Smart Future by Technology
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Smart Future by Technology, Nursery, Dawei.
25/08/2026
ကလေးတွေ YouTube ကြည့်ရင် မသင့်တော်တာတွေ မြင်မိမှာ စိတ်ပူနေတဲ့ မေမေဖေဖေတို့အတွက်ပါ 💖
ဒီနေ့ Walk အပြီး စဉ်းစားမိတာလေးတစ်ခု ရှိပါတယ်။ အခုခေတ် ကလေးတော်တော်များများက ဖုန်းနဲ့ မကင်းနိုင်ကြဘူးနော်။ အထူးသဖြင့် YouTube ကြည့်တဲ့အခါ ပညာပေးဗီဒီယိုလေးတွေကြည့်တာ အဆင်ပြေပေမဲ့ မလိုလားအပ်တဲ့၊ ကလေးနဲ့ မသင့်တော်တဲ့ ဗီဒီယိုတွေ ပေါ်လာမှာ မိဘတိုင်း စိတ်ပူကြတာ သဘာဝပါ။
ဒါပေမဲ့ ဖုန်းကို လုံးဝ ပိတ်ပင်ထားရုံနဲ့လည်း မရပြန်ပါဘူး။ ဒါကြောင့် ကလေးတွေအတွက် ပိုလုံခြုံသွားအောင် မိဘတွေ ချက်ချင်း ပြင်ထားပေးလို့ရတဲ့ YouTube Settings (၃) မျိုးကို ပြန်လည်မျှဝေပေးချင်ပါတယ်။
✨ ၁။ YouTube Kids App သီးသန့် ပြောင်းသုံးပေးပါ
အသက် ၁၂ နှစ်အောက် ကလေးတွေအတွက်တော့ ဒါ အလုံခြုံဆုံးပါပဲ။
ကလေး အသက်အရွယ်အလိုက် (Preschool, Younger, Older) ကြည့်ရမယ့် အကြောင်းအရာတွေကို ခွဲခြားသတ်မှတ်ထားလို့ရတယ်။
Timer စနစ် ပါလို့ ကလေးကြည့်ရမယ့်အချိန် (ဥပမာ - မိနစ် ၃၀) သတ်မှတ်ပေးထားရင် အချိန်ပြည့်တာနဲ့ အလိုအလျောက် ပိတ်သွားပါတယ်။
လျှောက်ရှာမကြည့်နိုင်အောင် Search Bar ကိုလည်း ပိတ်ထားလို့ရပါသေးတယ်။
✨ ၂။ ပုံမှန် YouTube App မှာ Restricted Mode ဖွင့်ထားပါ
မိဘတွေနဲ့ ဖုန်းအတူသုံးတာမျိုးဆိုရင် Restricted Mode ဖွင့်ထားပေးပါ။ မသင့်တော်တဲ့ ဗီဒီယိုတွေနဲ့ ကွန်မန့်တွေကို အလိုအလျောက် ပိတ်ပေးထားပါတယ်။
ဖုန်းမှာ ပြုလုပ်ရန်: YouTube App > Profile > Settings > General > Restricted Mode (On)
ကွန်ပျူတာမှာ ပြုလုပ်ရန်: YouTube > Profile > Restricted Mode (On) ပြောင်းပါ။
✨ ၃။ Google Family Link နဲ့ Supervised Account လုပ်ထားပါ
ဒါကတော့ ကလေးဖုန်းကို မိဘဖုန်းကနေ လှမ်းပြီး ထိန်းချုပ်တာပါ။
ကလေးရဲ့ အသက်အရွယ်အလိုက် ကြည့်နိုင်တဲ့ Content Level (Explore 9+, Explore More 13+) ကို မိဘက ရွေးပေးထားလို့ရတယ်။
ကလေး ဘာဗီဒီယိုတွေ ကြည့်ခဲ့လဲဆိုတာ မိဘဖုန်းထဲကနေ Watch History ပြန်စစ်လို့ရတယ်။
ကလေးတွေကို နိစ္စဓူဝ ဖုန်းကြည့်ခွင့်ပေးတဲ့အခါ ဘာမှ မကာကွယ်ထားတာထက်စာရင် ဒီလို Settings လေးတွေ ချိန်ပေးထားတော့ မိဘဘက်ကလည်း အများကြီး စိတ်အေးရတာပေါ့။
တခြားမိဘတွေအတွက်လည်း အသုံးဝင်မယ်ထင်ရင် ဒီပိုစ့်လေးကို Share ပြီး မျှဝေပေးသွားပါဦးနော် ✨
22/08/2026
ကလေးကို Tablet / Laptop ပေးမယ်ဆိုရင် ဒီ Setting 7 ခုကို အရင်စစ်ကြည့်ပါ
ဒီနေ့ခေတ်မှာ ကလေးတွေက Tablet နဲ့ Laptop ကို စာသင်ဖို့၊ Research လုပ်ဖို့၊ Educational Videos ကြည့်ဖို့ အသုံးများလာကြတယ်။ သူတို့လက်ထဲကို Device တွေကို ထည့်မပေးလိုက်ခင်မှာ စစ်ကြည့်သင့်တယ့် Digital Safety Tips လေးတွေကို မျှဝေပေးလိုက်ပါတယ်။
🔐 1. YouTube Autoplay — OFF
Video တစ်ခုပြီးတာနဲ့ နောက် Video ကို အလိုအလျောက် ဆက်ဖွင့်ပေးတာကြောင့် ကလေးက မိဘမရွေးပေးထားတဲ့ Content တွေဆီ ရောက်သွားနိုင်ပါတယ်။
🔎 2. Google SafeSearch — ON
Google မှာ Search လုပ်တဲ့အခါ အသက်မသင့်တော်တဲ့ Search Results တွေကို စစ်ထုတ်ရာမှာ အထောက်အကူပြုပါတယ်။
🚫 3. In-App Purchase — OFF
Game ဒါမှမဟုတ် App တွေအတွင်းမှာ မတော်တဆ ဝယ်ယူမှုတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
📥 4. App Download — Parent Approval ထားပါ
ကလေးက ကိုယ့်ဘာသာ App အသစ်တွေ Download/Install မလုပ်နိုင်အောင် မိဘခွင့်ပြုချက် လိုအပ်အောင် သတ်မှတ်ထားတာ ပိုကောင်းပါတယ်။
📍 5. Location Permission — မလိုရင် OFF
App တိုင်းက ကလေးရဲ့ Location ကို သိဖို့မလိုပါဘူး။ မလိုအပ်တဲ့ App တွေရဲ့ Location Permission ကို စစ်ပြီး ပိတ်ထားနိုင်ပါတယ်။
🎤📷 6. Camera & Microphone Permission — စစ်ပါ
App တစ်ခုချင်းစီက Camera နဲ့ Microphone အသုံးပြုခွင့် ရှိ/မရှိ စစ်ပေးပါ။ မလိုအပ်တဲ့ App တွေကို Permission မပေးထားတာ ပိုလုံခြုံပါတယ်။
⏰ 7. Screen Time — Limit သတ်မှတ်ပါ
Online Safety တင်မကဘဲ ကလေးတွေရဲ့ အိပ်ချိန်၊ စာလုပ်ချိန်၊ အနားယူချိန်တွေကို မထိခိုက်အောင် Screen Time ကိုလည်း စီမံပေးဖို့ လိုပါတယ်။
💡 အရေးကြီးဆုံးက —
ကလေးကို Technology အသုံးမပြုစေဖို့ တားဆီးတာထက်
Technology ကို လုံခြုံပြီး တာဝန်ရှိရှိ အသုံးပြုတတ်အောင် သင်ပေးတာ က ပိုအရေးကြီးပါတယ်။
ဒီ Setting တွေထဲက ကိုယ့်ကလေးရဲ့ Device မှာ မစစ်ရသေးတာရှိလား? 😊
📌 နောက် Post မှာတော့
"YouTube ကို ကလေးတွေအတွက် ပိုလုံခြုံအောင် ဘယ်လို Setting ချမလဲ?"
ဆိုတာကို တစ်ဆင့်ချင်း မျှဝေပေးပါမယ်။ 💻✨
18/06/2023
Behind Every Good Kid is
A Great Father♥
15/06/2023
စာမရေးခင် လက်ချောင်းလေးတွေ အဆင်သင့်ဖြစ်ဖို့ရာ
✅ ပုံလေးဆွဲကျင့်
✅ဆေးလေးခြယ်ကြမယ်😍
Photo-Crd
05/06/2023
Circle Time ပြုလုပ်ပေးခြင်းဖြင့် ကလေးများရဲ့ ပေါင်းသင်းဆက်ဆံရေး၊ ကလေးတစ်ယောက်ချင်းစီရဲ့ အလေ့အကျင့်နဲ့ အတန်းဖော်များနှင့် ပိုပြီး ရင်းနှီးချစ်ခင်
နိုင်စေပါတယ်။
Circle time gives our child
✅ the ability to socialize with,
✅ learn more about,
✅and relate to their classmates.
Nurturing social-emotional development early on is an important part of kindergarten .
Photo - Pinterest
27/05/2023
Course Book က Lessons တွေအပြင်
✅General Knowledge
✅Phonis lessons
✅Basic Speaking,
✅Grammar
တစ်နာရီခွဲအတွင်း မပျင်းရလေအောင်
ပြင်ဆင်သင်ကြားပေးခဲ့ပါတယ်♥
Days of the week Lesson မှ
Birth Date အကြောင်း ဆွေးနွေးခဲ့ပါတယ်♥
Active Learners
Weekend Class
Course Book- My Jumbo K1(4+)
ကလေးတွေမူကြိုကျောင်းတွေမှာ
ဝုန်းဒိုင်းကြဲတာတို့
စာသင်နေတဲ့အခါအနှောက်အယှက်ပေးနေသလိုမျိုးတို့
အလွန်အမင်းတက်ကြွနေတာတို့
အာရုံမစူးစိုက်နိုင်တာတို့
ဖြစ်ချင်တာကို မရပ်မနားပြောနေတာတို့
ကြုံဖူးကြပါလိမ့်မယ်
မူကြိုကျောင်းတိုင်းမှာ ဒီလိုကလေးတွေ
အနည်းနဲ့အများပါတတ်ကြပါတယ်
အဲ့လိုဖြစ်နေတဲ့အကြောင်းတရားက ကလေးတွေမှာ
Self Control လို့ခေါ်တဲ့ သူတို့အတွေးတွေ
အပြုအမူလုပ်ဆောင်ချက်တွေ
စိတ်ခံစားမှုတွေကို စီမံခန့်ခွဲနိုင်ခြင်းမရှိသေးလို့ပါ
ဒါကြောင့်မို့ မသင့်လျော်တဲ့နည်းလမ်းတွေ သို့
အဆက်မပြတ်ရွေ့လျားနည်းနဲ့
သူတို့ကိုယ်သူတို့ (Hyperactivity)ထိန်းချုပ်နေကြခြင်းဖြစ်ပါတယ်
မိမိကိုယ်ကို Self control လုပ်ဖို့ ရုန်းကန်နေရခြင်းပါ
အဲ့လိုကလေးတွေ အိမ်မှာဖြစ်စေ မူကြိုကျောင်းမှာဖြစ်စေ
ပါလာရင် ဒါလေးတွေနဲ့သင်ပေးပါ
📌ခံစားချက်များတံဆိပ်ကပ်ဖို့သင်ပေးပါ
Self control ဆိုတဲ့သူတို့ရဲ့ စိတ်ခံစားချက်ကို နားမလည်သေး
တဲ့အတွက် စိတ်အားထက်သန်ပြီးHyperactive ဖြစ်စေတတ်ပါတယ်
📌ခံစားချက်တွေကိုမှတ်မိအောင်သင်ပေးပါ
ဒေါသထွက်တာ ဝမ်းနည်းတာ ကြောက်ရွံ့တာ စိတ်ခံစားချက်
ခြားနားချက်များကို ကလေးကိုပြောပြပေးပါ
📌လမ်းညွှန်ချက်တွေချမှတ်ပေးပါ
ကလေးတွေက လမ်းညွှန်ချက်တွေကို နားမထောင်တတ်ပဲ
စိတ်မြန်လက်မြန်ပြုမူတတ်ကြပါတယ်
ညွှန်ကြားချက်များကို ထပ်တလဲလဲတောင်းဆိုခြင်းဖြင့်
နားထောင်တတ်အောင်သင်ပေးပါ
📌ပြဿနာဖြေရှင်းနည်းသင်ပေးပါ
ပြဿနာတစ်ခုကိုလက်တွေ့မလုပ်ဆောင်မီ ဖြေရှင်းနည်းများ
သို့ ဖြေရှင်းဖို့နည်းလမ်းတစ်ခုထက်ပို၍သင်ပေးပါ
တွေးခေါ်တတ်အောင်လေ့ကျင့်ပေးပါ
📌ဒေါသစီမံခန့်ခွဲနည်းသင်ပေးပါ
စိတ်ပျက်အားငယ်မှုခံနိုင်ရည်နည်းပါးတဲ့ကလေးတိုင်း
စိတ်အားထက်သန်မှု ဖြစ်တတ်ပါတယ်
ဒေါသထိန်းချုပ်နည်းဖြင့် အသက်ပြင်းပြင်းရှူခိုင်းတာ
စိတ်အေးလက်အေးဖြစ်စေတဲ့ Activity ကိုအာရုံပြောင်းခိုင်းတာမျိုး
ကိုယ်လက်လုပ်ရှားမှုများလုပ်ခိုင်းတာမျိုးသင်ပေးပါ
📌စည်းကမ်းများချမှတ်ပါ
ရှင်းလင်းတဲ့စည်းကမ်းများဖြစ်ပါစေ စည်းကမ်းစည်းမျဉ်း
အကြောင်းအရင်းများကို ရှင်းပြပါ
စည်းကမ်းဖောက်ဖျက်ခြင်းနောက်ဆက်တွဲများကို ပြောပြပေးဖို့
လိုပါတယ် စည်းကမ်းကိုတသမတ်ထဲထားပါ
ကလေးကအပြုအမူပတ်သက်ပြီး ပိုမိုကောင်းမွန်တဲ့
ဆုံးဖြတ်ချက်တွေရပါလိမ့်မယ်
Crd-တီချယ်ဖြူစင်လှိုင်
မူရင်းရေးသားသူ တီချယ်အားလေးစားစွာဖြင့် မျှဝေပါသည်။
Happy Kids
Let's Play, Learn and Grow Together ♥
Weekday +Weekend Class
13/05/2023
Happy Mother's Day♥
10/05/2023
We don't teach
We guide
our little sprouts♥
Activity
Frog Coloring