OKP

OKP

Share

OKP စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး
09-781560870

25/05/2023

ကဲ မင်မင့်အသဲလေးတွေလဲတီဂွမ်းလို review video လေးတွေ ရိုက်ပို့ပေးချင် ရတယ်နော်
ဒီကမင်မင်က စိတ်မဆိုးဘူးရယ် 😍😍😍

#ရေဦးကိုယ်စားလှယ်
#ရွှေဘိုကိုယ်စားလှယ်
#လင်းလက်သဘာဝထုတ်ကုန်အမျိုးမျိုး
#အမြို့မြို့အနယ်နယ်သို့ပို့ဆောင်ပေးပါသည်
#ရွှေဘိုမြို့တွင်းနှင့်ရေဦးမြို့တွင်းအိမ်အရောက်ငွေချေ
09-781560870
အ.ထ.က.၁၊အရှေ့ဘက်၊ရွှေဘိုမြို့

Photos from OKP's post 24/05/2023

စျေးအနဲဆုံး ခေါင်းလျှော်ရည် တဗူးက ၃၀၀ml မှာ ၂၇၀၀ လောက်တော့ ရှိတယ်
1ml…မှာ ၉ကျပ်
ဒါက chemical 😑😑

ok...
လင်းလက် မန်ကျည်းခေါင်းလျှော်ရည် က
၃၅၀ml မှာ ၄၅၀၀
1ml…မှာ ၁၂.၈ကျပ်
ဒါက organic သဘာဝပစ္စည်းတွေမို့
sife effect မရှိဘူး
အပူငြိမ်းတယ် ဦးရေပြားအေးတယ်
ဆံပင်မကျွတ်ဘူး 💆💆
ကလေးလူကြီးသုံး ဘာအန္တရာယ်မှ မရှိဘူး အေးဆေး😎😎

ဒါဆိုရင်
လင်းလက် တရော်ကင်ပွန်းဆိုရင်ရော
သူက ၅၀၀ml ကို ၄၅၀၀
1mlမှာ ၉ကျပ်
သူလဲorganic
တရော်ကင်ပွန်းပါလို့ ဘုန်းကံတောင် မြင့်သေးတယ် 😇😇

9ကျပ်ချင်းတူတူတောင် chemical ကို ရွေးနေတုန်းလား
ဦးရေပြားပူတယ် ဆံပင်ကျွတ်တယ် ဆိုပြီး 3ကျပ်လေးပိုပေးပြီး သဘာဝတွေနဲ့ ဖော်စပ်ထားတဲ့ local brand ကို မရွေးဖြစ်သေးဘူးလား 🤑🤑🤑

#ရွှေဘိုကိုယ်စားလှယ်
#ရေဦးကိုယ်စားလှယ်
#ရွှေဘိုမြို့တွင်းနှင့်ရေဦးမြို့တွင်းအိမ်အရောက်ငွေချေ
#လင်းလက်သဘာဝထုတ်ကုန်အမျိုးမျိုး
#အမြို့မြို့အနယ်နယ်သို့ပို့ဆောင်ပေးပါသည်
09-781560870
အ.ထ.က.၁၊အရှေ့ဘက်၊ရွှေဘိုမြို့

24/05/2023

လူရယ်လို့ ဖြစ်လာရင်..
သင့်ကို အားကျတဲ့လူ ရှိသလို၊ အမြင်ကပ်တဲ့လူလည်းရှိမယ်။
သင့်ကိုမနာလိုတဲ့ လူရှိသလို၊ အထင်သေးတဲ့လူလည်းရှိမယ်။
ဒါ ဖြစ်လေ့ဖြစ်ထ သဘာ၀ပါ။
သင်ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ်
သင်ဘယ်လောက်ပဲ အနှစ်နာခံ ကျိုးစားကျိုးစား..
လူတိုင်းကို ကျေနပ်အောင်တော့ သင်မစွမ်းဆောင်နိုင်ပါဘူး၊
ဒါကြောင့်မို့လို့၊ သူများအကြိုက်ကိုဆောင်ဖို့
သင့်ရဲ့ပင်ကိုယ်တန်ဖိုးကို အထိခိုက်မခံပါနဲ့။
သင့်ခံယူချက်အပေါ် သင်ကာကွယ်သင့်ပါတယ်။

သိထားဖို့က
သူများပါးစပ်ဖျားပေါ်က သင် ဟာ
ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ
သင်အစစ်အမှန် မဟုတ်ပါဘူး။

လူဆိုတာ.
မျက်စိချင်းတူသော်ငြားလည်း၊ အမြင်ချင်း မတူပါဘူး၊
နားပေါက်ချင်းတူသော်ငြားလည်း၊ ကြားပုံချင်းမတူပါဘူး၊
ပါးစပ်ချင်းတူသော်ငြားလည်း၊ ပြောဆိုပုံချင်း မတူပါဘူး၊
ဦးနောက်ချင်းတူသော်ငြားလည်း၊ အယူအဆချင်းမတူနိုင်ပါဘူး၊
လူချုင်းတူသော်ငြားလည်း၊ အသက်ရှင်နေထိုင်ပုံချင်း မတူပါဘူး၊

ဒီအတွက်ကြောင့်.
သင်ဘယ်လောက်ပဲ ထူးချွန်ထူးချွန်၊ နားလည်တဲ့လူနဲ့ တွေ့ဦးမှ
သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်၊ ကျေးဇူးတင်တတ်တဲ့လူနဲ့ တိုးဦးမှ..
သင်ဘယ်လောက်ပဲ ရိုးသားရိုးသား၊ သံသယ နည်းတဲ့လူနဲ့ ဆုံဦးမှ..
သင်ဘယ်လောက်ပဲ နှိမ့်ချ နှိမ့်ချ၊ တန်ဖိုးထားတတ်တဲ့လူနဲ့ ကြုံဦးမှ

နောက်ဆုံးတော့
သိတာလည်း အားလုံးမပြောနဲ့
မြင်တာလည်း အားလုံးမယုံနဲ့.
သင်ဘယ်သူ့ကို ဘယ်လောက်ချစ်တယ်ခင်တယ်ပဲ ဆိုဆို
ကိုယ့်အတွက် အသက်ရှင်ဖို့ လည်းမမေ့ပါနဲ့.။

22/05/2023

ဟန်ဂေရီ နိုင်ငံရဲ့မြို့တော် ဘူဒါပက်စ် မြို့မှာ ဇွန်လအတွင်းကျင်းပခဲ့တဲ့ ကမ္ဘာ့ ချန်ပီယံ ရေကူးပြိုင်ပွဲမှာ အမေရိကန် နိုင်ငံက ပြိုင်ပွဲဝင် အန်နီတာ တယောက် ရေကူးကန်ကြမ်းပြင်ရောက်သည်အထိနှစ်မြုပ်သွားခဲ့တဲ့အဖြစ်အပျက်ဖြစ်ပေါ်ခဲ့ပါတယ်။

တဖက် ကန်ဘောင်ကို လှမ်းမျှော်ကြည့်ရင်း ပေါ်မလာပဲ ကြာနေတာကို သတိပြုမိတဲ့ သူမရဲ့နည်းပြဖြစ်သူအန်ဒရီယာက ဝတ်စုံအမြန် ဝတ် ရေထဲဒိုင်ဗင်ထိုးဆင်းရင်း အန်နီတာကို ဘေးကင်းအောင် ကယ်ဆယ်နိုင်ခဲ့ပါတယ်။
အန်နီတာက သတိလစ်မေ့မျောသွားခဲ့ပြီး သူမဘာသာ သူမ ဘေးကင်းအောင် ဘယ်လိုမှကူးခပ်နိုင်စွမ်းမရှိတော့ပဲ နှစ်မြုပ်သွားခဲ့ရတာ ဖြစ်ပါတယ်။

အကယ်၍ သူမရဲ့နည်းပြ အန်ဒရီယာသာ သတိမပြုမိခဲ့ရင်သူမ နှစ်မြုပ်ပြီး အသက်ဆုံးရှုံးသွားနိုင်ပါတယ်။
ဒါပေမယ့် နည်းပြက အန်နီတာ့အကြောင်း ကောင်းကောင်းသိတဲ့အတွက် သူမ ရောက်သင့်တဲ့အချိန်ထက်ပိုကြာလာတဲ့အခါ ချက်ချင်း သတိပြုမိပြီး ကြာရှည်စဉ်းစားမနေပဲ ရေထဲ ဒိုင်ဗင်ထိုးဆင်းကာ သူမကိုကယ်တင်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကနေ ကျွန်တော်တို့အာရုံမှာ လာရိုက်ခတ်စေတဲ့အချက် ရှိပါတယ်။

လောကဓံလှိုင်းတပိုးအောက် မင်းအကြာကြီး နှစ်မြုပ်သွားတဲ့အခါ မင်းပြန်လည်ရုန်းထပြန်ပေါ်လာဖို့ ဘယ်သူတွေက သတိတရမျှော်လင့်နေသလဲ၊ ဘယ်သူတွေက မင်းနစ်မြုပ်သွားတာကို တကူးတက သတိပြုမိကြသလဲ၊ မင်းကိုယ်တိုင် ရုန်းကန် မကူးခတ်နိုင်တော့တဲ့အခါဘယ်သူတွေက မင်းပြန်ပေါ်လာပြီး ရှင်သန်နိုင်ဖို့ ဆင်းကယ်ကြ၊ ပံ့ပိုးကြမှာလဲ။

အဲ့လို အားကိုးနိုင်တဲ့ ၊မင်းကို တကယ် သတိပြုဂရုစိုက်တဲ့သူတယောက်ယောက်၊ကူညီ ကယ်ဆယ်ပေးမယ့်သူတယောက်ယောက်ရော မင်းဘဝမှာရှိရဲ့လား။

အကယ်၍ မင်းမိတ်ဆွေတွေထဲမှာရော သူတို့ ဒီလို လောကဓံတိုက်ပွဲမှာ ရှုံးနှိမ့် နစ်မြုပ်တဲ့အခါ မင်းက သူတို့ကို သတိတရ မျော်လင့် ၊ သတိပြု၊ ကယ်ဆယ်ပေးနိုင်တဲ့သူ၊ ပြန်ပြီး ဘဝလမ်းခရီးလျှောက်နိုင်အောင် ပံ့ပိုးကယ်ဆယ်ပေးနိုင်တဲ့ သူဖြစ်တယ်လို့ရော မင်းကို
သတ်မှတ်ကြပါရဲ့လား။

translated
LinnNaing

22/05/2023

မင်းသမီးတွေရဲ့ လက်စွဲတော်
#ရွှေဘိုကိုယ်စားလှယ်
#လင်းလက်သဘာဝထုတ်ကုန်အမျိုးမျိုး
#ရွှေဘိုမြို့တွင်းနှင့်ရေဦးမြို့တွင်းအိမ်အရောက်ငွေချေ
#ရေဦးကိုယ်စားလှယ်
#အမြို့မြို့အနယ်နယ်သို့ပို့ဆောင်ပေးပါသည်

Photos from အ လီ ဘာ ဘာ's post 15/05/2023
Photos from OKP's post 15/05/2023

ဗြုတ်စိသေးသေးလေးတွေရှင်းပြီး
အသားအရေချောမွတ်ကြည်တင်းချင်ရင်
ဒီအချက်တွေလိုက်နာပေးပါ✅

ဒီနေ့တော့ skin problems တွေထဲမှာ တွေ့ရလဲများ handle လုပ်ရလဲခက်တဲ့ skin texture ကြမ်းတာကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတဲ့အကြောင်းလေး ပြောပြ‌ပေးချင်တယ်နော်။ အရင်ဆုံးမှာချင်တာကတော့ အသားအရေတခုမှာ skin texture ရှိတာက ပုံမှန်ပါပဲ။ မှန်ထဲကို ပြူးပြဲကြည့်ပြီး ဗြုတ်စိသေးသေးလေးတွေ မြင်ရတိုင်း စိတ်မညစ်သင့်ဘူးနော်။ အဲ့အစား ဓာတ်ပုံထဲကလို ပုံမှန်ထက်ပိုပြီး rough skin texture ဖြစ်နေရင်တော့ ဒီအချက်လေးတွေ လိုက်နာကြည့်ပါ။ သက်သာဖို့ အထောက်အကူပြုပါလိမ့်မယ်။

1. Exfoliate ပုံမှန်လုပ်ပါ📌

လူတိုင်းရဲ့ skincare routine ထဲမှာ exfoliating step က မရှိမဖြစ်မဟုတ်ပေမဲ့ အသားအရေကြမ်းပြီး ဗြုတ်သီးလေးတွေ ထတာကိုတော့ သက်သာစေပါတယ်။ ကိုယ်က အသားအရေကြမ်းတမ်းပြီး မျက်နှာမှာ ဗြုတ်သီးလေးတွေများနေရင် တနိုင်တပိုင် exfoliate လုပ်ကြည့်ဖို့ တိုက်တွန်းပါရစေ။ ခုမှ beginner ဆိုရင် gentle ဖြစ်တဲ့ peeling gel ကနေ စသုံးကြည့်နော်။ တပတ်တကြိမ် သုံးပေးရင် လုံလောက်ပါပြီ။ Scrub တွေကိုတော့ လုံးဝရှောင်ပေးပါ။ Chemical exfoliants ထဲက သုံးကြည့်ချင်ရင်တော့ skin texture rough ဖြစ်တာအတွက်ဆို AHA category က အသင့်တော်ဆုံးဖြစ်ပေမဲ့ Nyi အနေနဲ့ကတော့ ကိုယ့်ရဲ့ skin type ပေါ်လိုက်ပြီးသာ ရွေးစေချင်ပါတယ်။ ဥပမာ - acne prone oily / combo skin ဆိုရင် BHA, aging / mature skin ဆိုရင် AHA စသဖြင့်ပေါ့နော်။

2. အဆီပြန်တဲ့အသားအရေဆိုရင် clay mask သုံးကြည့်ပါ📌

Skin texture ကြမ်းတာအတွက်ဆို clay mask တွေရဲ့ စွမ်းဆောင်နိုင်မှုကလဲ နာမည်ကြီးတဲ့ထဲ ပါပါတယ်။ အဆီပြန်လွန်းပြီး dehydrated ဖြစ်နေတဲ့ skin တွေမှာဆိုရင် အသားအရေကြမ်းတမ်းပြီး ကိုင်ကြည့်လိုက်ရင် smooth ဖြစ်မနေတာ ခံစားမိမယ်။ အဲ့အတွက်ဆိုရင် clay mask တခုခု သုံးကြည့်သင့်တယ်နော်။ Clay mask တွေက မျက်နှာပေါ်မှာရှိတဲ့ excessive sebum ကို control လုပ်ပေးတာကြောင့် over shine မဖြစ်အောင် လုပ်ဆောင်ပေးတယ်, skin texture ကြမ်းတာကို သက်သာစေတယ်။ ဒါကြောင့်လဲ clay mask ကပ်ပြီးသွားရင် မျက်နှာကချောမွတ်သွားတာပေါ့နော်။ Clay mask သုံးတဲ့အခါ သတိထားရမှာကတော့ အလွန်အကြွံမသုံးဖို့ရယ် မျက်နှာပေါ် အချိန်အကြာကြီး တင်မထားမိဖို့ပါပဲ။ တခါသုံးရင် 10min အလွန်ဆုံး, တပတ်ကို 2ကြိမ်ထိပဲ သုံးပေးသင့်တယ်နော်။

3. Hydration! Hydration! Hydration!📌

အပေါ် 2ချက်က skincare တွေလုပ်နေတာတောင် အသားအရေက ချောမွေ့မနေဘူး ဆိုတဲ့သူတွေအတွက်ပေါ့နော်။ အကယ်၍ ကိုယ်က skincare လုပ်နေကျသူမဟုတ်ဘူး, မျက်နှာကကြမ်းတမ်းနေလို့သာ skincare သုံးချင်တယ်, ဒါမှမဟုတ် နားမလည်ဘဲနဲ့ သုံးချင်တာတွေ လျှောက်သုံးမိပြီး မျက်နှာကကြမ်းလာတယ် မွဲခြောက်လာတယ်ဆိုရင် အရင်ဆုံးလက်လှမ်းရမှာက hydrating skincare ပါ။ ရေဓာတ်မရှိတဲ့ မလုံလောက်တဲ့ skin က skin cells လေးတွေ ရှုံ့တွပြီး မကြည်မလင် rough & bumpy ဖြစ်နေတတ်ပါတယ်။ အဲ့အတွက် moisturizing မဟုတ်ဘဲ hydrating skincare တွေသုံးပေးဖို့လိုတယ်နော်။ ဘာသုံးရမှန်းမသိရင် aloe vera, hyaluronic acid အသားပေး skincare တွေသာ သုံးပါ။ Skin type နဲ့ကိုက်ညီတာသာ ရွေးသုံးနိုင်မယ်ဆိုရင် အရွေးမှားတာမျိုး ရှိမှာမဟုတ်ပါဘူး။

4. Sunscreen သေချာလိမ်းပါ📌

ခုပြောသွားတဲ့အချက်တွေ အကုန်လိုက်နာတယ်, ဒါပေမဲ့ skin texture ကြမ်းတာက ဒုံရင်းဒုံရင်းပဲ။ မျက်နှာကို လက်နဲ့ကိုင်ကြည့်လိုက်ရင် ဗြုတ်သီးလေးတွေ စမ်းမိတုံးဆိုရင်တော့ ထည့်စဉ်းစားရမယ့် အချက်တခုရှိပါတယ်။ ဘာလဲဆိုရင် ကိုယ်က sunscreen သေချာလိမ်းဖြစ်ရဲ့လား ဆိုတာပါ။ ကိုယ်တိုင်ကြုံဖူးမှပဲ သိနိုင်ပါမယ်, sunscreen မလိမ်းဘဲ နေပူကြီးထဲသွားတာတို့ အပေါ်က clay mask / exfoliants တွေရှယ်သုံးပြီး sunscreen မလိမ်းဘဲနေတာတို့ဆို ဘာကြောင့်မှန်းမသိ မျက်နှာမှာအဖုသေးသေးလေးတွေ ထွက်လာတတ်တယ်နော်။ တနည်းတဖုံအားဖြင့် skin sensitivity ရဲ့နောက်ဆက်တွဲလို့လဲ ပြောနိုင်တယ်။ အဲ့ဒါကြောင့်မလို့ အပြင်သွားသွား အိမ်မှာပဲနေနေ broad spectrum SPF ကို တနေ့ 2ကြိမ်အနည်းဆုံး လိမ်းပေးပါ။ နေပူထဲထွက်တဲ့အခါ ထီး ဦး‌ထုပ် အမြဲဆောင်ပါနော်။

ပြောချင်မှာချင်တာတွေကတော့ ဒီလောက်ပါပဲ။ ဖတ်ရတာ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်‌နော်။ နောက်ရက်မှ ပြန်တွေ့ပါမယ်ခင်ဗျာ🫶




လေးစားစွာဖြင့် knowledgesharingbynyi အား crd ပေးပါတယ်ရှင့်

Telephone

Website

Address

သက်သာပန်းတောင်း အမှတ်၉ရက်ကွက်
Shwebo

Alerts

Be the first to know and let us send you an email when OKP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Shwebo.