Anyar Spring Diary
နွေဦးပုံရိပ်များ
မြင်းခြံမှာ ဂိတ်ဖွင့်ငွေညှစ်နေတဲ့ ပျူတွေကို တိုက်ခိုက်ရာ သုံးယောက် သေပြီး သေနတ် သုံးလက် ရ၊
ကျန် ပျူစောထီးတွေ အသက်လုထွက်ပြေး၊
MN/MFP ၊ စက်တင်ဘာ - ၄
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ခရီးသွားပြည်သူတွေဆီက ငွေညှစ်ကောက်ခံနေတဲ့ ပျူစောထီးတွေကို ဒီကနေ့ မနက်ပိုင်း ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီး သုံးယောက် သေဆုံးပြီး သေနတ် သုံးလက် သိမ်းဆည်း ရရှိတယ်လို့ Freedom Fighter Guerrilla Force (FFGF) တာဝန်ရှိသူက MFP ကို ပြောပါတယ်။
စက်တင်ဘာလ (၄) ရက် မနက် (၉) နာရီဝန်းကျင်မှာ မြင်းခြံ - နဘူးအိုင် ကားလမ်းပေါ် ဂိတ်ဖွင့်ပြီး ခရီးသွား ပြည်သူတွေဆီကနေ ငွေညှစ်ကောက်ခံနေတဲ့ လယ်သစ်ရွာ ပျူစောထီးအထိုင်စခန်းက စစ်အုပ်စုနဲ့ ပျူတွေကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ဒီကနေ့ မနက်ပိုင်း ၉ နာရီကျော်လောက်မှာ ကျနော်တို့က ကားနဲ့သွားပြီးတော့ ပစ်ခတ်ခဲ့တာ။ ကျနော်တို့ သွားတဲ့ အချိန်မှာ ပြည်သူတွေ သွားလာတာ မရှိသလို ကားအသွားအလာလည်း ရှင်းနေတာ။ အဲဒီအချိန်မှာ သူတို့ (ပျူစောထီး)တွေက သစ်ပင်အောက်က ဆိုင်ကယ်တွေပေါ်မှာ ထိုင်နေကြတာ။ (၉)ယောက်လောက် ရှိမယ်။ သူတို့က ကျနော်တို့ကားကို ပိုက်ဆံတောင်းဖို့ တားလိုက်တယ်။ ကျနော်တို့ ကားသမားကလည်း ပိုက်ဆံ ထုတ်ပေးထားတာ။ အဲဒီအချိန်မှာ ကားနောက်မှာ ပါလာတဲ့ ကျနော်တို့ ရဲဘော်တွေက ဝိုင်းပြီးတော့ ပစ်လိုက်တာ။ သူတို့တွေ သေနတ်ကို ပြန်လှည့် မကောက်နိုင်ဘူး ထွက်ပြေးကြတာ။ ကျနော်တို့ ရှေ့မှာတင် နှစ်ယောက်က ပွဲချင်းပြီး သေတယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ ဒဏ်ရာရတယ်။ အခု နောက်ထပ် တစ်ယောက် ထပ်သေတယ်လို့ ကျနော်တို့ သတင်း ကြားရတယ်။ သေနတ် သုံးလက်လည်း ရခဲ့ပါတယ်” လို့ Freedom Fighter Guerrilla Force (FFGF)က ရဲဘော်မူတူးက MFP ကို ပြောပါတယ်။
အဆိုပါ စစ်အုပ်စု ပျူစောထီးတွေဆီက ပါရီ တစ်လက်၊ ကာဘိုင် နှစ်လက်နဲ့ ၇ ဒသမ ၆၂ ကျည် (၁၂) တောင့်၊ ကာဘိုင် ကျည် (၃၈) တောင့် သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Freedom Fighter Guerrilla Force (FFGF) နဲ့အတူ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Anyar Federal Task Force (AFTF)၊ 8 Stars(MGN)၊ Burmese Independence Army(BIA) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ တာလို့ ဆိုပါတယ်။
မြင်းခြံမြို့နယ်ထဲမှာ စစ်အုပ်စုနဲ့ ပျူစောထီးတွေဟာ ခရီးသွားပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာ၊ ခရီးသွား တွေဆီကနေ အဖိုးတန်ပစ္စည်းတွေ လုယက်ယူငင်တာတွေအပြင် ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့တာ၊ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကို မကြာခဏ လုပ်ဆောင်နေတဲ့အတွက် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့တွေက အခုလို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ဩဂုတ်လ (၁၀) ရက်က စလို့ တော်လှန်ရေးအင်အားစုတွေက မြင်းခြံခရိုင် အထူးစစ်ဆင်ရေး - Myingyan District Special Operation (MDSO) ကို ဖော်ဆောင်နေပြီး တောင်သာ၊ မြင်းခြံ၊ နွားထိုးကြီးနဲ့ ငါန်းဇွန်မြို့နယ်က စစ်အုပ်စု စခန်းတွေ၊ ပျူစောထီးစခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။
03/09/2024
03.09.2024
မနက် ၄နာရီ ဝန်းကျင် မန္တလေးမြို့ မြောက်ပြင်ဖက် ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုကြောင့် မြင်တွေ့ရသော မြင်ကွင်းအချို့
By _ KTM & MFP
တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
၃၁ရက်သြဂုတ်လ၂၀၂၄
မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ်
ဖရဲသီးသတင်းပေးအရ ကျောက်ပန်းတောင်း-မိတ္ထီလာ လမ်းပေါ်တွင်ရှောင်တခင်စစ်ဆေးရာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ကားအားတားဆီးစစ်ဆေးခဲ့ရာ အသာတကြည်အစစ်ဆေးမခံပဲ ထွက်ပြေးခဲ့ရာ မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများမှ ပစ်ခတ်ဖမ်းဆီးရှင်းလင်းခဲ့ပါသည် ။ ထိုပစ်ခတ်ဖမ်းစီးစဥ်အတွင်း အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်မှ ဒုရဲမှုး အောင်ကျော်ထွန်း၊ ဒုရဲအုပ် ရန်ရှင်း၊ တပ်ကြပ်မြတ်သူ စီးနင်းလာသော Mark X တစ်စီးမာ လမ်းဘေးတိမ်းမှောက်ပျက်စီးခဲ့ပါသည်။ထိုတိုက်ပွဲအတွင်းတွင် BA72 တစ်လက်၊BA94 တစ်လက်၊ BA93 တစ်လက်၊ ခြောက်လုံးပြူး နှစ်လက်၊ လက်ပစ်ဗုံးတစ်လုံး နှင့် ငွေသားတချို့အပါအဝင် သက်ဆိုင်ရာကဒ်များတချို့ သိမ်းဆည်းရရှိခဲ့ပါသည်။ ထိုတိုက်ပွဲတွင်
မြင်းခြံခရိုင်အမှတ် (၁)တပ်ရင်း
မြင်းခြံခရိုင်အမှတ် (၂)တပ်ရင်း
ညောင်ဦးခရိုင်အမှတ် (၁)တပ်ရင်း
တောင်သာမြို့နယ်ပကဖ
ကျောက်ပန်းတောင်မြို့နယ်ပကဖ
LACR (မြင်းခြံ) တို့ တညီတညွတ်ပူးပေါင်ဆောင်ရွက်ခဲ့ပါသည်။
ဩဂုတ်၁၄ရက်
🔺မြင်းခြံမြို့မှာ ဌာနဆိုင်ရာယန္တရားများ ရပ်ဆိုင်းသွားပြီဖြစ်
-ရိုးမဘဏ်မှလွဲ၍ ကျန်ဘဏ်များအားလုံးငွေထုတ်မရ။ရိုးမဘဏ်မှာ နံနက်၁၁နာရီထိသာ ငွေအထုတ်ရတော့။စီးပွားရေးဘဏ်မှာ အရင်တစ်ပတ်ထဲက ငွေတွေ ညောင်ဦးမှတဆင့် မန္တလေးပို့ထားပြီး စီးပွားရေးဘဏ်မှရာထူးကြီးဝန်ထမ်းများကို မန္တလေးဘဏ်သို့ခေါ်နေရာ အရေးယူမည်စိုး၍ မသွားရဲကြ။
-မြင်းခြံခရိုင်ရခစခန်းမှ ရခရဲမေများ ပုပ္ပါးမှာ ပုန်းနေ။
-အခြားဌာနဆိုင်ရာများမှာလည်း နီးစပ်သလို ပုန်းနေကြပြီဖြစ်။
-ဓာတ်ဆီဆိုင်များလည်း ပိတ်ထားပြီး အချို့ဆိုင်မှာ ပန့်တွေဖြုတ်သိမ်းထားပြီဖြစ်။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
အဲ့ဒါPDFတွေရဲ့တိုက်ခိုက်ရည်ပဲ မင်းတို့လသားလေးတွေ ငါတို့နယ် မပို့နဲ့တော့....
အဆင်ပြေရင် လက်ခုပ်သံလေးမလိုပါဘူး ကျည်ဆံပဲလိုချင်ပါတယ်...ထောက်ပံ့ပေးကြပါဦး
#မြင်းခြံခရိုင်အမှတ်၄တပ်ရင်း
#နေရာတိုင်းမှာnpdfရှိတယ်
By > Soe Aung
14/08/2024
ဆီဆိုင်ကြော်ငြာ
တောင်သာမြို့ မနက် ၅နာရီတိုက်ပွဲဖြစ် အရပ်သားထိခိုက်မှုရှိ တောင်သာမြင်းခြံကြား သံမဏိစက်ရုံအနီးတွင်လဲ တိုက်ပွဲဖြစ်ပွားနေပြီး တောင်သာမြို့ ဂတ်စ်ပိုက်လိုင်းစက်ရုံအနီးတိုက်ပွဲဖြစ်ပွားရာနေရာအနီး အရပ်သားထိခိုက်မှုရှိ.တောင်သာစွပ်ကျယ်စက်ရုံလဲ မီးလောင်နေကြောင်း ကနဦးကြားသိရ
10/08/2024
ယမန်နေ့သြဂုတ်၊၉ရက်နေ့ နေ့လယ်ပိုင်းက မြင်းခြံ အမှတ်( ၁၅) တပ်မှ လက်နက်ကြီးပစ်ခတ်လို့ မြင်းခြံမြို့နယ် ညောင်ပင်ရွာပြည်သူနေအိမ်ပေါ်လက်နက်ကြီးကျပေါက်ကွဲ
သြဂုတ်၊၁၀ရက်၊၂၀၂၄ ခုနှစ်
နွားထိုးကြီး-Journal
နေအိမ်တွေစုတ်ပြတ်သတ်သွားပြီး ခိုင်းနွားကြီးတစ်ကောင်သေ၊ နွားမတစ်ကောင်အပြင်းထန်ဒဏ်ရာရ၊ ခိုင်းနွားရဲ့ကာလပေါက်စျေးက သိန်း၃၀ခန့်လို့သိရသည်။
နေအိမ်ပိုင်ရှင် ဦးကျော်အေး+ဒေါ်ကြည်ဝင်း
သမီး မအေးမာ အသက်(၄၀)ခန့် ပေါင်ပြင်းထန်ဒဏ်ရာ
မန္တလေး တွင်ဆေးကုသခံနေရတယ်လို့သိရသည်။
ည ၁၀ နာရီ ခန့်မှာလည်း လက်ဝဲ+မြင်းနီကျေးရွာ ကိုလည်း မြင်းခြံစစ်တပ်က လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ပါသေးတယ် နေအိမ်ရှိအုတ်တံတိုင်းပြိုကျတယ်လို့ဒေသခံမှသိရသည်။
မြင်းခြံစစ်တပ်က ပစ်ခတ်လို့ လက်နက်ကြီးကျပြီး ပျက်စီးသွားတဲ့အိမ်နှင့် သေဆုံးသွားသော နွားများဖြစ်သည်။
#ရွှေညာမြေသတင်းမီဒီယာ #ရွှေညာမြေ #နွားထိုးကြီးဂျာနယ် #နွားထိုးကြီးJournal
ဩဂုတ်၁၀ရက်
-ခရီးသွားပြည်သူများထံ သတိပေးထုတ်ပြန်ခြင်း
🔺မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းမှာ သွားလာကြသည့် ပြည်သူများအနေဖြင့် ထိုလမ်းပိုင်းကို အသုံးမပြုဘဲ ရှောင်ကွင်းသွားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
❗MDY❗
မဟာအောင်မြေ မြို့နယ် ၇၃လမ်း ၄၁ ၄၂ကြားရှိ မိန်းတက္ကသိုလ်နားUTc စစ်တပ်ရှိသည့်ဝန်းကျင်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်းသိရှိရသည်။ ထို့အပြင်ဗုံးပေါက်ကွဲ ပြီးခနအကြာတွင်၇၃ လမ်း ၃၅ဖက် ကနေ စကစ ကားများဖြင့် ၃၅လမ်း ၄၁ ၄၂ဖက် ကို ချက်ချင်းရောက်ရှိလာကြောင်းသိရှိရသည်။
Aug6 Tue
8:41Am
ယမန်နေ့ ဇူလိုင်(၅) ညနေပိုင်း၌
မန္တလေးမြို့ထဲတွင် ပစ်ခတ်မှု(၂)ကြိမ်ဖြစ်...
ညနေ၆:၃၀အချိန်
၆၆လမ်း သိပ္ပံလမ်း(၁၀၁)လမ်း နှင့် ၁၀၂ကြားကားတစီးအား ဆိုင်ကယ်စီးသူများက သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်...
ည၈:၀၀ဝန်းကျင်ခန့်တွင် ၇၈လမ်းပေါ် ဟိုတယ်မန္တလေး ရှေ့၌ မတ်တူးကားတစီးအား နောက်မှ လုံခြုံရေး စကစ များမှ အချက်ပေါင်းများစွာပစ်ခတ်ခဲ့...
၆၆လမ်းပေါ်ပစ်ခတ်မှုတွင် စကစ အရာရှိတဦး သေဆုံး...
၇၈လမ်းပေါ် ပစ်ခတ်မှုမှာ စကစ အချင်းချင်း
မှားယွင်းပစ်ခတ်မှုဟုသိရ...
Crd
ကိုယ်နေတဲ့မြို့ပတ်ဝန်းကျင်မှာ
စစ်ပွဲဖြစ်ဖို့ အရိပ်အငွေ့တွေ ပြနေပြီဆိုရင်
အရေးကြီးစာရွက်စာတမ်းတွေ
တန်ဘိုးရှိလက်ဝတ်လက်စားတွေ
နဲ့ငွေသား တွေကို တပါတည်းယူသွားဖို့ စီစဥ်ထားပါ
ကိုယ်တွေ့ကြုံခဲ့ရတဲ့ မိုးကုတ်၊မိုးမိတ်စစ်ပွဲ အတွေ့အကြုံအရ
အိမ်မှာချန်ထားခဲ့တဲ့သူမှန်သမျှ ဘာတစ်ခုမှပြန်မရခဲ့ကြပါဘူး
(အနည်းငယ်သောသူများမှအပ)
မီးခံသေတ္တာ တို့ ကျင်းတူးပြီးမြုပ်တာတို့ကို
သကောင့်သားတွေကနည်းသေးတယ်လို့ မှတ်ချက်ပေးသွားကြပါလိမ့်မယ်(ရွှေရှာစက်နဲ့လာကြတာပါ)
အထုတ်ကြီးမယ်ဆိုရင်တော့ ရန်ကုန် မန္တလေး ကစိတ်ချယုံကြည်ရသူတွေရှိခဲ့ရင် ကြိုတင် ပို့ထားပါ
ကိုယ်ထွက်မယ့်လမ်းကို ကြိုတင်ကြည့်ပါ
သားသမီးကို လမ်းကြုံနဲ့ထည့်ပေးလိုက်တာမျိုးကိုရှောင်ကျဥ်ပါ
(အဲ့လိုလူတွေပဲ ပြန်မတွေ့ရမချင်းမျက်ရည်နဲ့မျက်ခွက် မပြတ်တမ်း ငိုကြရလို့ပါ)
ခဏခေတ္တရှောင်ဖို့နေရာရွေးထားရင်လည်း အဲ့ဒီနေရာမှာရိက္ခာ အခြောက်အခြမ်း လုံလောက်ရဲ့လားအရင်လေ့လာပါ
တခြားမြို့တစ်မြို့ကိုဆက်သွားလို့ရမယ့်လမ်းကိုရွေးပါ
(လမ်းပိတ်နေရာတွေက ရက်ကြာရင် စားစရာပြတ်တတ်ပါတယ်)
မိုးကုတ်ကနေမန္တလေးရောက်ဖို့ ကားခတယောက်ကို ၅သိန်းလောက်ပေးခဲ့ရတယ်
လမ်းမှာ ၂ညအိပ်ရတယ်
ငါတို့မြို့တော့ဘာမှမဖြစ်ပါဘူးလို့ မထင်ထားပါနဲ့
စစ်ဖြစ်တာနဲ့ဖျက်ဆီးဖို့အမိန့်တခါတည်းပါပြီးသားပါ
ကောလ ဟာလ တွေကြားထဲက ဘယ်သတင်းကအမှန်လဲဆိုတာကို ဝေခွဲတတ်ဖို့ လေ့ကျင့်ထားပါ
အခြေအနေကိုအမြဲနားစွင့်နေပါ
စစ်ဖြစ်မှမြို့ကထွက်ရင် အသက်အန္တရာယ် ကြားကထွက်ရပါလိမ့်မယ်
စစ်ဖြစ်လို့ထွက်ပြေးကြမယ်ဆိုရင်လည်း အရင်ရှိနေပြီးသား စစ်ဆေးရေးဂိတ်တွေကနေထွက်တာရှောင်ပါ
( တန်ဘို့းရှိပစ္စည်းပါလာတာအားလုံးထားခဲ့ရတတ်ပါတယ်။သူတို့ကစေတနာနဲ့သိမ်းပေးတာဖြစ်မှာပါ)
မြို့တစ်မြို့မှာ စစ်ပွဲဘယ်အချိန်စသလဲဆိုရင်
မြို့ထဲက လူနေအိမ်တွေ စျေးဆိုင်တွေပေါ်ကို လက်နက်ကြီးကျည်တွေကျလာပြီ မြို့ထဲမှာနှစ်ဘက် အပြန်အလှန် ပစ်ပြီဆိုရင် စစ်ပွဲ စပြီလို့မှတ်ပါ
ကောင်းကင်ပေါ်ကနေလေယာဥ်တွေနဲ့နှင်းဆီပန်းတွေ
စပယ်ပန်းတွေကျဲချပြီဆိုရင် မြို့ထဲက မဖြစ်မနေထွက်ပါ
အခုခေတ်မှာ အားလုံးကိုရန်သူလို့ သတ်မှတ်တတ်ကြပါတယ်
ကိုယ့်မြို့ကနေ တခြားမြို့ ရွာတွေမှာ စစ်ရှောင်တော့မယ်ဆိုရင်
တတ်နိုင်ရင် ကိုယ့်နေရာကိုယ်ငှားပြီးနေပါ
လူ့သဘောအရ
လာပါနေပါ ခေါ်ကြပေမယ့်
အနေကြာလာရင် ကိုယ့်သားသမီးအရင်းအိမ်မှာတောင်အဆင်မပြေတာတွေအများကြီးဖြစ်တတ်ပါတယ်
အရင်တုန်းက ကိုယ်ကူညီခဲ့ဖူးတဲ့သူတွေကိုမေ့လိုက်ပါ
အများပိုင်းက
(အဆင်ပြေတယ
Category
Website
Address
Alerts
Be the first to know and let us send you an email when Anyar Spring Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.