New Holland Pyay

New Holland Pyay

Share

ထွန်စက် နှင့် နောက်တွဲကိရိယာများ

03/08/2026

New Holland Tractor

မကွေး နဲ့ မင်းဘူးက မိတ်ဆွေတောင်သူများက အရစ်ကျစနစ်နဲ့ စက်ထုတ်လို့ရလားဆိုလို့။
ဟုတ်ကဲ့။
ကနဦးသွင်းငွေ ၅၀ရာခိုင်နှုန်းနဲ့ ၂နှစ်အရစ်ကျရပါတယ်နော်။

09765488645
09765488630

03/08/2026

🌧️ မိုးရာသီ ရေကြီးရေမြုပ်ချိန်မှာ သင့်ထွန်စက် ဘေးကင်းဖို့ လိုက်နာရမယ့် အရေးကြီးနည်းလမ်းများ မျှဝေခြင်း အပိုင်း (၂) 🚜

🚜အကယ်၍ မိမိ၏ထွန်စက်သည် "စင်"ထိုး၍ ထားရခြင်း (သို့)
📌 ‌မိမိ၏ထွန်စက်နေရာသည် ရေလွတ်ရာနေရာသို့ ပြောင်းရွှေ့ရန် မဖြစ်နိုင်ပါက -

(က) မိမိဖြုတ်နိုင်သမျှ လျှပ်စစ်ပစ္စည်းများ အားလုံးဖြုတ်၍ ရေလွတ်ရာတွင် ကြိုတင်သိမ်းထားပါ။ (ဒိုင်နမို၊မော်တာ၊ဒက်ရှ်ဘုတ်၊ဘက်ထရီအိုး၊ရှေ့မီးကြီး၊ ဟွန်း၊မီးခလုတ်များ အားလုံး စသည်ဖြင့် .....)

(ခ) မိမိတွင် အင်ဂျင်ဝိုင်၊ ဂီယာဝိုင်၊ဟိုက်ဒရောလစ်ဝိုင် အသစ်များ လုံလောက်စွာ ရှိပါက ဂီယာဘောက်စ်၊ ပါဝါစတီယာရင် စနစ်၊ အင်ဂျင်ဝိုင်တို့ကို ထည့်သည့်အပေါက်မှ "လျှံ" ကျသည် အထိ ထည့်ပြီး ပလတ်စတစ်ဖြင့် သေချာစွာ ပိတ်ထားခဲ့ပါ။

(ဂ) အကယ်၍ မိမိ အစီအစဉ်ဖြင့် နော်ဇယ်များ ဖြုတ်သိမ်းနိုင်ပါက နံပါတ်ဝမ်း ပစ်စတင်(piston)ကို TDC(ထိပ်ဆုံးအနေအထား)နှင့် BDC(အောက်ဆုံးအနေအထား)ကြား အလယ်တွင်ထားရှိ၍ အင်ဂျင်ဝိုင်များကို နော်ဇယ်ပေါက်များမှ အပြည်ဖြည့်ပြီး ထားခဲ့ပါ။
အကယ်၍ နော်ဇယ်များဖြုတ်ရန်အဆင်မပြေပါက လေစစ်(air cleaner)ကို ဖြုတ်၍ Inlet manifold (လေဝင်ပိုက်)မှတဆင့် အင်ဂျင်ဝိုင်များဖြည့်ထားခဲ့ပါ၊၊

(ဃ) ဂီယာဘောက်(transmission)၊အင်ဂျင်(engine) ၊ဟိုက်ဒရောလစ်စနစ်(hydraulic system)၊ စတီယာရင်စနစ်(power steering system) စသည့်နေရာများအားလုံး သို့ သတ်မှတ်ထားသည့် ဆီများ အပြည့် ဖြည့်ထားရန်လိုအပ်ပါသည်။(ထွန်စက် ရေမြုပ်သွားပါက ပြင်ပမှရေများသည် အတွင်းသို့ မဝင်ရောက်နိုင်စေရန်နှင့် ရေနှင့်ဆီ လုံးဝမရောသွားစေရန် ဖြစ်ပါသည်။သတ်မှတ်သည့် ဆီများမရှိပါက အင်ဂျင်ဝိုင်အဟောင်း(သို့)ဂီယာဝိုင် အဟောင်း (သို့)ဒီဇယ်ဆီ အဟောင်း(သို့)ဒီဇယ်ဆီ များကို အပြည့်ဖြည့်သွင်းထားရပါမည်။)
သတ်မှတ် ထားသောဆီ များ အပြည့်ဖြည့်ပြီးပါက ရေပြန်ကျသွားသောအခါတွင် ၎င်းဆီများကိုထုတ်၍ (သတ်မှတ် လယ်ဗယ် အတိုင်း)သာချန်ထားပြီး ပြန်လည်အသုံးပြုနိုင်ပါသည်။

(င) ထွန်စက် ရှေ့ဝင်ရိုး(front axle)၊ဖိုးဝှီးရှပ်(propeller shaft)၊‌နောက်ဘီးအုံ(rear hub)၊ရှေ့ဟတ်(front hubs)၊ဖိုးဝှီးအုံ(transfer case)စသည့် နေရာများအားလုံးသို့ သတ်မှတ်ဆီများကို အထက်ပါအတိုင်း အပြည့်ဖြည့်ထားရန် လိုအပ်ပါသည်။

အကယ်၍ လူကြီးမင်းသည် နယူးဟော်လန် ထွန်စက် အသုံးပြုနေပါက ဤ(င) ပါ လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် မလိုအပ်ပါ။နယူးဟော်လန် ထွန်စက် အားလုံးသည် waterproof drive line(ရေလုံစည်း)များဖြစ်ပါသည်။

(စ) ရေထဲဖြတ်မောင်းမိသည့်အခါဖြစ်‌‌စေ၊ ‌ရေလုံးဝမြုပ်သည့်အခါ ဖြစ်စေ အကူအညီများ လိုအပ်ပါက အောက်ဖော်ပြပါ နယူးဟော်လန် ရုံးခွဲများသို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါသည်။

🏢 ဆက်သွယ်ရန် ရုံးခွဲများနှင့် Service Hotline များ ☎️
ရန်ကုန်ရုံးချုပ်: 📲 09 765 488 604, 605, 606

မန္တလေးရုံး: 📲 09 765 488 638

နေပြည်တော်ရုံး: 📲 09 765 488 643

ဟဲဟိုးရုံး: 📲 09 765 488 626

ပခုက္ကူရုံး: 📲 09 765 488 651

ပုသိမ်ရုံး: 📲 09 765 488 661

ဟင်္သာတရုံး: 📲 09 765 488 622

ပြည်ရုံး: 📲 09 765 488 632

‌ထွန်စက် ရေမြုပ်သွား၍ဖြစ်စေ၊ ရေထဲဖြတ်မောင်း၍ ဖြစ်စေ အတွင်းသို့ ရေဝင်ခဲ့ပါက ပြန်လည်ပြင်ဆင်ရမည့် ကုန်ကျစရိတ်သည် အလွန်(လွန်စွာ) များပြားပါသည်။ အကယ်၍ လူကြီးမင်းမှ အထက်ပါ (ဂ)၊(ဃ)၊(င)အတိုင်း ကြိုတင်ဆောင်ရွက်နိုင်ပါက ပြန်လည်ပြင်ဆင်ရမည့် စရိတ်သည်အလွန်(လွန်စွာ)သက်သာပါသည်။

New Holland Agriculture Myanmar
With you, Season after Season
"သင်နှင့်အတူ သီးနှံရာသီချိန်တိုင်းတွင် အမြဲရှိနေမည်။"

03/08/2026

🌧️ မိုးရာသီ ရေကြီးရေမြုပ်ချိန်မှာ သင့်ထွန်စက် ဘေးကင်းဖို့ လိုက်နာရမယ့် အရေးကြီးနည်းလမ်းများ မျှဝေခြင်း အပိုင်း (၁) 🚜

🚜 မိမိထွန်စက်သည် ရွှေ့လျားနိုင်သော စက်ဖြစ်ပါက (📌စက်နှိုး မောင်းနှင်၍ ရသေးလျှင်)

နယူးဟော်လန် ထွန်စက် ပိုင်ရှင်ကြီးများနှင့် တခြားထွန်စက်သုံး လူကြီးမင်းများ ခင်ဗျား ...
ယခုကဲ့သို့ မိုးရာသီတွင် ရေကြီးရေမြုပ် ဖြစ်ပေါ်လာသည့်အခါ ထွန်စက်ဘေးကင်း လုံခြုံရေး အတွက် လိုက်နာဆောင်ရွက်ရမည့် အောက်‌ဖော်ပြပါနည်းလမ်းများကို လိုက်နာကြပါရန် လေးစားစွာ အကြံပြုတင်ပြအပ်ပါသည်။

၁။ ဒေသဆိုင်ရာ အာဏာပိုင်များ၏ လမ်းညွှန်ချက်များကို ဂရုတစိုက် နားထောင်၍ လိုက်နာကျင့်သုံးပါ။

၂။ မိုးလေဝသ ဦးစီးဌာန၏ မိုးလေဝသ သတင်းများကို အမြဲနားထောင်ပါ။ (မသေချာသော ကောလဟလ သတင်းများကို မယုံကြည်မိစေရန် အရေးကြီးပါသည်။)

၃။ ယခု လက်ရှိ မိမိ၏ထွန်စက်သည် ထားရာနေရာမှ လမ်းမကြီးသို့ ဆက်သွယ် သွားလာနိုင်ပါက -

(က) ဆီ၊ရေ၊လေ၊ဝိုင်၊ ပန်ကာကြိုးစစ်ပါ။ ဆီတိုင်ကီထဲသို့ ဆီအပြည့်ဖြည့်ပါ။ ပန်ကာကြိုးအပို တစ်ချောင်းကို ထွန်စက်နှင့် အတူထားရှိပါ။
(ခ)အမဲဆီထိုးရမည့်နေရာများအားလုံး အမဲဆီ ထိုးထားပါ။
(ဂ) ရှေ့မီးကြီး၊ဘက်ထရီအိုး၊ဒိုင်နမို၊မော်တာ ကောင်းမွန်စွာအလုပ်လုပ်နိုင်ရန် စစ်ဆေးထားပါ။
(ဃ) ရေလွတ်ရာနေရာသို့ ထွန်စက်ကို ရွှေ့ရန်အတွက် ထွန်စက်ကိုရေထဲတွင် ဖြတ်မောင်းရန် လိုအပ်ပါက -

📌မိမိ၏ထွန်စက်သည် ( waterproof drive line) ရေလုံစည်း ဖြစ်ရန်လိုအပ်ပါသည်။ (မှတ်ချက်။ နယူးဟော်လန် ထွန်စက်အားလုံးသည် (waterproof drive line) ရေလုံစည်းများဖြင့် ဖွဲ့စည်းထားသောကြောင့် ပြင်ပမှ ရေများသည် ရှေ့ဝင်ရိုး၊ ဟတ်အုံ၊ ဖိုးဝှီးရှပ်၊ PTO ရှပ်၊ ရှေ့ yoke၊ propeller shaft တို့မှ ရေမဝင်ရောက်နိုင်ပါ။)

📌အခြား ထွန်စက်ပိုင်ရှင်များအတွက် ရှေ့ဝင်ရိုး ဂီယာဝိုင်ကို အပြည့်ဖြည့်ထားရပါမည်။ ရှေ့ဝင်ရိုးနှင့် ဖိုးဝှီး ဟတ်အုံ၊ဖိုးဝှီး case တို့တွင် ဆီလယ်ဗယ်ကို အပြည့်ဖြည့်ထားရပါမည်။ ရေထဲတွင်မောင်းရပါက ရေအမြင့်သည် ပန်ကာရွက်နှင့် ထိနေပါက ပန်ကာကြိုးကို ဖြုတ်ပြီး မောင်းနှင်ရပါမည်။မဖြုတ်မိပါက အင်ဂျင်၏လည်ပတ်နှုန်းအတိုင်း ပန်ကာရွက်များသည် ရေထဲတွင် လည်မိပါက ‌ကျိုးပဲ့၍ ရေတိုင်ကီကို ထိုးခွဲနိုင်ပါသည်။

(င)ရေလွတ်ရာနေရာသို့ မိမိထွန်စက်ရွှေ့မည့် လမ်းကြောင်းကို သေချာစွာစိစစ်ရွေးချယ်၍ မှတ်သားထားရပါမည်။ ရေများတက်လာပြီး လမ်းများရေမြုပ်နေသည့်အခါ လမ်းကြောင်းပြသပေးမည့်သူတစ်ဦး၏ အကူအညီဖြင့်သာ ထွန်စက်ကို ရွှေ့သင့်ပါသည်။

ရေထဲဖြတ်မောင်းမိသည့်အခါဖြစ်‌‌စေ၊ ‌ရေလုံးဝမြုပ်သည့်အခါ ဖြစ်စေ အကူအညီများ လိုအပ်ပါက အောက်ဖော်ပြပါ နယူးဟော်လန် ရုံးခွဲများသို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါသည်။

🏢 ဆက်သွယ်ရန် ရုံးခွဲများနှင့် Service Hotline များ ☎️
ရန်ကုန်ရုံးချုပ်: 📲 09 765 488 604, 605, 606

မန္တလေးရုံး: 📲 09 765 488 638

နေပြည်တော်ရုံး: 📲 09 765 488 643

ဟဲဟိုးရုံး: 📲 09 765 488 626

ပခုက္ကူရုံး: 📲 09 765 488 651

ပုသိမ်ရုံး: 📲 09 765 488 661

ဟင်္သာတရုံး: 📲 09 765 488 622

ပြည်ရုံး: 📲 09 765 488 632

‌ထွန်စက် ရေမြုပ်သွား၍ ဖြစ်စေ၊ ရေထဲဖြတ်မောင်း၍ ဖြစ်စေ အတွင်းသို့ ရေဝင်ခဲ့ပါက ပြန်လည်ပြင်ဆင်ရမည့် ကုန်ကျစားရိတ်သည် အလွန်(လွန်စွာ) များပြားပါသည်။ အကယ်၍ လူကြီးမင်းမှ အထက်ပါ (ဂ)၊(ဃ)၊(င)အတိုင်း ကြိုတင်ဆောင်ရွက်နိုင်ပါက ပြန်လည်ပြင်ဆင်ရမည့် စရိတ်သည်အလွန်(လွန်စွာ)သက်သာပါသည်။

New Holland Agriculture Myanmar
With you, Season after Season
"သင်နှင့်အတူ သီးနှံရာသီချိန်တိုင်းတွင် အမြဲရှိနေမည်။"

Photos from New Holland Pyay's post 27/07/2026

Power Harrow
ကြံတောင်သူကြီးများ အကြိုက်ဆုံးမြေပြင်ကိရိယာ

ကြံရာသီလည်း တဖြေးဖြေးနီးလာပြီဆိုတော့ ကြံတောင်သူကြီးများ ကြံစိုက်ပျိုးမြေပြုပြင်ရန်အတွက် Power Harrow များ New Holland Pyay မှာ ကြိုတင်၀ယ်ယူလို့ရပါပြီ။

09765488645
09765488630

Photos from New Holland Pyay's post 20/07/2026

⛈️မိုးရာသီကာလတွင် မီးစက်မထိခိုက်အောင် ဘယ်လိုထိန်းသိမ်းမလဲ ❓

မိုးရာသီကာလ ရောက်ရှိလာတာနဲ့အမျှ မီးစက်တွေကို မှန်ကန်စွာ ထိန်းသိမ်းအသုံးပြုနိုင်ခြင်းက စက်၏သက်တမ်းကို ကြာရှည်စေပြီး မလိုလားအပ်တဲ့ လျှပ်စစ်အန္တရာယ်များမှလည်း ကာကွယ်ပေးနိုင်ပါတယ်ရှင်။ ✨

မိုးရေ၊ စိုထိုင်းဆ၊ မိုးကြိုးအန္တရာယ်နဲ့ ရေဝင်မှုတွေကြောင့် Generator အတွင်းရှိ လျှပ်စစ်အစိတ်အပိုင်းများ ပျက်စီးနိုင်သလို၊ စက်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုတွေပါ ဖြစ်ပေါ်နိုင်ပါတယ်။

ဒါကြောင့် လုပ်ငန်းရှင်ကြီးတို့အနေနဲ့ စိတ်အေးရစေဖို့ မိုးတွင်းမှာ ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်ခင်ဗျာ။ 👇

၁။ မိုးရေတိုက်ရိုက်မထိအောင် ကာကွယ်ပါ 🌧️
Generator ကို မိုးရေတိုက်ရိုက်မကျနိုင်တဲ့ အမိုးအကာအောက်တွင်သာ စနစ်တကျ တပ်ဆင်ထားရှိရပါမယ်။

၂။ ရေမဝင်နိုင်တဲ့ မြင့်သောနေရာမှာ ထားပါ 🧱
ရေကြီးရေလျှံမှုနဲ့ ရေဝပ်တာတွေကြောင့် စက်အောက်ပိုင်း ရေဝင်ပြီး ဝါယာရှော့မဖြစ်စေဖို့ ရေမဝင်နိုင်တဲ့ မြင့်တဲ့နေရာတွေမှာ တပ်ဆင်ရပါမယ်။ အကောင်းဆုံးကတော့ Concrete slab (ကွန်ကရစ်ခုံတုံး) ပေါ်တွင် မြှင့်ပြီး ထားရှိပေးခြင်း ဖြစ်ပါတယ်။

၃။ Controller Panel ကို အမြဲစစ်ဆေးပါ 🎛️
မီးစက်ရဲ့ အဓိကဖြစ်တဲ့ Controller Panel ကို စိုထိုင်းဆနဲ့ ရေငွေ့တွေ မဝင်ရောက်နိုင်စေဖို့ အမြဲတမ်း ခြောက်သွေ့သန့်ရှင်းအောင် ထားရှိပေးဖို့ အထူးလိုအပ်ပါတယ်။

⚙️ ဘယ်လိုရာသီဥတုမျိုးမှာမဆို အကြမ်းခံပြီး စိတ်ချရတဲ့ Power စနစ်ကို လိုချင်တယ်ဆိုရင်တော့...

အီတလီနည်းပညာ FPT အင်ဂျင်ကို သုံးထားပြီး အာမခံချက် အပြည့်ရှိတဲ့ YHE Generators က လုပ်ငန်းရှင်ကြီးတို့အတွက် အသင့်တော်ဆုံး ဖြစ်မှာပါဗျာ။ မိုးတွင်းမှာ စက်ပိုင်းဆိုင်ရာ အကြံဉာဏ်ရယူလိုရင်ဖြစ်စေ၊ နည်းပညာပိုင်း စစ်ဆေးချင်ရင်ဖြစ်စေ ကျွန်တော်တို့ရဲ့ Service Team ဆီကို အခုပဲ ဖုန်းဆက်လိုက်ပါနော်။ 😉

09765488645
09765488630
09797211441

16/07/2026

မြင်းကောင်ရေကြီးကြီးနဲ့ အကောင်ဆုံးအရည်အသွေးတွေနဲ့မှ သုံးချင်ပါတယ်ဆိုတဲ့ ကြံတောင်သူကြီးများအတွက်
England နိုင်ငံထုတ် T6020
Horse Power - 112 hp

09765488645
09765488630
09797211441

16/07/2026

အချိန်ကုန်သက်သာပြီး အထွက်နှုန်းကို အဆမတန် မြှင့်တင်ပေးမည့် ပီလောပီနံစိုက်ခင်းကြားပေါင်းလိုက် မြေခွဲဘောင်တင်ကိရိယာ( Cultivator and Fertilizer applicator ) 👨‍🌾

ပီလောပီနံစိုက်ခင်းအတွက် သင့်တော်သောအချိန်တွင် ကြားပေါင်းလိုက်ခြင်း၊ ဘောင်လုံးမြေထပ်ခြင်း ၊မြေဆီကျွေးခြင်းစသည်တို့ကို ဂရုတစိုက်ပြုလုပ်ပေးရန်လိုအပ်ပါသည်။ ပင်ကြားတန်းကြား လေဝင်လေထွက်ကောင်းစေရန် နှင့် နေရောင်ခြည်ရရှိမှုညီမျှစေရန်၊ ပေါင်းမြက်ရှင်းလင်းနေစေရန် ဖြစ်ပါတယ်။ ဤသို့ဆောင်ရွက်ပေးခြင်းဖြင့်ပီလောပီနံပင် ဖွံ့ဖြိုးစေခြင်း၊ ပီလောပီနံ ဥပွားနှုန်းတက်ခြင်းနှင့်အလေးချိန် တိုးတက်စေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။

✅ကြားပေါင်းလိုက် မြေခွဲဘောင်တင်ကိရိယာ( Cultivator and Fertilizer applicator) ၏ အားသာချက်များ

ဤစက်သည် လုပ်ငန်းခွင်တစ်ခုတည်းတွင် ကြားပေါင်းသတ်ခြင်း၊ တန်းကြားထွန်ယက်ခြင်း၊ ဘောင်လုံးမြေထပ်ခြင်း၊ မြေဩဇာကျွေးခြင်းနှင့် မြေဩဇာကို မြေအောက်သို့ ပြန်လည်ဖုံးအုပ်ပေးခြင်း ဟူသော လုပ်ငန်း ၅ မျိုး (5 in 1) ကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ပေးနိုင်သောကြောင့် အချိန်နှင့် လုပ်အားကို များစွာ သက်သာစေပါတယ်။

✅ကြားပေါင်းလိုက် မြေခွဲဘောင်တင်ကိရိယာ၏ အလုပ်လုပ်ပုံ

ဤစက်၏ အလုပ်လုပ်ပုံမှာ အလွန်စနစ်ကျပါတယ်။ စက်တွင် Disc ၄ စုံ (စုစုပေါင်း ၁၂ ချပ်) ပါဝင်ပြီး ၎င်းတို့သည် စိုက်ဘောင်နှစ်ခုကြားရှိ မြေကိုခွဲကာ မြေစာများကို အပင်ခြေဘက်သို့ ပို့တင်ပေးသည့်အပြင်၊ ပေါင်းမြက်များကိုပါ တစ်ပါတည်း ရှင်းလင်းပေးပါတယ် ။ အထူးသဖြင့် မြေဩဇာကျွေးသည့်စနစ်တွင် Side dressing ပုံစံဖြင့် စိုက်မြောင်းဘေးရှိ အပေါက် ၄ ပေါက်မှတစ်ဆင့် လိုအပ်သလောက် ပမာဏကို ချိန်ညှိချပေးနိုင်ပါတယ် ။ မြေဩဇာကို ဟိုက်ဒရောလစ်စနစ်ဖြင့် မောင်းနှင်သည့် ကွန်ထရိုးဗားဖြင့် ထိန်းချုပ်နိုင်သောကြောင့် စက်မောင်းနှင်သူအနေဖြင့် စက်ပေါ်မှနေ၍ အချိန်မရွေး အဖွင့်/အပိတ် ပြုလုပ်နိုင်ပါတယ် ။
ထူးခြားသည့် အားသာချက်မှာ ချလိုက်သော မြေဩဇာများကို Disc များဖြင့် မြေအနက်တွင် တစ်ပါတည်း ဖုံးအုပ်ပေးခြင်း ဖြစ်ပါတယ်။ ထိုသို့ ဆောင်ရွက်ပေးခြင်းကြောင့် မြေဩဇာ လေလွင့်ဆုံးရှုံးမှု လုံးဝမရှိတော့ဘဲ အပင်များက အာဟာရကို ကြာရှည်စွာ စုပ်ယူစားသုံးနိုင်သည့်အတွက် ပီလောပီနံပင်များမှာ သိသိသာသာ လျင်မြန်စွာ ကြီးထွားလာစေပါတယ်။

✅ကြားပေါင်းလိုက် မြေခွဲဘောင်တင်ကိရိယာ၏ စွမ်းဆောင်ရည်များ

စက်၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ မြင်းကောင်ရေ ၉၀ မှ ၁၈၀ အထိ ရှိသော ထွန်စက်များနှင့် တွဲဖက်အသုံးပြုနိုင်ပြီး တစ်နေ့လျှင် ၈ ဧကမှ ၁၅ ဧကအထိ ပြီးစီးအောင် ဆောင်ရွက်နိုင်ပါတယ်။
စိုက်တန်းကြား အကွာအဝေးကိုလည်း ၅ ပေမှ ၆ ပေအထိ လိုသလို ချိန်ညှိနိုင်သည့်အတွက် စိုက်ခင်းအခြေအနေပေါ် မူတည်၍ အဆင်ပြေအောင် အသုံးပြုနိုင်ပါတယ်။

ဤကဲ့သို့ စနစ်တကျ ပြုစုပျိုးထောင်ပေးခြင်းဖြင့် စိုက်ခင်းအတွင်း လေဝင်လေထွက်နှင့် နေရောင်ခြည်ရရှိမှု ညီမျှစေခြင်း၊ ပေါင်းမြက်များ ကင်းစင်သွားခြင်းတို့ကြောင့် ပီလောပီနံပင်များ ပိုမိုဖွံ့ဖြိုးလာပြီး ဥပွားနှုန်း တက်လာခြင်းနှင့် ဥများ၏ အလေးချိန်ကို သိသိသာသာ တိုးတက်စေကာ တောင်သူများအတွက် အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ပါတယ်။

ခေတ်မီစက်မှုလယ်ယာစနစ်နဲ့အတူအောင်မြင်တဲ့ ပီလောပီနံ စိုက်ပျိုးရေးခရီးကို Cultivator and Fertilizer applicator နဲ့အတူ စတင်လိုက်ပါ။🌱

📌လွတ်လပ်စွာ မျှဝေခွင့်ပြုပါသည်။ စီးပွားဖြစ်ကူးယူဖော်ပြခွင့်မပြုပါ။

New Holland Agriculture Myanmar
With you, Season after Season
"သင်နှင့်အတူ သီးနှံရာသီချိန်တိုင်းတွင် အမြဲရှိနေမည်။"
#ပီလောပီနံ #စိုက်ပျိုးရေး #စက်မှုလယ်ယာ #မြေပြင်ကိရိယာ

Photos from New Holland Pyay's post 10/07/2026

New Holland T5060 - 2 Units
တပတ်ရစ်ထဲက ရှာနေတဲ့အကိုများအတွက် မိတ်ဆွေတစ်ယောက်က New Holland ၁၀၆ ကောင် ၂ စီးပြန်ရောင်းမယ်ပြောလို့ပါ။
ဈေးနှုန်း - 09451960080 ကိုမေးကြည့်ပေးပါနော်။

03/07/2026

🌧 ဝဿန်ကာလ မိုးလေးအေးအေးမှာ စက်ပိုင်ကြီးတို့ ထွန်စက်ကို
New Holland ရဲ့ Monsoon Service Promotion နဲ့ ပြုပြင်ထိန်းသိမ်းလိုက်ပါ! 🚜

တောင်သူဦးကြီးများနှင့် စက်ပိုင်ကြီးတို့ရေ... မိုးတွင်းကာလ လုပ်ငန်းခဏအေးပြီး စက်အနားရချိန်မှာ မိမိတို့ရဲ့ အားကိုးရတဲ့ New Holland ထွန်စက်ကြီးတွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့ ၊Service လုပ်ဖို့ အကောင်းဆုံးအချိန်ပါပဲနော်။👨‍🌾

နောက်လာမယ့် ရာသီချိန်မှာ စက်ချို့ယွင်းမှုမရှိဘဲ အားအပြည့်နဲ့ ဇွတ်ရုန်းနိုင်ဖို့ New Holland ကနေပြီးတော့ အရမ်းတန်တဲ့ "Monsoon Service Promotion Program" ကြီးကို ယူဆောင်လာပါပြီ။ 🎉

တန်မှတန်တဲ့ မိုးရာသီအထူး Discount အစီအစဉ်များကတော့ -
🛠 စက်ပြင်လက်ခ (Service Fee) ➡️ 5% Discount
⚙️ အပိုပစ္စည်း (Genuine Parts) ➡️ 10% Discount
🛢 အင်ဂျင်ဝိုင်နှင့် ချောဆီများ (Lubricant) ➡️ 5% Discount ဖြစ်ပါတယ်

ဒါအပြင် New Holland အပိုပစ္စည်း (Genuine Parts) များကို အနည်းဆုံး (၁၀) သိန်းကျပ်နှင့်အထက် ဝယ်ယူရုံဖြင့် New Holland အမှတ်တံဆိပ် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သွားမှာဖြစ်ပါတယ်ခင်ဗျာ။

📅 ပရိုမိုးရှင်းကာလ: ဇူလိုင်လ (၁) ရက်နေ့မှ ဩဂုတ်လ (၃၁) ရက်နေ့အထိသာ!
🌧"ဝဿန်ကာလ မိုးရာသီ Promotion အမှီ စက်ပိုင်ကြီးတို့ထွန်စက်ကို အသစ်အတိုင်း ပြန်လည်ကြံ့ခိုင်အောင် ပြင်ဆင်လိုက်တော့နော်"👍

မိမိတို့ရဲ့ စိုက်ခင်းမှာ ကုန်ကျစရိတ်သက်သာပြီး လုပ်ငန်းခွင် ပိုမိုတွင်ကျယ်မြန်ဆန်စေဖို့ New Holland ကို အခုပဲ ရွေးချယ်လိုက်ပါ။ အသေးစိတ်ကို Page Messenger ကနေဖြစ်စေ၊ အောက်ပါ ဖုန်းနံပါတ်ကို ဖြစ်စေ အမြန်ဆုံး ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ 📞💬

🏢 ဆက်သွယ်ရန် ရုံးခွဲများနှင့် Service Hotline များ ☎️
ရန်ကုန်ရုံးချုပ်: 📲 09 765 488 604, 605, 606

မန္တလေးရုံး: 📲 09 765 488 638

နေပြည်တော်ရုံး: 📲 09 765 488 643

ဟဲဟိုးရုံး: 📲 09 765 488 626

ပခုက္ကူရုံး: 📲 09 765 488 651

ပုသိမ်ရုံး: 📲 09 765 488 661

ဟင်္သာတရုံး: 📲 09 765 488 622

ပြည်ရုံး: 📲 09 765 488 632

New Holland Agriculture Myanmar
With you, Season after Season
"သင်နှင့်အတူ သီးနှံရာသီချိန်တိုင်းတွင် အမြဲရှိနေမည်။"

Telephone

Address

ပြည်-အောင်လံလမ်း/ကွန်ပြူတာတက္ကသိုလ်ရှေ့/ကားကြီး၀န်းအနီး/ပြည်မြို့။
Pyay