TM Square

TM Square

Share

It is a place where everyone can buy peace of mind.

30/05/2023

သံမ္ဗုဒ္ဓေဂါထာတော် နဲ့ လောကီရေးရာ
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
လူတိုင်း အားလုံးနီးပါးလောက် ရွတ်ဆိုကြတဲ့
သံမ္ဗုဒ္ဓေဂါထာတော်ကို
နေ့စဉ်ဘ၀လုပ်ငန်းကိစ္စများတွင်၎င်း ဘယ်လိုအချိန်အခါတွေမှာ ရွတ်သင့်ကြောင်း/ရွတ်ဆိုနိုင်ကြောင်းကို
ဖော်ပြပေးချင်ပါတယ်။

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ
ဒွာရသဉ္စ ဿဟသကေ
ပဉ္စသတ္တ သဟဿာနိ
နမာမိ သိရသာမဟံ
အပ္ပကာ ဝါဠုကာ ဂင်္ဂါ
အနန္တာ နိဗ္ဗုတာ ဇိနာ
တေသံ ဓမ္မဉ္စ သံဃဉ္စ
အာဒေရန နမာမဟံ
နမက်ကာရာ နုဘာဝနေ
ဟိတွာ သဗ္ဗေ ဥပ္ပဒဝေ
အနေက အန္တရာယာပိ
ဝိနဿန္တု အ သေသတော။

အနက်( မြန်မာပြန် )
^^^^^^^^^^^^^^^
နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင် တသောင်းနှစ်ထောင်သော ဘုရားရှင် ငါးသိန်းသော ဘုရားရှင်တို့ကို (၅၁၂၀၂၈ ဆူသော ဘုရားရှင်တို့ကို )ဘုရားတပည့်တော် ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးပါ၏
ဂင်္ဂါမြစ်ကမ်း၌ရှိကုန်သော သဲနှင့်အမျှပွင့်ကြကုန်သော အဆူဆူကုန်သော ဘုရားရှင်တို့သည်ကား အဆုံးမရှိကြကုန် ထိုသို့ အဆုံးမရှိကုန်သော ဘုရားရှင်တို့နှင့်တကွ ဓမ္မ နှင့် သံဃာ့ ဂုဏ်တို့အားလည်း ရိုသေမြတ်နိုးရှိခိုးပါ၏
ထိုသို့ ရှိခိုးရသည့် ဘုန်းတန်ခိုး တေဇော် အာနုဘော်တော်
ကြောင့် ကြောင့်ကြခပ်သိမ်း ဆင်းရဲငြိမ်း၍ ဘေးဘယာ အန္တာရာယ်အတွင်းမှ ခလုပ်မထိဆူးမငြိ လွတ်မြောက်ရပါလို၏

သံမ္ဗုဒ္ဓေဂါထာအကျိုးကျေးဇူးများ ဖော်ပြ၍ပင်
မကုန်နိုင်ပါဘူး။


ထိုအထဲကမှ တချို့တ၀က်ကိုဖော်ပြပေးလိုက်ပါတယ်


(က) အိပ်ရာထလျှင်

နေ့တနေ့ရဲ့အစမှာ မျက်နှာမသစ်ခင်သော်၎င်း/မျက်နှာသစ်ပြီးသောအချိန်တွင်၎င်း သမ္ဗုဒ္ဓေဂါထာကို (၉)ခေါက်တိတိရွတ်ဆိုပါ။ တနေ့တာလုံး လုပ်ဆောင်သမျှအဆင်
ပြေချောမွေ့ပါလိမ့်မယ်။

(ခ) ခေါင်းလျှော်လျှင်

ခေါင်းမလျှော်ခင် (သို့) ခေါင်းဆေး မင်္ဂလာမပြုခင်မှာ
သမ္ဗုဒ္ဓေဂါထာကို (၁ဝ)ခေါက်တိတိရွတ်ပါ။
ကံဆိုးကံညံ့တွေပြေပျောက်ကာ ဝင်စရာရှိသောငွေကြေး/ လာဘ်လာဘတွေပွင့်စေပါတယ်။

(ဂ) ထမင်းစားလျှင် /ထမင်းမစားမှီ

သမ္ဗုဒ္ဓေဂါထာကို (၃)ခေါက်ရွတ်ပါ။ တပါးသူက မိမိ၏ မကောင်းသော အတတ်များဖြင့် ပြုလုပ်ထားစေကာမူ ပျက်ပြယ်၍ ဘေးကင်းစေပါသည်။ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

(ဃ) ဆီလိမ်းလျှင်/ ဦးခေါင်းကို ဆီမလိမ်းခင်

သမ္ဗုဒ္ဓေဂါထာကို (၅)ခေါက်တိတိရွတ်ဆိုပါ။ကံမြင့်
စေပြီး ကျက်သရေဘုန်းတန်ခိုး တိုးတက်ကာ၊ လာဘ်လာဘတွေပွင့်လန်းစေပါတယ်။

(င) လှေစီးလျှင်/ရေလမ်းခရီးသွားလျှင်

မိမိခရီးထွက်မည့် အရပ်သို့မျက်နှာမူလျက် သမ္ဗုဒ္ဓေဂါထာကို (၈)ခေါက်တိတိရွတ်ဆို ပါ။
အန္တရာယ်ကင်းကာ လိုရာခရီးကိုချောမွေ့စွာရောက်စေပါတယ်။

(စ) နံ့သာလိမ်းခြင်း ၊ ပန်းပန်ခြင်း၌ /ခေါင်းဖီးခြင်း

ထိုအချိန်တို့တွင် သမ္ဗုဒ္ဓေဂါထာကို (၉)ခေါက်တိတိ
ရွတ်ဆိုပါ။အများမြင်က ရင်ဝယ်သားသဖွယ် ချစ်ခင်စေခြင်း ၊ ပီယ၊ လာဘ ကောင်းစေပါတယ်။၇ရက်သားသမီးတို့မှမိမိအား မျက်နှာမြင်လျှင်ချစ်ခင်စေပါတယ်။

(ဆ) အိပ်ရာဝင်လျှင် /ညအိပ်ယာဝင်ခါနီး

ထိုအချိန်တွင်သမ္ဗုဒ္ဓေဂါထာကို (၉)ခေါက်တိတိရွတ်ပါ။ ကောင်းသောအိမ်မက် မက်ကာ ချမ်းသာစွာအိပ်စက်စေပါတယ်။

(ဇ) ရန်သူနှင့် တွေ့လျှင် /မိမိနှင့် စကားများထားသောသူ

ထိုသို့သော သူများနှင့် မလွှဲသာမရှောင်သာ ကြုံရမည့်အခါ၌ သမ္ဗုဒ္ဓေဂါထာကို (၁၁)ခေါက်တိတိရွတ်ပါ။ အန္တရာယ်ဟူသမျှ ရှောင်ကွင်းသွားစေပါတယ်။

(ဈ) မီးမဖွားနိုင်လျှင်/မွေးခါနီးဖွားခါနီးအချိန်တွင်
ထိုအချိန်တွင် ဖန်ခွက်အလွတ်တစ်ခွက်ထဲ၌ ရေသန့်သန့်အနည်းငယ်ထည့်၍ သမ္ဗုဒ္ဓေဂါထာကို (၉)ခေါက်တိတိ ရွတ်၍ထိုရေကို မန်း၍တိုက်ပါ ။မီးဖွားမည့် အမျိုးသမီးမှာလွယ်ကူချောမွေ့စွာဖြင့် မီးဖွားစေနိုင်ပါလိမ့်မည်။

(ည) ဖမ်းဆီးချုပ်နှောင်ခံရလျှင်
အဖမ်းဆီးအချုပ်နှောင်ခံရသူ ကိုယ်တိုင်သော်၎င်း (သို့ ) မိဘဖြစ်သူမှ သမ္ဗုဒ္ဓေဂါထာကို တနေ့ ( ၁ဝဝဝ )တစ်ထောင်ရွတ်ပေးပါအချုပ်အနှောင်မှ အမြန်ဆုံးလွတ်ကင်းစေပါတယ်။

(ဋ) ခရီးသွားလျှင်

မိမိနှစ်သက်ရာ ပန်းပွင့် တစ်ပွင့်ကို သမ္ဗုဒ္ဓေဂါထာဖြင့် (၂)ခေါက်တိတိရွတ်၍ အဆောင်သဘောမျိုးဖြင့် ယူဆောင်သွားပါ ခရီးတလျှောက်လုံး ဘေးကင်းစေပါလိမ့်မည်။

ဒီလိုအကျိုးကျေးဇူးတွေများပြားလှတဲ့
သမ္ဗုဒ္ဓေဂါထာကိုနေ့စဉ် လေးလေးနက်နက် ယုံယုံကြည်ကြည် ရွတ်ဖတ်မည်ဆိုလျှင်......

မိမိဘဝ၌ ရေပြည့်အိုးပမာတိုးတက်လျက်ရှိမည်။
မိမိဘဝ၌ မညိုးသောပန်းကဲ့သို့ ရှိမည်။
မိမိဘဝ၌ ကောင်းကင်မှလမင်းကြီးပမာတင့်တယ်လျက်ရှိမည်ဖြစ်ပါသည် ဟု
ရှေးဆရာတော်ကြီးများရေးသားသော "လင်္ကာ"ထဲမှာ
မှတ်သားဖူး၍ဓမ္မဒါနအဖြစ်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
Crd

Photos from အိမ်သစ်ကလေး - New House's post 11/04/2023
Photos from TM Square's post 01/08/2022

သံလိုက် USB အားသွင်း မီးချောင်း
Size - 32 cm - 1ပေ ဆိုဒ်
60 W - 7500 ks
သံလိုက်ပါလို့ ဘယ်နေရာမဆို Double tape လေးခွါပြီး အဆင်ပြေတဲ့နေရာမှာ ကပ်ထားလို့ရပါတယ်ရှင်။

ချိတ်လေးလည်းပါလို့အမြင့်တစ်နေရာမှာချိတ်ဆွဲထား
လည်းရပါတယ်နော်။

လျှပ်စစ်ဖြင့်အားသွင်းနိုင်ပြီး မီးပျက်တဲ့အချိန်မှာလည်း အသုံးပြုနိုင်ခြင်း
Power Bank နဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်ခြင်း
မီးအတိုးအလျှော့ ၃မျိုးအပြင် signal မီးပါ ပါရှိပါတယ်နော်။

Photos from TM Square's post 31/07/2022

အဝတ်လှန်းကြိုး

🤍1800 ( အရှည် 5 မီတာ )

အရောင်မရွေးရ

အဆောင်နေသူများ အဝတ်လှန်းမယ့်နေရာ အတည်တကျ မရှိသူများအတွက် မဖြစ်မနေ ဝယ်ထားသင့်တယ်နော် 👍👍👍

အဝတ်လှန်းကြိုး အပေါက်လေးတွေပါတော့
အဝတ်တွေ တနေရာတည်းစုမသွားတော့ဘူးပေါ့
သုံးရအဆင်‌ပြေလို့ အိမ်ထဲရော အိမ်ပြင်ပါ ချိတ်ထားလို့ရ 5 m ရှည်ပါတယ်

လိုသလို ညှိလို့ရလို့အရမ်းအဆင်ပြေပါတယ်နော်😍

Photos from TM Square's post 31/07/2022

150pcs cotton
(150ပါတိုနာဂွမ်း)

🤍4000

အရောင်မရွေးရ

ကိုယ်က Cotton Pad အသုံးကြမ်းတဲ့သူဆို ဒါလေးသာ မျက်စိစုံမှိတ်ဝယ်ချလိုက်တော့ အရွက် 150 တောင်ပါတာဆိုတော့ တစ်ယောက်ထဲဆို သုံးပါလိမ့် တမုန်း 😂

Toner သုံးရာမှာပဲဖြစ်စေ၊ facial cleansing အတွက်
ဖြစ်စေ၊ မိတ်ကပ်ဖျက်ရာမှာဖြစ်စေ
အသုံးပြုနိုင်တဲ့ Cotton pad လေးပါနော်

အမွှေးလဲမဖွာသလို အသားကလဲနူးနူးညံ့ညံ့လေး 💙

အထုပ်မလို့ သယ်ရလွယ်ကူပီး 100% pure cotton ဖြစ်တဲ့အတွက် For all skin type အသုံးပြုနိုင်ပါတယ်ရှင်..

Photos from TM Square's post 31/07/2022

ခေါက်သိမ်းလို့ရတဲ့ 1 min ရေနွေးအိုး
Price - 13500 ks
တစ်ဖာစျေး - ****
စိတ်ကူးပေါက်တဲ့အချိန် ရေနွေးထသောက်မယ်။ ကော်ဖီဖျော်သောက်မယ်။😘
အငွေ့တထောင်းထောင်းနဲ့ သောက်ချင်လို့ သောက်ခါနီးမှ ရေနွေးတည်မယ်ဆိုရင် ရေနွေးဆူဖို့ အချိန်စောင့်ရတာမျိုး မဖြစ်ရလေအောင် Electric Kettle ေလးတစ်လုံး လောက်ဆောင်ထားဖိူ့လိုတယ်နော်။ ခေါက်သိမ်းလို့ရလို့ ခရီးသွားလည်း ထည့်သွားလို့ရတယ်။ရုံးဝန်ထမ်းမမတွေ
အတွက်လည်း အဆင်ပြေ 😘😘

Photos from TM Square's post 31/07/2022

Silver Crest Digital Rice Cooker
🌟Capacity - 5 Liter
🌟Power (Watt) - 900 W
🌟Voltage - 220V
Price - 36000 ks
တစ်ဖာ 6 လုံးပါတစ်ဖာစျေး - *****
10ဖာစျေး - *****

ထမင်းချက်ပြုတ်ရုံသာမက
1. ထမင်းချက်မလား ( Cook )
2. စွပ်ပြုတ်ပြုတ်မလား (Soup )
3. ဆန်ပြုတ်ပြုတ်မလား( Porridge )
4. အကြော်ကြော်မလား (Fried)
5. Baby လေးတွေအတွက်ထမင်းကျိုမလား(Sweetened Rice)
6. ကိတ်မုန့်ဖုတ်မလား (Cake)

စတဲ့ functionအကုန်ရတဲ့အပြင်
ကောက်ညှင်းပေါင်း ၊ ဒံပေါက်ချက် ၊ အသားပေါင်း ၊ အသားစတူးချက် အစုံချက်လို့ရပါတယ်နော်။

ထမင်းကျက်ရင် auto နွှေးစနစ်ဖြစ်ပြီး အမြဲပူပါတယ်။ Watt 900 ရှိတဲ့အတွက် ထမင်းကိုအမြန်ကျက်စေတဲ့အပြင် လိုသလိုထိထိရောက်ရောက်သုံးနိုင်ပါတယ်။

အတွင်းအိုးက steel အသားကို non stick coating နဲ့ပြုလုပ်ထားတဲ့အတွက် အကြမ်းခံ အပူခံပြီး အိုးမကပ်ဘဲ အချိန်ကြာမြင့်စွာလဲချက်ပြုတ်နိုင်လို့ အိမ်ရှင်မတွေအကြိုက်တွေ့စေမဲ့ပေါင်းအိုးလေးပါရှင်။

ထမင်းပေါင်းအိုးရဲ့ အဖုံးမှာ အပူပြားတစ်ခုပါတဲ့အတွက် ထမင်းချွေးကျတာမျိုး လုံးဝ လုံးဝ မဖြစ်စေပါဘူး။

Digital Rice Cooker နဲ့ဆို အရသာရှိတဲ့ထမင်း၊ဟင်းတွေချက်ပြုတ်ဖို့အချိန်*15မိနစ်*ဘဲလိုတယ်နော်👩‍🍳👩‍🍳
ဖိုးဖိုး၊ဖွားဖွား တို့အရိုးအဆစ်တွေသန်မာစေဖို့👴👵
သားသားမီးမီးလေးတွေအာဟာရပြည့်ဝစေဖို့👶👧
အချိန်တိုအတွင်းအသားဟင်းတစ်ခွက်ကို 15 မိနစ်နဲ့အမြန်ဆုံးချက်နိုင်ဖို့ဆို ဒီစက်လေးတစ်လုံးရှိဖို့ လိုပြီနော်။

5L အိုးအကြီးဆိုဒ်မို့ ငါးတွေ ၊ ကြက်တွေ ၊ ဘဲတွေ အကောင်လိုက် ချောင်ချောင်ချိချိ ထည့်ပေါင်းနိုင်ပါတယ် ။

Photos from TM Square's post 02/04/2022

ဒါလေးရောင်းရင် အားပေးကြမှာလား

သားသား၊ မီးမီးတို့ အတွက် Water Balloons(ရေပူဖောင်း)
Price - 37ခုပါတစ်ထုပ် - 1500 ks
Price - 111 ခုပါအထုပ်ကြီး - 3000 ks

ပူဖောင်း size လေးတွေက လက်တကိုင်စာလေးကို ပျော့ပျော့လေးမို့ ပစ်ပေါက်ရင် ကိုယ်တွေ သိတဲ့ ရေပူ ဖောင်းလို အရမ်းနာတာမျိုး မဖြစ်လို့ ကလေးတွေ ကစားရင်ထိခိုက်မှာ စိတ်မပူရပါဘူးရှင်။

သားသား၊ မီးမီး တို့ကစားတာ အားမရလို့ ဖေဖေ၊ မေမေ၊ ဦးဦးဒေါ်ဒေါ်၊ ကိုကို၊မမ တို့ ငယ်ငယ်ကလို မိသားစုလိုက် ဝိုင်းကစားချင်လို့လည်း ရသေး😁

အသုံးပြုပုံ

ဘုံဘိုင်ဂေါင်း/ ရေပိုက်နှင့် ဆက်ရုံနဲ့ ရေပူပေါင်းလေးတွေက auto ရေဖြည့်ပါတယ်။ 60 Sec ပဲကြာမယ်၊၊ သူသတ်မှတိထားတဲ့ ရေဖြည့်Sizeရောက်ရင် ရေအလေးချိန်နဲ့ အလိုလို ရေပူပေါင်းလေးတွေက ပြုတ်ကျ/ခါလိုက်ရင် ပြုတ်ကျလာပါတယ်။ အချိန်ကုန် လူပင်ပန်း သက်သာစေပါတယ်။

သာမန်ပူပေါင်းထက် ပါးလွှာမှုကြောင့် ကလေးငယ်များ အချင်းချင်း ပစ်ပေါက်ဆော့ကစားရာတွင် အန္တရာယ်ကင်းပြီး နာကျင်မှု လျှော့နည်းပါတယ်နော်။

PS : ရေပူပေါင်းလေးတွေ ကြာကြာခံပြီး ရေမစိမ့်စေချင်ရင် ရေလေးတွေဖြည့်ပြီးပီဆိုရင် ပူပေါင်းထိပ်လေးကို လက်နဲ့တခါချည်ပေးလိုက်ရင် ကြာကြာဆော့လို့ ခံတာပေါ့နော်။

အိမ်တွင်း မိသားစုရေကစားဖို့အတွက်ကြိုဝယ်ကြပါ၊၊

ပူပေါင်းက အရမ်းတင်းမနေလို့ကစားမယ့်ကလေးတွေအတွက် မစိုးရိမ်ရပါဘူးရှင် 😉
Crd:

Photos from TM Square's post 24/03/2022

ကလေး ဘိုထိုင်

Price 4500 ks

Photos from TM Square's post 24/03/2022

အစုံပါ လက်သည်းညှပ်ဘူး
3000 ks

ဘူးလေးကလည်း ချစ်စရာကောင်းသလို လက်သည်းညှပ်ပစ္စည်းအစုံပါတော့ ပိုအဆင်ပြေတာပေါ့ ...

လက်ဆွယ် , ခြေဆွယ် ဖော်တဲ့ဟာလေးလည်းပါသလို လက်သည်းခြေသည်းလေးတွေ့ကို ကိုယ့်လိုချင်သလို ပုံဖော်ဖို့ ဓားချွန်လေးလည်း ပါသေးတယ်နော် ...

ဘူးလေးလည်း ပါတော့ ပျောက်မှာလည်း မပူရတော့ဘူးပေါ့ ...

အိပ်ဆောင်လေးဆိုတဲ့ သွားတဲ့နေရာတိုင်းသယ်သွားပီး လိုတဲ့အချိန်အဆင်သင့် သုံးလို့ရတယ်နော်...

Telephone

Website

Address

Aung Myitta Street
Maubin
1301

Alerts

Be the first to know and let us send you an email when TM Square posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Maubin.