Attributive Gallery
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Attributive Gallery, Art Gallery, No. 7/8 (5th Floor: SKCC Building), Myanmar Thirilinkar Yarma Kyaung Road, Tamwe.
08/09/2026
“The purpose of art is washing the dust of daily life off our souls.”
Pablo Picasso
အနုပညာရဲ့ ရည်ရွယ်ချက်ဟာ နေ့စဉ်ဘဝရဲ့ အညစ်အကြေးတွေကို ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်ပေါ်ကနေ ဆေးကြောပေးခြင်းပါပဲ။ ပါဘလို ပီကာဆို
07/09/2026
လေးစားရတဲ့ ဆရာ ဒေါက်တာအောင်မင်း ကွယ်လွန်သွားကြောင်း ကြားသိရတဲ့အတွက် စိတ်ထိခိုက်ကြေကွဲရပါတယ်။
ဆရာဖန်တီးခဲ့တဲ့ အနုပညာတွေ၊ မျှဝေပေးခဲ့တဲ့ အသိပညာတွေ၊ လူငယ်တွေအပေါ် ထားရှိခဲ့တဲ့ မေတ္တာနဲ့ နွေးထွေးမှုတွေကို အမြဲအမှတ်ရနေမှာပါ။ အနုပညာကနေ လူတွေရဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဆရာဖန်တီးပေးခဲ့တဲ့ လုံခြုံရာနေရာလေးကလည်း ဆရာချန်ထားရစ်ခဲ့တဲ့ အဖိုးတန်ဆုံးအမွေအနှစ်တွေထဲက တစ်ခု ဖြစ်နေမှာပါ။
ဆရာ့ဆီက ရခဲ့တဲ့ အနုပညာ၊ အသိပညာနဲ့ လူသားဆန်မှုတွေကို တန်ဖိုးထားပြီး အမြဲအမှတ်ရနေပါမယ်။
ငြိမ်းချမ်းစွာ အနားယူပါ ဆရာ။ 🕊️
06/09/2026
ဆရာတော်တီဆွေ ရဲ့ "Totty Swe ရေးထားသည်" ဆိုတဲ့ ပြပွဲလေး အောင်မြင်စွာ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်ရှင်။
ခင်မင်ရင်းနှီးစွာ ကြွရောက်ချီးမြှင့်ပေးကြတဲ့ စာပေ၊ ဂီတ၊ ပန်းချီ နယ်ပယ်အသီးသီးမှ အနုပညာရှင် မိတ်ဆွေများ၊ အနုပညာစုဆောင်းသူများ၊ အနုပညာချစ်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။
ေးထားသည် #နာမဝိသေသနပြခန်း
#ရေဆေးပန်းချီ #တစ်ကိုယ်တော်ပန်းချီပြပွဲ
05/09/2026
ဆရာတော်တီဆွေ ရဲ့ "Totty Swe ရေးထားသည်" ဆိုတဲ့ ပြပွဲလေးရဲ့ ပထမနေ့ အမှတ်တရ ပုံရိပ်အချို့ဖြစ်ပါတယ်။
ဆရာတော်တီဆွေရဲ့ စိတ်အပန်းပြေကြည်နူးဖွယ်ရာ ရေဆေးပန်းချီ လက်ရာမွန် (၁၁) ကားတိတိကို မနက်ဖြန် စက်တင်ဘာ (၆) ရက်နေ့အထိသာ ပြသသွားမှာဖြစိလို့ လာရောက်ကြည့်ရှုခံစားဖို့ အနုပညာချစ်မြတ်နိုးသူ မိတ်ဆွေများကို ခင်မင်လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်ရှင်။
📅 5th ~ 6th - Sep - 2026
🕙 10:00 AM – 5:00 PM
📍Venue: Attributive Gallery – A Contemporary Art Space
[အမှတ် ၇ / ၈ ၊ SKCC အဆောက်အဦ၊ ၅ လွှာ၊ မြန်မာသီရိလင်္ကာရာမကျောင်းလမ်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်]
ေးထားသည် #နာမဝိသေသနပြခန်း
#ရေဆေးပန်းချီ #တစ်ကိုယ်တော်ပန်းချီပြပွဲ
02/09/2026
အနုပညာချစ်သူများရှင်... အခုလာမယ့်အပတ်မှာ နာမဝိသေသနပြခန်းမှာ တင်ဆက်ပြသသွားမယ့် ပြပွဲလေးကတော့ ဆရာတော်တီဆွေ ရဲ့ တစ်ကိုယ်တော်ပြပွဲလေးဖြစ်ပါတယ်ရှင်။ "Totty Swe ရေးထားသည်" ဆိုတဲ့ ပြပွဲလေးကို ဒီတပတ်ရဲ့ စနေ၊ တနင်္ဂနွေ (၂) ရက်တည်းသာပြသသွားမှာဖြစ်ပါတယ်။
ဒီပြပွဲလေးမှာတော့ ဆရာတော်တီဆွေရဲ့ စိတ်အပန်းပြေကြည်နူးဖွယ်ရာ ရေဆေးပန်းချီ လက်ရာမွန် (၁၁) ကားတိတိကို ထူးခြားဆန်းသစ်စွာ ခံစားကြည့်ရှုကြရမှာ ဖြစ်ပါတယ်ရှင်။ ပန်းချီကားတွေမှာ မြန်မာ့ရိုးရာယဉ်ကျေးမှု အလှတရားများ၊ ဒေသန္တရဓလေ့၊ ကျေးလက်ဒေသ ပကတိအလှတရားတွေကို ဖန်တီးတင်ဆက်ထားတာမို့ အနုပညာချစ်သူများအနေနဲ့ မြန်မာ့အနုပညာရနံ့တွေ သင်းပျံ့နေမယ့် ဆရာတော်တီဆွေရဲ့ ရေဆေးလက်ရာမွန်များကို တစ်ဝကြီး ခံစားနိုင်ဖို့ စက်တင်ဘာ (၅) ရက်နေ့နဲ့
(၆) ရက်နေ့များမှာ လာရောက်ကြည့်ရှူခံစားဖို့ ခင်မင်လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်ရှင်။
📅 5th ~ 6th - Sep - 2026
🕙 10:00 AM – 5:00 PM
📍Venue: Attributive Gallery – A Contemporary Art Space
[အမှတ် ၇ / ၈ ၊ SKCC အဆောက်အဦ၊ ၅ လွှာ၊ မြန်မာသီရိလင်္ကာရာမကျောင်းလမ်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်]
ေးထားသည် #နာမဝိသေသနပြခန်း
#ရေဆေးပန်းချီ #တစ်ကိုယ်တော်ပန်းချီပြပွဲ
02/09/2026
"UNBROKEN STROKES" Art Collection Exhibition ပြပွဲလေး အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ရှင်။
ခင်မင်ရင်းနှီးစွာ ကြွရောက်ချီးမြှင့်ပေးကြတဲ့ စာပေ၊ ဂီတ၊ ပန်းချီ နယ်ပယ်အသီးသီးမှ အနုပညာရှင် မိတ်ဆွေများ၊ အနုပညာစုဆောင်းသူများ၊ အနုပညာချစ်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။
Unbroken Strokes Collection Show မှာပြသနေတဲ့ ဆရာကြီးများရဲ့ လက်ရာမွန်များကို မလာရောက်ဖြစ်တဲ့ အဝေးက အနုပညာချစ်သူများ ကြည့်ရှူနိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ်ရှင်။
Ba Kyi
Bagyi Aung Soe
Kin Maung Yin
Lun Gywe
Maung Di
Muu Muu
Nyein Chan Su
Paw Thame
Sein Myint
Tun Win Aung
Win Pe တို့ရဲ့ လက်ရာမွန်များဖြစ်ပါတယ်။
UNBROKEN STROKES
Where generations meet through art.
📅 28th - Aug ~ 1st - Sep - 2026
🕙 10:00 AM – 5:00 PM
📍Venue: Attributive Gallery – A Contemporary Art Space
[အမှတ် ၇ / ၈ ၊ SKCC အဆောက်အဦ၊ ၅ လွှာ၊ မြန်မာသီရိလင်္ကာရာမကျောင်းလမ်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်]
31/08/2026
(၄) ရက်မြောက်နေ့ "UNBROKEN STROKES" Art Collection Exhibition ပြပွဲလေးရဲ့ အမှတ်တရ ပုံရိပ်အချို့ဖြစ်ပါတယ်။
UNBROKEN STROKES ပြပွဲလေးကို မနက်ဖြန် ညနေ
၅ နာရီအထိ တင်ဆက်ပြသသွားမှာဖြစ်လို့ ဆရာကြီးများရဲ့ လက်ရာများထဲက မတူညီသော ခေတ်များ၊ မတူညီသော အနုပညာများကို လာရောက်ကြည့်ရှုခံစားဖို့ အနုပညာချစ်သူ မိတ်ဆွေများအားလုံးကို ခင်မင်လေးစားစွာ ဖိတ်ခေါ်လိုက်ပါရစေရှင်။
UNBROKEN STROKES
Where generations meet through art.
📅 28th - Aug ~ 1st - Sep - 2026
🕙 10:00 AM – 5:00 PM
📍Venue: Attributive Gallery – A Contemporary Art Space
[အမှတ် ၇ / ၈ ၊ SKCC အဆောက်အဦ၊ ၅ လွှာ၊ မြန်မာသီရိလင်္ကာရာမကျောင်းလမ်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်]
31/08/2026
"မြန်မာခေတ်သစ်ပန်းချီလောကမှာ အများဆုံးလှုပ်ရှားခဲ့တဲ့ ပန်းချီပေါ်သိမ်းဟာ တတိယမျိုးဆက်ရဲ့ ထိပ်ပိုင်းမှာ ရှိနေပါတယ်။ ၁၉၆၀ ခုနှစ်များရဲ့ အလယ်ပိုင်းလောက်မှာ ပန်းချီပေါ်သိမ်းဟာ မန္တလေး တက္ကသိုလ်မှာ ကျောင်းတက်နေပါတယ်။ ဝါသနာအလျောက် မန္တလေးတက္ကသိုလ် နံရံကပ်စာစောင်တွေမှာ သရုပ်ဖော်ပန်းချီတွေ ရေးဆွဲပါတယ်။ အဲဒီ သရုပ်ဖော်ပုံတွေကို ဒီတုန်းက အနုပညာကျောင်းအုပ်လုပ်နေပြီဖြစ်တဲ့ ဝင်းဖေက တွေ့ရှိရပြီးတော့ ကိုပေါ်သိမ်းကို ဆီဆေးပန်းချီပညာတွေ ရေးဆွဲဖို့ အားပေးကူညီခဲ့ပါတယ်။ အဲဒီမှ တစ်ဆင့် ကိုပေါ်သိမ်းဟာ မြန်မာခေတ်သစ်ပန်းချီလောကရဲ့ ပထမမျိုးဆက် ဦးခင်မောင် (ဘဏ်) နဲ့ ဆက်လက်လေ့လာသင်ကြားခွင့် ရသွားပါတယ်။ ကိုပေါ်သိမ်းဟာ တက္ကသိုလ်ပညာကို ပြီးဆုံးအောင် သင်ကြားခဲ့ပေမဲ့ နောက်ပိုင်း သူ့ဘဝတစ်ခုလုံးကို ပန်းချီပညာနဲ့သာ ဆက်လက်ရှင်သန်ပါတော့တယ်။
ကိုပေါ်သိမ်းရဲ့ အထူးခြားဆုံး၊ အအောင်မြင်ဆုံး စွမ်းဆောင်ချက်တွေကတော့ သူ့သင်တန်းတွေကတဆင့် ပန်းချီလူငယ် ဝါသနာရှင်တွေကို ခေတ်သစ်ပန်းချီ အတွေးအခေါ် တွေ ဖြန့်ဝေပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။
ခေတ်သစ်ပန်းချီ အတွေးအခေါ် ရဲ့ အနှစ်သာရဟာ လွတ်လပ်ခြင်းနဲ့ တွေးခေါ်ခြင်းနယ်ပယ်ကို အကျယ်ပြန့်ဆုံး ဖြန့်ကြက်နိုင်ကြဖို့ ဖြစ်ပါတယ်။ ကိုပေါ်သိမ်း ကိုယ်တိုင်ကလည်း ပန်းချီရေးရာမှာ အတွေးအမြင်အားဖြင့်လည်းကောင်း၊ ကျွမ်းကျင်မှုအရလည်းကောင်း၊ ရေးဆွဲထုတ်လုပ်မှုအရလည်းကောင်း အင်အားကြီးမားသူဖြစ်ပါတယ်။" [ ဆရာဦးဝင်းဖေး၏ "ဝင်းဖေ လွယ်အိတ် ၁ + ၂ + ၃" မှ ကောက်နှုတ်တင်ပြပါသည်။]
Unbroken Strokes ပြပွဲတွင် တင်ဆက်ပြသနေသော ဆရာဦးပေါ်သိမ်း၏ လက်ရာမွန်ကို တင်ဆက်ပေးလိုက်ရပါတယ်။
UNBROKEN STROKES ပြပွဲလေးကို မနက်ဖြန် စက်တင်ဘာ (၁) ရက်နေ့အထိ ပြသသွားမှာဖြစ်လို့
လာရောက်ကြည့်ရှုခံစားဖို့ အနုပညာချစ်သူ မိတ်ဆွေများအားလုံးကို ခင်မင်လေးစားစွာ ဖိတ်ခေါ်လိုက်ပါရစေရှင်။
📅 28th - Aug ~ 1st - Sep - 2026
🕙 10:00 AM – 5:00 PM
📍Venue: Attributive Gallery – A Contemporary Art Space
[အမှတ် ၇ / ၈ ၊ SKCC အဆောက်အဦ၊ ၅ လွှာ၊ မြန်မာသီရိလင်္ကာရာမကျောင်းလမ်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်]
30/08/2026
(၃) ရက်မြောက်နေ့ "UNBROKEN STROKES" Art Collection Exhibition ပြပွဲလေးရဲ့ အမှတ်တရ ပုံရိပ်အချို့ဖြစ်ပါတယ်။
UNBROKEN STROKES ပြပွဲလေးကို စက်တင်ဘာ (၁) ရက်နေ့အထိ တင်ဆက်ပြသသွားမှာဖြစ်လို့ ဆရာကြီးများရဲ့ လက်ရာများထဲက မတူညီသော ခေတ်များ၊ မတူညီသော အနုပညာများကို လာရောက်ကြည့်ရှုခံစားဖို့ အနုပညာချစ်သူ မိတ်ဆွေများအားလုံးကို ခင်မင်လေးစားစွာ ဖိတ်ခေါ်လိုက်ပါရစေရှင်။
UNBROKEN STROKES
Where generations meet through art.
📅 28th - Aug ~ 1st - Sep - 2026
🕙 10:00 AM – 5:00 PM
📍Venue: Attributive Gallery – A Contemporary Art Space
[အမှတ် ၇ / ၈ ၊ SKCC အဆောက်အဦ၊ ၅ လွှာ၊ မြန်မာသီရိလင်္ကာရာမကျောင်းလမ်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်]
Category
Website
Address
Tamwe
Alerts
Be the first to know and let us send you an email when Attributive Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.