Forward Express Services

Forward Express Services

Share

Logistics services Delivery Services

Forward Express Services - Order တင်ရန် 09/07/2026

📦📦📦
👌ပစ္စည်းပို့လိုပါက Form ဖြည့်လိုက်ပါ ...
👍Forward Express Services ဖြင့် ကုန်ပစ္စည်း ပို့ဆောင်မည့် မိတ်ဟောင်း/မိတ်သစ်များ အနေဖြင့် အချိန်ကုန်၊ဖုန်းဘေလ်ကုန် သက်သာပြီး လိုအပ်သည့်အချက်အလက်များကို Google Form တွင် ဖြည့်စွက်ကာ Submit လိုက်ရုံဖြင့် Order Approved ဖြစ်ပြီး၊ ကုန်ပစ္စည်းများကို လာရောက်ယူဆောင်ခြင်း၊ ပို့ဆောင်ခြင်းနှင့် ကုန်ပစ္စည်း လက်ရောက်အပ်နှံပြီးကြောင်းကို ပြန်လည် သတင်းပို့ အကြောင်းကြားခြင်း အစရှိသည့် လုပ်ငန်းစဥ်များကို အချိန်နှင့် တပြေးညီ ပိုမို မြန်ဆန်အောင် ဆောင်ရွက်ပေးနိုင်ဖို့ Online Order Picking Form တွင် စမ်းသပ် ပါဝင် ဖြည့်စွက်ပြီး Order တင်ကြည့်ကြဖို့ ပြောချင်သလို၊ယခင်လို ဖုန်းဆက်၍ သော်၄င်း၊ Viber ဖြင့် သော်၄င်း Order ပေးလို့လည်း ရပါကြောင်း သတင်းကောင်း ပေးပါရစေ..


Google form link

Forward Express Services - Order တင်ရန်

21/08/2025

📦📦📦
(21-Aug-25) Transportation

16/08/2025
Photos from Forward Express Services's post 15/08/2025

🚉 မြန်မာ့ မီးရထား ပို့ဆောင်ဆက်သွယ်ရေး

🔹️ အရှေ့တောင်အာရှမှာ အစောဆုံး မီးရထားလမ်းဖောက်လုပ်ပြီး မီးရထားနဲ့ ပို့ဆောင်ဆက်သွယ်ရေး စတင်ခဲ့တဲ့နိုင်ငံဟာ မြန်မာနိုင်ငံ ဖြစ်ပါတယ်။

🔹️ မြန်မာနိုင်ငံမှာ ပထမဆုံး မီးရထားလမ်းကို ဗြိတိသျှကိုလိုနီခေတ် ၁၈၇၇ ခုနှစ်၊ မေလ ၁ ရက်နေ့က စပါးနဲ့ သစ်တွေလို ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့အတွက် ရည်ရွယ်ပြီး "Irrawaddy Valley State Railway Company" က ရန်ကုန်-ပြည် လမ်းပိုင်းကို စတင်ဖောက်လုပ် ပြေးဆွဲပြီး မြန်မာ့မီးရထား ပို့ဆောင်ဆက်သွယ်ရေးကို အရှေ့တောင်အာရှမှာ သက်တမ်း
အရင့်ဆုံး မီးရထားလုပ်ငန်းတစ်ခု ဖြစ်စေခဲ့ပါတယ်။

🔹️ အရှေ့တောင်အာရှမှာ မီးရထားလမ်းပိုင်း အစောဆုံး စတင်ပြေးဆွဲခဲ့တဲ့ နိုင်ငံ ၁၀ နိုင်ငံနဲ့ ခုနှစ်များကို ဗဟုသုတ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

▪️ မြန်မာ (၁၈၇၇) - ရန်ကုန်-ပြည် လမ်းပိုင်းကို ဗြိတိသျှကိုလိုနီအစိုးရက စတင်ဖွင့်လှစ်ခဲ့ပါတယ်။
▪️ ဗီယက်နမ် (၁၈၈၅) - ဆိုင်ဂုံ (ယခု ဟိုချီမင်းမြို့) နဲ့ မီသို (My Tho) ကို ဆက်သွယ်ထားတဲ့ ရထားလမ်းကို ပြင်သစ်ကိုလိုနီအစိုးရက စတင်ဖောက်လုပ်ခဲ့ပါတယ်။
▪️ မလေးရှား (၁၈၈၅) - ကွာလာလမ်ပူနဲ့ ကလန် ဆိပ်ကမ်းကို ဆက်သွယ်ထားတဲ့ ရထားလမ်းကို ဗြိတိသျှတွေက စတင်ခဲ့ပါတယ်။
▪️ ထိုင်း (၁၈၉၃) - ဘန်ကောက်နဲ့ ဆာမွတ်ပရာကန် (Samut Prakan) ကို ဆက်သွယ်တဲ့ ပက်နမ် (Paknam) ရထားလမ်းကို ဖွင့်လှစ်ခဲ့ပါတယ်။
▪️ ဖိလစ်ပိုင် (၁၈၉၂) - မနီလာ-ဒက်ဂူပန် (Dagupan) လမ်းပိုင်းကို စတင်ခဲ့ပါတယ်။
▪️ ကမ္ဘောဒီးယား (၁၉၃၂) - ဖနွမ်းပင်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ Poipet ကို ဆက်သွယ်တဲ့ လမ်းကြောင်းအပြင် နောက်ပိုင်းမှာ ဆီဟာနော့ဗီးလ် (Sihanoukville) ကိုလည်း ဆက်သွယ်ခဲ့ပါတယ်။
▪️ အင်ဒိုနီးရှား (၁၈၆၇) - အင်ဒိုနီးရှားမှာတော့ ရထားလမ်းစတင်ခဲ့တဲ့ ခုနှစ်နဲ့ပတ်သက်ပြီး ကွဲပြားမှုတွေရှိပေမဲ့ ၁၈၆၇ ခုနှစ်မှာ စတင်ခဲ့တယ်လို့ အများစုက လက်ခံထားပါတယ်။
▪️ စင်ကာပူ (၁၉၀၃) - တန်ဂျောင်းပါဂါး (Tanjong Pagar) နဲ့ ကူလာရာရှာ (Kuala Lumpur) ကို ဆက်သွယ်ပေးခဲ့တဲ့ ရထားလမ်းကို စတင်ဖောက်လုပ်ခဲ့ပါတယ်။
▪️ လာအို (၂၀၂၁) - တရုတ်-လာအို ရထားလမ်းဖွင့်လှစ်ချိန်ကစပြီး မြို့တွင်းတစ်ခုနှင့်တစ်ခု ဆက်သွယ်ပြေးဆွဲတဲ့ ရထားလမ်းစနစ် စတင်ခဲ့ပါတယ်။
▪️ ဘရူနိုင်း (မစတင်သေး) - ဘရူနိုင်းနိုင်ငံမှာတော့ လက်ရှိအချိန်အထိ အများသုံးရထားလမ်း မရှိသေးပါဘူး။

🔹️ မြန်မာ့မီးရထား ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းဟာ ၁၈၇၇ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိဆိုရင် သက်တမ်း ၁၄၈ နှစ် ရှိပါပြီ။

မြန်မာ့မီးရထား ပြေးဆွဲနေတဲ့ အဓိက ခရီးစဉ်တွေနဲ့ လမ်းပိုင်းဖောက်လုပ်ခဲ့တဲ့ ခုနှစ်၊ စတင်ပြေးဆွဲခဲ့တဲ့ ခုနှစ်တွေကတော့ -

▪️ရန်ကုန် - ပြည် လမ်းကြောင်း
- ဖောက်လုပ်စတင်သည့်ခုနှစ်: ၁၈၇၄ ခုနှစ်
- စတင်ပြေးဆွဲသည့်ခုနှစ်: ၁၈၇၇ ခုနှစ်၊ မေလ ၁ ရက်နေ့
ဒီလမ်းပိုင်းဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး မီးရထားလမ်းဖြစ်ပြီး အရှေ့တောင်အာရှမှာလည်း သက်တမ်းအရှည်ဆုံးလို့ မှတ်တမ်းဝင်ပါတယ်။ ရန်ကုန်ကနေ ပဲခူး၊ သာယာဝတီ စတဲ့မြို့တွေကို ဖြတ်ပြီး ပြည်မြို့ကို ရောက်ပါတယ်။
▪️ရန်ကုန် - မန္တလေး လမ်းကြောင်း
- ဖောက်လုပ်စတင်သည့်ခုနှစ်: ၁၈၈၄ ခုနှစ်
- စတင်ပြေးဆွဲသည့်ခုနှစ်:
- ရန်ကုန် - တောင်ငူ (၁၈၈၅ ခုနှစ်)
- တောင်ငူ - မန္တလေး (၁၈၈၉ ခုနှစ်)
ဒီလမ်းကြောင်းဟာ မြန်မာနိုင်ငံရဲ့ အဓိကအကျဆုံးနဲ့ အစည်ကားဆုံး လမ်းကြောင်းဖြစ်ပါတယ်။ ရန်ကုန်ကနေ ပဲခူး၊ နေပြည်တော်ကို ဖြတ်ပြီး မန္တလေးမှာ လမ်းကြောင်းဆုံးပါတယ်။
▪️မန္တလေး - မြစ်ကြီးနား လမ်းကြောင်း
- ဖောက်လုပ်စတင်သည့်ခုနှစ်: ၁၈၉၂ ခုနှစ်
- စတင်ပြေးဆွဲသည့်ခုနှစ်: ၁၈၉၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့
ဒီလမ်းပိုင်းဟာ မန္တလေးကနေ စတင်ပြီး ရွှေဘို၊ ကသာ၊ မိုးကောင်း စတဲ့မြို့တွေကို ဖြတ်သန်းကာ မြစ်ကြီးနားမြို့အထိ ပေါက်ပါတယ်။ မြန်မာ့မီးရထားလမ်းရဲ့ မြောက်ဘက်ဆုံးလမ်းပိုင်း ဖြစ်ပါတယ်။
▪️ရန်ကုန် - မော်လမြိုင် - ထားဝယ် လမ်းကြောင်း
- ဖောက်လုပ်စတင်သည့်ခုနှစ်: ၁၉၀၇ ခုနှစ်
- စတင်ပြေးဆွဲသည့်ခုနှစ်:
- မော်လမြိုင် - သိမ်ဆိပ် (၁၉၀၇ ခုနှစ်)
- ကျိုက်ထို - မော်လမြိုင် (၁၉၂၆ ခုနှစ်)
- မော်လမြိုင် - ထားဝယ် (၁၉၉၆ ခုနှစ်)
ဒီလမ်းပိုင်းဟာ ရန်ကုန်ကနေ ပဲခူးကို ဖြတ်ပြီး မော်လမြိုင်၊ ရေး စတဲ့မြို့တွေကို ဖြတ်သန်းကာ တနင်္သာရီတိုင်းရဲ့မြို့တော် ထားဝယ်အထိ ပေါက်ပါတယ်။
▪️မန္တလေး - လားရှိုး လမ်းကြောင်း
- ဖောက်လုပ်စတင်သည့်ခုနှစ်: ၁၈၉၁ ခုနှစ်
- စတင်ပြေးဆွဲသည့်ခုနှစ်: ၁၉၀၀ ခုနှစ်
ဒီလမ်းပိုင်းဟာ ရှမ်းပြည်နယ်က တောင်တန်းတွေကို ဖြတ်သန်းပြေးဆွဲတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ နာမည်ကျော် ဂုတ်ထိပ်တံတားကို ဖြတ်သန်းရတဲ့အတွက် ပြည်တွင်း/ပြည်ပ ခရီးသွားတွေအကြားမှာ အရမ်းလူကြိုက်များပါတယ်။
▪️ရန်ကုန်မြို့ပတ်ရထား (Yangon Circular Railway)
- ဖောက်လုပ်စတင်သည့်ခုနှစ်: ၁၉၅၄ ခုနှစ်
- စတင်ပြေးဆွဲသည့်ခုနှစ်: ၁၉၅၄ ခုနှစ်
ဒီလမ်းပိုင်းဟာ ရန်ကုန်မြို့တွင်းနဲ့ ဆင်ခြေဖုံးရပ်ကွက်တွေကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းဖြစ်ပါတယ်။

🔹️ လက်ရှိ မြန်မာနိုင်ငံရဲ့ မီးရထားလမ်းကွန်ရက်ဟာ မိုင်ပေါင်း၆,၂၀၇.၆၄၄ ကီလိုမီတာ (၃,၈၅၇မိုင်) ကျယ်ဝန်းပြီး အင်ဒိုနီးရှားနိုင်ငံ(ကီလိုမီတာ ၈၀၀၀ကျော်ရှိ)ပြီးရင် အရှေ့တောင်အာရှမှာ ဒုတိယအကြီးဆုံး မီးရထားကွန်ရက် ရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

🔹️ ဒီလို သမိုင်းကြောင်း အစဥ်အလာရှိခဲ့တဲ့ မြန်မာ့မီးရထား ပို့ဆောင်ရေးလုပ်ငန်းကို ပြည်တွင်း ကုန်စည်များ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အရေးပါတဲ့ လမ်းကြောင်းတခုအဖြစ် ပြန်လည် အသက်သွင်းနိုင်မယ်ဆိုရင် ပြည်တွင်းကုန်စည် စီးဆင်းမှုတွေ ပိုမို အဆင်ပြေ ချောမွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း ....

Forward Logistic Services

13/08/2025

🎖🎖🎖
▪️နေ ပူပူ၊မိုး ရွာရွာ Customer တွေရဲ့ ကုန်ပစ္စည်းတွေကို သတ်မှတ်ထားတဲ့အချိန်အတွင်း လိုရာခရီးကို ရောက်အောင် ပို့ပေးနေတာ " Forward" Logistics Services ပါ...

Telephone