Maxus Myanmar
Maxus ကားများကို စိတ်ဝင်စားသူတစ်ဦးမှ ဖ?
17/11/2023
Coming soon !!!
04/06/2022
Air quality ကို သန့်စင်ပေးပြီး ကျန်မာရေးအတွက် အကောင်းဆုံးဖန်တီးပေးမယ့် Maxus G50 ရဲ့ Air purifier PM2.5 စနစ်
12/05/2022
ဖင်ပိုကြီးတဲ့ MAXUS 😁
Soueast ကိတ်တယ်ထင်နေတာ
Maxus နဲ့ဆို ကျုံ့သွားတယ်
အကိတ်ကြီးနဲ့အကိတ်လေး
02/05/2022
G90 တဲ့ တရုတ်ကားဈေးကွက်မှာမိတ်ဆက်သွားတာ
Flagship model MPV ပါ
2.0T fuel engine နဲ့ 8AT,
Price range is at 219,900-329,000 yuan (~US$33,270 - US$49,777) ဈေးသတ်မှတ်ထားတယ်
https://www.chinapev.com/saic/saic-maxus/saic-maxus-flagship-mpv-g90-launched-on-the-chinese-market/
18/04/2022
Road Trip with MAXUS !!!
Road trip စထွက်လာတုန်းက ပြင်ဦးလွင် တခုထဲ တက်မယ်ပေါ့
ကားဦးတည့်ရာမောင်းရင်း ဘယ်တွေရောက်သွားသလဲဆိုတော့
🔹၉ ရက်နေ့ ပြင်ဦးလွင်တက်
💤Hotel Sakura မှာအိပ်
🔹၁၀ ရက်နေ့
🙏လေးမျက်နှာဘုရား
🙏 မဟာအံ့ထူးကံသာဘုရား
🏝B.E ရေတံခွန် နဲ့မှန်တံတား
🙏ပိတ်ချင်းမြောင် မဟာနန္ဒာမူလှိုဏ်ဂူတော်
🙏အပြန်မှာ ပစ်တိုင်းထောင်တောရကျောင်း
🌴 December Garden နဲ့ရေတံခွန်
💤ပြီးတော့ Hotel ပြန်အိပ်
🔹၁၁ ရက်နေ့
🙏တရုတ်ဘုရားကျောင်း
🌴ကန်တော်ကြီးဥယျာဉ်
🦖My House Garden
🙏နှီးဘုရား
❌CozyWorld သွားပေမယ့်ပိတ်ထား
🌴MicoHill
💤Hotel ပြန်အိပ်
🔹၁၂ ရက်နေ့ ပြင်ဦးလွင်မှပြန်ဆင်း
🌴The View Resort ဝင်
🏝 7 mile mini beach
🏝သစ္စာစိန်စီ water park
🚐နေပြည်တော် ခရီးဆက်ပြီး Man Myanmar မှာအိပ်
🙏ညဖက် နေပြည်တော် Uppatasanti Pagoda ဥပ္ပါတသန္တိစေတီတော် ဖူး
💤Man Myanmar မှာအိပ်
🔹၁၃ ရက်နေ့
🙏 Buddhagaya Thatta Thattaha Maha Bawdi Pagoda ဗုဒ္ဓဂါယာ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ဖူး
🚐မကွေးခရီးဆက်
🙏မြသလွန်ဘုရား
💤ပဿဒ ဟိုတယ်-2 မှာအိပ်
🔹၁၄ ရက်နေ့
🙏 မန်းရွှေစက်တော်
🙏ရှင်ပင်စက္ကိန်းတဲစေတီတော်
💤ဟိုတယ်ပြန်အိပ်
🔹၁၅ ရက်နေ့ ရန်ကုန်ပြန်ရောက်
✍️စထွက်တုန်းက ကီလို ၁၀၀ ကျော်လားရှိတဲ့ Maxus G50 ဟာ အိမ်ပြန်ရောက်တော့ ကီလို ၂၅၀၀ တောင် ကျော်နေလို့ ချက်ချင်း 1st service engine oil သွားလဲရတာမျိုး
ပြည်လမ်း SR ကိုဖုန်းဆက်ကြည့်တော့ နှစ်ဆန်း ၂ ရက်နေ့မှ ပြန်ဖွင့်မှာမို့ မစောင့်တောပဲ Asia Corner SOUEAST_Asia Corner က လူပျိုကြီး ကိုအောင်မျိုးဦး ကို အပူကပ်တော့ ပိတ်ရက်ကြီးကို service engineer ခေါ်ပြီး အင်ဂျင်ဝိုင်လဲဖို့ တကူးတက စီစဉ်ပေးလို့ ကျေးဇူးအထူးတင်ပါတယ်ဗျို့
✍️ဒီတခေါက်ခရီးသွားတာ အရင်က ကိုယ့်အချစ်တော်ကြီး Soueast DX7 Prime ကိုထားခဲ့ပြီး Maxus G50 နဲ့ ခရီးထွက်ခဲ့တာပါ ။ လူကြီး ၆ ယောက် ကလေး ၂ ယောက် ဝိတ်အပြည့်နဲ့ပဲဆိုပါတော့ ။ ကောင်းတဲ့အချက်က အရင် Ertiga တုန်းကလို နောက်ခန်း မကျဉ်းပဲ အထုပ်တော်တော်မျာများ တင်လို့ရတာကြောင့် အဆင်ပြေပါတယ် ဒါပေမယ့် luggage တွေနဲ့တင်ရင် မဆန့်တာကြောင့် zip နဲ့ ခရီးဆောင်အိတ်အပျော့တွေနဲ့ထည့်ခဲ့တာကြောင့် အတော်တော်လေးအဆင်ပြေသွားပါတယ် ။
ဒီလိုနဲ့ ၁၁၅ မိုင်မှာ ဆီတခါထပ်ထည့်ပြီး အမြန်လမ်းအဆုံးထိ ဆက်မောင်းခဲ့တယ် ။ အမြန်လမ်းအဆုံး အဝိုင်းရောက်တော့ ညာချိုးပြီး မြစ်ငယ်တံတားကိုဖြတ် ပြီး ပြင်ဦးလွင်အတက်လမ်းကို စတင်ခဲ့ပါတယ် ။ DX7 ရော Maxusရောက Semi-Auto တွေဖြစ်တာကြောင့် တောင်တက်တောင်ဆင်းတွေက အခက်အခဲမရှိလှဘူး ။ ထူးခြားတာက DX7 မှာ Auto Gear position ကနေ ညာဖက်ဆွဲပြီး Manual ချိန်းတာနဲ့ Manual Gear 1,2,3,4,5,6 ဆိုပြီး ၆ ချက်ကို Up & Down သွားရတာပါ ။
✍️Maxus ကျတော့ Auto Gear Position ကနေ ညာချိန်းတာနဲ့ S တန်းပေါ်တယ် အပေါ်တချက် Gear Up လိုက်မှပဲ ရောက်ရှိ speed ရဲ့ manual gear နံပါတ်ကိုပြတာပါ ။ သူလည်း S ကနေ 1,2,3,4,5,6,7 ဆိုပြီး ၇ ချက်ပါပါတယ် ။ 7 Speed ဆိုပါတော့ DX7 ထက်ကို ဂီယာ ၁ ချက်ပိုများတယ် ။ တောင်တက်တောင်ဆင်းတွေ လူဝိတ်ဘယ်လောက် များများ manual နဲ့အတက်အဆင်းလုပ်ရတာ တော်တော်အဆင်ပြေတာတွေ့ရတယ် ။ အားနည်းချက်ကတော့ နောက်ဆုံး ခုံတန်းက နည်းနည်းခုန်ပါတယ် ။ speed နဲ့သွားနေရင်း တံတားဖြတ်မိတဲ့အခါ ချိုင့်နည်းနည်းကျမိတဲ့အခါဆိုရင် နောက်ဆုံးခုံတန်းထိုင်တဲ့သူတွေ ခုန်တာတွေ့ရပါတယ် ။ လေပေါင်ချိန် ၃၂ ပတ်လည်ထိုးသွားပေမယ့် လမ်းခရီး အပူချိန်ကြောင့် လေပေါင်တက်ပြီး ခုန်တာလည်းပါနိုင်သလို လမ်းမှာ speed တင်ပြီး ချိုင့်တွေကို မလျော့ပဲ မောင်းမိလို့လည်း ဖြစ်နိုင်ပါတယ် ။ Air con ကတော့ round air-con ဖြစ်တာနဲ့အညီ အပြစ်ပြောစရာမရှိပါဘူး အေးစိမ့်လွန်းလို့ fan တောင်လျော့ယူရပါတယ် ။
✍️သိပ်မကြိုက်တဲ့အချက်ကတော့ ကားပါကင်ကုန်းတက်နေရာမျိုးမှာ ထိုးရင် ဘရိတ်မနင်းထားရင် နောက်ကို ပြန်လိမ့်တက်ပါတယ် Auto stop နှိပ်ထားရင်တော့ မလိမ့်ဘူးပေါ့ DX7 မှာက ကုန်းတက်လည်း လီဗာ လွှတ်ထားရင်နောက်ပြန်မလိမ့်ဘူး Lever ရဲ့ Slow အနည်းအများ RPM ideal လုပ်ထားတာ က Maxus မှာ နည်းလို့ဖြစ်နိုင်ပါတယ် ။ DX7 က normal RPM ကို 800 မှာရှိတယ် Maxus ကတော့ 700 အောက်လောက်ပဲရှိတယ် ကောင်းတဲ့ဖက်ကတွေးရင်တော့ slow နည်းတော့ ဆီစားသက်သာတာပေါ့လေ ။
တောင်တက်လမ်းအတွေ့အကြုံ 🔹🔹🔹
✍️Semi-Auto မောင်းနေကြဖြစ်တဲ့အတွက် manual gear ပြောင်းမောင်းရတာ ဘာမှ အခက်အခဲမရှိလှဘူး ။ Auto ပဲမောင်းနေကြလူဆိုရင်တော့ တောင်ပေါ်မတက်ခင် Manual ဘယ်လိုချိန်းတယ် ဘယ်လိုအရှိန်မှာ gear position ဘယ်လောက်ထားမလဲဆိုတာ အနည်းငယ်တီးခေါက်ပြီးမှတက်စေချင်တယ် နို့မဟုတ်ရင် ကျနော့်တုန်းကလို စစလာချင်း တောင်တက်မတ်မတ်ကြီး ကို ဘယ်အရှိန်မှာ ဘယ် ဂီယာကြီးကို ချိန်းမလဲဆိုတာ ရုတ်တရက် မစဉ်းစားမိတော့ အခက်ကြုံရမှာစိုးလို့ပါ ။ ပုံမှန် အရမ်းမတ်တဲ့ အမြင့်ကြီးတွေလောက်သာ ဂီယာ 1,2, လောက်သုံးပြီးတက်ပေမယ့် ကုန်းတက်လည်းရှည်တယ် ကုန်းမတ်တာလည်းအနေတော်လောက်ပဲဆိုရင်တော့ 3,4 ကိုလိုသလို ချိန်းပြီးတက်လို့ရပါတယ် ။ မြေနည်းနည်းလေးပြန့်ပြီး ကုန်းပြန်ပြေပြီဆိုတာနဲ့ 5,6,7 ကို ကိုယ်တင်တဲ့အရှိန်အလိုက်ပြောင်းပြီးမောင်းပေါ့လေ သိပြီးသားသူတွေကတော့ မခက်ပေမယ့် အခုမှ Semi-Auto မောင်းမယ့်သူတွေဆိုရင် တော်တော်လေးအခက်တွေ့နိုင်တာမို့ ရေးပြရခြင်းဖြစ်ပါတယ် ။
✍️တောင်တက်ကို အဲကွန်း ပိတ်မောင်းစရာလိုလားဆိုတော့ ကိုယ်တက်မယ့်အမြင့်ပေါ်မူတည်ပြီး ကျနော်ကတော့ ဆုံးဖြတ်တာပါပဲ ဂီယာကြီးဆက်တိုက်သုံးရတော့မယ်ဆိုတော့ ပိတ်ပြီးတက်ပါတယ် သိပ်မသုံးရရင်တော့ မပိတ်ပါဘူး ပိတ်ပြီးတက်တော့လည်း အင်ဂျင်ပိုသက်သာတယ်လို့ ယူဆတဲ့အတွက်ဖြစ်ပါတယ် ။
✍️တောင်တက်နေရင်းနဲ့ gear lap တာ နောက်ပြန်လိမ့်တာ ဘာညာတော့ စိုးရိမ်စရာမရှိပါဘူး ကိုယ်က အရမ်းစိုးရိမ်တက်တဲ့သူဆိုရင်တော့ Auto-stop ကို ဖွင့်ပြီးတက်လို့ရပါတယ် ။ တောင်တက်နေရင်းလမ်းတနေရာမှာ ရှေ့ကားက ဆက်မသွားလို့ လမ်းခုလတ်ကြီးရပ်နေတယ်ဆိုပါတော့ ကိုယ်က ဘရိတ်နင်းရင်းနဲ့ ရှေ့ဆက်တက်ဖို့ လီဗာ ပြန်နင်းတဲ့အခါ နောက်ပြန်မလိမ့်အောင် ( တချို့ ခြေနင်းသွက်တဲ့လူတွေက gap time မရှိအောင်နင်းနိုင်ပေမယ့်တချို့နှေးတဲ့လူကျတော့နောက်ပြန်မလိမ့်အောင် ) Auto-stop ကိုနှိပ်ပြီးတက်နိုင်ပါတယ် ။ DX7 ကတော့မလိုပါဘူး Hill Decent Control ပါသလို Ideal RPM လည်းမြင့်တဲ့အတွက် တော်ယုံ ကုန်းလောက်ကတော့ ဘရိတ်မနင်းပဲ ရပ်ထားလို့ရပါတယ် ။
သွားခဲ့တဲ့ လမ်းတလျောက်မှာ အခက်အခဲကြီးကြီးမားမာ မရှိခဲ့ပါဘူး ကြုံခဲ့ရတဲ့အခက်အခဲကတော့အောက်မှာ ဆက်ရေးပါမယ် ရွှေစက်တော် အောက်စက်တော်ရာရဲ့ ကျောက်စရစ်ဂဲတွေပြည့်နေတဲ့သဲသောင်ပြင်မှာဆိုပါတော့ ( ကိုယ့်ဘာသာ မြေမာမှာ မရပ်ပဲ ရေစပ်ဆင်းမိတဲ့ အကျိုးလည်းပါပါတယ် )
✍️ပြင်ဦးလွင်ကနေ နေပြည်တော်ပြန်ရောက်ပြီး မကွေးဖက်ချီတက်ဖို့ နေပြည်တော်ကနေပြန်ထွက်တော့ မိုင် ၂၀၀ ကနေပဲ ပြန်ထွက်ပြီး မိုင် ၂၂၀ က နေပြည်တော်-မကွေးလမ်း (ကံပြားလမ်း ) ကနေပဲ မကွေးကိုဆက်မောင်းခဲ့ပါတယ် ။ ကံပြားလမ်းက အကွေ့တွေတော်တော်များပါတယ် ဒါပေမယ့် တောင်ညိုလမ်းလောက်တော့မဆိုးပါဘူး ။ တောင်တက်တောင်ဆင်းတွေကို Manual Gear နဲ့ပဲ ကုန်းတက်ရင် ၄ နဲ့မောင်း မြေညီရင် ၅နဲ့ ၆ ကိုချိန်းပြီး ကုန်းမတ်ရင် No.3 ချိန်းတက်ဟုတ်နေရောပဲ
အကွေ့အကောက် များတာကြောင့် အရှိန်တော့သိပ်မတင်ပဲ ဖြည်းဖြည်းပဲမောင်းခဲ့တယ် ကားအသစ်ဆိုတော့ break ကအစ ကျင့်သားမရမှာစိုးလို့ ပြီးတော့ Maxus G50 က Soueast DX7 Primeထက်ကို breaking distance ရှည်တယ် ။ ကြိုပြီးဖမ်းနိုင်မှ လိုရာမှာ ကွက်တိမိတာမျိုး ။ DX7 ကတော့ ရောက်တဲ့နေရာကောက်ဖမ်း ကွိကနဲမိတယ် ။ ထားပါတော့ ဒါကတော့ ကားမောင်းသမား တယောက်နဲ့တယောက်အကြိုက်မတူတော့ အမြင်လည်းတူချင်မှ တူမှာ ။
ဒီလိုနဲ့ မကွေးရောက်ခဲ့တယ်ဆိုပါတော့ နောက်တစ်ရက် Hotel မှာ breakfast စားပြီးတာနဲ့ ရွှေစက်တော်ဖက်ကို မင်းဘူးကနေတဆင့် ချီတက်ခဲ့ကြတယ် ။ မင်းဘူးအရောက်မှာ ဘယ်ချိုးရင် နဂါးပွက်တောင် ၊ ညာချိုးရင် ရှင်ပင်စက္ကိန်းတဲ စေတီ ၊ ရှေ့တည့်တည့်ရွှေစက်တော် အဲ့လိုမျိုး ။ ရွှေစက်တော်ကို ၁ နာရီဝန်းကျင်ကားမောင်းရပါတယ် မြေပြန့်ပြီးလမ်းကောင်းပါတယ် လမ်း၁ ဝက်ကျော်မှာ signal မမိဘူး GPS မပေါ်ပေမယ့်လမ်းညွှန်ဆိုင်းဘုတ်တွေရှိပါတယ် ။ ရွှေစက်တော် အဝင်မှာ စစ်ဆေးရေးဂိတ်ရှိလို့ ကားတန်းတော်တော်ရှည်ပါတယ် ။ အဲ .. အကြာကြီးတော့မစောင့်ရပါဘူး ၁၀ မိနစ်လောက်ပေါ့ ပြီးတာနဲ့ အထက်စက်တော်ရာကို အပေါ်ဆုံးထိကို ကားမောင်းတက်လို့ရပါတယ် ။ Manual မမောင်းတက်ရင် ဂီယာကြီးမမောင်းတက်ရင်အောက်မှာပဲကားထားခဲ့ပါ ။ အတက် မတ်ပါတယ် ။
ပြီးရင်တော့ အထက်စက်တော်ရာဖူးပြီး မျောက်စာကျွေးလို့ရပါတယ် ။ သွားခဲ့သမျှထဲမှာ လူအများဆုံးနေရာပါပဲ ။ ရှုပ်ရှပ်ခတ်နေပြီး သန့်ရှင်းမှုလည်း တော်တော် အားနည်းပါတယ် ။ အဲဒီကနေပြန်ဆင်းပြီး အောက်စက်တော်ရာကိုကားမောင်းသွားပါတယ် အဲ့ဒီမှာ ဇတ်လမ်းစတာပါပဲ ။ တဲလေးတွေ ကို မန်းချောင်းတလျောက်ထိုးထားပြီး ကိုယ်တွေကလည်း တဲတွေ ပြည့်နေပြီထင်လို့ သူများတွေသွားတဲ့အတိုင်းအောက်စက်တော်ရာဘုရားဖက်ကို ကားနဲ့ကူးပြီး သောင်ပြင်ဖက်ကိုထွက် ခဲ့တယ် ။ ဘေးကလူတွေ့တော့သတိပေးသား 4WD ဆိုသွားပါ 2WD ဆို ရင် ကားနစ်မယ်ပေါ့ ။
ကံကောင်းချင်တော့ ထမင်းလာရောင်းတဲ့ လင်မယားလေးကလည်း ကိုယ်တွေနဲ့စကားပြောတာ ရင်းနှီးသွားပြီး ကားသွားတဲ့နေရာတောက်လျောက်ကို လိုက်ခဲ့တယ် ။ သူပဲ လမ်းရွေးပေးပြီး သောင်ပြင်ပေါ်ကိုကားမောင်းခဲ့တယ် ။
အဲ့မှာ ကျောက်စရစ်သဲပြင်ပေါ် စ နစ်တာပဲ ။ကိုယ့်ကားပဲလားဆိုတော့လည်းမဟုတ်ဘူး ဘေးမှာလည်း Fort တွေ Double cab တွေလည်းနစ်နေတာပဲ အကုန်လုံး ကူတွန်းပြီး ကူညီပေးကြတယ် ။ ကားကလည်း ဘီးကရုန်းလွန်းလို့ Transmission temperature increased... pls wait ဆိုပြီးပေါ်နေလို့အနားပေးပြီး ခုနကထမင်းရောင်းတဲ့လင်မယားအကူအညီနဲ့ပဲ ဘေးနားက ရေဆင်းကူးပြီးပြန်တက်လာတဲ့ လူငယ်အဖွဲ့တွေလည်း ဝိုင်းတွန်းပြီး လမ်းပေါ်ပြန်တက်ခဲ့တယ် ။ ပြီးတော့ဘုရားနားမှာ ကားထိုးပြီး အောက်စက်တော်ရာဖူးပေါ့ ။ အဲ့မယ် ကားကြီးတွေသာ နစ်တာနော် Honda fit နဲ့ 660cc hijet တွေကျတော့ သောင်ပြင်ပေါ် မောင်းနေတာ အဖြောင့်ဗျာ ပြီးတော့ထမင်းရောင်းတဲ့လူကပြောသွားတယ် ကိုယ့်ဆရာက ကားအသစ်ဆိုတော့ညှာတာကိုးဗျတဲ့ အရှိန်နဲ့ဗြင်းရင်ရတယ်ဆိုပဲ ထားပါတော့ ။
ရွှေစက်တော်ဖူးပြီးနောက်နေ့မှာတော့ ရန်ကုန်ကို မကွေးကနေ ကံပြားလမ်းအတိုင်း တောင်ညိုလမ်းခွဲထိမောင်းပြီးအမြန်လမ်းပေါ်ကနေမောင်းခဲ့တာ အေးအေးလူလူ ညနေ ၄ နာရီဝန်းကျင်လောက်ပြန်ရောက်ပါတယ် ။
✍️ခရီးစဉ်အစအဆုံး ကားကလည်းမောင်းလို့တော်တော်ကောင်းပါတယ် ငြိမ့်နေရော Suspension တော်တော်လေးကောင်းတယ် တခြား MPV တွေလို မာဇတ်ဇတ်ဖြစ်မနေဘူး Turbo ပါတော့ ကားအကျော်အတက်တွေကတော့ပြောစရာသိပ်မလိုအောင် အဆင်ပြေတယ် Highway vs Maxus ရှယ်မိုက်ပါတယ် ။ ဒါတောင် နားရက်က သိပ်မကျန်တော့လို့ ပုဂံဖက်ရော ပြည်ဖက်ရောဆက်မသွားတော့ပဲပြန်လာလိုက်တာ ။
✍️တကယ်တော့ ခရီးကမသွားရတာလည်းကြာပြီ ကမ်းခြေဆိုရင်လည်း တနေရာထဲမှာ နေရမယ် ဘယ်မှလည်စရာမရှိ မနက်ပင်လယ် ညနေပင်လယ်ပဲတွေ့နေရမှာမို့ ဒီလို Road trip ပဲသွားဖြစ်ခဲ့တာ ။
နောင်အခွင့်သာရင် မြစ်ကြီးနားဖက်ရယ် ၊ စစ်ကိုင်းဖက်ရယ် ၊ အောက်ဖက်က မြိတ် ထားဝယ်ဖက်တွေရယ်ကို Maxus နဲ့ထပ်သွားပါဦးမယ် ။
✍️ခရီးစဉ်အစအဆုံး ၇ ရက်ကို ဆီဖိုး ၃သိန်း ၆ သောင်းကျော်လောက်ကုန်ပါတယ် ။ အမြန်လမ်းမှာ ဆီစားနှုန်း ၁ လီတာကို 13-14 km လောက်ရပါတယ် ။ မြို့တွင်းတော့ 10km လောက်ရပါကြောင်း ။
Admin
14/04/2022
Maxus is now on the road trip 🏁
10/04/2022
Page admin is currently on highway trip 🔷🔹🔹
Experiences for highway driving coming soon ✍️
03/04/2022
ဒီနေ့တော့ Soueast အနားပေး Maxus အလှည့်
Steering ပေါ့ချက်ကတော့ အံ့ဩယူရတယ်
Soueast ပေါ့တာထက်ကို ၂ ဆ လောက်က်ုပေါ့တယ်
Normal , Eco mode က Auto switch လုပ်ပြီး Sport mode ကတော့ Left steering control ကနေပြောင်းရတယ်
သူ့ body ကြီးနဲ့ လေးမလား ထင်ခဲ့ပေမယ့် လုံးဝကို ပေါ့ပေါ့လေးရယ်
Auto holdကို D နင်းပြီး ပြန်ဖြုတ်တာကလည်း လုံးဝ smooth ပဲ function ကလည်း တော်တော်စုံစုံလေးထည့်ပေးထားတယ်
HDC လေးပါစေချင်တာတခုပဲ
Build in air purifier PM2.5 ပါတယ်
ပြစ်ချက်ဆိုလို့ခုထိတော့ ရှာမတွေ့သေးဘူး
တခုလေးပဲ ခု ဆီဈေးနဲ့ ဆီတတုံးကို ၂ သောင်းပဲ
ဒါတောင် 1.5 Turbo မို့
၃ တုံးလေးလျော့လို့ဝင်ဖြည့်တာ ၆ သောင်းတဲ့
26/03/2022
G50 ရဲ့ ကိုယ်အကြိုက်ဆုံးမီးလုံးစတိုင်တွေ
တပုံချင်းကြည့်ကြည့်
Quality နဲ့ ပေးရတဲ့ဈေးနဲ့ အတန်ဆုံးပြန်ရတဲ့ကောင်ကြီး
🔷🔹Maxus G50 🔹🔷
❤️Luxury Edition❤️
24/03/2022
ဒုတိယတန်း ခုံကနေ Air con အေးအေးနဲ့ထိုင်စီးရတာ ဇိမ်ပဲ
Category
Website
Address
Alerts
Be the first to know and let us send you an email when Maxus Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.