NVTI
nyaungshwe vocational training institute
02/09/2026
ရှမ်းပြည်နယ်တောင်ပိုင်း ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်များဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို စက်တင်ဘာလ (၂ ) ရက်နေ့ မနက် (၉) နာရီအချိန်တွင် ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်း အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသား၊သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ထို့နောက် ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
20/08/2026
စက်ချုပ်သင်တန်းသူများ စာတွေ့လက်တွေ့သင်ကြားပြီးနောက် ကိုယ်တိုင် ပိတ်စညှပ် ကိုယ်တိုင်ချုပ်နေကြပါပြီ
ရှမ်းပြည်နယ် ကလေးသူငယ်အလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ နှင့် ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအား ဩဂုတ်လ (၃) ရက်နေ့က ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်း အစည်းဝေးခန်းမ၌ ကျင်းပခဲ့ရာ ရှမ်းပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလိုင်းတစ်က အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးမှ သင်တန်းသားများအတွက် စားသောက်စရိတ်နှင့်သင်ထောက်ကူပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
03/08/2026
ရှမ်းပြည်နယ် ကလေးသူငယ်အလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ နှင့် ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအား (၃.၈.၂၀၂၆) နံနက် ၉:၀၀ အချိန်တွင် ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်း အစည်းဝေးခန်းမ၌ ရှမ်းပြည်နယ် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးမှ ဖွင့်လှစ်ပေးပြီး သင်တန်းအတွက် သင်ထောက်ကူပစ္စည်းနှင့် စရိတ်ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
24/07/2026
ဒေသတွင်းလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းတွင် အခြေခံကွန်ပျူတာ အသုံးချကျွမ်းကျင်မှုသင်တန်းကို အောက်ပါအစီအစဥ်အတိုင်းဖွင့်လှစ်မည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများဆက်သွယ်မေးမြန်း စာရင်းပေးသွင်းနိုင်ပါသည်။
သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်း၊ အဆောင်နှင့် စားသောက်စရိတ် ကျောင်းမှ အခမဲ့ စီစဉ်ပေးပါမည်။
ဆက်သွယ်ရန် - 📱📱📱
09427888306
09683547198
09957909737
22/07/2026
ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းမှ တွဲဖက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော အခြေခံနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(ကျုံး) တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ဇူလိုင်လ 21 ရက်နေ့ မနက် 10 နာရီအချိန်တွင် အခြေခံနှင့် စက်မှု၊ စိုက်ပျိုး ၊မွေးမြူရေး အထက်တန်းကျောင်း(ကျုံး) ကံ့ကော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
15/07/2026
ဒေသတွင်းလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းတွင် အခြေခံစက်ချုပ်သင်တန်းကို အောက်ပါအစီအစဥ်အတိုင်းဖွင့်လှစ်မည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများဆက်သွယ်မေးမြန်း စာရင်းပေးသွင်းနိုင်ပါသည်။
သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်း၊ အဆောင်နှင့် စားသောက်စရိတ် ကျောင်းမှ အခမဲ့ စီစဉ်ပေးပါမည်။
ဆက်သွယ်ရန် - 📱📱📱
09892108693,
09683547198
28/06/2026
ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းမှ တွဲဖက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော အခြေခံနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(ကျုံး) မှ စက်မှုကျောင်းသားများ၏ 2026 တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း
ဖြေဆိုသူ - 88 ယောက်
အောင်မြင်သူ -72 ယောက်
အောင်ချက်ရာခိုင်နှုန်း 82 %
17/06/2026
ဒေသတွင်းလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းတွင် အခြေခံစက်ချုပ်သင်တန်းကို အောက်ပါအစီအစဥ်အတိုင်းဖွင့်လှစ်မည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများဆက်သွယ်မေးမြန်း စာရင်းပေးသွင်းနိုင်ပါသည်။
သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်းများ ကျောင်းမှ စီစဉ်ပေးမည် ဖြစ်ပါသည်။အိမ်မှ အသွားအပြန်တက်ရမည်။
ဆက်သွယ်ရန် - 📱📱📱
09892108693,
09683547198
20/01/2026
ဒေသတွင်းလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ပါရမီဖွင့်ဖြိုးေရးကွန်ရက် ပန်သခွါးကျေးရွာတွင် Housekeeping (ဟိုတယ်အိပ်ခန်းဆောင် ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း)နှင့်F&B Service Operation Course Waiter Waitress သင်တန်းကို အောက်ပါအစီအစဥ်အတိုင်းဖွင့်လှစ်မည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများဆက်သွယ်မေးမြန်း စာရင်းပေးသွင်းနိုင်ပါသည်။
ဆက်သွယ်ရန် - 📱📱📱
09892108693,
09683547198,
Category
Contact the business
Telephone
Website
Address
Nyaungshwe
Alerts
Be the first to know and let us send you an email when NVTI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.