KH Auto Parts
Europe Car Spare Parts
07/02/2024
Ford fiesta clutch ket
31/12/2023
Happy Nwe Year 🌟🌟🌟
2024 နှစ်သစ်မှာ စီးပွားရေး တွေ ဒီရေအလား တိုးတက်ကောင်းမွန်ကြပါစေ လို့ ဆန္ဒပြုပါတယ်ခဗျာ 🌟🙏
17/11/2023
Chey malibu Suspension parts GM Genuine Instock
17/11/2023
♻ Malibu Fuel pump control unit
♻ Made in Czech Republic.
If you wanna order, please contact to cb 💬
Thanks for your attention. 🤗
Instock
14/09/2023
အကျိုးမြတ်မယူပဲ ကားဝယ်ပေးကြည့် မယုံသလိုနဲ့လိုက်စုံစမ်းကြ လိမ့်မယ်။
ကားလိုက်ကြည့်ပေးခ မယူပဲ စေတနာနဲ့ ကားလိုက်ကြည့်ပေးကြည့် သူ့အမေ့လင်ကပဲ လစာပေးထားလို့လိုက်ကြည့်ပေးနေတဲ့ ပုံစံလုပ်ပြကြ လိမ့်မယ်။ ရောင်းတဲ့သူရှိက ဝယ်ခါနီး သူ့ကိုလဲ ပေးရမှာမို့ဆိုပြီး ထည့်စစ်တာ အဆစ်ပါလိုက်သေးတယ်။
သူတို့တတ်လားမေးမတတ်ဘူး သိသလားမေးမသိဘူး သူများရှိမှာသွားဝယ်ပြီး ကို့ရှိဖုန်းဆက်ပြီးရင်လဲတိုင်ပင်တယ်၊ကောင်းလား ဝယ်သင့်လား မေးလို့ ကိုကတော့စေတနာရှင်းပြရင် ကိုနဲ့ပဲ မဝယ်လို့ မကောင်းတွေ စွပ်ပြောနေသလို အထင်ခံရတယ်။
တချို့ကျ ဒီလောကသားအချင်းချင်း
ချက်စီလှမ်းမေး ဂရိတ်လှမ်းမေးအလကားပြောပြပေးလိုက်တယ်ကိုယ်ကတော့ သူတို့မြတ်သွားလို့ ကို့လဲတစ်ကျပ်လာပေးတာမဟုတ်ဘူး။ ရှုံးသွားရင်တော့ ကိုပဲချောက်တွန်းလိုက်သလို ပြောကြသေးတာ။
ကားဆေးတာကအစ အင်ဂျင်ချတဲ့ထိ ကားပျက်ရင် ဖုန်းဆက်ပြီးမေးကြ တယ် အဲ့ဆိုင်တွေကို အလွယ်ညွန်းပြဖို့ ဘယ်နှစ်ခါ ဂျင်းမိခံခဲ့ရလဲ သူတို့မသိဘူး။
ပြောလိုက်ကြ သေးတယ် အချင်းချင်းဒါလေးလုပ်ပေးရတာကို ဆိုတော့ ဒီပညာတွေရဖို့ ဘယ်လောက်ဆုံးရူံးခဲ့ရပြီးပြီလဲ ဘယ်လောက်ဒုက္ခခံခဲ့ရလဲ ဘယ်လိုအောက်ကျခံခဲ့ရလဲ သူတို့မသိဘူး ။
တစ်ချို့သူတွေရဲ့မသိတက်မှုက
နောက်တစ်ခါအလကားဆိုတာ
မလုပ်ပေးဖြစ်အောင်ကြိုးစား
နေရတော့မလိုဖြစ်နေတယ်။
ကိုယ်ချင်းစာစိတ်ရှိတဲ့သူတွေကတော့ ငွေတစ်ကျပ်မှမပေးလဲ သူတို့ပတ်ဝန်းကျင်မှာ ကိုယ့်အပေါ်ယုံကြည်မူ ကိုယ့်စေတနာကို တန်ဖိုးထားပြီး အကောင်းပြောပေးနေတာတွေကို ကိုယ်ပြန်ကြားရရင်ဝမ်းသာပီတိတွေဖြစ်ပြီး အားကိုရှိနေရော
လူတိုင်းကိုမဆိုလိုပါဘူး ကောင်းတဲ့သူတွေရှိသလို ဆိုးတဲ့လူတွေလဲ ရှိကျပါတယ် အဓိကတော့ သူ့ထမင်းသူစားပြီး ကိုယ့်ကို ကူညီတဲ့သူကို ဒါက မဖြစ်မနေလုပ်ပေးရမယ့် ဝတ္တရားလို့ မတွေးစေချင်တာပါ ဘယ်ပညာမှ အလကား မရထားကြ ပါဘူး။
Credit - စာသား
🌕 ဝါခေါင်လပြည်နေ့ မေတ္တာအခါတော်နေ့ လေးမှာ ဆရာတော် အရှင်နန္ဒာမာလာဘိဝံသ ရဲ့ တရားတော် လေး နာကြား ရင် စိတ်အေးချမ်း ၊ ချမ်းသာနိုင်ကြပါစေ။
မေတ္တာ အခါတော် နေ့လေး ဖြစ်တဲ့ အတွက် လူသား တိုင်း မေတ္တာ တရား ထားရှိပြီး အရာရာ တိုင်း ကျော်လွှား အောင်မြင်နိုင်ပါစေ လို့ တောင်းဆုပြုပါစေ 🙏
05/08/2023
နာမည်ကြီး ထမင်းငတ် ဆိုတာ..
ဘရန်းကိုတည်ဆောက်တတ်ပေမယ့် ငွေဝင်အောင်မလုပ်တတ်တာ၊ငွေမဖော်တတ်တာကိုပြောတာ။
တွက်ရေးကစက်သူဌေး၊ထွက်ကြည့်တော့ စက်မရှိ ဆိုတာ ..
လုပ်ငန်းရဲ့ စာရင်းမှာ မြတ်နေပေမယ့် ငွေကြပ်နေတာ Cash flow ငွေသားမရှိတာကို ပြောတာ။
လူများပြီး ပွဲမစည် ဆိုတာ ...
ဝန်ထမ်းတွေအများကြီး ရှိပြီး လုပ်ငန်းက ကြီးသရောင်ဆိုပေမယ့် Efficiency မရှိ၊ အမြတ်သိပ်မရှိတာကို ပြောတာ။
လေဖမ်းဒန်းစီး တန်ဖိုးကြီး ဆိုတာ ..
လုပ်ငန်းမှာ အသုံးပြုသူ (User) တွေများတယ်၊ ပြန်ရောင်းရင် တန်ဖိုးကြီးရနိုင်ပေမယ့် လက်ရှိမှာ တော့ ငွေမဝင်သေးဘူး ကို ပြောတာ။
ကိုယ်ထင်ရင် ကုတင်ရွှေနန်း ဆိုတာ..
ကိုယ့်ထုတ်ကုန်ကို ကိုယ်ကအဟုတ်ကြီး ထင်ပေမယ့် စားသုံးသူတွေက ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင်မမြင်တာ ကိုပြောတာ။
စာဖတ်သူစိတ်ထဲမှာ ရှိတဲ့ အသုံးအနှုန်းလေးတွေကိုလဲ .. အဓိပ္ပါယ်ဖွင့်ဆိုချက်လေး နဲ့ စိတ်တိုင်းကျ မန့်ခဲ့ကြပါဗျာ။ ။ 😁
#မာသင်
Credit
Telephone
Alerts
Be the first to know and let us send you an email when KH Auto Parts posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.