Safe Future With Cho Nwe
သင့် အတွက် သင့်မိသားစု အတွက် သင့်ကလေးများ အနာဂတ် ပညာရေး အတွက် စိတ်အေးချမ်းသာရအောင် အကောင်းဆုံးအာမခံအကာအကွယ်ယူပါ။ သင့်နဲ့ အတူ အမြဲ ရှိနေမယ်။
01/10/2026
ချမ်းသာခြင်းဆိုတာ… ကိုယ်ရှိနေတဲ့အချိန်မှာပဲ အသုံးချဖို့ မဟုတ်ပါဘူး။
ကိုယ်မရှိတော့တဲ့အချိန်မှာတောင် ကိုယ့်ကလေးတွေအတွက် ကျန်နေစေဖို့ပါ။
နိုင်ငံတကာမှာ ချမ်းသာကြွယ်ဝတဲ့ မိသားစုတွေဟာ
သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို မျိုးဆက်တစ်ဆက်ကနေ တစ်ဆက်ဆီ လက်ဆင့်ကမ်းနိုင်ဖို့ Life Insurance ကို Wealth Planning တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးချကြပါတယ်။
ဘာကြောင့်လဲ?
ဘာလို့လဲဆိုတော့—
ဒီနေ့ ကိုယ်ရှာထားတဲ့ငွေက
ကိုယ်မရှိတော့ရင် ရပ်သွားနိုင်တယ်။
ဒါပေမယ့် ကိုယ်ကြိုတင်စီမံထားတဲ့ Insurance Protection ကတော့
ကိုယ်မရှိတော့တဲ့နေ့မှာတောင်
ကိုယ့်မိသားစုအတွက် ငွေကြေးအကာအကွယ်တစ်ခုအဖြစ် ဆက်ရှိနေနိုင်ပါတယ်။
သားသမီးတွေ ပညာရေးဆက်သင်နိုင်ဖို့၊
ကိုယ်ပိုင်အိမ်တစ်လုံး ရှိလာဖို့၊
လုပ်ငန်းတစ်ခု စတင်နိုင်ဖို့၊
ဘဝကို အစကနေ ပြန်မစရအောင်
မိဘတစ်ယောက်အနေနဲ့ ကြိုတင်ချန်ထားခဲ့နိုင်တဲ့ ငွေကြေးအမွေ တစ်ခု ဖြစ်လာနိုင်ပါတယ်။
တကယ်တော့ မိဘတွေက ကလေးတွေအတွက် ချန်ထားချင်တာ ငွေတစ်ခုတည်း မဟုတ်ပါဘူး။
“ငါမရှိတော့ရင်တောင် မင်းတို့ဘဝ အခက်အခဲမဖြစ်စေချင်ဘူး…”
ဆိုတဲ့ စိတ်နဲ့
ကိုယ်တတ်နိုင်သလောက် အနာဂတ်ကို ကြိုတင်စီမံထားခြင်း ပါ။
ဒီနိုင်ငံမှာလည်း
ချိုနွယ်တို့ မိသားစုတွေအတွက် ဒီလိုမျိုး စီမံထားနိုင်ပါတယ်။
ဒီနေ့ ကိုယ်တည်ဆောက်နေတဲ့ ချမ်းသာခြင်းကို
ကိုယ်နဲ့အတူ မသယ်သွားဘဲ
ကိုယ့်ကလေးတွေဆီ ဆက်လက်ရှင်သန်နိုင်အောင် ချန်ထားခဲ့ပါ။ ကိုယ့်ကလေးက ဒီအကျိုးရလဒ်လေး ကိုသိပြီး ဆက်ပြီးစီမံမှာမို့ သူ့နောက်မျိုးဆက်မှာလည်း ဒီလို အခွင့်အရေး ကို ရရှိမှာပါ။
ချိုနွယ်တိူ့ မြန်မာအများစု ကို အာမခံ ထားဖို့ awareness ပေးတဲ့အခါ ငါသေမှ ရမှာ ဘာလို့ ထားရမှာလဲ ဆိုတဲ့ စကားကို တချို့ကပြောကြတယ်။ ကိုယ်မရှိတဲ့ အချိန် ကိုယ့်ကလေး တွေ မိသားစုတွေ ရသွားတာ ကျေနပ်စရာ မကောင်းဘူးလားရှင့် ။ ကိုယ်ရှင်သန်ချိန်မှာလည်း သူတိူ့အပေါ် လုပ်ကျွေးပြုစုသလို ကိုယ်မရှိတော့ရင်တောင် ဒါက ကိုယ်ရှိနေသလို ငွေကြေးထောက်ပံ့မှု ရစေတာမို့ပါ။
ဒီလို စီမံ ပေးထားခြင်းက ကိုယ်မရှိတော့တဲ့နေ့မှာတောင်“မိဘက သူ့တာဝန်ကို အဆုံးအထိ ကျေခဲ့တယ်”
လို့ ပြောနိုင်စေမယ့် အမွေတစ်ခု…ပါ။
ဒါဟာ ငွေကြေးအမွေထက်ပိုတဲ့
မိဘတစ်ယောက်ရဲ့ ချစ်ခြင်းနဲ့ တာဝန်ယူမှုပါ။ ❤️
Your wealth can be your family’s legacy.
Plan it. Protect it. Pass it on.
#ချိုနွယ်ကတော့သမီးလေးအနာဂတ်အတွက် ကိုယ်တတ်နိုင်တဲ့ အကျိုးရှိတဲ့ Financial planning ကို အများကြီး လုပ်ပါတယ်။
#ကိုယ်မရှိခဲ့တဲ့တနေ့ရောက်ခဲ့ရင်တောင် သူ့မေမေက သု့ဘ၀ အတွက် အကောင်းဆုံးစီမံ ပေးသွားတယ် ဆိူတာ သမီး ဘ၀တလျှောက်လုံး အမှတ်ရစေဖို့ပါ။
(N)LI-18652
☎️ 09422519936
26/09/2026
အသက် ၆၅ကျော်တဲ့ ဖေဖေနဲ့ အသက်၆၀ မေမေအတွက် စင်ကာပူမှ ညီမလေး ထားပေးတဲ့ Health Insurance လေးပါ။ အဝေးက သားသမီးတွေက ပြည်တွင်းက မိဘတွေ ရဲ့ ကျန်းမာရေး ကို အမြဲ စိတ်ပူနေတတ်ကြပါတယ်။ ပြည်ပ မှာ အလုပ်တွေ များတာမို့ ရုတ်တရက် ချက်ချင်း ပြန်လာဖို့လည်း မလွယ်ကူလှပါဘူး။ ဒီ အခက်အခဲလေးကို ချိုနွယ်ကူညီပေးနိူင်တဲ့ ကျန်းမာရေး အာမခံ ထားခြင်းဖြင့် ကူညီပေးခဲ့ပါတယ်။
အသက်၆၀ ကျော် အရွယ်တွေ ပေမဲ့ အန်ကယ်နဲ့ အန်တီ က ဆေးစစ်တဲ့အခါ အတော်လေးကျန်းမာရေး ကောင်းမွန်လှပါတယ်။ အဓိက ဆီးချိုသွေးတိုးလည်း မရှိကြပါဘူး။ အန်ကယ်ကိုယ်တိုင် မနက်တိုင်း လမ်းလျှောက်သလို အန်တီကလည်း အိမ်အလုပ်တွေ တလှူပ်လှုပ်နဲ့ လုပ်နေတတ်သူပါ။ ဒါအပြင် အစားအသောက်စီမံတဲ့နေရာမှာလည်း အတော်လည်း healthy ဖြစ်တာ တွေ့ရပါတယ်။
အကြိုက်ဆုံးကတော့ ဘယ်သွားသွား ၂ယောက်တွဲ ပြီး လူငယ်လေးလိုပဲ TT လေး ရိုက်လိုက် အတူတူခရီးတွေ သွားလိုက်နဲ့ပျော်ပျော်ကြီးသွားလိုက် ကို တွေ့ရတာပါပဲ။ စိတ်ပျော်ရွှင်ခြင်းဟာရောဂါ ဘယ ကင်းစေခြင်း တချက်လည်း ပါတာ ဖြစ်ပါမယ်။ ၂ယောက်လုံး မျက်လုံးခွဲစိတ်ထားတာလောက်လေး အသေးအမွှား လောက်ပဲ ရှိပါတယ်။
အန်တီနဲ့စကားပြောရတဲအခါ ပညာတွေ အများကြီးရပါတယ်။ ဘ၀ကြီးကို ဘယ်လ်ို ပေါ့ပါးသွားဖြတိသန်းရမလဲ ဆိုတာ ပိုသိလာရပါတယ်။ မိဘတွေ အတွက် အကောင်းဆုံးစီမံပေးတဲ့ညီမလေးလည်း ပြည်ပ မှာ အစစအရာရာ ပိုပြီး အောင်မြင်ပါစေလို့ ဆန္ဒပြုပေးပါတယ်။
အန်ကယ်ရော အန်တီရော အတွက် medical check up ကိုသေချာလိုက်လုပ်ပေးခဲ့ပြီးကျန်းမာရေးအာမခံလေး အကောင်းဆုံးစီမံပေးနိုင်ခဲ့ပါတယ်။
ချိုနွယ့်ရဲ့ ပြည်ပ က သူငယ်ချင်းတွေလည်း ကိုယ့်မိဘတွေ ကိုယ့်မိသားစု ၀င်တွေကို ကျန်းမာရေး အာမခံလေး ထားပေးချင်ရင်တော့ အသက် ၆နစ်မှ စပြီး ၇၅ နှစ်အထိ ကျန်းမာရေး အာမခံ ထားနိုင်ပါတယ်။ ကျန်းမာရေး အာမခံထားခြင်းကို သေချာရှင်းပြပေးတဲ့အပြင် လိုအပ်တဲ့medical check up တွေ လည်း သေချာလေး လိုက်ကူညီပေးပါတယ်ရှင့်။
မိမိ မိသားစု၀င်တွေ အတွက်ကျန်းမာရေး အာမခံလိုအပ်ခဲ့ရင် ချိုနွယ်နဲ့ သေချာလေး ဆွေးနွေးနိုင်ပါတယ်ရှင့်။
(N)LI-18652
☎️ 09422519936
23/09/2026
ကျန်းမာရေး အာမခံ ကို ဘယ်အရွယ်အထိ ထားန်ိုင်လဲ ...?
ကျန်းမာရေး အာမခံကို အသက် ၇၅ နှစ်အထိ ထားလို့ရပါတယ်။ အသက် ၆၅ နှစ် ဆိုရင် ကျန်းမာရေး ဆေးစစ်ပေးရပါတယ်။ အကယ်၍ အသက်က ၆၅ နှစ်မပြည့်သော်လည်း လွန်ခဲ့တဲ့ ၃လ အတွင်း ဆေးခန်းပြတာတွေ ဆေးသောက်နေရတာတွေ ခွဲစိတ်ဖူးတာတွေ ရှိရင်လည်း မှတ်တမ်းတွေ တင်ပြရပါတယ်။ အကယ်၍ လိုအပ်ရင် ဆေးစစ်မှု တချို့ကို ပြုလုပ်ပေးရပါတယ်။
ကျန်းမာရေး အာမခံက မဖြစ်ခင်ရောဂါများကို သာ လျော်ကြေးပြန်လည်ပေးအပ်တာမို့ ရှိရင်းစွဲ သွေးတိုး ဆီးချိုနဲ့ အခြားရောဂါများ အကျုံးမ၀င်ပါဘူးရှင့်။ ဒါပေမဲ့ Accident ဆိုတာ ဘယ်အချိန်မဆို ဖြစ်တတ်ပါတယ်။ အသက်အရွယ်တခု ရောက်ရင် မတော်တဆ ချော်လဲမှုကနေပြီးလည်း အရိုးကျ်ိုးခြင်း စတီးရိုးထည့်ရခြင်းမျိုးများ ဖြစ်နိုင်ပါတယ်။ ဒီ လို အရာတွေ အတွက်ခွဲ စိတ်ကုသစရိတ်တွေပါ အကုန်ပေးလျော် ပါတယ်။
မိမိက အဝေးမှာရောက်နေတာမို့ ကိုယ့်မိဘ နဲ့ မိသားစု ၀င်တွေကို ကျန်းမာရေး အာမခံ ထားပေးနိုင်ပါတယ်။ကိုယ့်၀န်ထမ်းတွေ အတွက်လည်း ကျန်းမာရေးအာမခံ ထားပေးနိုင်ပါတယ်။ တစ်နှစ်လျှင် အနည်းဆုံး ၃၃၀၀၀ကျပ်မှ စတင်ပြီး ထားနိုင်ပါတယ်။
(N)LI-18652
☎️ 09422519936
22/09/2026
တရက်က online ကနေ သိကြတဲ့ မေမေတစ်ယောက်က စာပို့တယ်။သူ့မှာ special needs ကလေးလေး ရှိတော့ ချိုနွယ့်စာတွေ ဖတ်ရင်း သူ့ကလေး အနာဂတ်ကို စိတ်အေးချင်တယ်တဲ့။ သူသာမရှိတော့ရင် သူ့ကလေးလေးအတွက် စိတ်ချရအောင်စီမံထား ချင်တယ်တဲ့။ သူ့အတွက် အနာဂတ် Financial planing လေး ပြောပြပေးဖြစ်တယ်။ လက်ရှိအလုပ်အကိုင် ၊ မိသားစု ၀င်၊ တလ ကုန်ကျစရိတ်၊ ကလေး ပညာသင်စရိတ်၊ စသည်ဖြင့် သူ့အပိုင်းနဲ့သူ သေချာလေး တွက်ချက် ပေးလိုက်တယ်။
သူမရှိရင် ဖြစ်စေ သူကျန်းမာရေး ကြောင့် အလုပ်နား ခဲ့ရင် ဖြစ်စေ သူ့မိသားစုအတွက် ဘယ်လောက် cover ဖြစ်စေမဲ့ ပမာဏ လက်ရှိအသင့်ရှိနေပြီလား? အကယ်၍ မရှိသေးရင်တောင် ဘယ်လို အကောင်းဆုံး cover ယူန်ိုင်လဲ သေချာရှင်းပြပေးဖြစ်တယ်။ သူက သူ့ကလေးလေးရဲ့ ပညာရေးနဲ့ စား၀တ်နေရေးကို အဓိက ပူပန်နေတော့ အကယ်၍ ကိုယ်မရှိတော့ရင်တောင် ပညာရေးအတွက် ၅ နှစ် ၁၀နှစ်စာ cash ပြန်ရနိုင် တဲ့ပမာဏ ၊ ကလေး စား၀တ်နေရေး အတွက် ၅နှစ် ၁၀ နှစ်စာ လုံလောက်တဲ့ ပမာဏ ရရှိဖို့ ကြိုတင်စီမံ သွားနိူင်တဲ့ အကြောင်းလေး မျှဝေ ပေးဖြစ်တယ်။
သူပြောတာက ဒီလ်ိုလေး စီမံ လိုက်တော့လည်း ကိုယ့်ကလေး အနာဂတ်က ထင်သလောက် ပူစရာမရှိတော့သလိုပဲနော်တဲ့။ ဟုတ်ပါတယ် Plan တွေ နဲ့ စီမံ ထားတဲ့ အရာတိုင်းဟာ စိတ်ပူပန် ရစေမှု နည်းပါတယ်။
ချိုနွယ် ကိုယ်တိုင် သမီးရဲ့ အနာဂတ်အတွက် စိတ်ပူပန်မှုနည်းစေဖို့ သေချာစီမံထားတာမို့ ကိုယ့်လို မေမေတွေကိုလည်း အကောင်းဆုံး လမ်းပြပေးပါတယ်။ ခက်ခဲတဲ့ ကာလတွေ မှာ ပုပန်မှု နည်းစေဖို့ ကြိုတင်စီမံထားခြင်းက အကောင်းဆုံးပါပဲ။
(22.9.2026)
16/09/2026
လူတစ်ယောက်ကို အာမခံတစ်စောင်တည်းထားရုံနဲ့ လုံလောက်လား? 🤔
အာမခံတစ်စောင်ရှိပြီးသားဆိုတာ ကောင်းပါတယ်။
ဒါပေမယ့် “အာမခံတစ်စောင်ရှိတယ်” ဆိုတာနဲ့ “အပြည့်အဝကာကွယ်ထားတယ်” လို့တော့ မဆိုလိုပါဘူး။
လူတစ်ယောက်ရဲ့ဘဝမှာ
🏥 ကျန်းမာရေးပြဿနာ
🛡️ မတော်တဆမှု
❤️ အသက်အာမခံလိုအပ်ချက်
💰 ဝင်ငွေမရနိုင်တဲ့အခြေအနေ
👨👩👧 မိသားစုရဲ့ အနာဂတ်လိုအပ်ချက်
“ကိုယ့်ဘဝမှာ ဖြစ်လာနိုင်တဲ့ Risk တွေအတွက် လိုအပ်သလောက် ကာကွယ်မှုရှိရဲ့လား?” ဆိုတာလေး ပြန်သတိပြုရပါမယ်။
အာမခံတစ်ခုရှိပြီးသားဖြစ်ရင်တောင်
ကိုယ့်ရဲ့ လက်ရှိအခြေအနေ၊ မိသားစုတာဝန်နဲ့ ငွေကြေးလိုအပ်ချက်တွေကို ပြန်သုံးသပ်ကြည့်ပါ။
ဒီအရာတွေ ကို ဘက်စုံအကာအကွယ်ရဖို့ အာမခံ ဘယ်နှစ်စောင်လောက် ထားသင့်လဲ ၊
လိုအပ်တဲ့နေရာမှာ မှန်မှန်ကန်ကန် ကာကွယ်ထားနိုင်ဖို့က ပိုအရေးကြီးပါတယ်။
မိမိမှာ အာမခံ ထားပြီးသည် ဖြစ်စေ မထားရသေးဘူး ဖြစ်စေ ဘာတွေကို ကာကွယ်သင့်လဲ ဘာတွေက အရေးကြီး အရင်ကာကွယ်သင့်လဲ ဆိုတာကို အကောင်းဆုံး ဆွေးနွေးနိုင်ဖို့ 09-422519936 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်
(N)LI-18652
☎️ 09422519936
15/09/2026
❤️ အိမ်ရဲ့ အဝေးမှာရောက်နေပေမဲ့ … မိသားစုအတွက် စိတ်မဝေးပါဘူး..
နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ သားသမီးတစ်ယောက်အတွက်
အခက်ဆုံးအချိန်တွေထဲက တစ်ခုက…
“အိမ်မှာ တစ်ခုခုဖြစ်ရင် ငါအနားမှာ မရှိဘူး” ဆိုတဲ့ ခံစားချက်ပါ။
မိဘတွေ ကျန်ခဲ့တဲ့ ကိုယ့်ကလေးတွေ နေမကောင်းဖြစ်တဲ့အခါ၊
ဆေးရုံတက်ရတဲ့အခါ၊
မမျှော်လင့်ထားတဲ့ ကျန်းမာရေးကုန်ကျစရိတ်တွေ ရုတ်တရက်ပေါ်လာတဲ့အခါ…
ကိုယ်က နိုင်ငံခြားမှာ ရောက်နေပေမယ့်
စိတ်ကတော့ အိမ်မှာပဲ ရှိနေတတ်ပါတယ်။ ❤️
တကယ်တော့ မိသားစုကို စောင့်ရှောက်တယ်ဆိုတာ
အနားမှာ အမြဲရှိနေပေးနိုင်မှ မဟုတ်ပါဘူး။
အရေးပေါ်အခြေအနေတွေ ဖြစ်လာတဲ့အခါ မိသားစုအပေါ် ငွေကြေးဝန်ထုပ်ဝန်ပိုး မကျရောက်အောင် ကြိုတင်ပြင်ဆင်ထားပေးခြင်းကလည်း စောင့်ရှောက်ခြင်းတစ်မျိုးပါ။
ဒါကြောင့် နိုင်ငံခြားရောက်နေတဲ့ သားသမီးတွေအနေနဲ့ မိသားစုအတွက်—
🔹 မိဘတွေနဲ့ ကိုယ့်ကလေးတွေ အတွက် ကျန်းမာရေးအခြေအနေကို ပုံမှန်ဂရုစိုက်ပါ။
🔹 ဆေးရုံ၊ ဆေးဝါးနဲ့ အရေးပေါ်ကုန်ကျစရိတ်တွေကို ကြိုတင်တွက်ချက်ထားပါ။
🔹 Emergency Fund တစ်ခုထားပါ။
🔹 မိသားစုရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Health Insurance / Financial Protection ကို ကြိုတင်စီစဉ်ထားပါ။
အထူးသဖြင့် ကိုယ်က အဝေးမှာရှိနေတဲ့အချိန်မှာ
“ငါမရှိတော့ အဆင်ပြေပါ့မလား” ဆိုတာထက်
“လိုအပ်တဲ့အချိန်မှာ ငါ့မိသားစုအတွက် ပြင်ဆင်ထားပြီးသား” ဆိုတာက ပိုပြီး စိတ်အေးရစေပါတယ်။
အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာကို ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။
ဒါပေမယ့်…
မိသားစုအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။ ❤️
နိုင်ငံခြားမှာ ရောက်နေပြီး
မြန်မာနိုင်ငံက မိဘတွေ၊ မိသားစုဝင်တွေအတွက် စိတ်ပူနေတယ်ဆိုရင်
သူတို့ရဲ့ ကျန်းမာရေးနဲ့ ငွေကြေးအခြေအနေကို ဒီနေ့ကတည်းက ပြန်စဉ်းစားကြည့်ပါနော်။
ချစ်ခြင်းမေတ္တာဆိုတာ အနားမှာရှိပေးခြင်းတစ်ခုတည်းမဟုတ်ပါဘူး။
မရှိနိုင်တဲ့အချိန်မှာတောင် ကာကွယ်ပေးနိုင်အောင် ပြင်ဆင်ထားခြင်းလည်း ဖြစ်ပါတယ်။ ❤️
ကြပ်တည်းလာတဲ့ အခြေအနေမှာ ကိုယ်ဟာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ မနက်ဖြန်တိုင်း မှာ ကိုယ်ရှိနေဖို့က မသေချာတတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ချစ်တဲ့ ကလေးလေးတွေ အတွက် သေချာတဲ့ အရာတခုတော့ စီမံထားခဲ့နိုင်ပါတယ်။
(N)LI-18652
☎️ 09422519936
ကိုယ့်ကလေးလေး အနာဂတ် ပညာရေး အတွက် ပညာရေး Scholar လေး ကြိုတင်ထားကြမယ်
(N)LI-18652
☎️ 09422519936
မမြင်နိုင်တဲ့ သဘာ၀ဘေးအန္တရာယ်တွေကနေ မိသားစု နောင်ရေးကြိုတင်ကာကွယ်ထားပါ
Category
Telephone
Website
Address
Hlaing
Alerts
Be the first to know and let us send you an email when Safe Future With Cho Nwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.