TUN STAR

TUN STAR

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TUN STAR, Shopping & retail, သာစည်, Banmaw.

26/06/2022

အပြောင်းလဲမြန်သူတွေအတွက်...

တစ်ခုခုဆိုတာနဲ့ ရည်းစားဟောင်းကိုပြေးမမြင်ပါနဲ့ဘရိုတို့ 😝အခုပြောမှာ နှလုံးသားရေးရာမဟုတ်ပါဘူး လမ်းခရီးသွားလာဖို့ပါ။

နေ့စဉ်ဖြတ်သန်းသွားလာနေတဲ့လမ်းတွေက လမ်းချောတစ်ခါ လမ်းကြမ်းတစ်လှည့်နဲ့ အပြောင်းလဲမြန်နေပြီဆိုရင်တော့ လမ်းချောလမ်းကြမ်း အားမနာတမ်းသုံးနိုင်ပြီး 6 Ply အပြည့်နဲ့ DRC(ဒီအာစီ) 336 ပန်းပွိုင့်ရှိပါတယ်👍

အပြောင်းလဲမြန်တဲ့ လမ်းတွေမှာနေ့စဉ်ဖြတ်သန်းသွားလာနေတဲ့ ဘော်ဒါတွေကို Mention မန်းရှင်းလုပ်ပေးလိုက်ပါဦးဗျ☺️





#အသုံးခံတာဒီအာစီတာယာ
#ဆိုင်ကယ်တာယာ

25/06/2022

မိုးရေထဲမှာပစ်မထားပါနဲ့ ...

စကားမပြောတက်တဲ့ သက်မဲ့ပစ္စည်းတွေကိုလည်းဂရုစိုက်ပေးဖို့လိုအပ်ပါတယ်
ပျက်ဆီးမှုမဖြစ်စေဖို့ နဲ့ ကုန်ကျစရိတ်မများစေဖို့အတွက် အချစ်တော်ဆိုင်ကယ်လေးကို မိုးရေထဲမှာပစ်မထားလိုက်ပါနဲ့ မိုးရာသီမှာ ဂရုစိုက်ရမယ့် အချက်လေးတွေကိုမျှဝေပေးသွားချင်ပါတယ်။

၁.ဆိုင်ကယ်တာယာ
ဆိုင်ကယ်တာယာပန်းတွေကောင်းနေဖို့လိုပါတယ်။ တာယာမကောင်းရင် ဆိုင်ကယ်ကိုထိန်းသိမ်းရတာမလွယ်ကူနိုင်သလို လိုအပ်လို့ဘရိတ်ဖမ်းတဲ့အခါ လွယ်ကူစွာမမိနိုင်ပါဘူး။ တာယာမကောင်းရင် အသစ်တပ်ဆင်ပေးပါ။ နောက်တစ်ခုက တာယာတွေရေဆေးပြီးတဲ့အခါ ဆီလီကွန်သုတ်ရင် ရေနဲ့ပဲရောသုတ်ပါ ဓါတ်ဆီဒီဇယ်တို့နဲ့ရောမသုတ်ပါနဲ့ တာယာကိုပျက်စီးစေနိုင်ပါတယ်။

၂.ဆိုင်ကယ်ချိန်း
မိုးရာသီမှာဆိုင်ကယ်ချိန်းကို တစ်ပတ်တစ်ခါလောက်သန့်ရှင်းရေးလုပ်ပေးပါ သန့်ရှင်းရေးလုပ်တဲ့အခါ ဓါတ်ဆီ ဒီဇယ်ဆီတွေနဲ့တော့မလုပ်ပါနဲ့ ဆိုင်ကယ်ချိန်းကိုပျက်စီးစေတက်ပါတယ် ၊ နောက်တစ်ခုက ချိန်းဆီကိုလဲဂရုစိုက်ပေးပါ မိုးရွာထဲနှစ်ရက်လောက်မောင်းပြီးရင် ထည့်ထားတဲ့ဆီက မိုးရေနဲ့အတူပါသွားပြီးမရှိတက်တော့လို့ပါ ဈေးကွက်ထဲမှာတော့ ချိန်းဆီဆိုပြီးသက်သက် လာတာတွေရှိပါတယ် ဝယ်လို့မရသေးရင်တော့ Autoဘီးတွေရဲ့ ကရောင်းဝိုင်၊ ဂီယာဝိုင်တွေထည့်သုံးလို့ရပါတယ် ၊ အင်ဂျင်ဝိုင်တော့မထည့်ပါနဲ့ ချိန်းကိုပိုပြီးညစ်ပတ်စေလို့ပါ။

၃.ဆိုင်ကယ်ဘရိတ်
မိုးရာသီမှာဆိုင်ကယ်ဘရိတ်ကိုလည်းဂရုစိုက်ပါ ဘီးသေးအများစုမှာ အနောက်ဘရိတ်က DRUM ဘရိတ်ဖြစ်ပြီး အရှေ့ဘရိတ်က Disc ဘရိတ်ဖြစ်ပါတယ်။ မိုးတွင်းဆို အရှေ့ဘရိတ်ရဲ့ Disc အပြားမှာ မိုးရေနှင့်အတူ ကပ်နေတတ်တဲ့ ဖုန်တွေသဲတွေကိုသန့်ရှင်းရေးလုပ်ပေးပါ၊ မဟုတ်ရင် ဘရိတ်ကိုထိခိုက်နိုင်ပါတယ်။

၎.သံချေးမတက်စေဖို့
ဆိုင်ကယ်မိုင်းလစ်ကြိုး၊ ဘရိတ်ကြိုး၊ ဆိုင်ကယ်ဒေါက်၊ နောက်ခြေတင်ပြား၊ လီဗာလက်ကိုင်အတွင်းပိုင်း နှင့် အခြားအစိတ်အပိုင်းတွေကို သံချေးမတက်စေဖို့ WD-40လို Spray နှင့်မကြာခဏဖြန်းပေးပါ ၊ ဆိုင်ကယ်အောက်ပိုင်းတွေကို ရေဆေးပြီးတဲ့အခါ ဒီဇယ်ဖြန်းပေးလို့ရပါတယ်၊ ဒါပေမယ့် ဒီဇယ်ဖြန်းတဲ့အခါ ဆိုင်ကယ်ဝါယာကြိုးတွေကို မထိအောင်သတိထားပေးပါ။ ဝါယာကြိုးတွေဟာ ဒီဇယ်ထိတာများရင် ကြွပ်ဆတ်လာတက်လို့ပါ။

အထက်ပါ (၄) ချက်ကတော့ မိုးတွင်းမှာဆိုင်ကယ်ကိုကျွန်တော်ကိုယ်တိုင် ဂရုစိုက်ပေးဖြစ်တဲ့အချက်တွေပါ ဆိုင်ကယ်ချစ်သူများအနေနဲ့ ရောမိမိအချစ်တော်ဆိုင်ကယ်လေးကို ဘယ်လိုတွေဂရုစိုက်ထိန်းသိမ်းဖြစ်ကြလဲခင်ဗျ။




#အသုံးခံတာဒီအာစီတာယာ
#ဆိုင်ကယ်တာယာ

24/06/2022

🌧မိုးရာသီနဲ့သင့်တော်ပြီး လမ်းချောလမ်းကြမ်းသုံးနိုင်သည့်ပန်းပွိုင့်(၃)မျိုး✅

ကျေးလက်နဲ့မြို့ပြမှာနေထိုင်တဲ့ ဆိုင်ကယ်အသုံးပြုသူတို့ရေ🤗 မိမိတို့တစ်နေ့တာသွားလာမှုတွေအတွက် ဖြတ်သန်းရတဲ့လမ်းတွေက လမ်းချောတစ်လှည့် လမ်းကြမ်းတစ်ခါဖြစ်နေမယ် ၊ မညီမညာလမ်းကြမ်းတွေမှာ အရုန်းအဆွဲကောင်းပြီး ခရီးတွင်ချင်တယ် ၊ လမ်းချောပေါ်ရောက်ရင်လည်း မခုန်ပဲငြိမ့်ညောင်းမှုပေးနိုင်မယ့်တာယာရှာနေရင် 💡 ဗီယက်နမ်နိုင်ငံထုတ် DRC(ဒီအာစီ)မှာရှိပါတယ်နော်။

မိုးရာသီနဲ့သင့်တော်ပြီး လမ်းချောလမ်းကြမ်းသုံးနိုင်သည့် ပန်းပွိုင့်က(၃)မျိုးရွေးချယ်လို့ရပါတယ်😲

🏍 DRC 339
2.50-17 ၊ 2.75-17 နှစ်ဆိုဒ်ရရှိနိုင်ပါတယ်။
🏍 DRC 345
2.75-17 ဆိုဒ်ရရှိနိုင်ပါတယ်။
🏍 DRC 358
2.75-17 ဆိုဒ်ရရှိနိုင်ပါတယ်




#အသုံးခံတာဒီအာစီတာယာ
#ဆိုင်ကယ်တာယာ

အများဈေးသီးသန့်ရှိသည်
09427573507
09977240225

Photos from TUN STAR's post 25/08/2020

အသဲတို့ HonDaဆိုင်ကယ်လေးတွေရပီနော်😍😍😍

21/08/2020

Website

Address

သာစည်
Banmaw
1234567

Alerts

Be the first to know and let us send you an email when TUN STAR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Banmaw.