LeoX - Express Service

LeoX - Express Service

Share

မိတ်ဆွေအနီးမှာရှိနေမဲ့ အကောင်းဆုံး Express Service💡

12/07/2026

✅LeoX Express Service ရုံးမှ အောက်ပါဝန်ထမ်းများတိုက်ရိုက်ခေါ်ယူနေပါပြီ..

⚡️Junior Accountant (M/F)
-တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိရမည် (သို့) အထက်တန်းအောင်ထားသူဖြစ်ရမည်။
-LCCI Level (1,2) အောင်ထားသူဖြစ်ရပါမည်။
-Microsoft Excel & Word အခြေခံရှိပြီး လက်ကွက်ကျွမ်းကျင်သူဖြစ်ရပါမည်။
-လေ့လာသင်ယူလိုစိတ်ရှိသူဖြစ်ရမည်။
-Junior Accountant ရာထူးဖြင့် လုပ်သက် (၆)လ အနည်းဆုံးရှိရမည်။
-Delivery နှင့်ပတ်သက်သော Account ပိုင်းအတွေ့အကြုံရှိသူ ဦးစားပေးပါမည်။

⚡️Customer Service (M/F)
-တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိရမည် (သို့) အထက်တန်းအောင်ထားသူဖြစ်ရမည်။
-ရုပ်ရည်အသင့်အတင့်ရှိသူဖြစ်ပြီး စကားပြောပြေပြစ်ရမည်။
-Customer Complain ကောင်းမွန်စွာဖြေရှင်းနိုင်သူဖြစ်ရမည်။
-Computer အခြေခံရှိပြီး လက်ကွက်ကျွမ်းကျင်သူဖြစ်ရပါမည်။
-Teamwork နှင့် အလုပ်လုပ်နိုင်သူဖြစ်ပြီး Communication & Report ကောင်းစွာလုပ်ကိုင်နိုင်သူဖြစ်ရပါမည်။
- Delivery နှင့်ပတ်သက်သော Customer Service ပိုင်းအတွေ့အကြုံရှိသူ ဦးစားပေးပါမည်။

💰လစာနှင့် အကျိုးခံစားခွင့်များ
• လစာ - ၃ သိန်းမှ ၅ သိန်း (အတွေ့အကြုံပေါ်မူတည်၍ ဆွေးနွေးနိုင်ပါသည်)
• ရက်မှန်ကြေး
• Performance Bonus

လျှောက်ထားရန်စိတ်ဝင်စားပါက CV Form နှင့် အခြားလိုအပ်သောစာရွက်စာတမ်းများကို 09-775280004 (Viber) သို့ ပို့ပေးပါရန် ဖိတ်ခေါ်အပ်ပါသည်။

Office : 55(B) Rd, Bet 104x105 Rd , Mandalay

12/07/2026

LeoX နဲ့ဆို ဘယ်သောအခါမှ မဖြစ်သောအကြောင်းအရာများ…🌟

〽️မန္တလေးမြို့တွင်းကို နေ့ချင်းအပ်-နေ့ချင်းပို့ဆောင်ပေးနေပြီး..
♻️နယ်မြို့ပေါင်း ၁၀၀ ကျော်ကိုလဲ ဝန်ဆောင်မှုပေးနေပါတယ်..
🔰၁၀၀% ယုံကြည်စိတ်ချရတဲ့ ငွေရှင်းမြန်ဆန်မှုများနဲ့အတူ..
✅အခြားမြို့နယ်များမှ Delivery Service များအတွက်လဲ အမိုက်ဆုံးလက်တွဲမှုများလဲဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျာ..
ဒါကြောင့် လက်တွဲကြည့်သင့်ဆုံး Service တစ်ခုအဖြစ် ရပ်တည်နေခြင်းဖြစ်ပါတယ်ခင်ဗျာ 🤩

Office : 55(B) Rd, Bet 104 x 105 Rd, Mandalay
Phone : 09775280004 , 09775280006

02/07/2026

ကျွန်တော်တို့ LeoX ရဲ့ Vision ကဘာဖြစ်မလဲ?🫡

စနစ်တကျရှိပြီး နွေးထွေးတဲ့ဝန်ဆောင်မှုများနဲ့အတူ လုပ်ငန်းရှင်ပေါင်းများစွာကို ကူညီပေးနိုင်ရန်ဖြစ်ပါတယ်။

"ပစ္စည်းတစ်ခုကို အိမ်အရောက်ပို့ဖို့အတွက် 'နည်းစနစ်' က ကူညီပေးနိုင်ပါတယ်။

ဒါပေမဲ့ လုပ်ငန်းတစ်ခု ရေရှည်ခိုင်မြဲဖို့က 'နွေးထွေးတဲ့ ဆက်ဆံရေး' ကပဲ လုပ်ပေးနိုင်တာဖြစ်ပါတယ်။"

✅"ဒါအပြင် လူကြီးမင်းတို့ရဲ့ ခေါင်းခဲစရာတွေကို ဖယ်ရှားပေးဖို့ LeoX ကရှိနေမဲ့အပြင် အမှားအယွင်းနည်းတဲ့ စနစ်တကျ ပို့ဆောင်မှုတွေ၊ လူကြီးမင်းတို့ Customer တွေ သဘောကျမယ့် နွေးထွေးတဲ့ ဝန်ဆောင်မှုတွေနဲ့အတူ.အနောက်ကနေ အပြည့်အဝပံ့ပိုးပေးထားမှာဖြစ်ပါတယ်။

🩵"ကျွန်တော်တို့ LeoX က မန္တလေးမြို့ရဲ့ Online Shop လုပ်ငန်းရှင်တွေအတွက် စိတ်အချရဆုံး စနစ်ကို တည်ဆောက်နေသလို၊ Customer တိုင်း စိတ်ချမ်းသာစေမယ့် အပြုံးတွေကိုလည်း သယ်ဆောင်ပေးနေပါတယ်။"

Online Shop လုပ်ငန်းရှင်ပေါင်းများစွာရဲ့ အောင်မြင်မှုခရီးလမ်းမှာ အကောင်းဆုံး အားကိုးရာဖြစ်ဖို့။"က LeoX ရဲ့အကြီးမားဆုံး ရည်မှန်းချက်ပါ" 🤩

🏢Office: 55(B) Rd, Between 104 x 105 Rd, Mandalay
🤳Phone: 09775280004,09775280006

#အမြန်ချောပို့

29/06/2026

စိတ်တိုင်းကျဖို့ဘာလိုလဲ?

🤝 စနစ်တကျ ယုံကြည်လက်တွဲမှုတွေနဲ့ မိတ်ဆွေရဲ့ ဆိုင်နဲ့ Customer များကြားမှာ ခိုင်မာတဲ့တွဲဆက်မှုများအဖြစ် ရေရှည်တည်ဆောက်လျက်ရှိပါတယ်။

📈ကိုယ့်ရဲ့ Online Business နဲ့ကိုက်ညီမဲ့ ဝန်ဆောင်မှုလိုအပ်ချက်တွေကိုလဲ အသေးစိတ် ဆွေးနွေးဖန်တီးပေးနေပါတယ်ခင်ဗျာ..🤩

✅မန္တလေးမြို့တွင်း အကျယ်ပြန့်ဆုံး နေ့ချင်းအရောက်ပို့
✅၂၄ နာရီအတွင်း ငွေရှင်းစာရင်းထုတ်ပေးခြင်း
✅ခိုင်မာစနစ်ကျတဲ့ Customer Relationship

LEOX ကအကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ ကူညီဖို့အသင့်ပါပဲခင်ဗျာ…🤝

Office: 55(B) Rd, Between 104 and 105 Rd, Mandalay
Phone: 09775280004 , 09775280006

27/06/2026

🚀 LeoX နဲ့ဆို ငွေရှင်းရမှာ စိတ်အေးရပြီ!

✅ LeoX Express Service နဲ့ဆိုရင် ငွေရှင်းတမ်း ကြန့်ကြာမှာ၊ စနစ်မကျမှာတွေကို လုံးဝ(လုံးဝ) စိတ်ပူစရာ မလိုတော့ပါဘူးခင်ဗျာ။ 🫶

မန္တလေးမြို့တွင်း Online Shop ပိုင်ရှင် လူကြီးမင်းတို့အတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့ အဆင်သင့်ရှိနေပါပြီ။ ✨

✨ ဘာကြောင့် LeoX ကို ရွေးချယ်သင့်လဲ?

📦 နေ့ချင်းရောက် ပို့ဆောင်မှု: မန္တလေးမြို့တွင်း နေ့ချင်းပြန် အရောက်ပို့ပေးပါတယ်။

⏱️ ၂၄ နာရီအတွင်း ငွေရှင်းပေးခြင်း: ပစ္စည်းပို့ဆောင်ပြီးစီးတာနဲ့ ၂၄ နာရီအတွင်း တိကျသေချာတဲ့ Excel File နှင့်တကွ ငွေရှင်းတမ်း ထုတ်ပေးပါတယ်။

💯 အေးဆေးဈေးရောင်း: ငွေကိစ္စ၊ ပို့ဆောင်ရေးကိစ္စတွေကို LeoX က အစအဆုံး တာဝန်ယူပေးထားလို့ လူကြီးမင်းတို့အနေနဲ့ ဈေးရောင်းဖို့တစ်ခုတည်းကိုပဲ စိတ်အေးလက်အေး အာရုံစိုက်ထားရုံပါပဲဗျာ။ 💛

🏠 55(B) St, Bet 104-105 Rd, Mandalay

📞 09-775280004 , 09-775280006

21/06/2026

မန္တလေးမြို့တွင်း ၃၀၀၀ ကျပ်နှင့်အတူ
စိတ်ချမ်းသာစွာပို့ဆောင်လိုက်ပါ 🤩

✅မန္တလေး Online Shop များအတွက် ပြင်ဆင်မွမ်းမံမှုစနစ်များနဲ့ အတူ..

သင့်ဆိုင်ရဲ့ အရည်အသွေးကို Delivery နဲ့ အပြည့်အဝ ပံ့ပိုးပေးမယ့် ဝန်ဆောင်မှု -

🚀 အမြန်ဆုံး: မန္တလေးမြို့တွင်း နေ့ချင်းရောက်

💰 စိတ်ပူစရာမလို: စိတ်ချ စနစ်ကျတဲ့ COD စနစ် (တာဝန်ခံမှု ၁၀၀%)

🤝 Professional: ယဉ်ကျေး၊ သပ်ရပ်ပြီး ယုံကြည်စိတ်ချရတဲ့ Rider များနှင့်အတူ

နှစ်ခါပြန်ပြောစရာမလိုတဲ့ တာဝန်ယူတာဝန်ခံမှုများကို လိုအပ်တယ်ဆိုရင်တော့

LeoX ကို Smart ကျစွာ ရွေးချယ်နိုင်ပါပြီခင်ဗျာ…

✅အခြားရန်ကုန်၊နေပြည်တော်၊တောင်ကြီး၊ပြင်ဦးလွင်အပြင် နယ်မြို့ ၁၀၀ ကျော်သို့လဲ အိမ်အရောက်ဝန်ဆောင်မှုပို့ဆောင်နိုင်ပါပြီ

Office : 55(B) Rd, Between 104 & 105 Rd, Chan Mya Thar Si Tsp, Mandalay
Hotline : 09775280004 , 09775280006

19/06/2026

ပိုမိုမြန်ဆန်တဲ့ ခြေလှမ်းတွေနဲ့...
TikTok မှာ ဆုံကြမယ်။ 🚀

🔸ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုနောက်ကွယ်က ဖြတ်သန်းမှုတွေ၊ တက်ကြွဆန်းသစ်တဲ့ လှုပ်ရှားမှုပုံရိပ်တွေနဲ့ Content အသစ်တွေကို TikTok Platform ပေါ်မှာတင်ဆက်ပေးသွားတော့မှာပါ။

🔸LeoX Express ရဲ့ စွမ်းအင်အပြည့်နဲ့ ဖြတ်သန်းမှုကို အနီးကပ်စောင့်ကြည့်ဖို့ TikTok မှာ အခုပဲ ဆုံကြရအောင်။ ✨✍️
⬇️⬇️
https://www.tiktok.com/.express.service?_r=1&_t=ZS-97KhE8ZaD3M

15/05/2026

✅✅✅

07/05/2026

🚀 ပို့ဆောင်ခ အထူးနှုန်းထားနဲ့ ပို့နိုင်ဖို့ 𝗩𝗜𝗣 𝗖𝘂𝘀𝘁𝗼𝗺𝗲𝗿 ဖြစ်ခွင့်နည်းလမ်း

✅လူကြီးမင်းတို့ရဲ့ Online Shop လုပ်ငန်းတွေ ပိုမိုတွင်ကျယ်လာစေဖို့နဲ့ ပို့ဆောင်ခစရိတ် (Delivery Charges) တွေကို သက်သာစေဖို့အတွက် ကျွန်တော်တို့ LeoX Express ကနေ VIP အစီအစဉ်ကောင်းတွေကို ဖော်ဆောင်ပေးလိုက်ပါပြီ။

ပုံမှန် Customer တစ်ယောက်ထက် ပိုထူးခြားတဲ့ အခွင့်အရေးတွေကို ရယူချင်တယ်ဆိုရင်တော့ အောက်ပါအချက်လေးတွေနဲ့ ကိုက်ညီဖို့ လိုအပ်ပါတယ်ခင်ဗျာ။

1️⃣ပုံမှန် Order ပမာဏပြည့်မီခြင်း (Order Volume)
တစ်လအတွင်း ပို့ဆောင်ရမယ့် Order အရေအတွက် (အထုပ် 300 နှင့်အထက်) ပြည့်မီတာနဲ့ VIP Rate ကို စတင်ခံစားခွင့် ရရှိမှာဖြစ်ပါတယ်။ Order များလေလေ ပို့ဆောင်ခ ပိုသက်သာလေလေမို့ လုပ်ငန်းတိုးချဲ့ဖို့ အကောင်းဆုံး အခွင့်အရေးဖြစ်ပါတယ်။

2️⃣Loyalty Program တွင် ပါဝင်ခြင်း
ကျွန်တော်တို့နဲ့ လက်တွဲလာတာ ကြာမြင့်ပြီဖြစ်တဲ့ Customer ဟောင်းကြီးများအတွက် "Loyalty VIP" အဆင့်ကို အလိုအလျောက် သတ်မှတ်ပေးပြီး နယ်ဝေးပို့ဆောင်ခ (Express Fee) တွေကိုပါ အထူး Discount ပေးသွားမှာပါ။

3️⃣ Promotion ကာလအတွင်း ပါဝင်ဆောင်ရွက်ခြင်း
အထူးနှုန်းထားတွေနဲ့ Promotion ကာလတွေမှာ ကျွန်တော်တို့ရဲ့ Cashback plan အခွင့်အရေးတွေကို လက်မလွှတ်တမ်း ရယူနိုင်မှာဖြစ်ပါတယ်။
________________________________________
🌟VIP Customer ဖြစ်ခြင်းရဲ့ အားသာချက်များ -
• ပို့ဆောင်ခ အသက်သာဆုံးနှုန်းထား ရရှိခြင်း။
• ပစ္စည်းပျောက်ဆုံး/ပျက်စီးမှုအတွက် ဦးစားပေး အာမခံ (Priority Insurance) ရရှိခြင်း။
• အလုပ်များတဲ့ အချိန်တွေမှာတောင် ဦးစားပေး Pick-up လုပ်ဆောင်ပေးခြင်း။

လူကြီးမင်းတို့ရဲ့ လုပ်ငန်းအောင်မြင်မှုမှာ ကျွန်တော်တို့ LeoX Express Service က ခိုင်မာတဲ့ မိတ်ဖက်အဖြစ် အမြဲရှိနေမှာပါ။
VIP ဖြစ်ခွင့် အသေးစိတ်ကို သိရှိလိုပါက 09775280004 (or) Messenger ကနေ အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ!

Category

Telephone

Website

Address

Mandalay

Alerts

Be the first to know and let us send you an email when LeoX - Express Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.