Training Tree Academy

Training Tree Academy

Share

Empowering learners of all ages—from Basic Grammar to Exam preparation,and Skills-focused Practices.

28/05/2026

🌳Grammar Fix -1 🌳
🌳Articles Usage...🌳

🥰ဒီတစ်ပတ် TTA ရဲ့ Grammar Fix Section လေးကနေ ကြိုဆိုလိုက်ပါရစေ။

📚Grammar Fix section ဆိုတာဘာလဲ...
Grammar Fix ဆိုတာကတော့ English စာ တိုးတက်ဖို့အခြေခံလိုအပ်ချက် သဒ္ဒါအသုံးတွေကို မှန်မမှန်လေ့လာတာပဲဖြစ်ပါတယ်။

👉ဒီတစ်ပတ်မှာတော့ English Learner တိုင်း မှားတတ်လွန်းတဲ့ Articles အသုံးတွေကို TTA's မှ Video သင်ခန်းစာလေးနဲ့ရှင်းလင်းပေးထားပါတယ်။

🚨Articles တွေက လွယ်သလိုနဲ့ ခက်တယ်။
အပြောတွေ၊အရေးတွေမှာ မှားတတ်လွန်းလို့ အခြေခံအဆင့်နားလည်အောင် လေ့လာသင်ယူမှတ်သားရပါမယ်။

✅ဒီ Videoလေးကိုကြည့်ပါ။
✅နားလည်ပြီဆိုရင် ဒီ Exercises လေးတွေလုပ်ကြည့်ပါ။
✅Result လေးတွေလည်း Comment Box မှာ Share ပေး ဖို့ မ​မေ့ပါနဲ့နော်။

👉Test-English
https://test-english.com
A/an, the, no article: The use of articles in English

👉UsingEnglish.com
https://www.usingenglish.com
Beginner Articles Questions Quiz - 60 Online Quiz Questions

With Love

26/05/2026

🌳English စကားပြောတတ်ရင်ရပြီလေ ဘာလို့ Grammar တွေလေ့လာနေရဦးမှာလဲ...🌳
*******************************************

‼️‼️ဒီမေးခွန်းက English Learners တွေကြား အမြဲ အငြင်းပွားနေတဲ့ မေးခွန်းပါ။ မှန်ပါတယ်။ သွက်သွက်လက်လက် အပြောထက်ဖို့ အတွက် နှုတ်ရဲဖို့လိုသလို ပြောလိုက်တဲ့ စာကြောင်းတိုင်း အမှားအများကြီးမပါနေဖို့လည်းလိုပါတယ်။

🚨Grammar ဘာလို့လိုအပ်တယ်ဆိုတဲဲ့အကြောင်းရင်း၄ချက်ကို Share ပေးချင်ပါတယ်။

✅1) ရှင်းလင်းမှုရှိဖို့...
*******************
ကိုပုံဖော်ချင်တဲ့ အကြောင်းအရာကို ရှင်းရှင်းလင်းလင်း တိတိကျကျပုံဖော်ဖို့ Grammarလိုအပ်ပါတယ်။
👉ဥပမာ -
"I have cut my hair." (ငါ ကေညှပ်လိုက်ပြီ - အခု ဆံပင်ပုံစံ အသစ်နဲ့။)
"I had my hair cut." (ငါ ဆံပင် သွားညှပ်ခဲ့တယ် - ဆိုင်မှာ သူများညှပ်ပေးတာ။)
ဒီနေရာမှာ Vocab တွေသိပေမယ့် Grammar မသိဘူးဆိုရင် ဆိုလိုရင်း လွဲသွားနိုင်ပါတယ်။

✅2) Fluency and Confidence တက်ဖို့
************************************
မှားမှာစိုးလို့ပြောမထွက်ဘူးဆိုတာ၊ ပြောရင် ယုံကြည်ချက်မရှိတာ၊ Tense တွေ မှားနေတာ၊ ထစ်ထစ်ငေါ့ငေါ့ဖြစ်နေတာစတဲ့ ပြသာနာတွေရဲ့ အဖြေက Grammar ကြောင့်ပါပဲ။

Grammar သိနေရင်ဒီအချက်တွေ စိတ်ပူစရာမလိုတော့ဘဲ နှုတ်သွက်ပြီး စာကြောင်းမှန်တွေ တည်ဆောက်လာနိုင်မှာဖြစ်ပါတယ်။

✅3) ပညာရပ်အတွက် လေ့လာတာ
*********************************
သူငယ်ချင်းတွေနဲ့ အလ္လာပသလ္လာပ ပြောရင် Grammar အသုံးအရေးမကြီးပေမယ့် လုပ်ငန်းခွင် Presentation တွေ၊ International Exam တွေဖြေတဲ့အခါတော့ Grammar စံနှုန်းကအရေးကြီးတဲ့ အပိုင်းဖြစ်လာပါတယ်။ ဒါ့ကြောင့် ပညာရပ်ဆိုင်ရာ စာမေးပွဲတွေ၊ရာထူးတိုးတွေဖြေတဲ့အခါ သဒ္ဒါမတတ် စာမတတ်မဖြစ်ရလေအောင် လေ့လာထားရပါမယ်။

✅4) English စာ Level မြင့်ချင်တာ
**********************************
English စာလေ့လာရင်းနဲ့ Level တစ်ခုမှာ အကြာကြီးဖြစ်ပြီး ရှေ့ဆက်မတိုးနိုင်ဖြစ်ဖူးသလား။ Level မြင့်ချင်တယ်။Test တွေဖြေတိုင်း ဒီlevel မှာပဲ ဝေ့နေတယ်ဆိုရင် ဒါဟာ Grammar ပြသာနာပါပဲ။ Complex Ideas တွေ၊ စိတ်ကူးဉာဏ်ကွန့်ချင်တယ်ဆိုရင်တော့ Beginner ကနေ Intermediate ရောက်ဖို့၊ Advanced (အဆင့်မြင့်တန်း) ထိရောက်ဖို့အတွက် Grammar လေ့လာမှု အမှန်တကယ်လိုအပ်တယ်ဆ်ိုတာပါပဲ။

🌳🌳TTA ကတော့ Grammar အုတ်မြစ်ကိုအခြေခိုင်အောင်တည်ဆောက်ပေးတယ်။ ပြီးတော့ Language Skills 4ခုလုံးမှာ အချိတ်အဆက်မိအောင် Train ပေးတယ်။ဒါ့ကြောင့်လည်း ရလာဒ်ကောင်းတွေပိုင်ဆိုင်ပြီး ကျောင်းသားတ်ိုင်း Grammarတော်နေရပါမယ်။

With Love

15/05/2026

🌳ပြောမထွက် မပြောရဲဖြစ်နေလား🌳
----------------------------------------------------------

💭စာတွေချည်းလည်း မသင်ချင်ဘူး။ ပေါ့ပေါ့ပါးပါးနဲ့ English စာကို အပြောလေ့ကျင့်ချင်တယ်ဆိုရင်တော့ Speaking Partner လိုက်ိုလိုနေပြီပေါ့။

🗨️Speaking Partner ဘာလို့လိုအပ်မှာလဲ?
-----------------------------------------------------------------

✅အပြောမှာ Confident ရှိစေဖို့
--------------------------------------------------
အဖော်နဲ့ပြောတဲ့အခါ ကြောက်စိတ်မရှိတော့ဘူး ပြောရဲ ပြောသွက်လာမယ်။ အကြောက်တရားကိုကျော်လွှားနိုင်မယ်။

✅ လက်တွေ့အသုံးချန်ိုင်ဖို့
--------------------------------------------
များများပြောတဲ့အခါ အရင်မှတ်ထားကျက်ထားတဲ့ စကားလုံးတွေ သုံးတတ်လာမယ်။
စကားလုံးတွေ မှတ်မ်ိ ပိုကြွယ်လာမယ်။
စာကြောင်းတွေကို မှန်မှန်တည်ဆောက်နိုင်မယ်။
အကြောင်းအရာစုံကို မြန်မြန်စဉ်းစားနိုင်လာမယ်။
Idea စုံကို ဖော်ပြနိုင်လာမယ်။

✅ပြောတာကော နားထောင်တာကော တပြိုင်တည်းတိုးတက်စေဖို့
----------------------
💭Listening skills ကြောင့်
‼️Accents
‼️Speed
‼️Natural Speaking Styles ရရှိလာပြီး
Speaking ပြောဖို့အတွက် အထောက်အကူပြုတဲ့ Fluency and Content Ideas အသစ်တွေရလာပါမယ်။

💭 Feedback တွေရစေဖို့
-----------------------------------------
တစ်‌ယောက်တည်းပြောတာက အလေ့အကျင့်ကောင်းဆိုပေမယ့် ပြင်ဆင်ရမယ့် Feedback ကောင်းတွေတော့မရလာနိုင်ပါဘူး။အဖော်နဲ့ဆိုရင်တော့ သူကအမှားထောက်ပေးနိုင်တယ် (သို့) သူပြောတာနားထောင်ရင်း ကို့ရဲ့အားနည်းချက်တွေကို မြင်နိုင်လာပြီး Self-Correction လုပ်နိုင်လာပါမယ်။

🌳Motivation ရစေဖို့
----------------------------------
တစ်ယောက်တည်း Self-Studyလုပ်ရင် ပျင်းရိပြီး ရှေ့ဆက်မတိုးချင်ဖြစ်တာတွေကို Speaking Partners တွေက ဖယ်ရှားပေးနိုင်ပါတယ်။ အပြန်အလှန်ပြောဆိုရင်းနဲ့ လေ့လာရမယ့်အသစ်အသစ်တွေ တွေ့ရှိလာမယ်။ အတွေးတွေဖလှယ်မယ်။ စကားပြောနေရလို့ မပျင်းတော့ဘူးပေါ့။

📚 Topic အစုံနှံစပ်လာဖို့
--------------------------------------
ကိုယ့်ဘာသာဆို ကိုယ်အားသန်တဲ့ Topicsတွေကိုပဲ ပြောချင်လုပ်ချင်တယ်။ Speaking ပြောတယ်ဆိုတာ Challenges တွေအများကြီးကို ကျော်ဖြတ်ရတာမို့ အဖော်အပေါင်းနဲ့ဆိုရင် ကို့အားနည်းချက် သူအားသာနိုင်သလို ကိုကျွမ်းကျင်တဲ့ နယ်ပယ်ဆိုလည်း သူ့အတွက်မှတ်စရာတွေရှိလာမှာမို့ အပြန်အလှန် စကားပြောဆိုချင်းက လိုအပ်ပါတယ်။

💁‍♀️ဒီတော့ Speaking Partner ရှာလိုသူတွေအတွက် TTA ရဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက Scholarship Winners တွေ၊ IELTS,Duolingo,TOFEL High Achievers တွေနဲ့ သင်ယူနိုင်ဖို့ စီစဉ်ပေးထားပါတယ်။

🥰စိတ်ပါဝင်စားသူများ Comments မှာဖြစ်စေ Chat Box မှာဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

With Love

13/05/2026

*Training Tree Academy's Proud Moments*

Alumini Achievements🌳

🎈Eaint Yadana🎈

🥰ဒီ Profile လေးကတော့ TTAရဲ့ Life Long Learner လေးတစ်ယောက်ဖြစ်တဲ့ အိမ့်ရတနာရဲ့ Profile ပါ။

🌳University – Thaksin University

🌳Volunteer Experience- 2023– 2025 (2.5 years)

🌳Teaching Experience - 2025-2026 (1.5 years)

🌳GED Result – Social Studies – 169 Science – 168 Math – 179 RLA – 165 (Total – 681)

🌳IELTS Result (2024) – Reading-7.5 Listening -8.5 Writing-6.5 Speaking-6

🌳English Level – C1 Level (from the British Council EnglishScore app)

🌳Years Studied – 2015 – 2025 (10 years)

🌳ထူးချွန်ကျောင်းသူလေးတစ်ယောက်ဖြစ်တဲ့ အိမ့်ရတနာရဲ့ English စာ ခရီးလမ်းမှာ အကူအညီကောင်းဖြစ်ခဲ့လို့ TTA က ဂုဏ်ယူမိပါတယ်။

With Love

11/05/2026

🌳*Training Tree Academy's Proud Moments*🌳

🌳Alumini Achievements🌳

🎈Ei Ei Tong 🎈

👉 Incoming student at Zhejiang University – International School of Medicine (ZJU-ISM), September Intake
👉 Recipient of the Elite Student (Lu-Yee-Chun) award for three consecutive academic years (2023–2025)
👉 Alumna of Sakura Science High School Programme (SSHP) in 2023; one-week educational visit to Japan
👉 IELTS Overall Band Score: 8.0

🌳Zhejiang University – International School of Medicine (ZJU-ISM) ၏ စက်တင်ဘာလဝင်ခွင့်အတွက် ရွေးချယ်ခံထားရသော ကျောင်းသူ...
🌳Elite Student (Lu-Yee-Chun) ထူးချွန်ဆုကို (၂၀၂၃ ကနေ၂၀၂၅ ခုနှစ်အထိ) သုံးနှစ်ဆက်တိုက် ရရှိထားသူ...
🌳Sakura Science High School Programme (SSHP) 2023 ၏ ကျောင်းသူဟောင်းတစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံသို့ တစ်ပတ်ကြာ ပညာရေးလေ့လာရေးခရီး သွားရောက်ခဲ့သူ...
🌳IELTS စာမေးပွဲတွင် Overall Band Score 8.0 ရရှိထားသူ...

🌳TTA ၏ English စာသင်တန်းကို Grade 4မှ Grade 12 ထိ စဉ်ဆက်မပြတ်တက်ရောက်ခဲ့ပြီး IELTS ပြင်ဆင်ခဲ့သူ Band Score -8.0 High Achiever Ei Ei Tong ရဲ့ Profile ပဲဖြစ်ပါတယ်။

With Love

Photos from Training Tree Academy's post 10/05/2026

*Skills-Focused Courses*
*Grammar Course*

🌳Training Tree Academy ရဲ့ လေ့လာအားကောင်းတဲ့ကလေးများရဲ့ Grammar သင်ယူနေပုံများပါ။

📝Grammar Lesson တစ်ခုသင်ပြီးတိုင်း Test တွေ‌ဖြေဆိုရတဲ့အပြင် လက်တွေ့တခြား Skills တွေမှာ အသုံးချနိုင်ဖို့ Novels, Short Stories ‌တွေ ဖတ်ရပါတယ်။ Translation ကောင်းကောင်းလုပ်တတ်အောင် Harry Potter Original Books တွေဖတ်ပြီး Train ပေးလို့ Concentration Skills အားကောင်းစေပါတယ်။

🌳📝We give a Quality Education through different courses.

🌳သင်တန်းစုံစမ်းနိုင်ပါတယ်ရှင်။

With Love

-Focused

Photos from Training Tree Academy's post 09/05/2026

"Training Tree Academy အကြောင်း"

🌳💁‍♀️Teacher တို့ရဲ့ Training Tree Academy နဲ့မိတ်ဆက်ပေးပါရစေ။

🌳Training Tree Academy က Tr များကတော့ အတွေ့အကြုံ နှစ်ပေါင်း 20နှစ်ကျော်ရှိတဲ့ ဆရာမများက ဦးစီးသင်ကြားပေးပြီး ဘာသာစကားကျွမ်းကျင်မှု၊စာသင်သက် အတွေ့အကြုံ၊ သင်ကြားမယ့်ဘာသာရပ်အပေါ်နားလည်တတ်ကျွမ်းမှု၊ ‌လေ့လာပြင်ဆင်အားကောင်းမှု၊ စိတ်ရှည်စွာသင်ကြားနိုင်မှု၊ အချိန်တိကျမှု စတဲ့ အခြေခံ အချက်များကို အလေးပေးပြီးဖွဲ့စည်းထားတဲ့ *A Strong Community* တစ်ခုပဲ ဖြစ်ပါတယ်။

🌳TTA က နေ မွေးထုတ်ပေးလိုက်တဲ့ ကျောင်းသားကျောင်းသူများသည် English စာ တတ်ကျွမ်းမှုကိုအခြေခံ၍ " ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ထိပ်တန်းတက္ကသိုလ်များတွင် ပညာဆည်းပူးကြသူများ၊ သုံးထပ်ကွမ်းလူရည်ချွန်များ၊ The Whole Burma ထူးချွန်သူများ၊ IELTS High Achievers များ၊ TOEFL and Duolingo High Score Holdersများ၊ Cambridge Exam High Scorers များကို စဉ်ဆက်မပြတ်မွေးထုတ်ခဲ့ပြီး ဖြစ်ပါတယ်။

✅ကလေးများရဲ့ English စာအနာဂတ်အတွက် စိတ်ချစေချင်သောမိဘများ၊
✅International Exams များမှာ အမှတ် ကောင်းကောင်းနဲ့ အောင်မြင်လိုသူ လူငယ်၊လူကြီးများ၊
✅English စာကို အခြေခံမှစ အဆင့်မြင့်ထိ လေ့လာလ်ိုသူများ
✅Skillတစ်ခုခြင်းစီကို တိုးတက်လိုသူများ
✅"Speaking" သီးသန့်လေ့ကျင့်ဖို့အတွက် "Speaking Partner" လိုအပ်သူများ
✅"Reading and Translation" ကျွမ်းကျင်လိုသူများ
✅IGCSE,GED စတဲ့ English စာနဲ့ပတ်သက်တဲ့ Instructor လိုအပ်သူများအတွက် "A Secure Knowledge House" ကြီးတစ်ခုဖြစ်ပါတယ်။

🌳👩‍🎓သင်ကြားရေးနဲ့ပတ်သက်တဲ့ Feedback ကောင်းတွေရရှိထားပြီး သင်ကြားရေးနည်းလမ်းပေါင်းများစွာက်ို အသုံးပြုပြီး Student-Centered Approach ဖြင့် သင်ကြားပေးနေသော TTA မှ အုပ်ချုပ်သူ ဆရာ/ဆရာမများဖြင့် မိတ်ဆက်လိုက်ပါသည်ရှင်။

👇👇👇👇👇👇👇👇👇👇👇👇
With Love

'Profile

Want your school to be the top-listed School/college in Pathein?
Click here to claim your Sponsored Listing.

Category

Address

Yangon
Pathein
11011