Three Star-Mini Store
မီနီစတိုး/လျှပ်စစ် နှင့် လူသုံးကုန်
12/03/2023
17/02/2021
လက်ကိုင် ဓာတ်မီးတွေ ဆိုဒ်တချို့ ထပ်ရောက်ရှိပါပြီ
ပြီးခဲ့တဲ့ရက်တွေကပစ္စည်းတွေပါပြတ်လောက်အောင်ရောင်းခဲ့ရတော့
အခု မြန်မြန်လာဝယ်ထားမှ စိတ်ချရမယ်နော်
👉အမှတ်(၂၆၄)၊ပြည်လမ်း၊ဘူတာရပ်ကွက်၊တိုက်ကြီးမြို့လယ်ကားဂိတ်အနီး၊{ဉီးကာသစ်လဘက်ရည်ဆိုင်ဘေး}
📞09963110215
07/02/2021
အခုအခြေအနေမှာ (Internet မရတော့) Radioလေးတွေ ဆောင်ထားသင့်တယ်နော်---
မနေ့တုန်းကလည်း ကုန်လုနီးပါဝယ်ကြတော့ မြန်မြန်ပြေးဝယ်မှ ရတော့မယ်နော်
ဓာတ်ခဲ အကြီးသုံး/အသေးသုံး/radio+SD-Memory Stickပါဖတ်တဲ့ Boxတွေလည်း ရပါပြီ☺️
တခြား ပုံစံ/ဆိုဒ်များလည်းရှိပါတယ်
#တွေ့သလောက်ပုံတွေသာတင်ပေးထားတာပါ
👉အမှတ်(၂၆၄)၊ပြည်လမ်း၊ဘူတာရပ်ကွက်၊တိုက်ကြီးမြို့လယ်ကားဂိတ်အနီး၊{ဉီးကာသစ်လဘက်ရည်ဆိုင်ဘေး}
📞09963110215
31/01/2021
Inpods 12 နားကြပ်
style လည်းကျ Quality လည်းကောင်းတဲ့ Inpods 12 TWS
ဒီနားကြပ်လေးကတော့ wireless ဖြစ်ပြီး HD Sound Studio System ပါဝင်ပြီး Phone နဲ့ချိတ်မယ်ဆိုရင် airpod သုံးသလို Bluetooth ဖွင့်လိုက်တာနဲ့ ဖုန်းScreen ပေါ် Earphone ရယ် Charging Box ပုံလေးရယ် ပေါ်လာတဲ့ feelingလေးက မိုက်နေရောပေါ့
modle မြင့်လေ အသစ်ထွက်လေ အသံပိုအားသာလေပါပဲ။
Beat အသံနဲ့ပက်သက်ပီးလည်း အလွန်ကောင်းတဲ့အတွက်ကြောင့်...ဘယ်လို သီချင်းမျိုးနားထောင်နားထောင် စိတ်ကျေနပ်မူရရှိမယ်ဆိုတာ ယုံကြည်ပါတယ်
Smartကျတယ်။ပေါ့ပါးတယ်။သယ်ယူရလွယ်ကူတယ်။
အားကစားပဲလုပ်လုပ်....ကားမောင်းနေရင်ပဲဖြစ်ဖြစ် ဘယ်ဖုန်းအမျိုးအစားနဲ့မဆို ios,andriod ကြိုက်တဲ့ ဖုန်းနဲ့ အလွယ်တကူ bluetooth ချိတ်ဆက်ပီး အသုံးပြုနိုင်ပါတယ်
iPhone ၊ Android phone တွေအပြင် computer နဲ့လည်း ချိတ်လို့ရတော့ သုံးရတာတော်တော်လေး အဆင်ပြေပါတယ်နော်
အားသာချက်များ
*************
bluetooth V 5.0+EDR အသုံးပြုထားပြီး အကြာအေဝး ၁၂ မီတာအထိအသုံးပြုနိုင်ပါသည်။
Talk Time ဖုန်းပြောကြာချိန်ဆက်တိုက် ၂ နာရီမှ ၃ နာရီအတွင်းအသုံးပြုနိုင်ပါသည်။
Music Time သီချင်းဆက်တိုက်ဖွင့်နားထောင်ကြာချိန် ၂ နာရီမှ ၃ နာရီအတွင်း အသုံးပြုနိုင်ပါသည်။
Standby Time အားအပြည့်ဖြင့်အသုံးမပြုပဲထားချိန် ၉၆ နာရီအထိထားရှိနိုင်ပါသည်။
Charging Time အားသွင်းချိန် ၂ နာရီခန့်ကြာမြင့်စွာအားသွင်းရန်လိုအပ်ပါသည်။
(Charging Box အားအပြည့်သွင်းပေးယုံဖြင့် Bluetooth နာကြပ်များ မြန်ဆန်စွာပြန်လည်အားသွင်းနိုင်ပါတယ်)
ထူးခြားချက်များ
*************
Touch Control အသုံးပြုဆောင်ရွက်နိုင်ပြီး
Automatic Pairing အလိုအလျောက်ချိတ်ဆက်အသုံးပြုနိုင်သောနားကြပ်ဖြစ်သည်။
Wake up Siri (IOS သမားများအတွက် Siri အသုံးပြုနိုင်) နားကြပ် နှစ်ဖက်လုံးဖြင့်ဖုန်းပြောအသံကြားရသည်။အသံလုံပါသည်
အသုံးပြုပုံလေးကတော့
1Pop-ups Features - ဖုန်းနားကပ်ပြီး အဖုံးဖွင့်တာနဲ့ ဖုန်း screen မှာ Earphones, charging box နဲ့ ဘက်ထရီအားလက်ကျန်ရာခိုင်နှုန်းတို့ကို တွေ့ရမှာပါ။
2Physical Pattern အနေနဲ့ဆို
Answer/Hang up: နားကြပ်ကို နှစ်ချက် နှိပ်လိုက်တာနဲ့ ဖုန်းကိုင်/ချလုပ်လို့ရတယ်။ (ဘယ်/ညာနှစ်ဘက်လုံးနှိပ်လို့ရပါတယ်)
Play /Pause Music: နားကြပ်ရဲ့ညာဘက်ကို နှစ်ချက် နှိပ်လိုက် တာနဲ့ သီချင်းကို ဖွင့်/ပိတ်လုပ်လို့ရတယ်။
Tap three times to next song / previous song: သီချင်းကို ကျော်တာ /နောက်ပြန်ဆုတ်တာတွေလည်း လုပ်လို့ရတယ်။
Long press two seconds to Siri /Android Voice Assistant: နှစ်စက္ကန့်ကြာဖိထားလိုက်တာနဲ့ iPhone Siri ခေါ်တာ ၊ Android Voice Assistant ခေါ်တာတွေလဲလုပ်လို့ရတယ်ဆိုတော့အရမ်းတွေမိုက်နေပြီနော်
စျေးနှုန်း>> 5500 Kyats
👉အမှတ်(၂၆၄)၊ပြည်လမ်း၊ဘူတာရပ်ကွက်၊တိုက်ကြီးမြို့လယ်ကားဂိတ်အနီး၊{ဉီးကာသစ်လဘက်ရည်ဆိုင်ဘေး}
📞09963110215
31/01/2021
လေဆာ dryer အကြီး
လေပူလေအေး အနှေး အမြန်၂မျိးလုံးရပါတယ်
2800watts အား Dryer အကြီးဆိုဒ်ပါ
Watt အားများပေမယ့် အသံဆူညံခြင်းကို
လျှော့ချထားတာမို့သက်တောင့်သက်သာအသုံးပြုနိုင်ပါတယ်
အပြာရောင်အလင်းတန်းနဲ့ blue ray hair care technology ကိုအသုံးပြုထားလို့ ဆံသားပျက်စီးမှုကနေကာကွယ်ပေးပါတယ်။
လေမှုတ်စက် ထိပ်ခေါင်းလဲ ပါပါတယ်
စျေးနှုန်း >> 4900 Kyats
👉အမှတ်(၂၆၄)၊ပြည်လမ်း၊ဘူတာရပ်ကွက်၊တိုက်ကြီးမြို့လယ်ကားဂိတ်အနီး၊{ဉီးကာသစ်လဘက်ရည်ဆိုင်ဘေး}
📞09963110215
30/01/2021
စွယ်စုံသုံး ကိုရီးယားအိုး (new design မကပ်အိုး)
အသားများကို ဆီမဲ့လှော်တာ ဆီနဲ့ ကြော်တာ ဆီပြန်ချက်တာ အရည်သောက်ဟင်းများ အစိမ်းကြော်များလည်း ချက်နိုင်ပါတယ်။
အသားကင်ခြင်း ပေါင်မုန့်ကင်ခြင်း ဆနွင်းမကွင်းထိုးခြင်းများကို လုပ်ဆောင်နိုင်ခြင်း
Aluminium သတ္ထုကိုယ်ထည်ဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်အောင် ကြွေရည် သုတ်လိမ်းပေးထားပါတယ်။
ပစ္စည်းQuality ကောင်းကောင်းလေး နဲ့ စျေးကလည်းသက်သာနေတော့ အိမ်ရှင်မတွေ ကြိုက်နှစ်ကြမာပါ။🤩
စျေးနှုန်း >> 12000 Kyats
👉အမှတ်(၂၆၄)၊ပြည်လမ်း၊ဘူတာရပ်ကွက်၊တိုက်ကြီးမြို့လယ်ကားဂိတ်အနီး၊{ဉီးကာသစ်လဘက်ရည်ဆိုင်ဘေး}
📞09963110215
29/01/2021
Covid-19ဆေးထိုးပြီး Review
---------
ကာကွယ်ဆေးထိုးပြီး လက်ကမနာလို့ ကိုယ်ခံအားကဆေးကိုမတုန့်ပြန်ဘူးလားဆိုပြီး စိုးရိမ်နေတာ 😅
ထိုးပြီး ၉နာရီလောက်အကြာမှာ ထိုးတဲ့ လက်ကစကိုက်လာတယ်....နောက်တကိုယ်လုံး တုပ်ကွေးကွေးချင်သလို ညောင်းညာ ကိုက်ခဲလာတယ်...ချမ်းစိမ့်စိမ့်နဲ့မို့ တညလုံးစောင်ထဲကွေးနေရတယ်....အဖျားတိုင်းတော့ ၉၉ ပဲရှိတယ်... .Paracetamol သောက်လိုက်တော့ ကိုက်တာ နဲနဲသက်သာတယ်....ကိုယ်လက်ကိုက်တဲ့ အရှိန်နဲ့ ညကတော့ကောင်းကောင်းအိပ်မပျော်ဘူး နှာခေါင်းပိတ်လို့ အစက်ချဆေးထည့်အိပ်တယ်...လည်ချောင်းနာချင်သလိုရှိတယ်...
မနက်ကျ တော်တော်သက်သာသွားတယ်...ဆေးခန်းတောင်သွားထိုင်နိုင်ပြီ....အာခေါင်လေးခြောက်လို့ ရေခနခန ထသောက်ရတာလေးတော့ရှိသေးတယ် ထိုးထားတဲ့နေရာကတော့ နာသေးတာပေါ့....
ကာကွယ်ဆေးထိုးပြီးရင် ကိုယ်ခံအားတုန့်ပြန်မှုကြောင့် အနဲနဲ့ အများ ဖျားတာ ကိုက်ခဲတာဖြစ်တတ်ပါတယ်...
ကလေးလေးတွေ ကာကွယ်ဆေးထိုးပြီး ဖျားတတ်ကြသလိုမျိုးပေါ့....တယောက်နဲ့ တယောက်တုံ့ပြန်မှုမတူသလို ဖြစ်တာချင်းလဲ နဲနဲတော့ကွဲနိုင်တယ်..တချို့က ခေါင်းမူးတယ် ခေါင်းကိုက်တယ် အန်တယ်...တချို့ကဝမ်းပျက်တယ်..တချို့ အဖျားကြီးတယ်
ရောဂါပိုးက ပြင်းတော့ ကာကွယ်ဆေးရဲ့ တုံ့ပြန်မှုကလဲ ရိုးရိုးတုပ်ကွေးကာကွယ်ဆေးထက်တော့ ပိုနိုင်ပါတယ်....မကြောက်ကြပါနဲ့....အများစုကတော့ ဖျားတာနာတာလောက်ပဲ ဖြစ်ပြီး ၃ ရက်တွင်းပြန်ပျောက်သွားပါမယ်....
ကာကွယ်ဆေးဆိုးကျိုးတွေကို ကြောက်ပြီးဆေးမထိုးတာမျိုးလုံးဝမဖြစ်သင့်ပါဘူး....ပိုးကူးခံရရင်ဖြစ်မဲ့ ရောဂါတွေက ဒီထက်အဆများစွာပိုပါတယ်...နောက်ဆုံး အသက်ပါဆုံးရှုံးနိုင်တဲ့ ရောဂါပိုးမို့ ဆေးထိုးဖို့ ထိုက်တန်ပါတယ်..အားလုံးကာကွယ်ဆေးထိုးပြီး COVID ကြီးကိုကာကွယ်ရအောင်....
ကျန်းမာရေးဝန်ထမ်းတွေ ကာကွယ်ဆေးအရင်ထိုးပေးတာ အရမ်းအဆင်ပြေပါတယ်..ဖြစ်လာသမျှလဲ ကိုယ့်ဟာကိုယ်ကုနိုင်တယ်...ကိုယ်တွေအတွေ့ကြုံအရ ဘာတွေလုပ်သင့်တယ် share ပေးနိုင်တယ်..အဲတော့ ဆေးထိုးမဲ့သူတွေကို မှာချင်တာလေးတွေ ပြောပေးမယ်နော်
ဆေးမထိုးခင်....
၁) ဆေးမထိုးခင် အိပ်ရေးဝဝ အိပ်ပါ
၂) ကိုယ်ခံအားတက်မဲ့ အစားတွေများများစားထားပါ
၃) ထိုးမဲ့နေ့မှာ သောက်ဖို့ အကိုက်အခဲပျောက်ဆေး ဆောင်ထားပါ
(ဖြစ်မှာစိုးလို့ ကြိုသောက်ထားတာမျိုးမလုပ်သင့်ပါ....ကိုယ်ခံအားတုန့်ပြန်မှုကို တားဆီးပြီး ဆေးအာနိသင် လျှော့ကျစေသည်ဟု တချို့ study တွေက ဆိုထားကြလို့ပါ)
၄) ဆေးထိုးပြီး ကိုယ်လက်ကိုက်ခဲမှုဖြစ်နိုင်ပါသဖြင့် လုပ်စရာအလုပ်တွေ ကြိုလုပ်ထားပေးပါ....
၅) နာတာရှည်ရောဂါရှိသူ...စွဲသောက်နေရသောဆေးရှိသူ....ဆေးဓာတ်မတည့်မှု ရှိဖူးသူများ ဆရာဝန်နဲ့တိုင်ပင်ပါ.....
ဆေးထိုးမဲ့နေ့
၁) လက်မောင်းအလွယ်တကူဖော်လို့ရသောအဝတ် ဝတ်ပေးပါ...
၂) ဖြစ်နိုင်ရင် ကော်ဖီလက်ဘက်ရည်မသောက်ပါနဲ့
၃) အရက်ဘီယာမသောက်ပါနဲ့
(အနဲဆုံး ဆေးမထိုးခင် ၂ ရက်နဲ့ ထိုးပြီး ၂ ရက်ရှောင်ရန်...ပိုရှောင်နိုင်ရင်ပိုကောင်းသည်)
၄) ဆေးမထိုးခင် ၂ နာရီနဲ့ ထိုးပြီး ၂ နာရီမှာ လေ့ကျင့်ခန်းအပြင်းထန်လုပ်ခြင်း ရေပူနဲ့ ရေချိုးခြင်းရှောင်ပါ
ဆေးထိုးပြီး
၁) ထိုးတဲ့နေရာရောင်နေ နာနေပါက အဝတ်အေးသန့်သန့် သို့မဟုတ် ရေခဲအိတ်ကပ်ပေးခြင်းဖြင့် အနာသက်သာစေပါတယ်
၂) ဆေးထိုးထားတဲ့ လက်ကို သွေးလှည့်ပတ်မှုကောင်းအောင် လှုပ်ရှားပေးပါ...
၃) အရည်များများသောက်ပေးပါ
၄) အနားကောင်းကောင်းယူပါ...
Vaccine ကြောင့် တုန့်ပြန်မှုဟာ ၃ရက်ထိပဲ ကြာနိုင်တာမို့
၃ ရက်ကျော်တဲ့အထိ မသက်သာပါက သက်ဆိုင်ရာဆရာဝန်နဲ့ပြပေးပါ..
ဒေါက်တာခင်မြတ်မြတ်နွေး
(ကလေးအထူးကု)
ထားဝယ်ပြည်သူ့ဆေးရုံကြီး
25/01/2021
အားသွင်းခေါင်းရိတ်စက် လေးပါ
Covid ကာလဖြစ်နေတော့ ဆံပင်ညှပ်ဆိုင်လဲသွားစရာမလို
အိမ်မှာပဲ ဆံပင်ညှပ်ကြမလား
မုတ်ဆိတ်မွေး ရိတ်မလား
နှခေါင်းမွေးပါ ရိတ်တဲ့ Terminatorလေးပါ ပါတယ်နော်
#ခေါင်း_၆_မျိုးတောင်_ပါတာနော်။😱
#အားသွင်းလည်းဖြစ် ်းကောင်း #စျေးကလည်းအရမ်းတန်တော့
မြန်မြန်လာဝယ်မှရတော့မယ်ဗျာ😁😁
စျေးနှုန်း>> 7000 Kyats
👉အမှတ်(၂၆၄)၊ပြည်လမ်း၊ဘူတာရပ်ကွက်၊တိုက်ကြီးမြို့လယ်ကားဂိတ်အနီး၊{ဉီးကာသစ်လဘက်ရည်ဆိုင်ဘေး}
📞09963110215
24/01/2021
ထမင်းစားခန်းမှာ (Basin)ဘေစင်မှာ လက်ဆေးဖို့အတွက် လက်အောက်ကခံလိုက်တာနဲ့ အလိုလျောက် ဆပ်ပြာရေ ဖြန်းပေးမယ့် ကိရိယာလေးပါ။😱
AA ဆိုဒ်ဓာတ်ခဲ ၃လုံးနဲ့ဆိုတော့ နေရာမရွေးရွေ့လျားထားနိုင်ပြီး သုံးရတာလည်းအဆင်ပြေပါတယ်
စျေးနှုန်းလေး>> 5500 Kyats
👉အမှတ်(၂၆၄)၊ပြည်လမ်း၊ဘူတာရပ်ကွက်၊တိုက်ကြီးမြို့လယ်ကားဂိတ်အနီး၊{ဉီးကာသစ်လဘက်ရည်ဆိုင်ဘေး}
📞09963110215
Category
Contact the business
Telephone
Website
Address
Taikkyi
Alerts
Be the first to know and let us send you an email when Three Star-Mini Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.