MONO Bubble Tea
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MONO Bubble Tea, Bubble Tea Shop, အမှတ် (၅၀) ၊ တပင်ရွှေထီးလမ်း ၊ စာစင်အရှေ့ပိုင်းရပ် ၊ မုဒုံမြို့။, Mudon.
20/07/2026
❝ ကမ္ဘာ့ဖလား ချန်ပီယံ ခန့်မှန်းပြီး
မုန့်လက်ဆောင် ရသွားတဲ့သူတွေ ထွက်ပေါ်လာပါပြီနော် ❞ ✨🥳
ရင်ခုန်စရာကောင်းတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ခန့်မှန်းပွဲလေးမှာ ပါဝင်ပေးခဲ့ကြသူတွေ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင့်။
ကံထူးရှင်လေးတွေအနေနဲ့ မုန့်လေးတွေ ယူဖို့ ဇူလိုင်လ (၂၀၊ ၂၁) နှစ်ရက်အတွင်း page cb ကို ဆက်သွယ်ပေးပါနော် 💭
ဆိုင်မှာ လက်ဆောင်လာထုတ်တဲ့အခါ ကောမန့် မန့်ထားတဲ့ အကောင့်ပိုင်ရှင် ကိုယ်တိုင် ဖုန်းထဲကအကောင့်ကို ပြပြီး လာရောက်ထုတ်ယူပေးရပါမယ်ရှင့် ✨
19/07/2026
❝ ချန်ပီယံခန့်မှန်းပြီး မုန့်လက်ဆောင် ရယူပါ ❞ 🥳
ဒီနေ့ည (မနက်ဖြန်) မနက် ၁:၃၀ မှာ ကစားကြမယ့်
လက်ရှိ ချန်ပီယံ အာဂျင်တီးနားနဲ့ စိန်ခေါ်သူ စပိန်တို့ရဲ့
၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဘယ်အသင်းက ကမ္ဘာ့ဖလားကြီးကို သိမ်းပိုက်သွားမလဲဆိုတာ 👀
မှန်အောင်ခန့်မှန်းပြီး ✅
𝗠𝗢𝗡𝗢 ရဲ့ လူကြိုက်အများဆုံး ကွန်းချိစ် (သို့မဟုတ်) စိတ်ကြိုက် အအေးတစ်ခွက်ကို လက်ဆောင်ရယူနိုင်မယ့် အခွင့်အရေးလေးပါရှင့်။ 🏆✨
မှန်ကန်အောင် ခန့်မှန်းနိုင်သူတွေထဲကမှ ကံထူးရှင် (၃) ယောက်တိတိကို ရွေးချယ်ပြီး လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်နော်။
◽
ပါဝင်ရမယ့် စည်းကမ်းချက်လေးတွေကတော့ —
၁။ 𝗠𝗢𝗡𝗢 Page လေးကို Follow လုပ်ထားပေးရပါမယ်။
၂။ ဒီပိုစ့် ရဲ့ ကောမန့် မှာ ကိုယ့်ရဲ့ အသင်းအမည်ကို မန့်ပေးရပါမယ်။ (အဖြေကို Edit လုပ်ပြီး ပြန်ပြင်ထားတာမျိုး မဖြစ်ရပါဘူးနော်)
၃။ ပွဲမစခင်အထိ မန့်ထားတဲ့ ကောမန့်များကိုပဲ အတည်ပြုပေးသွားမှာ ဖြစ်ပါတယ်။
၄။ ကံထူးရှင်စာရင်း ထွက်လာလို့ ဆိုင်မှာ လက်ဆောင်လာထုတ်တဲ့အခါ ကောမန့် မန့်ထားတဲ့ အကောင့်ပိုင်ရှင် ကိုယ်တိုင် ဖုန်းထဲကအကောင့်ကို ပြပြီး လာရောက်ထုတ်ယူပေးရပါမယ်ရှင့်။
ကဲ... အခုပဲ ကောမန့်မှာ ခန့်မှန်းပြီး ရင်ခုန်လိုက်ရအောင်နော်။ Good Luck ပါရှင့် ☘️
19/07/2026
- အနူးအညွတ် တောင်းပန်ခြင်း -
နေ့လည်တုန်းက food panda app ကနေ ကွန်းချိစ် မှာတဲ့ customer လေးတွေကို အားနာပြီး တောင်းပန်ချင်လို့ပါရှင့်။
ပထမ Order လေး လုပ်နေတဲ့အချိန်မှာ နောက်ထပ် order လေးတွေ ထပ်တက်လာခဲ့ပါတယ်ရှင့်။
အဲ့အချိန်မှာ order လေးတွေ အရမ်းများနေပြီး နောက်ထပ် Order လေးတွေကို Edit/ cancel လုပ်လို့ မရတဲ့ error လေးဖြစ်သွားတာကြောင့် မုန့်လေး အဆင်မပြေတာလေး ဖြစ်သွားခဲ့ရင် အနူးအညွတ် တောင်းပန်ပါတယ်နော်။ 🙇🏼♀️
နောက်ထပ် order တွေမှာ အခုလိုမျိုးမဖြစ်အောင် သေချာလေး ဂရုစိုက်ပြီး ပြင်ဆင်ပေးသွားပါမယ်ရှင့်
Customer လေးတို့ရဲ့ အကြံပြုချက်နဲ့ နားလည်ပေးမှုတွေအတွက်လည်း 𝗠𝗢𝗡𝗢 မိသားစုကနေ အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့်။ 🫶✨
29/06/2026
❝ ဖုန်းလေးတစ်ချက်နှိပ်ရုံနဲ့ 𝗠𝗢𝗡𝗢 ရဲ့ အစားအစာတွေ
အိမ်အရောက် ရောက်လာပြီနော် ❞ 🛵📦
အခုဆိုရင် ဆိုင်က အစားအသောက်တွေကို foodpanda App ကနေတဆင့် လွယ်လွယ်ကူကူ မှာယူနိုင်ပါပြီရှင့် 🤍
အပြင်မှာ မိုးရွာနေလို့ပဲဖြစ်ဖြစ်၊ အလုပ်ရှုပ်နေလို့ပဲဖြစ်ဖြစ် ဆိုင်အထိ လာဝယ်ဖို့ အဆင်မပြေဖြစ်နေတယ်ဆိုရင်တော့ foodpanda app လေးကနေ အလွယ်လေး မှာလိုက်တော့နော် ✨
🏩 ဆိုင်လိပ်စာ - အမှတ် (၅၀)၊ တပင်ရွှေထီးလမ်း၊ စာစင်အရှေ့ပိုင်းရပ်၊ မုဒုံမြို့။
📞 ဖုန်း - 09788403357 , 09795034862
16/06/2026
❝ ၃၅၀၀ တည်းနဲ့ ကိုရီးယား ရောက်သွားသလို ခံစားရစေမယ့် ပေါင်မုန့်မီးကင် မွှေးမွှေးလေး ရပြီနော် ❞ 🇰🇷🥪✨
ကိုရီးယားဇာတ်လမ်းတွဲတွေထဲက ဇာတ်လိုက်တွေ အရသာရှိရှိ ကိုက်စားနေတဲ့ ပေါင်မုန့်မီးကင် (Korean Toast) လေးကို မုဒုံမြို့မှာတင် စားလို့ရနေပါပြီ 😍
•
🍞 ပေါင်မုန့် ဂျုံသားအိအိလေးကို ထောပတ်နံ့လေး မွှေးနေအောင် မီးကင်ထားလို့ အပြင်ခွံလေးက ကြွပ်ရွပြီး ကိုက်လိုက်ရင် ထောပတ်နံ့လေးက လျှာပေါ်မှာ စွဲကျန်နေမှာပါ။
🍳 အရသာရှိတဲ့ ကြက်အူချောင်း (Sausage)၊ ပြောင်းဖူးချိုချိုလေးတွေနဲ့ ရောပြီး ကြော်ထားတဲ့ ကြက်ဥအစာသွတ်က ပေါင်မုန့်ကြားမှာ အိအိလေးနဲ့ အပြည့်အသိပ် ပါဝင်ပါတယ်။
အပေါ်ကနေ မရောနိစ် ရဲ့ အိစိမ့်မှု ၊ 🥫
ခရမ်းချဉ်သီးဆော့စ် ရဲ့ ချိုချဥ်အရသာလေးနဲ့ 🍅
သကြားလေး နည်းနည်း ဖြူးထားလို့ ချို၊ ချဉ်၊ စိမ့် အရသာ သုံးမျိုးလုံးကို ခံစားရမှာမို့လို့ တစ်ကိုက် ကိုက်လိုက်တိုင်း တကယ့်ကို အကြိုက်တွေ့စေမှာပါရှင့် 💛
ဈေးနှုန်းလေးက ၃,၅၀၀ ကျပ်တည်းမို့လို့ အခုပဲ လာရောက်မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။ 🥤🥪
🏩 ဆိုင်လိပ်စာ - အမှတ် (၅၀)၊ တပင်ရွှေထီးလမ်း၊ စာသင်အရှေ့ပိုင်းရပ်၊ မုဒုံမြို့။
📞 ဖုန်း - 09788403357 , 09795034862
#ပေါင်မုန့်မီးကင်
အမေးအများဆုံး ကွန်းချိစ်လေး ရပါပြီ ✨🧀🌽
ပူပူလေးစားစေချင်လို့ လာမှလုပ်ပေးပါမယ်နော်။
အချိန်လေးမစောင့်ချင်ရင်တော့ ဖုန်းလေးကြိုဆက်ပေးပါရှင့်။ 🧈
11/06/2026
အအေးတစ်ခွက်ဝယ်ရင် တစ်ခွက်
လက်ဆောင် ပေးနေလို့ ထင်ပါတယ် ✅
ဒီနေ့ တစ်နေကုန် နေပူ...နေတာပဲနော် 🌞😁
မနက်ဖြန် (၁၂)ရက်နေ့မှာလည်း ကြိုက်နှစ်သက်တဲ့ အအေးတစ်ခွက် ဝယ်ယူလိုက်တာနဲ့ နောက်ထပ် Juice အအေးတစ်ခွက်ကို လက်ဆောင်ပေးသွားဦးမှာမို့ ဆက်ဆက်လာခဲ့ပါဦးနော် 🤗
🛵 အအေး (၃)ခွက်မှစပြီး မြို့တွင်း deli ပို့ပေးပါတယ်။
ဆိုင်လိပ်စာ - အမှတ် (၅၀) ၊ တပင်ရွှေထီးလမ်း ၊ စာစင် အရှေ့ပိုင်းရပ် ၊ မုဒုံမြို့။
ဖုန်းနံပါတ် - 09788403357 , 09795034862
10/06/2026
❝ အအေးတစ်ခွက်ဝယ်ရင်
နောက်ထပ် တစ်ခွက် လက်ဆောင် ရမှာနော်!! ❞ 🤯
ညီမတို့ 𝗠𝗢𝗡𝗢 𝗖𝗵𝗲𝗲𝘀𝗲 & 𝗕𝘂𝗯𝗯𝗹𝗲 𝗧𝗲𝗮 ဆိုင်ဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့...
ကြိုက်နှစ်သက်တဲ့ အအေးတစ်ခွက် ဝယ်ယူလိုက်တာနဲ့ နောက်ထပ် Juice အအေးတစ်ခွက်ကို လက်ဆောင်ပေးသွားမှာပါရှင့်။ ✨
ဆိုင်မှာ အအေးတွေအပြင်
🍳 ဥလိပ်
🍞 Korean Toast (ပေါင်မုန့်မီးကင်)
🥪 Fried Sandwich (ဆင်းဒွစ်ကြော်)တွေလည်း ရပါဦးမယ်ရှင့်။
ဒီပရိုမိုးရှင်းလေးက ဇွန်လ (၁၁ ၊ ၁၂) ကြာသပတေး ၊ သောကြာ နှစ်ရက်တည်းသာ ပြုလုပ်ပေးသွားမှာဖြစ်လို့
နှစ်ခါမရတဲ့ အခွင့်အရေးကြီးကို လက်မလွှတ်လိုက်ရအောင် ဖိတ်ခေါ်လိုက်ပါတယ်ရှင့် 🤗
🛵 အအေး (၃)ခွက်မှစပြီး မြို့တွင်း deli ပို့ပေးပါတယ်ရှင့်။
_
ဆိုင်လိပ်စာ - အမှတ် (၅၀) ၊ တပင်ရွှေထီးလမ်း ၊ စာစင် အရှေ့ပိုင်းရပ်၊ မုဒုံမြို့။
ဖုန်းနံပါတ် - 09788403357 , 09795034862
Category
Website
Address
Mudon
12081
Alerts
Be the first to know and let us send you an email when MONO Bubble Tea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.