Moe Tain Pyar

Moe Tain Pyar

Share

"ကျယ်​​ပြန့်တဲ့ ကောင်းကင်ပြာအောက်က လွတ်လပ်တဲ့ အတွေးစက်များ"

22/06/2026

ကဗျာဆိုတာ
ရင်ဘက်ထဲက ဖြစ်လာတာပါ
ထူးထွေပီး စဉ်းစားစရာမလိုပါဘူး
သူ့အလိုလို ထွက်ပေါ်လာတာပါ...
အဲ့လိုထွက်ပေါ်လာရတဲ့ အကြောင်းရင်းက
သူ့အနေထားနဲ့သူပါပဲ...

#မိုးတိမ်ပြာ

03/06/2026
08/05/2026

ပြီးခဲ့တဲ့အပတ်က ကျွန်ုပ်ရဲ့ ပို့စ်တွေမှာ တုံ့ပြန်မှု ၃၅၀ ခုကျော် ရရှိခဲ့ပါတယ်။ အားလုံးရဲ့ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ပါတယ်။ 🎉

28/04/2026

"အညာနွေ"

​နွေဦးရွက်ကြွေ
လေရူးမွှေတော့
တောဂနိုင် မြိုင်လယ်နားက
သစ်ပင်ပန်းပင် ယိမ်းနွဲ့ကလို့
ကျေးငှက်ရယ်က ပျော်မြူးသည်။

​နေပူရှိန်ပြင်း
မြေအက်ဆင်းလဲ
လှည်းယဉ်ကျော့လေး စိုင်းနှင်လို့
အညာသားတို့ ဇွဲမာန်ကိုဖြင့်
မလျော့တမ်း... ရင်ဆိုင်မြဲတည်း။

#မိုးတိမ်ပြာ

27/04/2026

"ကလောင်ဖျားက လေလွင့်အိမ်မက်"

ကလောင်ကို စာမူပေါ် တင် လို့
အိမ်မက်တွေ လေမှာ လွင့် ပါပေါ့
စတုတ္ထမြောက် အပိုဒ်ကို ချဲ့ ပေမယ့်
အလွမ်းဖွဲ့လို့ မဆုံး။

မိုးတိမ်ပြာ ကောင်းကင် ပြင် မှာ
လွင့်ချင်တိုင်း လွင့်ပါတဲ့ အိမ် မက်ကလေးရယ်
ကဗျာထဲမှာ နိဂုံး မသတ် နိုင်ဘဲ
လောကအလယ်မှာ ရှုံး ခဲ့ရ
ကလောင်ဖျားက အလွမ်း တစ်စ တည်း။

(ဒွေးချိုးကဗျာ)

#မိုးတိမ်ပြာ

24/04/2026

"ကလောင်ရှင်ရဲ့အဖြေ(သို့)ချေပ"

​မင်းမျက်စိထဲ အမှုန်ဖြစ်နေလည်း
ငါ့စာသားတွေက ရွှေလိုဝင်းတယ်
ငါ့ဘာသာဖတ်ဖို့ ငါရေးတာပဲ
မင်းဆီရောက်သွားတာက ငါ့စွမ်းအားပေါ့။

​ဂနိုင်သားဆိုတဲ့ ငါက
ငါ့အနုပညာကို လာပြီးစိန်ခေါ်ရင်
ငြိမ်သက်ခြင်းနဲ့ပဲ ငါက ပြုံးပြလိုက်မယ်
မုန်တိုင်းက တောင်ကို မဖြိုနိုင်သလိုမျိုး။

​အာရုံနောက်တယ်လို့ မင်းအော်နေချိန်မှာ
ငါ့စာသားတွေက မင်းရင်ထဲ စိမ့်ဝင်ပြီးသား
ငါ့ကမ္ဘာထဲမှာ ငါက မင်းသားပဲ
မင်းရဲ့ အမုန်းစကားတွေက...
ငါ့အတွက် ခွန်အားဖြစ်စေတယ်။

#မိုးတိမ်ပြာ

21/04/2026

"သုည"
လူတေကပြောကြတယ်
"သုည" ဆိုတဲ့ဂဏန်းက တန်ဖိုးမရှိဘူးတဲ့
တန်ဖိုးရှိတာပေါ့ဗျ ဘာလို့လဲဆိုရင်
ပိုက်ဆံ ဆိုတဲ့ငွေစက္ကူလေးတစ်ရွက်မှာ
"သုည" တစ်လုံးတိုးလေ တန်ဖိုးမြင့်လေ
"သုည" တစ်လုံး​လျှော့လေ တန်ဖိုးနိမ့်လေပဲ
ဆိုတာ ခင်ဗျားတို့သိသင့်တယ်နော...
#မိုးတိမ်ပြာ

19/04/2026

"​မီးခြစ်"

​အမှောင်ထုက ကြီးစိုးချိန်မှာ
မင်းဟာ...
ငါ့အတွက်တော့ အားကိုးရာတစ်ခု
​လက်ဖျားလေးနဲ့ တစ်ချက်ခြစ်လိုက်ရုံနဲ့
တောက်ပတဲ့ အလင်းတန်းလေး ထွက်ပေါ်လာတယ်
သေးငယ်ပေမယ့် အားမာန်အပြည့်နဲ့ပေါ့။

​မင်းပေးတဲ့ အလင်းရောင်ဟာ
ငါ့ရဲ့ လမ်းပျောက်နေတဲ့ ညတွေကို လင်းစေတယ်
မင်းပေးတဲ့ အပူရှိန်လေးဟာ
ငါ့ရဲ့ အေးစက်နေတဲ့ နှလုံးသားကို နွေးထွေးစေတယ်။

​မီးတောက်ကလေး ငြိမ်းသွားမှာ စိုးလို့
လက်ဖဝါးလေးနဲ့ အသာအယာ ကွယ်ကာရင်း
မင်းရှိနေတဲ့ အချိန်လေးတွေမှာ
ငါ့ကမ္ဘာဟာ လုံခြုံမှုအပြည့်။

#မိုးတိမ်ပြာ

12/04/2026

"​ဆန့်ကျင်ဘက် လွမ်းဆွတ်မှု"

​မေ့ပစ်ဖို့ ကြိုးစားလေ...
ပိုပြီး မှတ်မိနေတာ "လွမ်းဆွတ်မှု"။
​အသံတိတ် နေထိုင်ပေမဲ့
ရင်ထဲမှာ ဆူညံနေတာ "လွမ်းဆွတ်မှု"။
​မရှိတော့တဲ့ လူတစ်ယောက်ကို
နေရာတိုင်းမှာ လိုက်ရှာနေမိတာ "လွမ်းဆွတ်မှု"။
​မပိုင်ဆိုင်ရတော့မှန်း သိနေပေမဲ့
လက်လွှတ်ဖို့ ငြင်းဆန်နေတာ... အဲဒါ "လွမ်းဆွတ်မှု" ပဲ
#မိုးတိမ်ပြာ

23/01/2026

"ရင်ထဲက ပန်းချီကား"

​စကားလုံးတွေနဲ့ ဖွဲ့မရအောင်
မြတ်နိုးရသူ မင်းတစ်ယောက်ဟာ
ငါ့ဘဝရဲ့ အလင်းရောင်ပါပဲ။

​မင်းရဲ့ အပြုံးလေး တစ်ချက်မှာ
ငါ့ကမ္ဘာလေး ငြိမ်းချမ်းသွားသလို
မင်းရဲ့ ကြင်နာတဲ့ စကားသံတွေက
ငါ့အတွက်တော့ အကောင်းဆုံး တေးသံပေါ့။

​ပင်လယ်လို နက်ရှိုင်းတဲ့ သံယောဇဉ်နဲ့
ကောင်းကင်လို ကျယ်ပြောတဲ့ မေတ္တာ
ဘယ်လို လောကဓံတွေပဲ ကြုံရပါစေ
မင်းလက်ကို ငါ မြဲမြဲဆုပ်ကိုင်ထားပါ့မယ်။

​အဝေးဆုံးကို လှမ်းကြည့်တဲ့အခါ
မင်းမျက်နှာလေးပဲ မြင်ယောင်ရင်း
ငါ့နှလုံးသားရဲ့ နောက်ဆုံးဆိပ်ကမ်းဟာ
မင်းပဲ ဖြစ်နေတော့မှာပါ... အချစ်ရယ်။

#မိုးတိမ်ပြာ

Category

Website

Address

Shwebo

Alerts

Be the first to know and let us send you an email when Moe Tain Pyar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Shwebo.