ စိတ်ညစ်ခြင်းကလဲ အချိန်ဖြုန်းခြင်း တစ်ခုပဲ ၊ အချိန်ကုန်တယ်။

စိတ်ညစ်ခြင်းကြောင့် လူကို
-ထိုင်းမှိုင်းစေတယ်
-လေးပင်စေတယ်
-ပျင်းရိစေတယ်
-ဘာမှလုပ်ချင်စိတ်မရှိတာ
-စိတ်ဓာတ်ကျတာ၊
-ဝမ်းနည်းတာ၊
-ဘာမှ စဉ်းစားတွေးနိုင်စွမ်း မရှိတော့တာ စသည်ဖြင့်ပေါ့နော်
ကဲ စဉ်းစားကြည့်ပါအုံး ဆုတို့တွက် ဘာတွေများကောင်းကျိုးရလိုက်လဲ ❓

ဒီတိုင်းပဲ စိတ်ကိုလွှတ်ထား‌မှာလား၊ဘယ်လိုဖြေရှင်းမှာလဲ ?

အရင်ဆုံးကိုယ့်ကိုကိုပြန်မေးမယ် 🌻
ငါဘာကြောင့်စိတ်ညစ်တာ‌လဲ၊အကြောင်းအရာကဘာလဲ❓

ဖြေရှင်းလို့ရရင်ဖြေရှင်း၊မရဘူးမလား လက်ခံလိုက်၊ သင်ခန်းစာယူ ဒီလောက်ပဲ အကြာကြီးစိတ်ရှုပ်ခံမနေနဲ့၊အုံးစားမခံနဲ့

ဒီလိုပြောလို့ ဆုရော စိတ်မညစ်တတ်ဘူးလား❓
မထင်လိုက်နဲ့ (တအားစိတ်ညစ်တတ်တာ😂)

ဆုလဲ emotional အရမ်းများတဲ့ type ထဲကပဲ အချိန်ကုန်တယ်၊စိတ်ပင်ပန်းတယ် ဒီလောက်ပါပဲ ဘာကောင်းကျိုးမှမရပါဘူး

📌အက်တော့ ပြောချင်တာက အဆင်မပြေတာ‌တွေတွေးပြီး အကြာကြီး စိတ်ညစ်နေလို့‌‌ ပြေလည်သွားမှာလား၊အဆင်ပြေသွားမှာလား " no "နော်

🍂လွတ်ချသင့်တာကိုလွတ်ချ၊ယူသင့်တာကိုယူ အဖြေက ရိုး"လေးပဲ

ကိုယ့်ကိုယ်ကို ချစ်တတ်အောင်ကြိုးစား၊ပျော်ရွှင်အောင်ထား🤍

🌳ဘယ်သူအတွက်နဲ့မှ ကိုယ်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ကုန်ဆုံးမခံနဲ့၊
ကုန်ဆုံးသွားတဲ့ အချိန်တွေက နောက်တစ်ကြိမ် ဘယ်နည်းနဲ့မှ ပြန်မရဘူး။

✨အားလုံးပဲ ဘဝခရီးကို ပျော်ရွှင်၊တက်ကြွ စွာဖြတ်သန်းနိုင်ကြပါစေရှင်။🍀

Hsu
7.Nov.2025

06/11/2025

စိတ်ချမ်းသာအောင်ဘယ်လိုနေလဲ❓

ဆုတို့ ပတ်ဝန်းကျင်မှာ လူအမျိုးမျိုး နဲ့တွေ့ဆုံကြရတယ်
လူအမျိုးဆိုတော့ စိတ်အမျိုးမျိုးရှိကြပေါ့လေ ဟုတ်တယ်မလား 😅

အက်တော့ ဆုတို့ နဲ့ energy ကိုက်တဲ့သူ၊ အဆင်ပြေတဲ့သူ ရှိသလိုပဲ 🍓
ဆန့်ကျင်ဘက် အဆင်မပြေတဲ့သူ ဆိုတာလဲရှိကြတာပဲ 🤧
ဒါတွေဟာ ဆုပြောပြမှမဟုတ်ပါဘူး အားလုံးတွေ့ကြုံနေတဲ့အရာတစ်ခုပဲလို့ ဆုထင်တယ်

energy ကိုက်တဲ့သူတွေနဲ့ကြ အဆင်ပြေကြတယ်၊ပျော်ရွင်ရတယ်၊ကြည်နူးရတယ် 🍀

အဆင်မပြေတဲ့ဘက်က ကြည့်မယ်ဆိုလဲ စိတ်ဆင်းရဲရတယ်၊ပူဆွေးရတယ်🥹

📌တစ်ကယ်တော့ပျော်ရွင်မှု၊ စိတ်ချမ်းသာမှု ဆိုတာ ဆုတို့ရဲ့ ကိုယ်တွင်းထဲမှာ၊ နှလုံးသားထဲမှာပဲ ရှိတာ

ကိုယ်ကမယူသရွေ့ ကိုယ့်ပေါ်ဘာသက်ရောက်မှုမှမရှိဘူး

ကိုယ့်ကိုသဘောမကျ၊အကောင်းမမြင်နိုင် ဒါမျိုးတွေကြုံတွေ့ရမယ် ၊
"လိုက်ခံမစားနဲ့" ဒါလေးပဲပြောချင်တယ်

ဝမ်းနည်းစရာမလိုဘူး၊စိတ်ညစ်စရာမလိုဘူး၊သူများအမြင်ကိုပြင်မပေးနိုင်ဘူး၊
သူတစ်ပါး ခင်တာ၊မခင်တာ , ကောင်းတာ၊မကောင်းတာ အက်တာသူ့မလုပ်
သူကသူ့အလုပ်သူလုပ်မှာ၊ ကိုယ်ကကိုယ်အလုပ်ကိုလုပ် ၊ကိုယ်လုပ်စရာရှိတာကိုယ်လုပ်

အက်တော့ ကိုယ့်ပျော်ရွှင်မှု ကိုယ့်ပေါ်မှာပဲမူတည်ထား ၊ တစ်ခြားသူပေါ် သွားမမှီနဲ့

ကိုယ့်ကိုယ်ကိုတောင် ပိုင်တယ်လို့သေချာမပြောနိုင်တဲ့အရာကို သူတစ်ပါးပေါ်မှီခိုနေအုံးမလား?

ကြိုးစားသင့်တာကြိုးစား၊လုပ်သင့်တာလုပ်၊ သဘောမကျတဲ့သူတွေအပေါ်လဲဖြူဖြူစင်စင်ပဲပြုံး ၊ ဈေးဝယ်တဲ့ခါတိုင်း ကျေးဇူးတင်စကားဆို ၊ အရာရာကိုကျေးဇူးတင်တတ်အောင်ကြိုးစား၊ အကောင်းမြင်တတ်အောင်ကြည့် ၊ စိတ်အေးချမ်းမှုကို ကိုယ်တွင်းမှာတည်ဆောက်၊ တစ်ခြားသူတွေကို ငြိမ်းချမ်းမှု၊အေးချမ်းမှု ပေး၊
negative ပတ်ဝန်းကျင်တွေ၊အတွေးတွေ ၊ဘူနေတဲ့သူတွေ လျစ်လျူရှု ၊အာရုံမထားနဲ့၊မတွေးနဲ့

ဒါဟာ ဘယ်သူ့တွက်မှမဟုတ်ဘူး၊ မိမိ စိတ်နှလုံးအေးချမ်းဖို့ပါပဲ။🍀

Hsu🍓
6.Nov.2025

Address

Tharyarwaddy
Bago

Alerts

Be the first to know and let us send you an email when Knowledge sharing by Hsu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Bago.