Pyae's Sharing Vlog
ဗဟုသုတ/ရသ/
24/09/2022
မင်းတို့ဟာကမဟုတ်တော့ဘူးကွ ငါပြောကိုပြောမှရတော့မယ် 😡
နောက်ပိုင်းလူတော်တော်များများ အဲ့လိုမျိုး အကြောင်းအရာတွေကို ဘာလို့အမြဲတန်း social media ပေါ်တင်နေကြလဲ နားလည်လို့ကို မရဘူး
လူကြီး လူငယ် အရွယ်သုံးပါးမရွေး Internet Platform ပေါ်ရှိနေကြတာကို မသိနားမလည်ကြတာလား ဘာလဲ Attention လိုချင်လို့လား?
မင်းတို့ရဲ့ လူသားဆန်မှုတွေ ဘယ်မာလဲ?
ဘယ်မှာလဲ ယဉ်ကျေးမှု
ဘယ်မှာလဲ အရှက်တရား
ဘယ်မှာလဲ link?
crd
24/09/2022
” ကမ္ဘာအရပ်ရပ်မှ အံသြဖွယ်ရာ ကတ်သီးကတ်သတ် ဥပဒေများ ”
ကမ္ဘာအရပ်ရပ်မှာ နိုင်ငံတွေ ကွာခြားသွားတာနဲ့ သတ်မှတ်ထားတဲ့ ဥပဒေတွေလည်း မတူတော့ပါဘူး။ တချို့နိုင်ငံတွေမှာဆို ကပ်သီးကပ်သပ်ဥပဒေတွေ ချထားတာမို့ ရယ်စရာတောင် ကောင်းသဗျ။
“တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း” ဖြစ်နေတာမို့ “ရောမရောက်ရင် ရောမလိုကျင့်” ဖို့ လိုတာပေါ့။
ပုံတွေနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်ခင်မျ
02/09/2022
လူတကာပေးသမျှ လက်မခံပါနဲ့
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
လူတိုင်းကတော့ တစ်ယောက်တစ်မျိုးစီ အမျိုးမျိုး သင့်ကို ပေးနေမှာပဲ။
သူတို့ပေးတာတွေဟာ ကောင်းတာလည်း ဖြစ်ချင်ဖြစ်မယ်၊ ဆိုးတာတွေလည်း ဖြစ်ချင်ဖြစ်မယ်။
ဒါကို ကိုယ်က ကောင်းတာပဲပေး၊ ဆိုးတာ လာမပေးနဲ့ဆိုပြီး သွားလုပ်လို့မရဘူး။
လုပ်လို့ရတာဆိုလို့ ကိုယ်က ကောင်းတာဆိုလက်ခံ၊ မကောင်းတာဆို လက်မခံနဲ့ ဒါဘဲရှိတယ်။ အဓိက က ကိုယ့်အတွက် အကျိုးရှိတာ၊ မရှိတာကို ခွဲခြားသိပြီး ရွေးချယ်လက်ခံတတ်ဖို့ပဲ။
လူတော်တော်များများ စိတ်ညစ်ရတယ်၊ စိတ်ဆိုးရတယ်၊ ဒေါသထွက်ရတယ်၊ ပျော်ရတယ်၊ ငိုရတယ်၊ ရယ်ရတယ်ဆိုတာတွေဟာ ကိုယ်ရွေးချယ်လက်ခံယူလိုက်တဲ့ အရာတွေပေါ်မူတည့်ပြီး ကွဲပြားသွားတာ ဖြစ်တယ်။
မင်းစိတ်ချမ်းသာချင်လား?
ဒါဆို မင်းကို စိတ်ချမ်းသာစေမယ့်အရာတွေ၊ ကိုယ်စိတ်ကိုပျော်ရွှင်စေမယ့်အရာတွေကိုပဲတွေး၊ အဲ့အရာတွေကိုပဲ ကိုယ့်ခေါင်းထဲထည့်ထား၊ ဒါတွေကလွဲရင် တခြားအရာ လက်မခံနဲ့။
အဲ့လိုမဟုတ်ဘဲ
စိတ်ဆင်းရဲချင်လား? စိတ်ညစ်ချင်လား?
ဒါဆိုလည်း ကိုယ့်စိတ်ကို ညစ်နွမ်းစေမယ့်အရာတွေ၊ စိတ်မပျော်စေမယ့်အရာတွေကိုပဲ များများတွေး၊ များများလက်ခံပေါ့။ ဒါဆိုရင် သေချာပေါက် စိတ်ညစ်ရမှာပဲ။
အဲ့တော့ ရွေးချယ်ပြီး လက်ခံတတ်ဖို့ပဲ လိုတယ်။
လူတကာပေးသမျှ လက်မခံမိဖို့ အရေးကြီးတယ်။
လူတကာပေးသမျှ လက်ခံယူတာဆိုလို့ အမှိုက်ကားပဲ ရှိတယ်။
သင့်ရဲ့ခေါင်းကို စည်ပင်သာယာ အမှိုက်ကားလို့ သဘောထားရင်တော့ လက်ခံပေါ့😁။ ဒါပေမဲ့ သေချာတာတစ်ခုက သင်တို့အိမ်ရှေ့ အမှိုက်ကား ရောက်လာလို့အမှိုက်ပစ်ပြီးရင် ကိုယ့်အိမ်ရှေ့က မြန်မြန်ထွက်သွားစေချင်တယ်မလား၊ နံလို့လေ။
အမှိုက်ကားဆိုတာ သူကိုယ်တိုင်နံရုံတင်မဟုတ် ဘေးပတ်ဝန်းကျင်ကိုပါ အနှောက်အယှက်ပေးသေးတာကိုး။
အခုလည်း အဲ့လိုပဲ ကိုယ်ကလူတကာပြောသမျှ၊ ပေးသမျှ ကောင်းတာရော၊ မကောင်းတာရော အကုန်လက်ခံ၊ ပြီးရင် အပူမိနေပြီး ဘေးလူတွေပါ ကိုယ့်အပူတွေ ကူးကုန်ရော။ ကြာရင် သင့်ဘေးနားမှာ ဘယ်သူမှ နေနိုင်မှာ မဟုတ်တော့ဘူး။
အဲ့တော့ နောက်ဆုံးထပ်ပြီး မှာချင်တာက လူတကာ ပေးသမျှ လက်မခံပါနဲ့။ ကိုယ့်အတွက် အကျိုးရှိတဲ့၊ ကိုယ့်ကို စိတ်ပျော်စေမယ့် အရာတွေကိုပဲ ရွေးပြီး လက်ခံပါဆိုတာပါပဲ။
သင်လက်ခံလိုက်တဲ့အရာက မွှေးကြိုင်နေရင် သင့်ပတ်ဝန်းကျင်ပါ မွှေးကြိုင်နေပါလိမ့်မယ်။
သင်လက်ခံလိုက်တဲ့အရာက နံစော်နေရင် သင့်ပတ်ဝန်းကျင်ပါ နံစော်နေပါလိမ့်မယ်
ဒီတော့
သင်ဘယ်လိုအရာမျိုးကို ရွေးချယ်လက်ခံမှာလဲ...?
CRD
Category
Telephone
Website
Address
Alerts
Be the first to know and let us send you an email when Pyae's Sharing Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.