Time Zone

Time Zone

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Time Zone, Sports, Mandalay.

20/09/2025
16/09/2025

■ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဒူပလန်တစ် ကမ္ဘာ့တုတ်ထောက်ခုန်စံချိန်သစ် ထပ်တင်ခဲ့ပြီး ၁၄ ကြိမ်အထိ ရှိလာ

၂၀၂၅ ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဆွီဒင်တုတ်ထောက်ခုန်သမား ဒူပလန်တစ်က ကမ္ဘာ့စံချိန်သစ် ထပ်မံတင်ရှိနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒူပလန်တစ်အနေနဲ့ တုတ်ထောက်ခုန်အားကစားနည်းမှာ ၁၄ ကြိမ်မြောက် ကမ္ဘာ့စံချိန်သစ် တင်ရှိနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း သုံးကြိမ်ဆက်တိုက် အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဒူပလန်တစ်က ၆.၃၀ မီတာခုန်ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ဒူပလန်တစ်(၂၅ နှစ်)ဟာ indoorနဲ့ outdoor ကမ္ဘာ့ပြိုင်ပွဲတွေမှာ ရှစ်ကြိမ်မြောက်ရွှေဆုကို ရယူနိုင်ခဲ့တာပါ။

၎င်းအနေနဲ့ အခုနှစ်အတွင်းမှာပဲ တုတ်ထောက်ခုန် ကမ္ဘာ့စံချိန်ကို လေးကြိမ်မြောက် တင်ရှိနိုင်ခဲ့တာဖြစ်တယ်။

ဒူပလန်တစ်အဖို့ ကမ္ဘာ့စံချိန်သစ်တင်လို့ ဆုကြေး ဒေါ်လာ တစ်သိန်း၊ ရွှေတံဆိပ်ဆုအတွက် ဒေါ်လာ ခုနစ်သောင်း ဆွတ်ခူးရရှိခဲ့ပါတယ်။

09/09/2025

မန်ချက်စတာ ယူနိုက်တက်ရဲ့ သြဂုတ်လ တလတာ အကောင်းဆုံး ကစားသမားဆု ရသွားတဲ့ အမ်ဘူမို

မန်ချက်စတာယူနိုက်တက်ကို ရောက်ရောက်ချင်းမှာပဲ ခြေစွမ်းပြနေတဲ့ တိုက်စစ်ကစားသမား အမ်ဘူမိုဟာ သြဂုတ်လအတွက် အသင်းရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အမ်ဘူမိုဟာ အခုဆုကို အသင်းဖော်နှစ်ဦးဖြစ်တဲ့ ယော်ရို၊ ဒီလိဂ်တို့ကို ကျော်ဖြတ်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

သြဂုတ်လရဲ့ ယူနိုက်တက် တစ်လတာအကောင်းဆုံးကစားသမားဆုအတွက် ယူနိုက်တက်ပရိသတ်ထောင်နဲ့ချီပြီးတော့ မဲပေးခဲ့ကြပြီး အမ်ဘူမိုဟာ ၅၅ % အထိရရှိခဲ့သလို ယော်ရိုက ၂၈ % နဲ့ ဒီလိဂ်က ၁၇ % ရရှိခဲ့ပါတယ်။

ဒီရာသီအစကမှ ဘရန့်ဖို့ဒ်ကနေ ယူနိုက်တက်ကို ပေါင် ၇၁ သန်းနဲ့ရောက်ရှိခဲ့သူ အမ်ဘူမိုဟာ ဂရင်းစဘီနဲ့ကစားခဲ့တဲ့ လိဂ်ဖလားပွဲမှာ ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဘန်လေအသင်းကို ၃-၂ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာလည်း ယူနိုက်တက်အသင်းရဲ့ ဒုတိယဂိုးကို အမ်ဘူမိုက အသင်းဖော် ဒါလော့တ်ရဲ့ဖန်တီးမှုကနေ ပိတ်သွင်းခဲ့ပြီး အဲဒါက ပရီးမီးယားလိဂ်မှာ ယူနိုက်တက်အတွက် အမ်ဘူမို ပထမဆုံးသွင်းယူခဲ့တဲ့ဂိုးလည်းဖြစ်ပါတယ်။

ဘန်လေနဲ့ပွဲမှာ အမ်ဘူမိုဟာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သလို အဲဒီပွဲရဲ့ Man Of The Match ဆုကိုလည်း ဆွတ်ခူးခဲ့ပါတယ်။

ဒါ့အပြင် ဘန်လေနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ အမ်ဘူမိုရဲ့ဂိုးက သြဂုတ်လအတွက် ယူနိုက်တက်တစ်လတာအကောင်းဆုံး သွင်းဂိုးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

04/09/2025

ဂူဟီကို လာမယ့်နှစ်မှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ လီဗာပူးလ် ခေါ်ယူနိုင်ဖွယ်ရှိ

လီဗာပူးလ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းက အင်္ဂလန်နောက်ခံလူ ဂူဟီကို ဒီနှစ် ခေါ်ယူနိုင်ခြင်းမရှိပေမဲ့ လာမယ့်နှစ်မှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်ဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာတွေက သုံးသပ်ထားကြပါတယ်။

လီဗာပူးလ်အသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ဂူဟီကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပေမဲ့ ပဲလေ့စ်အသင်းက အစားထိုးဖို့ ကစားသမား မရရှိခဲ့တာကြောင့် ရောင်းထုတ်မယ့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

သတင်းတချို့ကတော့ ပဲလေ့စ်နည်းပြ ဂလက်စ်နာက ဂူဟီကို ရောင်းထုတ်ခဲ့ရင် ရာထူးက နုတ်ထွက်မယ်လို့ ဖိအားပေးခဲ့တာကြောင့်လို့လည်း ဖော်ပြခဲ့ကြပါတယ်။

ဂူဟီက ပဲလေ့စ်အသင်းမှာ ဆက်ရှိခဲ့ရပေမဲ့ အသင်းရဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားမှာမဟုတ်ဘဲ သက်တမ်းကုန်ဆုံးမယ့် ၂၀၂၆ နွေရာသီမှာ လမ်းခွဲဖို့ ဆုံးဖြတ်ထားပြီလို့လည်း ဆိုပါတယ်။

ဒါကြောင့် လီဗာပူးလ်အသင်းအနေနဲ့ ဂူဟီကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကြိုတင်သဘောတူညီမှု ရယူထားနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

03/09/2025

ပရီးမီးယားလိဂ်က ကမ္ဘာ့အကောင်းဆုံးလိဂ်လို့ ရော်နယ်လ်ကိုးမန်း ညွှန်းဆို

နယ်သာလန်လက်ရွေးစင်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်တယ်လို့ ညွှန်းဆိုပြောကြားခဲ့ပါတယ်။

နယ်သာလန်အသင်းဟာ ဒီရက်ပိုင်းအတွင်း ပိုလန်၊ လစ်သူယေးနီးယားအသင်းတွေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီအတွက် လူစာရင်းထုတ်ပြန်ရာမှာ ရော်နယ်လ်ကိုးမန်းက ပရီးမီးယားလိဂ်ကို ချီးကျူးခဲ့တာပါ။

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နယ်သာလန်ကစားသမားတွေ စံချိန်တင်အရေအတွက်အဖြစ် (၃၆)ဦးအထိ ရှိနေပြီး လက်ရှိနယ်သာလန်လူစာရင်း(၂၅ ဦး)မှာ ပရီးမီးယားလိဂ်ကစားသမား (၁၃)ဦး ပါဝင်နေတယ်လို့လည်း သိရပါတယ်။

ရော်နယ်လ်ကိုးမန်းက နယ်သာလန်ကစားသမားအားလုံး မန်ချက်စတာနဲ့ လီဗာပူးလ်ဒေသမှာသာ ကစားခဲ့ရင် သူ့အနေနဲ့ သွားကြည့်ဖို့ ပိုလွယ်သွားလိမ့်မယ်လို့လည်း နောက်ပြောင်ခဲ့ပါတယ်။

'' ကျွန်တော့်အမြင်မှာတော့ ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံးပြိုင်ပွဲပါပဲ'' လို့ ရော်နယ်လ်ကိုးမန်းက ပြောကြားခဲ့ပြီး ပြည်ပထွက်ကစားတာက ကစားသမားတွေကို ပိုသန်စွမ်း၊ ပိုကောင်းမွန်လာစေနိုင်တယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။

03/09/2025

နည်းပြအဖြစ် ချန်ပီယံလိဂ်ဖလားမယူခင် ဂရမ်မီဆု ရယူလိုကြောင်း ရာမို့စ် ပြောကြား

ရီးယဲလ်မက်ဒရစ်နဲ့ စပိန်လက်ရွေးစင်အသင်းရဲ့ ကစားသမားဟောင်း ဆာဂျီယိုရာမို့စ်က နည်းပြအဖြစ် ချန်ပီယံလိဂ်ဖလားမယူခင် ဂရမ်မီဆု ရယူသွားလိုကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

ရာမို့စ်က ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ Cibeles လို့ အမည်ရတဲ့ သူ့ရဲ့ ပထမဆုံး Single Album ကို ဖြန့်ချိခဲ့ပြီး ရီးယဲလ်အသင်းနဲ့ လမ်းခွဲခဲ့ရတဲ့ ခံစားချက်တွေတဲ့ ဖန်တီးထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ကြောင်း သိရပါတယ်။

ရာမို့စ်ဟာ Full Album တစ်ခုလုံးစာ အသံသွင်းထားပြီးဖြစ်တဲ့အနက် ဒီသီချင်းတစ်ပုဒ်ကို ပရိသတ်တွေဆီ ပထမဆုံးပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

ရာမို့စ်(၃၉ နှစ်)ဟာ လက်ရှိအချိန်မှာ မက္ကဆီကိုကလပ် မွန်တာရေးအသင်းမှာ ကစားနေဆဲဖြစ်ပေမဲ့ နည်းပြလောကကို ကူးပြောင်းဖို့ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။

တနင်္လာနေ့က စပိန်ရုပ်သံတစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ရာမို့စ်က ''ကျွန်တော်က အကောင်းမြင်ဝါဒီပါ။ အိပ်မက်မက်ကြဖို့ လူတွေကို ကျွန်တော် အမြဲပြောလေ့ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်ကတော့ အိပ်မက်နှစ်ခုရှိပါတယ်။ နည်းပြအဖြစ် ချန်ပီယံလိဂ်ဖလားရယူဖို့နဲ့ အဲဒီမတိုင်ခင် လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ဂရမ်မီဆု ရယူဖို့ပါ'' လို့ ပြောကြားခဲ့ပါတယ်။

23/05/2025

သခင်ကြီးအား ဆုံးမတော်မူခန်း😆

14/06/2024

⚽⚽⚽

Category

Website

Address

Mandalay

Alerts

Be the first to know and let us send you an email when Time Zone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.