Paing Thu Aung - Filmmaker
ဗီဒီယို၊ဓါတ်ပုံ၊ကြော်ငြာရိုက်ကူးရေးများကို
အကောင်းဆုံးဝန်ဆောင်မှုရယူဖို့
📱 09421172660
ဗျော့ကြီးရဲ့အပိုင်းအစများ
Season 2 Coming Soon
စိတ်ညစ်ပါတယ်ကွာ 🥲
ဖေကြီးရွှင်ပျော်နဲ့တွေ့တုန်းလေး
စိတ်ညစ်စရာတွေပျောက်သွားအောင်လို့ဆိုပြီး ထိုင်ပြောလိုက်တာ
စိတ်ပါညစ်သွားတယ် 😜
19/09/2026
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်ဒေသထွက် အစားအစာများ ချက်ပြုတ်ခြင်းပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန် အသိပေး နှိုးဆော်ခြင်း
ပြည်၊ စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်ဒေသတွင်းရှိ ဒေသရိုးရာ အစားအစာများဖြစ်သော ပြည်ပလာတာ၊ ပြည်ကော်ရည်ခေါက်ဆွဲနှင့် ပြည်ထမင်းသုပ် ချက်ပြုတ်ခြင်း ပြိုင်ပွဲများကို စက်တင်ဘာလအတွင်း ပြည်မြို့ ယဉ်ကျေးမှုကဇာတ်ရုံတွင် ကျင်းပသွားမည်ဖြစ်ရာ ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် ပြိုင်ပွဲကျင်းပရေးကော်မတီ သို့မဟုတ် ပြည်၊ ရွှေတောင်၊ ပေါက်ခေါင်း၊ ပန်းတောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံး (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) များသို့ စာရင်းပေးသွင်းနိုင်ပြီး ဒေသခံများလာရောက်ကြည့်ရှုအားပေး၍ ပြိုင်ပွဲဝင်များအတွက် voting များ ရွေးချယ်နိုင်မည်ဖြစ်သည်။
ပြိုင်ပွဲဝင်များအနေဖြင့် မိမိချက်ပြုတ်ပြင်ဆင်လိုသည့် အမယ်၏ ပါဝင်ပစ္စည်းများ (ဥပမာ- ကြက်သား၊ Ready Made ခေါက်ဆွဲထုပ်၊ အသီးအရွက် စသည်ဖြင့်)၊ ချက်ပြုတ်ရာတွင် အသုံးပြုမည့် ပစ္စည်းများ (ဥပမာ- အိုး၊ ဇွန်း၊ ပန်းကန် စသည်ဖြင့်)၊ စားပွဲတင် Gas မီးဖိုနှင့် ပြိုင်ပွဲဝင်ဝတ်စုံ (မြန်မာဝတ်စုံ)၊ ခေါင်းဆောင်း၊ နှာခေါင်းစည်း၊ တစ်ခါသုံးလက်အိတ်၊ ရင်ကာ (ခါးစည်း) တို့ကို ယူဆောင်လာရမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
25/08/2026
ဗျော့ကြီးရဲ့အပိုင်းအစများ Season (1)
10 ပိုင်းစာကို ကိုယ်တိုင်ပဲတည်းဖြတ်ပါတယ်။
ခိုးကူးတဲ့ Page တွေ Account တွေ Channel တွေမှာ မြင်လိုက်ရတဲ့အခါ ကိုယ်ကြိုးစားထားတာလေးတွေဆိုပြီး စိတ်မကောင်းဖြစ်ပေမယ့် တစ်ဖက်က ကြည့်ပြန်တော့လည်း ကိုယ်တွေဖန်တီးထားတာကို ကျယ်ကျယ်ပြန့်ပြန့် မြင်ရတယ်ဆိုပြီး ပျော်ရပြန်ရော။ တစ်ပိုင်းကို 19 မိနစ်ကနေ 20 မိနစ်အထိဆိုပေမယ့် ခု Edit မှာ Timeline တစ်ခုလုံးကိုကြည့်ရင် ဘယ်လိုလုပ်ထားရတယ်ဆိုတာ မြင်တွေ့နိုင်ပါတယ်။ Funny Video မဟုတ်ပဲ ဇာတ်လမ်းဆိုတဲ့အရသာကို ခံစားချင်လို့ အပင်ပန်းခံထားတာပါ။ဒါကြောင့် ဘယ်လိုပဲ အားပေး အားပေး ဗျော့ကြီးနဲ့ ကျွန်တော့်ကို တွဲသိလာရင်ပဲ ကျေနပ်ပါပြီ။
ဗျော့ကြီးရဲ့ အင်တာဗျူး ✌️
ကိုယ့်နောက်ကို ဒုက္ခခံပြီး ရဲရဲလိုက်ရဲတဲ့ ညီတွေ ညီမတွေကိုလည်း ကျေးဇူးတင်သလို နောက်ကွယ်ကနေ 100% ယုံကြည်စွာ ပံ့ပိုးပေးတဲ့ အိမ်သူကိုလည်း ကျေးဇူးတင်ပါတယ်။ ဘာပဲလုပ်လုပ် စိတ်လက်ချမ်းသာစွာ လုပ်ကိုင်ခွင့်ရခဲ့ ပေးခဲ့တဲ့ သူအားလုံးကိုကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ဗျော့ကြီးဇာတ်ကို ညီလေးဆို ယုံကြည်ပြီးသားဆိုပြီး ဒီဇိုင်း၊ Edit၊ ရိုက်ကူးရေးကအစ ကိုယ့်လက်ကိုယ်ခြေ ဖန်တီးခွင့်ပေးတဲ့ ကိုစိစိကိုလည်းကျေးဇူးအထူးတင်ပါတယ်
ရန်ကုန် - ပြည် DEMU ရထားသစ်ဖွင့်ပွဲ။
ဂုဏ်ယူစွာဖြင့် ရိုက်ကူးသည်။
#ပြည်ရထား
#ရထားသစ်
#ပြည်
#ပြည်မြို့
29/07/2026
ဗျော့ကြီးရဲ့အပိုင်းအစများ ဟာသဇာတ်လမ်းတွဲ
Season 1 Episode 10 ပိုင်း အောင်မြင်စွာရိုက်ကူးပြီးစီး 😊
ဟာသသရုပ်ဆောင် ဦးခင်လှိုင်တို့အဖွဲ့ နှုတ်ဆက်တေး။
ဂီတမှူး - ထက်သျှားလင်း။
ဗျော့ကြီး Season (1) ၁၀ ပိုင်းအောင်မြင်စွာပြီးဆုံးသွားပါပြီခင်ဗျာ။ ဝိုင်းဝန်းကူညီပေးကြသော ညီတော် ညီမတော်များကိုလည်းကျေးဇူးတင်ပါတယ်။ ပံ့ပိုးကူညီပေးကြတဲ့ လုပ်ငန်းရှင်များအားလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မကြာခင် ဗျော့ကြီးရဲ့အပိုင်းအစများ လာမည်။
ဦးရာဇာပေါက်စီ ပါဝင်လာတဲ့ ဗျော့ကြီးရဲ့အပိုင်းအစများ Season 1 Day 3
Category
Contact the public figure
Telephone
Address
Pyay
08191