Lu Kham

Lu Kham

Share

Empowering education, innovation, and youth for a smarter Myanmar. Together we build a brighter future through learning, technology, and unity. 🌏✨

01/08/2026

Falam Kanu

16/07/2026

Ralte miphun pawl cu Zo (Mizo) miphun lakih a hlunbik le a hminthangbik miphun pakhat an si. Tibeto-Burman áš­ong an si ih, tuisan Myanmar (Chin Ram), Mizoram, Manipur, Assam, Assam, le Bangladesh ih um Zo miphun dang pawl thawn an pehzom aw. Ralte pawl cu khuitawk in an ra? Zo le Mizo nunphung thuanthu vek asile, Ralte miphun ih cithlah pawl cu tuisan Myanmar (Burma) ih Chin Tlang pawl ah san tampi sung an um. Tikcu caan a rei vivo ih, miphun dangdang cu nitlak lam ah an áš­hawn vivo ih, tuini ah Mizoram, India ah an um. Ralthawinak cu hmakhatte ah a cang lo.Himi cu san tampi ruangah a cang rero, a thuhla pawl cu: * Mipum karhzainak le lo thar hawlnak a si. * Hlanlai ih nunphung pawl cu lo thar (jhum lo) an si ih, cumi cun leiram thar a áš­ul. * Hruaitu dangdang le an dungthluntu pawl in khaw thar pawl din dingin an áš­hawn aw. * Himi ruangah ralte innsang tampi cu tuini Mizoram ah an um ih, a dang pawl cu Myanmar ah an um. Ralte Cithlah pawl Mizo cangan mi vek asile, Ralte Cithlah pawl cu cithlah pali ah an áš­hen aw:

1. Khelte

Lutmang

* Zaucha
* Chhinghlu * Vohlu * Hmaimawk * Thatchhing * Vangkeu * Chhiarchuang * Vohang * Zahlei

2.

Engkai

* Haizang (Lal)
* Chawngtual
* Chhakawm
* Hilu * Hilthang * Thangbur * Lehvung * Khumchiang * Hnawlsut

3. Lelchhun

Chhunthang * Tunglei * Chhiarkim * Leihang * Vawngsual * Chuanglawk * Thangbung

4. Kawlni

Rengsi * Kawlvawm * Rengngo * Thangchhuan * Renghang * Arte * Chalchung * Lawisut * Bungsut * Helhlah * Chalbawk * Thasum * Kawltung * Saphaw * Uikhawl * Khawngharw * Bhaleng

Ralte Hotu pawl, Ralte miphun cun anmai' nunphung hruaitu pawl an nei ih, an khua pawl an uk, an miphun pawl an kilhim, an buainak pawl an cingfel ih, an khawtlang pawl khal an hruai. An kaihhruainak, an raláš­hatnak le an áš­uanvo ruangah upat an hlawh zet. Ralte miphun pawl cun an ram le an zalennak cu an venghnen hotu pawl thawn an doawk laiah an humhim. Himi thuanthu pawl cu Ralte miphun ih ro cithlah ah an cang ringring. Ralte le Tedim pawl cun tikcu a liam vivo ih, Ralte miphun hrekkhat pawl cu Tedim miphun thawn pehtlaihawknak áš­ha zet an nei. Tuini khal ah Ralte le Tedim Naulak innsang tampi cu rualpi áš­ha zet,

Pehthlaihnak thucah

"Kan pupa pawl cu kan santhuanthu ihsin kan ciing ringring. Ralte miphun pawl ih nunphung le sinak cu a ra lai dingmi san pawl hrangah kan kilhim ih, miphun hmuahhmuah kan upat hai a si. " Hminsin aw: Ralte thuanthu hmaisa pawl, ramdang ih khualtlawnnak thuanthu le hotu pawl karlak doawknak thuanthu pawl cu nganmi thuanthu pawl hnakin anmah ihsin a ra mi an si. Sungkua dangdang le thuanthu thiam pawl cun hi thil cang mi pawl cu malte an danglam deuh men thei. Himi danglamnak hi thuanthuanthu vekih na tarlang tikah a thupi zetmi a si.

16/07/2026

14/07/2026

မြန်မာပြည်ဖွား ဂျိုးလူမျိုး

27/04/2026

Saya Thian Nun Thang

*Kan Falam Thinlung Sung Muril Na Phawrh Suak Ih Pathian In Lo Thlawsuah Sehlaw!!

19/04/2026

This is incredible! Barack Obama connecting with students and making a difference. What do you think about this moment?

18/04/2026

ချင်းမြို့စားမျိုးရိုး နှင့် ဒေါက်တာ ဆလိုင်းထင်အောင်” ဆိုတာ ဘယ်သူလဲ? ရခိုင်ရိုးမက တောင်စဉ်ခုနစ်ခရိုင်ကို စားတဲ့ ချင်းမြို့စားမျိုးရိုးက ဆင်းသက်လာတဲ့ ဒေါက်တာထင်အောင်ဟာ ဗြိတိသျှခေတ် အရေးပိုင်သား ဖြစ်ပါတယ်။ သူ့အစ်ကိုအကြီးဆုံးကလည်း ဗိုလ်ချုပ် အောင်ဆန်း အစိုးရမှာ ပါဝင်ခဲ့တဲ့ အိုင်စီအက် ဦးတင်ထွဋ် ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှာ ပထမဆုံး မြန်မာလူမျိုးထဲက အဓိပတိဖြစ်ခဲ့ပါတယ်။ နောက် အစ်ကို နှစ်ယောက်ကလည်း လွတ်လပ်ပြီးခေတ်မှာ တရားလွှတ်တော်ချုပ် တရားဝန်ကြီးနဲ့ တရားဝန်ကြီးချုပ်၊ ဥပဒေ မဟာဌာနမှူး စတဲ့ ရာထူးကြီးတွေ ထမ်းဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ တခါ ပထမဆုံး မြန်မာစာ ပါမောက္ခ ဦးဧမောင်က သူ့ယောက်ဖ ဖြစ်သလို သူ့နှမ ဒေါ်ခင်စောမူကလည်း ခေတ်စမ်းစာဆိုတယောက် ဖြစ်ပြီး မင်းသုဝဏ်ရဲ့ အချစ်ဦးလို့ လူသိများပါတယ်။
ဒါကြောင့် စစ်မဖြစ်ခင်က ရန်ကုန်တက္ကသိုလ်မှာ ဒေါက်တာဘဟန် အုပ်စုနဲ့ ဦးတင်ထွဋ်အုပ်စု ဆိုတဲ့ ပညာတတ် အုပ်စုကြီး နှစ်စု ရှိခဲ့တယ်လို့ တော်လှန်ရေးကောင်စီဝင်ဟောင်း ဦးဘငြိမ်က သူ့ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိမှာ ရေးသားခဲ့ပါတယ်။

မြန်မာလူမျိုးထဲက တက္ကသိုလ်ထိ ပညာသင်နိုင်သူ ရှားတဲ့ခေတ်မှာ ဒေါက်တာထင်အောင်တို့ ညီအစ်ကိုတွေက ဗြိတိန်မှာ ပညာသင်ပြီး ဘွဲ့တွေ ရခဲ့ကြပါတယ်။ သူ့အလှည့် ရောက်တဲ့အခါမှာတော့ အစ်ကိုကြီး တွေထက် သာလွန်ပြီး ပါရဂူဘွဲ့ပါ ဆွတ်ခူးခဲ့ပါတယ်။ ဗြိတိသျှတက္ကသိုလ်တခုက ပထမဆုံးပါရဂူဘွဲ့ရတဲ့ မြန်မာလို့လည်း ထင်ရှားပြီး ၁၉၃၃ မှာ ဒဗ္ဗလင်တက္ကသိုလ်က ဒေါက်တာဘွဲ့ရစဉ်က အသက် ၂၄ နှစ်သာ ရှိပါတယ်။ သူ့ဘဝမှာ အိုင်ယာလန်၊ အမေရိကန်နဲ့ သီဟိုဠ်တက္ကသိုလ်တွေက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့တွေလည်း ရခဲ့ဖူးပါတယ်။ ဒေါက်တာထင်အောင် ဥရောပတက္ကသိုလ် တွေက ရခဲ့တဲ့ ဘွဲ့အရေအတွက် အမျိုးအစားကလည်း ထွေပြားပါတယ်။
ဒဗ္ဗလင်မှာ စာသင်စဉ် အိုင်အာရ်အေခေါ် အိုင်းရစ်သူပုန်အဖွဲ့ကို ဝင်ဖို့ စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်လို့ အဖမ်းခံခဲ့ရဖူးသလို ပိတ်ရက်မှာ နွားတင်းကုပ် သန့်ရှင်းရေး ဝင်လုပ်ပြီး အပိုဝင်ငွေ ရှာခဲ့ပါတယ်။

သူဌေးဖြစ်မယ့်လမ်းကို မရွေးခဲ့

မြန်မာပြည် ပြန်ရောက်တဲ့အခါ ဝတ်လုံအဖြစ် အသက်မွေးဖို့ အစ်ကိုကြီးတွေက တိုက်တွန်းပါတယ်။ ဒါပေမဲ့ ဒေါက်တာထင်အောင်က ဝင်ငွေနည်းတဲ့ တက္ကသိုလ်ကထိက ဘဝကို ရွေးခဲ့ပါတယ်။ ဗြိတိသျှ လက်အောက်မှာ ကထိကတောင် ချက်ချင်း ဖြစ်ခဲ့တာ မဟုတ်ဘဲ သူ့အပေါ်မှာ ပါရဂူဘွဲ့မရတဲ့ အင်္ဂလိပ်လူမျိုးကို အင်္ဂလိပ်စာကထိက ရာထူးပေးခဲ့တာကိုလည်း ကြုံခဲ့ရပါတယ်။
တဘက်ကလည်း နိုင်ငံရေး အကွဲအပြားတွေကြား အရှိန်ကျဆင်းနေတဲ့ အမျိုးသားပညာရေးကောင်စီမှာ ဦးဖိုးကျားတို့နဲ့အတူ ပါဝင်ဆောင်ရွက်ရင်း အတွင်းရေးမှူး တာဝန်ယူခဲ့ပါတယ်။ ဗြိတိသျှအစိုးရ ပညာရေး ဌာနကို အာခံပြီး အမျိုးသားကျောင်းတွေ သက်ဆိုးရှည်ဖို့ ဒေါက်တာထင်အောင်တို့ ကြိုးစားခဲ့ကြတာလို့ တက္ကသိုလ်ခင်မောင်ဇော်က ရေးသားခဲ့ပါတယ်။

ဒေါက်တာထင်အောင်ရဲ့ မြန်မာပြဇာတ် အကြောင်း ဘွဲ့ယူစာတမ်းဟာ အောက်စဖို့ဒ်တက္ကသိုလ်မှာ ၁၉၃၇ ကစပြီး ၃၁ ကြိမ်မက ရိုက်နှိပ်ခဲ့ရတဲ့ စာအုပ် တအုပ် ဖြစ်ပါတယ်။ ဒါပေမဲ့ စာမူကို ပေါင်တရာနဲ့ အပြတ်ရောင်းပြီး သူငယ်ချင်း တွေကို အရက်တိုက်ခဲ့တဲ့အတွက် အဲဒီစာအုပ်ရဲ့ အသီးအပွင့်တွေကို သူမခံစားခဲ့ရဘဲ အရက်မူးပြီး ရန်ဖြစ်လို့ အချုပ်ခန်းထဲမှာ အိပ်ခဲ့ရပါတယ်။
ဒီစာအုပ်ကြောင့်ပဲ ဂျပန်ခေတ်မှာ ကင်ပေတိုင် စစ်ပုလိပ်ရန်က အသက်မသေ လွတ်လာခဲ့တယ်လို့လည်း ပြောစမှတ် ရှိပါတယ်။ ကင်ပေတိုင် ဗိုလ်မှူးကြီးကလည်း အမေရိကန်က ပါရဂူဘွဲ့ရ ဗြိတိသျှပြဇာတ် ကျွမ်းကျင်သူ ဖြစ်နေလို့ သူနဲ့အဆင်ပြေသွားကြတာ ဖြစ်ပါတယ်။
နောက် စစ်ပြီးခေတ်မှာတော့ သူ့ရဲ့ မြန်မာ့ရိုးရာပုံပြင် စာအုပ်တွေ ထွက်လာခဲ့ပါတယ်။ သုဓမ္မစာရီဖြတ်ထုံးလာ ဥပဒေပုံပြင်များ၊ ဘာသာရေးနဲ့နွယ်တဲ့ ပုံပြင်များ၊ ကျေးလက်ပုံပြင်များကို အင်္ဂလိပ်စာဖတ် ပရိသတ်တွေနဲ့ သူမိတ်ဆက်ပေးခဲ့တာကလည်း မြန်မာပြဇာတ် စာအုပ်လိုပဲ အောင်မြင်ခဲ့ပါ
တယ်။

စစ်ပြီးစမှာတော့ တက္ကသိုလ်အုပ်ချုပ်ရေးမှူး အယ်လ်ထင်းစီကို ကူဖို့သွားရင်း ဒေါက်တာထင်အောင် တက္ကသိုလ်လောကကို ပြန်ရောက်သွားပါတယ်။ အယ်လ်ထင်းစီ ကျန်းမာရေး မကောင်းချိန်မှာတော့ ဒေါက်တာထင်အောင်၊ ဂျပ်ဆင် ကောလိပ်က ဒေါက်တာလှဘူးနဲ့ ပညာရေးကောလိပ်က ဦးဘတို့ကို တက္ကသိုလ်အုပ်ချုပ်ရေးမှူးတွေ အဖြစ် ပူးတွဲခန့်အပ်ပါတယ်။ နောက် သူတယောက်တည်းကိုပဲ တက္ကသိုလ်တခုလုံးရဲ့ အုပ်ချုပ်ရေးမှူး ခန့်ပါတယ်။ အသက် ၄ဝ မပြည့်ခင်မှာ ဆေး၊ စက်မှုနဲ့ စိုက်ပျိုးရေးအပါအဝင် တက္ကသိုလ်ကောလိပ်အားလုံးကို အုပ်ချုပ်ရတဲ့အတွက် အသက်ငယ်တယ် ဆိုပြီး တက္ကသိုလ် ကောင်စီ က သူ့ကိုကန့်ကွက်သလို နိုင်ငံရေး အတက်ကြွဆုံးအချိန်ကို ရောက်နေတဲ့ ကျောင်းသားတွေကိုလည်း သူထိန်းချုပ်ရပါတယ်။
သူ့ခေတ်မှာ ဗြိတိသျှခေတ်ကလို တက္ကသိုလ်သပိတ်တွေ မဖြစ်အောင် ကြိုးစားညှိနှိုင်းခဲ့ပေမယ့် အောက်တိုဘာ ကျောင်းတလပိတ် အရေးအခင်းဖြစ်ပြီး ကျောင်းထဲကို ရဲက ကျောင်းဆောင်တွေထဲ ပစ်ခတ် လူစုခွဲတာ ကြုံခဲ့ရပါတယ်။ သူ့လက်ထက်မှာ မန္တလေးသီးခြားတက္ကသိုလ် ပေါ်ပေါက်လာသလို မော်လမြိုင်၊ ကျောက်ဖြူ၊ မကွေးနဲ့ ပုသိမ်မှာ ဥပစာကောလိပ်တွေ ပေါ်ပေါက်လာပါတယ်။ နောက် စစ်တက္ကသိုလ်ကို ရန်ကုန်တက္ကသိုလ်က ဘွဲ့ပေးဖို့ စီစဉ်ရာမှာလည်း သူနဲ့ စစ်ပညာပါမောက္ခ ဗိုလ်မှူးချုပ်မောင်မောင်တို့ ညှိနှိုင်းဆောင်ရွက်ခဲ့ရပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ မနုဿဗေဒဘာသာရပ်ကို အစပျိုးနိုင်အောင်လည်း သူလမ်းဖွင့်သင်ကြားပေးခဲ့ပါတယ်။

သံအမတ် သမိုင်းဆရာ

၁၉၅၉ မှာ ရန်ကုန်တက္ကသိုလ် ဒုတိယအဓိပတိ အရွေးခံရပြီးနောက် သီဟိုဠ်သံအမတ်အဖြစ် အပို့ခံရပါတယ်။ သီဟိုဠ်မှာ သံအမတ်သက်တမ်းစေ့ပြီးနောက် အမေရိကန် တက္ကသိုလ်တွေမှာ ဧည့်ပါမောက္ခ တာဝန်ယူခဲ့သလို အောက်စဖို့ဒ် စိန့်အန်ထော်နီကောလိပ်မှာလည်း သုတေသီလုပ်ခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ သူ့ရဲ့ မြန်မာသမိုင်းစာအုပ်တွေ ထွက်လာပါတယ်။ ၁၉၆၇ ခုနှစ်မှာ ကိုလံဘီယာတက္ကသိုလ်ကထုတ်တဲ့ မြန်မာနိုင်ငံသမိုင်း စာအုပ်ဟာ မြန်မာသမိုင်းရေးတဲ့ နိုင်ငံခြားသားတွေအမြင်ကို စပြီး အင်္ဂလိပ်ဘာသာနဲ့ ချေဖျက်တဲ့ စာအုပ်တအုပ် ဖြစ်ပါတယ်။ နောက် ကုန်းဘောင်ခေတ်ကနေ လွတ်လပ်ချိန်ထိ အင်္ဂလိပ် မြန်မာဆက်ဆံရေး၊ လော့ရန်းဒေါ့ဖ်ချာချီနဲ့ ကနေတဲ့ဥဒေါင်း ၊ ပုဂံမပျက်မီက မြန်မာသမိုင်း စတဲ့ မြန်မာသမိုင်း စာအုပ်တွေ ပြည်ပ တက္ကသိုလ်တွေနဲ့ စာအုပ်တိုက်တွေကနေ ထွက်လာခဲ့ပါတယ်။ဒီစာအုပ်တွေဟာ မြန်မာသမိုင်းကို ရိုးရာအမြင်နဲ့ ရေးတဲ့ စာအုပ်တွေဘက်က ခုခံချက်၊ မျိုးချစ်ပညာရှင်တယောက်ရဲ့လက်ရာလို့ စာအုပ်ဝေဖန်သူတွေက ဆိုကြပါတယ်။ ဒီထဲမှာ ထူးခြားချက်ကတော့ ပါမောက္ခကေဒီရဲ့ ဝေဖန်ချက် ဖြစ်ပါတယ်။ ဒေါက်တာထင်အောင်ဟာ မြန်မာသမိုင်းရေးရာမှာ ၁၉၆၂ လွတ်လပ်ပြီး နောက်ပိုင်းခေတ်အထိ ရေးပြီး ဇာတ်ကောင်အားလုံးကို သူရဲကောင်း ဖြစ်အောင် ရေးတယ်လို့ အဲဒီ အမေရိကန် ပါမောက္ခက မှတ်ချက်ချပါတယ်။ ဦးနုကိုလည်း နိုင်ငံရေးက ငြီးငွေ့လို့ ဘေးထွက်သွားတဲ့ လူကောင်း၊ ဗိုလ်ချုပ်ကြီးနေဝင်းကိုလည်း မြန်မာနည်းနဲ့ မြန်မာ့အနာဂတ်ကို သွားမယ့်သူဆိုပြီး ပုံဖော်ထားတယ်၊ အစဉ်အလာ ရာဇဝင်တွေမှာ တွေ့ရတဲ့ ဘုရားပွင့်ရာ ဗောဓိပင်ဟာ ဒေါက်တာထင်အောင် စာအုပ်မှာ ဂေါက်ကွင်းဖြစ်နေတယ် ဆိုပြီး သရော်တဲ့သဘော ဝေဖန်ခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်းကို အကောင်းဘက်ကရေးလို့ ဒေါက်တာထင်အောင် မြန်မာပြည် ပြန်ခွင့်ရတယ် ဆိုတဲ့ စကားတခွန်းလည်း ပညာရှင်အသိုင်းအဝိုင်းမှာ ရှိခဲ့ပါတယ်။

၁၉၇၈ မှာ အနောက်ဂျာမနီမှာ သုတေသီအဖြစ် သွားရောက်ထမ်းဆောင်ဖို့ ပြင်ဆင်ရင်း ဒေါက်တာထင်အောင် ကွယ်လွန်ခဲ့ပါတယ်။
သူကွယ်လွန်ချိန်မှာ မြန်မာအစိုးရ သတင်းစာတွေက အရေးတယူဖော်ပြတာ မရှိခဲ့ဘဲ စစ်တပ်ကထွက်တဲ့ သည်းထိတ်ရင်ဖို စာရေးဆရာတယောက်ရဲ့ နာရေးကိုသာ ဖော်ပြတယ်လို့ စာရေးဆရာ ဝင်းအောင်ကြီး က ရေးပါတယ်။
တချိန်က ရန်ကင်းကောလိပ်မှာ တက္ကသိုလ်ကျောင်းသားတွေနဲ့ အပြင်က ကျောင်းသားတွေ ရန်ဖြစ်ကြချိန်မှာ သွားထိန်းပေးဖို့ ဒေါက်တာထင်အောင်က ဝင်းအောင်ကြီးကို အကူအညီတောင်းတယ်လို့လည်း ဆိုပါတယ်။ မတတ်သာလို့ လူများလို့ ကျောင်းသားတွေကို ခွဲထားရတယ်၊ ကျောင်းသားချင်း ရန်ဖြစ်ရင် ကျောင်းသားပဲ နာတယ်၊ ကျောင်းသားဆိုတာ လူကြီးလူကောင်းတွေ ဆိုတဲ့ စကားမျိုး ဒေါက်တာ ထင်အောင် ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ဒါကြောင့် တက္ကသိုလ်ကျောင်းနှစ်လည်မဂ္ဂဇင်းတစောင်မှာ တက္ကသိုလ်ပညာရေးရဲ့ ရည်ရွယ်ချက်ဟာ ကျောင်းသားတွေကို သည်းခံနိုင်မှုစိတ်ဓာတ်၊ တရားမျှတမှု သဘောထားနဲ့ အားကုန်ကြိုးပမ်းနိုင်မှု ဆန္ဒတွေ သွတ်သွင်းပေးဖို့ ဖြစ်တယ်၊ စာစစ်ပွဲတွေနဲ့ ဘွဲ့ဂုဏ်ထူးတွေ မဟုတ်ဘူးလို့ ဒေါက်တာထင်အောင်က ရေးသားခဲ့ပါတယ်။
( ဤစာသည် BBC မြန်မာဌာနမှ တဆင့်ကူးယူခဲ့သည်)

18/04/2026

ကလေးမြို့သားလေး အားသာန်ပုံ

17/04/2026

မြန်မာနိုင်ငံ၏ သမိုင်းဦးကာလ- ပျူနှင့် ပုဂံအစောပိုင်း
စုစည်းညီညွတ်သော ပုဂံအင်ပါယာ မပေါ်ထွန်းမီကာလတွင် မြန်မာနိုင်ငံဒေသကို ပျူမြို့ပြနိုင်ငံများက လွှမ်းမိုးထားခဲ့သည်။ ခရစ်တော်မပေါ်မီ (၁) ရာစုဝန်းကျင်တွင် ပေါ်ပေါက်ခဲ့သော သရေခေတ္တရာကဲ့သို့သော မြို့များသည် ကုန်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာအတွေးအခေါ်များ၏ ဗဟိုချက်မများဖြစ်ခဲ့ပြီး တစ်ဦးတည်းသော ဘုရင်က စုစည်းအုပ်ချုပ်ခြင်းမပြုမီ ကြာမြင့်စွာကပင် မြန်မာ့ယဉ်ကျေးမှု၏ အခြေခံအုတ်မြစ်များကို ချမှတ်ပေးခဲ့သည်။
ခရစ်သက္ကရာဇ် (၉) ရာစုအလယ်ပိုင်းတွင် ပျူတို့၏ ဩဇာအာဏာ မှိန်ဖျော့လာသည်နှင့်အမျှ ဗမာ (အဓိကလူမျိုးစု) တို့၏ ဘိုးဘေးများသည် မြေသြဇာကောင်းမွန်သော ဧရာဝတီမြစ်ဝှမ်းရှိ ပုဂံအခြေစိုက်ရာဒေသတစ်ဝိုက်တွင် အခြေချနေထိုင်လာကြသည်။ ခရစ်သက္ကရာဇ် ၁၀၄၄ ခုနှစ်တွင် အနော်ရထာမင်း နန်းတက်လာခြင်းသည် မြန်မာနိုင်ငံကို စုစည်းညီညွတ်သော နိုင်ငံတော်အဖြစ် စတင်ထူထောင်ခြင်းပင်ဖြစ်သည်။ ၎င်းသည် အမျိုးမျိုးသော နယ်ပယ်ဒေသများကို စုစည်းပြီး သေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကာ ဘုရားပုထိုးပေါင်း ထောင်နှင့်ချီ တည်ဆောက်ခဲ့သော ပုဂံ၏ ရွှေခေတ်ကို စတင်ခဲ့သူအဖြစ် အသိအမှတ်ပြုခံရသည်။
ရှေးဟောင်းပုဂံ၏ မြင်ကွင်း
ယခုမျိုးဆက်သည် စည်ကားလှပသော မြို့တော်ဖြစ်လာခါစဖြစ်သော ၁၁ ရာစုအစောပိုင်း ပုဂံ၏ လေထုကို ဖမ်းယူရန် ကြိုးပမ်းထားသည်။ ယနေ့မြင်တွေ့နေရသော ဘုရားပုထိုးပေါင်း ထောင်နှင့်ချီရှိသည့် အုတ်နီရောင်မြင်ကွင်းနှင့် ကွဲပြားသည်ကို တွေ့မြင်နိုင်သည်။ ယခုအဓိပ္ပာယ်ဖွင့်ဆိုချက်သည် အုတ်နီရောင်ဘုရားပုထိုးပေါင်း ထောင်နှင့်ချီရှိသည့် မြင်ကွင်းထက် အစောပိုင်းပေါ်ထွန်းစဖြစ်သော မြို့ပြ၏ တည်ဆောက်မှုနှင့် အသုံးပြုထားသော ပစ္စည်းအမျိုးမျိုးကို အာရုံစိုက်ထားသည်။

17/04/2026

ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒမပြေနိုင်။
စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ် တိုးပွားသော်လည်း မရောင့်ရဲနိုင်။
ထိုအမှုအရာသည် လည်း အနတ္တဖြစ်၏။

Category

Address

Kale

Alerts

Be the first to know and let us send you an email when Lu Kham posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Kale.