Spring Korea language Center
Korea language center
24/09/2026
လာမယ့်ကုန်ထုတ်စာမေးပွဲအတွက် တန်းခွဲအသစ်📣🌻
17ကြိမ်မြောက် EPS စာမေးပွဲအတွက် အခြေခံကစပြီးသင်ပေးတဲ့အတန်းဖြစ်ပါတယ်။
သင်တန်းစမည့်ရက် -1.10.2026 🇰🇷
ကိုရီးယားကိုအလုပ်အကိုင်ဖြင့် သွားရောက်လိုသူများအတွက် သင်တန်းသားလက်ခံနေပါပြီ📚
(သင်တန်းအပ် လက်ခံပါပြီ)❗️
-အမျိုးသားသင်တန်းသား (ပညာအရည်အချင်းမလို)
-အမျိုးသမီးသင်တန်းသူ (ဆယ်တန်းအောင်)
-အသက်(၃၉နှစ်ထက် မကျော်လွန်ရ)
-သင်တန်းစမည့်ရက် -1.10.2026
-သင်တန်းရက် (တနလ်ာမှ ကြာသပတေး)(sat to sun)
-အချိန်(ညှိနှိုင်းပေးသည်)
-သင်တန်းကာလ-5လ (စာမေးပွဲနီးလျှင် 3လ အနီးကပ်ပြန်လည်လေ့ကျင့်သင်ကြားပေးသည်)
-သင်တန်းကြေး-500000ကျပ်
-သင်တန်းကြေးတွင်👇
၁။ဗလာစာအုပ်နှင့်ဘောပင်
၂။သင်တန်းလက်ဆွဲအိတ်
၃။အခြေခံပေါင်းချုပ် စာအုပ်-၁အုပ်
၄။ပုံနှိပ်စာအုပ်-၂အုပ်
၅။မေးခွန်းဟောင်းလေ့ကျင့်ဖြေဆိုခြင်းများပါဝင်ပါသည်။
-သင်တန်းသား/သူများအနေဖြင့် မိမိအတန်းချိန်အပြင်ထပ်မံဖွင့်လှစ်သော အတန်းချိန်များတွင် သင်တန်းကြေးထပ်မံပေးသွင်းစရာမလိုပဲ အကန့်သန့်မရှိတက်ရောက်သင်ကြားနိုင်ပါသည်။
-သင်တန်းနေရာ(လှည်းတန်း ၁လမ်း၊လှည်းတန်းစင်တာအရှေ့၊တိုက်(၃)၊ကမာရွတ်မြို့နယ်၊ရန်ကုန်)
📞 09404636763
သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
#မိုးညီ
20/09/2026
2026.09.16~18
ကိုရီးယားနိုင်ငံသို့ ရောက်ရှိသွားကြပြီဖြစ်သော
ကုန်ထုတ်လုပ်သား (120)ယောက်
18/09/2026
Spring 🇰🇷မှ စိုက်ပျိုးမွေးမြူရေး၊ ဆောက်လုပ်ရေး၊သစ်တောလုပ်ငန်းများဖြင့် သင်တန်းသား(9)ဦးဖြေဆိုခဲ့ကြပါတယ်။✨🌱
1.ဗန်ကျဲအိုထန်-95 (စိုက်မွေး)
2.ဖိုးလပြည့်-95 (စိုက်မွေး)
3.ဗျက်ခဲမ်းပဲန်း-87.5 (စိုက်မွေး)
4.အောင်ကျော်ထွန်း-87.5 (စိုက်မွေး)
5.မျိုးဇော်ဦး-80 (စိုက်မွေး)
6.ချမ်းမြေ့အောင်-80 (သစ်တော)
7.အာဘွေနှင်း-77.5 (ဆောက်)
8.ဖီးလစ်-70 (စိုက်မွေး)
9.ဩဂတ်ထူး-70 (စိုက်မွေး)
အားလုံး ကြိုးစားဖြေဆိုခဲ့ကြလို့ ဆရာမှအထူးကျေးဇူးတင်ရပါတယ်။ ရရှိသောအမှတ်တိုင်းလည်း
အောင်မှတ်၊ဖြတ်မှတ်ဖြစ်ကြပါစေ။🙏🌻
ကုန်ထုတ်နဲ့ ဝန်ဆောင်မှုလုပ်ငန်းများဖြင့် ဖြေဆိုကြမည့် သင်တန်းသားများ အတန်းချိန်အားလုံးပြန်လည်တက်ရောက်နိုင်ပါတယ်။
ဆရာနဲ့အတူ လာမယ့်စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။✨
#မိုးညီ
17/09/2026
ယနေ့ သစ်တောလုပ်ငန်းဖြင့် ဖြေဆိုသောညီလေး
ချမ်းမြေ့အောင် အမှတ်(80)ရပါတယ်။✨🇰🇷
ကျန်ရှိသော ညီလေးများလဲ အမှတ်ပြည့်ရကြပါစေ🌻
15/09/2026
ယနေ့မနက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့်
ဖြေဆိုကြသော သင်တန်းသားနှစ်ယောက်🌱🇰🇷
1.ဖိုးလပြည့် -95
2.အောင်ကျော်ထွန်း-87.5 ရမှတ်များရရှိကြပါတယ်။
ကျန်ရှိနေသောသင်တန်းသားများလဲ အမှတ်ပြည့်ရရှိကြပါစေ။🌻🥰
14/09/2026
ယနေ့မနက် 10-AM တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် ဖြေဆိုကြသော ညီလေးနှစ်ယောက်✨🇰🇷
1.ဗျက်ခဲမ်းပဲန်း-87.5
2.မျိုးဇော်ဦး-80 ရမှတ်များရရှိကြပါတယ်။
နောက်ဖြေဆိုကြမယ့်ညီလေးများလည်း အမှတ်ပြည့်ရကြပါစေ။🌻
11/09/2026
ယနေ့စိုက်ပျိုးမွေးမြူရေးနဲ့ 3pmမှာ ဖြေဆိုသော
သင်တန်းသား ဗန်ကျဲအိုထန် (95)မှတ်ရရှိပါတယ်✨🌻
10/09/2026
ဒီနေ့ဖြေဆိုကြတဲ့ ညီလေးနှစ်ယောက်
နှစ်ယောက်လုံး ရမှတ်(70)ရရှိကြပါတယ်။
ကျန်ရှိတဲ့ညီလေးများ အမှတ်ပြည့်ရကြပါစေ။✨
01/09/2026
🇰🇷EPSမေးခွန်း အားနည်းသူများအတွက် ဖြေပုံဖြေနည်း🦾
1.듣기နားထောင်ရာမှာ ပထမဆုံး မေးခွန်းစာကြောင်းလား ရိုးရိုးစာကြောင်းလားသိအောင်လုပ်ပါ။
2.မေးခွန်းစာကြောင်းဆို အဆုံးမှာအသံကိုမြှင့်ပြောပါတယ်။
3.누구가……?ဆို လူ,နာမည်ပါတဲ့အဖြေနံပါတ်ကိုရွေးပါ။
4…….있어요?မေးခွန်းဆို အဖြေမှာ 있어요 သို့ 없어요ပါတဲ့ အဖြေနံပါတ်ရွေးပါ။
5.여기,어디……? ဆိုတဲ့ နေရာပြမေးခွန်းမျိုးဆို အဖြေမှာ နေရာပါတဲ့နံပါတ်ရွေးပါ။ဉပမာ 식당,공원, 머리,배
6…..입니까?ဆို 입니다နဲ့ဖြေတဲ့နံပါတ်သာရွေးပါ။
7…….았,었,했어요?အတိတ်ကာလပြမေးခွန်းမျိုးဆို 았,었,했어요နဲ့အအဆုံးသတ်အဖြေသာရွေးပါ။
8.언제….?ဘယ်တော့လဲ ဆိုတဲ့မေးခွန်းမို့ မနက်လား နေ့လည်လား ညနေလား ဒါမှမဟုတ် စေနေ၊တနဂ်နွေ ၊မနက်ဖြန် သဘက်ခါ စတဲ့စကားလုံးပါ အဖြေသာရွေးပါ
9………..몇시예요?အချိန်ကိုမေးတာမို့ ဂဏန်း1,3,4,7,သို့မဟုတ် ကိုရီးယားကိန်းဂဏန်း 한,두,세,ပါတဲ့ အဖြေသာရွေးပါ
10…..많아요? မေးခွန်းဆို အဖြေရဲ့အဆုံးမှာ 많아요 သို့မဟုတ် 적어요နဲ့သာအဆုံးသတ်မည်။
11…..어떻게…?မေးခွန်းဆို နည်းလမ်းကိုမေးတာမို့ အဖြေမှာ 으로 ,로 ဆိုတဲ့သဒ္ဒါသို့မဟုတ် 지하,오토바이,택시,비행기စတဲ့စကားလုံးတွေထည့်သုံးထားပါလိမ့်မယ်။
12…….뭐 할 거예요?မေးခွန်းဆို အဖြေမှာ 아요,어요,해요.နဲ့သာဖြေရပါမယ်။
13.왜……?အကြောင်းပြချက်မေးတာမို့ အဖြေမှာ 아서,어서,해서 ခံပြီးဖြေထားပါလိမ့်မယ်။
14……아,어,해야 돼요. နဲ့ပြောထားရင် အဖြေမှာ 을게요,ㄹ게요နဲ့သာဖြေထားပါမည်
15……얼마예요?ဆို စျေးနှုန်းမေးတာမို့ ဉပမာ1000원, 천원 စတဲ့ ကိန်းဂဏန်းပါတဲ့အဖြေသာရွေးပါ
31/08/2026
စိုက်ပျိုးမွေးမြူရေး၊ဆောက်လုပ်ရေးလုပ်ငန်းများဖြင့် ဖြေဆိုကြမည့် Spring 🇰🇷သင်တန်းသား (11)ယောက်၏ ဖြေဆိုမည့် နေ့ရက်နှင့် အချိန်များဖြစ်ပါတယ်။🌻