Handmade by Theint
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Handmade by Theint, Artist, 49 Street middle block, Yangon.
Our Motto - " Let's Give More Life to Nature " Upcycled Coconut Shell Crafts , Crochet ,resin handmade , circular life style ♻️♻️♻️ ,own creation, social entrepreneurs ❤️❤️❤️
29/08/2026
Batch -2 လျှောက်လွှာခေါ်နေပါပြီနော် 😍
26/08/2026
D A Y - 3 😍
26/08/2026
D A Y - 2 😍
26/08/2026
D A Y - 1 😍
22/08/2026
24 ရက်နေ့,, မန္တလေးမှာ ပစ္စည်းလေးတွေရှိမယ်လို့ ,,🥰🥰🥰
စွန့်ပစ်အုန်းမှုတ်ခွက်တွေကို အသုံးပြပြီး ,, ပလတ်စတစ် coating , ပလတ်စတစ်ပါဝင်မှု့ လုံးဝမရှိတဲ့ သဘာဝ ထုတ်ကုန်တွေထုတ်လုပ်နိုင်အောင် သင်ကြားပေးမှာမို့ စိတ်ဝင်စားသူတွေ မြန်မြန်လျှောက်လိုက်တော့နော် 🥰
08/08/2026
Eco Bridge ရဲ့ Training Program အတွက် လျှောက်လွှာခေါ်ယူခြင်း
The Bride ရဲ့ အခွဲတစ်ခုဖြစ်တဲ့ Eco Bridge မှ ပြုလုပ်သွားမည့် စွန့်ပစ်အုန်းခွံမှသည် ဝင်ငွေလမ်းကြောင်းဖန်တီးနိုင်ဖို့ Program ရဲ့ Training မှာ ပါဝင်ချင်သူများအတွက် လျှောက်လွှာများ ခေါ်ယူနေပါပြီရှင့်
📍စွန့်ပစ်အုန်းခွံမှသည် ဝင်ငွေလမ်းကြောင်းဖန်တီးနိုင်ဖို့ Program ဆိုတာဘာလဲ
စွန့်ပစ်အုန်းခွံများကို လူသုံးကုန်ပစ္စည်းများအဖြစ် ဖန်တီးပြီး မသန်စွမ်းသူများ၊ အမျိုးသမီးများ၊ LGBTQ+ များနှင့် အခွင့်အလမ်းနည်းပါးသော လူငယ်များအတွက် Career ဖွံဖြိုးတိုးတက်စေရန်နဲ့ ဝင်ငွေရရှိနိုင်မယ့် လမ်းကြောင်းတစ်ခု ဖန်တီးနိုင်ဖို့ ရည်ရွယ်ထားသော Program ဖြစ်ပါတယ်။
📍Program Process အသေးစိတ်
👉Program ကို လျှောက်ထားသူများထဲမှ ၁၅ ယောက်ကို ရွေးချယ်ပြီး Basic Training ပေးပါမည်။
👉Basic Training ကို တက်ရောက်ရမည့် ( ၃ ) ရက်တာ အတွက် Transportation နဲ့ Meal အတွက်ကို Eco Bridge မှ စီစဥ်ပေးသွားမှာ ဖြစ်ပါတယ်။
👉Basic Training ပြီးမြောက်သွားတဲ့အခါ ၁၅ ယောက်ထဲမှ ထပ်မံရွေးချယ်ပြီး Advanced Training ( 2 Days ) + Internship ( 10 Days ) လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
‼️Internship ၁၀ ရက်တာအတွက် ကိုယ့်အစီအစဥ်နဲ့ကို လုပ်ငန်းခွင်ကို လာရောက်နိုင်သူ ဖြစ်ရပါမယ်ရှင့်
Internship ပြီးသွားတဲ့နောက်မှာ Eco Bridge မှ ပြုလုပ်သွားမဲ့ Project တွေကို အတူလုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။
Program ကို ဘယ်သူတွေ လျှောက်ထားနိုင်လဲ❓
စက်ပစ္စည်းများကို အသုံးပြုလုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် မသန်စွမ်းမှု အမျိုးအစားထဲမှ လျှောက်ထားဖို့ အဆင်ပြေသူများကတော့
▪️အကြားအာရုံမသန်စွမ်းသူများ
▪️ကိုယ်အင်္ဂါ မသန်စွမ်းသူ (ဝှီးချဲ User, ဂျိုင်းထောက် User, ခြေတု, Bridge တပ်တဲ့သူတွေ အဆင်ပြေပါတယ်။
▪️လက်အနည်းငယ်ချို့ယွင်းမှုရှိသော်လဲ စက်တွေကို ကိုင်တွယ်ပြီး လက်မှုကို လုပ်နိုင်ရင် လျှောက်ထားနိုင်ပါတယ်။
▪️ဉာဏ်ရည် မသန်စွမ်းသူတွေကို တိုက်ရိုက်အုပ်ထိန်းနေရတဲ့သူတွေလဲ လက်ခံပါတယ်။
▪️Gender Expression, Appearance, ဖြစ်တည်မှုကြောင့် ပုံမှန်လုပ်ငန်းခွင်ဝင်ဖို့ ဖယ်ကျဉ်ခံနေရသူ၊ မိသားစုက ဖယ်ကျဉ်ခံနေရတဲ့ LGBT လူငယ်များ လျှောက်ထားနိုင်ပါတယ်။
▪️အကြောင်းအမျိုးမျိုးကြောင့် ပညာရေးလက်လှမ်းမီမှု အားနည်းတဲ့လူငယ်များ လျှောက်ထားနိုင်ပါတယ်။
▪️မိသားစုတာဝန်ကို ယူဖို့အတွက် ပညာရေးဆုံးခန်း မတိုင်ခဲ့တဲ့လူငယ်တွေ၊ ပညာပြီးစီးအောင် သင်ကြားခွင့်မရတဲ့ လူငယ်တွေ၊ တကယ်အခက်အခဲရှိနေတဲ့ လူငယ်တွေကို ဦးစားပေး ခေါ်ယူသွားမှာဖြစ်ပါတယ်။
Program ကို ပါဝင်လျှောက်ချင်သူများက အောက်ပါ Link မှ တစ်ဆင့် လျှောက်ထားလို့ ရပါတယ်။
👉https://forms.gle/7WHBNsTyGu8qWPnR6
Program လျှောက်ထားနိုင်တဲ့နေ့ရက်
📍7.8.2026 to 14.8.2026
📩Program အကြောင်းအသေးစိတ်ကို ထပ်မံသိရှိလိုတယ်ဆိုရင်တော့ Page Chatbox မှာ မေးမြန်းနိုင်သလို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ဆက်သွယ်ရန် ဖုန်း:
☎️09 764332269
☎️09 789535998
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |