Amazing Learning Center
"Amazing Education For Amazing Future"
🐟 Fish in the Jar Activity 🫧
ငါးလေးတွေကို ရေတွက်ပြီး မှန်ကန်တဲ့ နံပါတ်ကို ရွေးကာ Sticker လေးတွေ ကပ်ကြမယ်။
ရေတွက်ခြင်း၊ Number Recognition၊ အာရုံစူးစိုက်မှုနဲ့ Fine Motor Skills တွေကို ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်နိုင်တဲ့ Activity လေးပါ။ 💛
Learning through play! 🌈✨
25/09/2026
ကျောင်းသား/သူများ၏ ကျန်းမာရေးသည် Amazing ၏ ပထမဦးစားပေးပါ🍵✨
အခုလို ရာသီဥတုအကူးအပြောင်း ရာသီတုပ်ကွေး ပေါများတဲ့ အချိန်မှာ ကလေးငယ်တွေ အဖျားအနာ ကင်းဝေးဖို့နဲ့ ကိုယ်ခံအား တိုးတက်စေဖို့ အထူးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။
ဒါကြောင့်မို့လို့ Amazing မှ ကလေးငယ်များအတွက် ရှေးလူကြီးများ၏ နည်းစနစ်အတိုင်း သဘာဝ "ဂျင်း + ကွမ်းရွက် + ထန်းလျက်" ပြုတ်ရည်ကို စနစ်တကျ ကျိုချက်ပြီး ပူပူနွေးနွေး တိုက်ကျွေးပေးဖြစ်ခဲ့ပါတယ်။
🍃 ကွမ်းရွက် ရဲ့ အအေးမိ၊ တုပ်ကွေးနဲ့ သလိပ်ကြေစေတဲ့ သတ္တိ
🫚 ဂျင်း ရဲ့ ပဋိဇီဝဓာတ်နဲ့ လည်ချောင်းရှင်းစေတဲ့ အာနိသင်
🍯 ထန်းလျက် ရဲ့ သဘာဝ အားအင်နဲ့ ခန္ဓာကိုယ်ကို နွေးထွေးစေတဲ့ အစွမ်း
ဒါတွေပေါင်းစပ်ထားတဲ့ သဘာဝဆေးရည်လေးဟာ ကလေးတွေအတွက် ရာသီတုပ်ကွေးကို သဘာဝအတိုင်း ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံး သဘာဝဆေးစွမ်းတစ်လက်ပဲ ဖြစ်ပါတယ်။
အားလုံး….အားလုံး ရောဂါဘယ ကင်းဝေးကြပါစေ။🤍
25/09/2026
ကလေးငယ်များ ၏ လက်တွေ့လုပ်ဆောင်မှုမှတ်တမ်း…🔬🔬
သိပ္ပံဘာရပ် လက်တွေ့လုပ်ဆောင်မှုမှ တစ်ဆင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း၊မိမိ ကိုယ်ကိုယုံကြည်မှုရှိလာခြင်း၊စာပေလေ့လာသင်ကြားချင်းသည် ပျော်ရွှင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိလာမည်ဖြစ်သည်။….🏫🧪🧑🔬
Amazing Education for Amazing Future 🤗🤗
18/09/2026
The Amazing Learning Center family would like to express our sincere gratitude to ‘Lwin Private School လွင် ကိုယ်ပိုင်ကျောင်း and KAU Education Center (YGN) ‘ for giving us the valuable opportunity to attend the” Teacher Capacity Empowerment Training”.
This training was organized with the aim of enhancing teachers’ professional capacity, improving the quality of education, and nurturing teachers to become qualified and exemplary educators.
We truly appreciate your support and this meaningful opportunity for professional development. ❤️🎓
🏫 AMAZING PRIVATE SCHOOL (APS)
OFFICIAL SCHOOL NOTICE
📢 ကျောင်း ၂ ရက် ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးခြင်း။
လေးစားအပ်ပါသော မိဘ/အုပ်ထိန်းသူများခင်ဗျာ—
Amazing Private School (APS) မှ ဆရာ၊ ဆရာမများ သင်ကြားရေးစွမ်းရည်နှင့် ပညာရေးဆိုင်ရာ ကျွမ်းကျင်မှုများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ Teacher Capacity Empowerment Training တက်ရောက်ရမည်ဖြစ်ပါသဖြင့်—
📅 ၁၇-၉-၂၀၂၆ (ကြာသပတေးနေ့)
📅 ၁၈-၉-၂၀၂၆ (သောကြာနေ့)
အဆိုပါ ၂ ရက်တွင် ကျောင်းပိတ်ထားမည် ဖြစ်ပါသည်။
⚠️ အထူးအသိပေးချက်
👉 KG အတန်းများသည် ကျောင်းမပိတ်ပါ။
👉 KG ကျောင်းသား/ကျောင်းသူများသည် ၁၇-၉-၂၀၂၆ နှင့် ၁၈-၉-၂၀၂၆ ရက်များတွင် ပုံမှန်အတိုင်း ကျောင်းတက်ရောက်ရမည် ဖြစ်ပါသည်။
📌 KG အတန်းမှအပ ကျန်အတန်းများသာ အဆိုပါ ၂ ရက်တွင် ကျောင်းပိတ်မည် ဖြစ်ပါသည်။
🏫 ကျောင်းပြန်လည်ဖွင့်မည့်ရက် — ၂၁-၉-၂၀၂၆ (တနင်္လာနေ့)
မိဘ/အုပ်ထိန်းသူများအနေဖြင့် အထက်ပါအတိုင်း နားလည်ပေးပြီး ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ။
လေးစားစွာဖြင့်
Management Team
Amazing Private School (APS)
“Amazing Education for Amazing Future”
⚽️”A Day of Sports, A Lifetime of Memories.”⚽️
🎓🎓ကျောင်းနေပျော်၍ စာတော်ရမည်ဆိုသည့် ဆောင်ပုဒ်အား လက်ကိုင်ထားသည့် APSမှ ကျောင်းသား/သူနှင့်မိဘများအား အစဉ်အမြဲ နွေးထွေးစွာကြိုဆိုပါ၏🤗📖🤗
29/08/2026
🇲🇲🇲🇲..APS Learning Center(SPORT DAY)….⚽️⚽️🎊
🏆⚽ SPORT DAY 2026 ⚽🏆
Every game is a chance to Learn,Grow & Shine✨🎓
အားကစားဆိုတာ အနိုင်ရဖို့အတွက်သာ မဟုတ်ပါဘူး။ 💙
Teamwork, Discipline, Confidence & Friendship တွေကို လက်တွေ့သင်ယူနိုင်တဲ့ အကောင်းဆုံးအခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။
Winning is great, but participating, supporting each other, and never giving up are what truly make us champions! 🏅✨
Note: Sport Day အခမ်းအနားတွင် ကျောင်းသား/သူများအတွက် အားဖြည့်အချိုရည်များကို စေတနာဖြင့် လှူဒါန်းပေးခဲ့ကြပါသော “ကြည်Electronic လျှပ်စစ်ပစ္စည်းဆိုင်”အားAPSမိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။ 💐❤️
24/08/2026
တြိဂံပညာရေးဆိုသည့်အတိုင်း ဆရာ၊မိဘ၊ကျောင်းသား/သူလေးတွေ အားလုံး ပူးပေါင်းပါဝင်မှသာ ကလေးတွေရဲ့အောင်မြင်မှုဆိုတာ မြင်ကြရမှာပါ။
ကလေးတွေရဲ့ တိုးတက်မှုအတွက် ဆွေးနွေးခွင့်ရခဲ့တဲ့ “ မိဘဆရာတွေ့ဆုံပွဲလေး”✨
Bright futures start with strong partnerships.
Happy Birthday to Our lovely sweetheart 🎂🥳 ဒီနေ့ကနေစပြီး နောက်နှစ်ပေါင်းများစွာတိုင်တဲ့အထိ ပျော်ရွှင်၊ကျန်းမာ၊ချမ်းသာ တဲ့ နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ပါစေ။ ပညာတတ်ကြီးဖြစ်ပါစေ။ သမီးအလိမ်မာလေးဖြစ်ပါစေကြောင်း Amazing မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ကွယ်။
17/08/2026
🎊2026-2027 Academic Year🎊
🥇Amazing Private Center 🥇
📖Extra Subjects(Chinese🧧/English🇺🇸/Caso Maths🧮)စာမေးပွဲ ဖြေဆိုနေကြသည့် ……🤗
ကျောင်းသား/သူများ၏ ပုံရိပ်အချို့များ….📖🎓📖
Category
Website
Address
Myitkyina
DUKAHTAUNG