Learn Chinese with Shwe Yee
行而不辍,终会发光
🌿 Learn Chinese Step by Step
📚 HSK • Speaking • Daily Chinese • Chinese Culture
Part 1
#တရုတ်စာလေ့လာကြမယ်
အစောမျှဝေတာလေးတွေက အကျိုးရှိမယ်လို့မျှော်လင့်ပါတယ် နောက် vedio တွေမှာပြန်တွေ့မယ်နော်
#တရုတ်စာလေ့လာကြမယ် #西南民族大学
21/07/2026
哈喽 哈喽👋👋👋
📌✨ Basic Chinese + HSK 1 Online Class ✨📌
📌 တရုတ်စာကို အခြေခံမှ စနစ်တကျ သင်ယူချင်သူများအတွက်
📌 တရုတ်စာကို လုံးဝ မသိသေးဘူးလား?
📌 Pinyin အသံထွက်ကို မှန်မှန်ကန်ကန် သင်ချင်လား?
ဒီလိုဆိုရင်တော့ Study Chinese with Shwe Yee ကိုသာ ရွေးချယ်လိုက်ပါနော်။ 🥰
🎯 တတ်ရောက်သင့်သူများ
✔ တရုတ်စာ လုံးဝ အခြေခံမရှိသူ
✔ Pinyin + အသံထွက်ကို အစမှ သေချာလေ့လာချင်သူ
✔ HSK 1 ကို နားလည်ပြီး ဖြေဆိုလိုသူ
✔ China Study Plan ရှိသူများ
📚 သင်ကြားပေးမည့်အကြောင်းအရာများ
🔹 Pinyin နှင့် အသံထွက်အခြေခံ
🔹 HSK 1 Vocabulary + Sentence Structure
🔹 အခြေခံ Grammar (အသုံးချနိုင်အောင်)
🔹 Listening & Speaking Practice
🔹 HSK 1 Exam Preparation
🗓 Class Schedule
🛎️ 5 August
📅 Wed, Thu, Fri (ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ)
⏰ ည ၇:၃၀ – ၉:၃၀
⌛ သင်တန်းကာလ – ၂ လ
💻 Online Class (Zoom)
💰 သင်တန်းကြေး – ၁၂၀,၀၀၀ ကျပ်
💡 သင်ကြားပုံစံ
✅ မြန်မာလို နားလည်လွယ်အောင် ရှင်းပြပေးခြင်း
✅ Student တစ်ယောက်ချင်းစီကို လိုက်လံဂရုစိုက်သင်ကြားပေးခြင်း
✅ အလွတ်ကျက်မဟုတ်ဘဲ နားလည်မှုအခြေခံ သင်ကြားပေးခြင်း
👩🏫 ဘယ်သူ သင်မှာလဲ
🇨🇳 လက်ရှိ တရုတ်ပြည်တွင် တက္ကသိုလ်တက်ရောက်နေသော Laoshi မှ သင်ကြားပေးမည်။
ဒီအတန်းသည် တရုတ်စာကို အခြေခံမှ ခိုင်မာစွာ စတင်လိုသူများအတွက် အကောင်းဆုံး First Step ဖြစ်ပါတယ်။ 🌟
📩 စိတ်ဝင်စားပါက Messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။
#西南民族大学 #တရုတ်စာလေ့လာကြမယ် #媚蝶
Learning Chinese isn't easy, but it's easier than you think. One small step every day makes a big difference. 🇨🇳✨
ပထမဆုံးအသံသွင်းတဲ့ vedio လေးမို့ အမှားပါရင်ခွင့်လွတ်ပါရှင့်
14/06/2026
HSK 1 zoom calss လေး အတန်းပြီးလို့ ကျောင်းသားတွေရဲ့ စာမေးပွဲဖြေထားတဲ့ရမှတ်လေးတွေနဲ့ အမှတ်တရပုံလေး ပထမဆုံး စခဲ့တဲ့ zoom calss group အတန်းလေးလည်းဖြစ်သလို အမှတ်တရတွေအများကြီးရှိခဲ့တဲ့အတန်းလေးပုံ တစ်ဖွဲ့လုံးမှာ အရွယ်စုံပါတာရယ်
24/05/2026
Hello ဒါလေးတွေကတော့ အစော မနှစ်ကရခဲ့တဲ့ကျောင်းတွေရဲ့ admission letter လေးတွေပါ
အခုနှစ်လျှောက်ထားတဲ့ကလေးတွေလည်း အရမ်းကြီး စိတ်လောပြီး ဖိအားအရမ်းမပေးကြပါနဲ့နော် ကိုယ့်အတွက်အခွင့်အရေး ရလာရင် အကောင်းဆုံးအသုံးချတတ်အောင် ကြိုတင်ပြင်ဆင်ထားပါနော်
Edit: Nankai University ကလည်း ဝင်ခွင့်တော့ရခဲ့ပါသေးတယ် Admission letter ရှာမတွေ့တော့လို့ရယ်
09/05/2026
常用汉语 900句
441.还有别的办法吗?
Hái yǒu bié de bànfǎ ma?
နောက်ထပ်နည်းလမ်းတွေရှိသေးမလား။
442.你问问快递公司。
Nǐ wènwen kuàidì gōngsī.
နင် delivery ကုမ္ပဏီတွေကို မေးကြည့်ပါ။
443.他们的价格也不便宜。
Tāmen de jiàgé yě bù piányi.
သူတို့ရဲ့ဈေးကလည်းမနည်းဘူး။
444.您忘了写邮政编码了。
Nín wàngle xiě yóuzhèng biānmǎ နင်စာတိုက်ကုတ်ရေးဖို့မေ့နေတယ်။
445.这些长城的明信片很不错。
Zhèxiē Chángchéng de míngxìnpiàn hěn búcuò.
ဒီ မဟာတံတိုင်း (Great wall)က အမှတ်တရပစ္စည်းတွေက အရမ်းကောင်းပါတယ်။/မဆိုးဘူး။
446.我更喜欢这些。
Wǒ gèng xǐhuan zhèxiē.
ငါဒီဟာလေးတွေကို ပိုကြိုက်တယ်။
447.我们想看看这些明信片。
Wǒmen xiǎng kànkan zhèxiē míngxìnpiàn.
ငါတို့ဒီအမှတ်တရပစ္စည်းတွေကို ကြည့်ချင်တယ်။
448.单买可以吗?
Dān mǎi kěyǐ ma?
တစ်ခုချင်း ဝယ်လို့ရလား။
449.我想要这些张。
Wǒ xiǎng yào zhèxiē zhāng.
ငါဒါလေးတွေကို ဝယ်ချင်ပါတယ်။
450.我要两套这种的。
Wǒ yào liǎng tào zhè zhǒng de.
ငါဒီအမျိုးအစားကို နှစ်စုံယူမယ်။
451.寄几张明信片。
Jì jǐ zhāng míngxìnpiàn.
အမှတ်ပစ္စည်းတချို့ပို့ချင်ပါတယ်။
452.寄到哪儿?
Jì dào nǎr?
ဘယ်နေရာကို ပို့မှာလဲ။
453.一张是寄到美国的。
Yì zhāng shì jì dào Měiguó de.
တစ်စောင်ကတော့ အမေရိက ကို ပို့မှာပါ။
454.你明白我的意思吗?
Nǐ míngbái wǒ de yìsi ma?
နင် ငါပြောတဲ့အဓိပ္ပါယ်ကို နားလည်လား။
455.这里是平安宾馆。
Zhèlǐ shì Píng’ān Bīnguǎn.
ဒီနေရာက 平安(ဖျင်အန်း) ဟိုတယ် ဖြစ်ပါတယ်။
456.我想订一个房间。
Wǒ xiǎng dìng yí ge fángjiān.
ငါအခန်းတစ်ခန်းဘိုကင်လုပ်ချင်ပါတယ်။
457.你能先说一下价格吗?
Nǐ néng xiān shuō yíxià jiàgé ma?
နင်အရင်ဆုံး ဈေးနှုန်းက ဘယ်လောက်လဲဆိုတာ ပြောပြပေးနိုင်မလား။
458.每天三百元。
Měitiān sānbǎi yuán.
တစ်ရက် ၃၀၀ ယွမ် ဖြစ်ပါတယ်။
459.包括早餐吗?
Bāokuò zǎocān ma?
နံနက်စာ ပါလား။
460.不包括。
Bù bāokuò.
မပါပါဘူး။
#媚蝶 #常用汉语900句 #တရုတ်စာလေ့လာကြမယ် #西南民族大学
04/05/2026
常用汉语900句
421. 下一个服务站还有多远?
Xià yí ge fúwùzhàn hái yǒu duō yuǎn?
နောက်ထပ် ဝန်ဆောင်မှုစခန်း (service center) က ဘယ်လောက်လောက် ဝေးသေးလဲ။
422. 天快黑了。
Tiān kuài hēi le.
မကြာခင် မှောင်တော့မယ်။
423. 找不到加油站就麻烦了。
Zhǎo bù dào jiāyóuzhàn jiù máfan le.
ဓါတ်ဆီဆိုင်ရှာမတွေ့ရင် ဒုက္ခပါပဲ။
424. 都怪我。
Dōu guài wǒ.
အားလုံးကငါ့အပြစ်တွေပါ။
425. 这儿可以停车吗?
Zhèr kěyǐ tíngchē ma?
ဒီနေရာမှာ ကားရပ်ထားလို့ ရလား။
426. 有没有去云南的线路?
Yǒu méiyǒu qù Yúnnán de xiànlù?
ယူနန်ထိ သွားတဲ့ ခရီးစဉ်လမ်းကြောင်း (tour route) ရှိလား။
427. 我想看看行程安排。
Wǒ xiǎng kànkan xíngchéng ānpái.
ငါခရီးစဉ် အစီအစဉ်တွေကို ကြည့်ချင်တယ်။
428. 你们一定不会失望的。
Nǐmen yídìng bú huì shīwàng de.
နင်တို့ သေချာပေါက်စိတ်ပျက်မှာမဟုတ်ပါဘူး။
429. 我们以前去过。
Wǒmen yǐqián qùguo.
ငါတို့ အရင်က သွားဖူးတယ်။
430. 不希望时间安排得太紧。
Bù xīwàng shíjiān ānpái de tài jǐn.
အချိန်အစီအစဉ်ကို အရမ်းလောတာမလိုချင်ဘူး။
431. 想去放松放松。
Xiǎng qù fàngsōng fàngsōng.
အေးအေးချမ်းချမ်းပဲ သွားချင်တယ်။
432. 我现在还不能决定。
Wǒ xiànzài hái bù néng juédìng.
ငါအခုထိတော့ သေချာမဆုံးဖြတ်နိုင်သေးဘူး။
433. 我先回去跟太太商量一下。
Wǒ xiān huíqù gēn tàitài shāngliang yíxià.
ငါအရင်ပြန်ပြီးဇနီးနဲ့ တစ်ချက် ဆွေးနွေးလိုက်မယ်။
434. 我想寄包裹。
Wǒ xiǎng jì bāoguǒ.
ငါပါဆယ်ပို့ချင်ပါတယ်။
435. 是在这儿买纸箱子吗?
Shì zài zhèr mǎi zhǐxiāngzi ma?
ဒီနေရာမှာပဲ စာတိုက်သုံး သေတ္တာ ဝယ်ရတာလား။
436. 都是一些送朋友的小礼物。
Dōu shì yìxiē sòng péngyou de xiǎo lǐwù.
အားလုံးကသူငယ်ချင်းကို ပေးမယ့် လက်ဆောင်တွေပါပဲ။
437. 寄到加拿大。
Jì dào Jiānádà.
ကနေဒါကို ပို့ပါမယ်။
438. 航空的多少钱?
Hángkōng de duōshǎo qián?
လေကြောင်းနဲ့ပို့ရင်ဘယ်လောက်ကုန်မှာလဲ။
439. 多长时间能到?
Duō cháng shíjiān néng dào?
ဘယ်လောက်ကြာမှ ရောက်မလဲ?
440. 最少三个月。
Zuìshǎo sān ge yuè.
အနည်းဆုံး သုံးလ လောက်ကြာမယ်။
#媚蝶 #常用汉语900句 #တရုတ်စာလေ့လာကြမယ် #西南民族大学
Click here to claim your Sponsored Listing.
Category
Website
Address
Pegu