Written by Ra Ra

Written by Ra Ra

Share

feeling in sometime with corpus

23/08/2026

အဖေကအမြဲတမ်းဟိုးအရင်ကသူတို့အကြောင်းလေးတွေပြန်ပြောရတာကြိုက်တယ်။တစ်ခါတစ်ခါတစ်လေထမင်းစားရင်းနဲ့ထမင်းဝိုင်းမှာပြောတယ်။တစ်ခါတစ်လေကျရင် အလုပ်လုပ်ရင်းတစ်ခုခုတိုက်ဆိုင်လာရင်ထပြောပြန်ရော။ တစ်ခါတစ်လေကျတော့လဲ အနားယူနေရင်းနဲ့နားထောင်တဲ့လူတစ်ယောက်မှမရှိလဲသူဘာသူထိုင်ပြောနေတက်တာ။
"ငါတို့ ငါးထိုး(မှိန်းထိုး)သွားကြတုန်းကလေ.."။
"ငါ ပဲ့ထောင်မောင်းတုန်းကလေ.."။အဲ့လို..အဲ့လို အကြောင်းလေးတွေနဲ့။
အဲ့နေ့ကမိုးတွေအရမ်းရွာနေတော့အိမ်မှာရှိတဲ့လူတွေ လက်ဖက်ရည်(ရေနွေးကြမ်း)သောက်ရင်း ရောက်တက်ရာရာတွေပြောနေကြတာပေါ့။ အဖေက..
"ငါကရင်မကိုခိုးတုန်းကလေ"
ဆိုပီး အစချီလာတော့အိမ်ကဦးတစ်ယောက်ကလဲခေါင်းလေးတညိမ့်ညိမ့်နဲ့နားထောင်ဖို့ပြင်ရတာပေါ့။အဖေနဲ့အမိုးကအသက်ခြောက်နှစ်လောက်ကွာတယ်။ အဖေကဗမာစစ်စစ်၊အမိုးကတော့ ကရင်သွေးရောတဲ့ကပြားမလေး။
အဖေကအမိုးကိုဟိုးကတည်းနေအခုထိ "ကရင်မ"လို့ပဲခေါ်တယ်။အမိုးကတော့အဖေ့ကို "ကိုဦး"လို့ခေါ်တယ်တဲ့။ ကိုယ်တွေအရွယ်ရောက်လာတဲ့အထိ​ခေါ်တာမပြောင်းဘူး။ ဒါပေမယ့်ငယ်ငယ်တည်းက အမိုးကအဖေ့ကိုခေါ်ရင်လေ
"ဂူး ဂူး" လို့ပဲထွက်လာတာ။တစ်ခါကကိုယ် အမိုးကိုမေးခဲ့တယ်။အဲ့တုန်းကအမိုးကခပ်ပြုံးပြုံးလေးနဲ့ရယ်။
"အမိုး..အမိုးကအဖေ့ကို"ဂူး"လို့ခေါ်တာလား"
"အင်း"
"ဟင်.. ကိုဦးလို့ခေါ်တာမဟုတ်ဘူးလား"
"ဟုတ်တယ်လေ"
"သမီးတော့"ဂူး"လို့ပဲကြားတယ်"
"အေးလေ.."ဂူး"ပဲလေ "
"အယ်.."
အဲ့ဒါနဲ့ လက်ရှိအကြောင်းလေးကိုပြန်သွားကြတာပေါ့။
"ငါ ကရင်မကိုခိုးတုန်းကလေ...အမေတို့ဇာတိဖြစ်တဲ့ ကျွဲဂတ်ကိုခေါ်သွားတာ။
မလတ်တိုမှာ ဒီနား ဒီနားပဲဆိုတော့နေလို့မရတော့ဘူးလေ။ အဲ့တာနဲ့ငါတို့ သင်္ဘောစီးပီး မအူပင်ရောက်တော့ မိုးကလင်းနေပီ။ မအူပင်မြို့က"ခေတ်မှီ" စားသောက်ဆိုင်မှာ ခေါက်ဆွဲကြော်နှစ်ပွဲဝင်ဝယ်စားတယ်။အဲ့ဆိုင်က တော်တော်နာမည်ကြီးတာ၊ခေါက်ဆွဲကြော်ကလဲ စားကောင်းလိုက်တာလွန်ရော။အဲ့တာနဲ့သူ့ကို အင်္ကျီဝယ်ပေး၊ဆံပင်တွေဘာတွေသွားညှပ်ပီး ကျွဲဂတ်ကို သင်္ဘောထပ်စီးပီးသွားတယ်။ ဟိုရောက်တော့ကွာ... အဒေါ်အိမ်အရင်ဝင်တာပေါ့။အဲ့မှာ ငါ့အကိုတစ်ဝမ်းကွဲတွေက အပြေးလာပီးတော့
"ဟာ ငကျော်ဘာတွေလုပ်လာတာလဲ"
သူတို့ကအနောက်က ကရင်မကိုကြည့်ပီးတော့ပြော​နေတာ။ အဲ့တုန်းက ကရင်မကလဲဖြူဖြူတုတ်တုတ်နဲ့..။
"အေး ငါမိန်းမခိုးလာတာ"
"ဟာ မင်းအိမ်ကရောသိလို့လား"
"ဟေ့ကောင်.. မိန်းမခိုးပါတယ်ဆိုမှအိမ်ကသိစရာလားကွ"
အဲ့စကားလေး ကြားတုန်းက ဦးကထရယ်ပီး ကိုယ်လဲ​​ပြုံးစိစိနဲ့ဖြစ်သွားတာ။မေးမှမေးတက်လေခြင်းဆိုပီး။အဖေကတော့ ပြောပီးရယ်လို့ပေါ့။အဖေကဆက်ပြောတယ်။
"ငါတို့အဲ့မှာနေတုန်းက အိမ်မှာထမင်းစားရတယ်ကိုမရှိဘူးကွာ။ အကိုတစ်ဝမ်းကွဲတွေ၊ညီတွေကလာခေါ်ကျွေးလိုက်။ ငါ့သူငယ်ချင်းတွေကလာခေါ်ကျွေးလိုက်နဲ့။နောက်တစ်ပါတ်ကျော်ကျော်လောက်ကြာတော့ ငါ့အကိုလေးကလာပြန်ခေါ်တာပေါ့။ငါတို့လဲအဲ့မှာ"အမြန်" သင်္ဘောနဲ့မအူပင်ပြန်လိုက်လာကြရတာ။"
" သင်္ဘောနာမည်က "အမြန်"လား။ဟုတ်လားအကို"
" အင်း ငါတို့ခေတ်တုန်းကတော့ သင်္ဘောတွေကလဲပေါ။နာမည်တွေကလဲအစုံပဲ။ငါတို့လှေနဲ့မှိန်းထိုးသွားပီဆို အဲ့နှစ်ထပ်၊သုံးထပ်သင်္ဘောကြီးတွေက​မြစ်ပြင်မှာ...."။
အဲ့လိုနဲ့ပဲ စကားပြောကောင်းတဲ့အဖေက သူမှိန်းထိုးသွားတုန်းကအကြောင်းလေးတွေဆက်ပြောရင်း၊ဦးကလဲ ခေါင်းလေးတညိမ့်ညိမ့်နဲ့ဆက်နားထောင်ရင်း၊မိုးစဲသွားတဲ့ကောင်းကင်ကတဖြည်းဖြည်းပြန်ကြည်လာရင်းနဲ့၊အငွေ့တလူလူရေနွေးကြမ်းခွက်လေးကတော့ မိုးနဲ့အပြိုင်အေးပီးကျန်ခဲ့တာပေါ့။

02/08/2026

Painted by the sky🫧

25/07/2026

Golden hour hits different✨

04/08/2025

One of the prettiest close of day.🫧💗

🏜️Lady Killers ll *G-Easy

09/12/2024

မှတ်မိပါသေးတယ်အဲ့နေ့ကငါတို့နှစ်ယောက်လုံးထောက်ကြန့်ဘက်ကိုပြန်တဲ့ဘတ်စ်ကားတစ်စီးပေါ်မှာ။
"ကံမကုန်ရင်ပြန်ဆုံကြတာပေါ့"တဲ့
သူအဲ့စကားကိုပြောတုန်းကငါ့မှာငိုရမလိုလိုရယ်ရမလိုလိုနဲ့ အဆုံးထိငါကသူ့နောက်ကိုပဲလိုက်နေခဲ့တာ‌လေ။
🌠G fatt *စံပယ်ဖြူလေးနဲ့တွေ့တဲ့နောက်*

Category

Website

Address

Myeik

Alerts

Be the first to know and let us send you an email when Written by Ra Ra posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Myeik.