ProEthics Solutions
Consultancy services for industrial solutions in Myanmar’s garment manufacturing industry.
စက်ရုံတော်တော်များများမှာ တွေ့ရတာက…
အလုပ်သမားတွေကို နှစ်ပေါင်းများစွာ အလုပ်လုပ်စေတယ်။
ဒါပေမယ့်…
သူတို့ရဲ့ ကျွမ်းကျင်မှု ဘယ်လောက်တိုးတက်လာလဲ…
ဘယ်လိုစွမ်းဆောင်ရည်တွေရှိလာလဲ…
ဘာတွေ ထပ်သင်ယူဖို့ လိုသေးလဲ…
ဆိုတာကို စနစ်တကျ အကဲဖြတ်ပေးတဲ့ Performance Evaluation System မရှိသေးပါဘူး။
တချို့စက်ရုံတွေမှာ Grade လို့ခေါ်တဲ့ အဆင့်သတ်မှတ်ထားတာတွေရှိပါတယ်။
ဒါပေမယ့် Grade သတ်မှတ်တဲ့အခါ…
✔ အလုပ်ပျက်ရက် ရှိလား?
✔ ထုတ်လုပ်မှုပမာဏ ဘယ်လောက်ရှိလဲ?
ဆိုတာကိုပဲ အခြေခံပြီး သတ်မှတ်ကြတာ များပါတယ်။
ဒါပေမယ့်…
အလုပ်သမားရဲ့ ကျွမ်းကျင်မှု (Skills)
အလုပ်လုပ်တဲ့အရည်အသွေး (Quality)
ပြဿနာဖြေရှင်းနိုင်စွမ်း (Problem Solving)
ပူးပေါင်းဆောင်ရွက်နိုင်မှု (Teamwork)
အသစ်တွေ ကိုသင်ယူနိုင်စွမ်းရှိမှု (Learning Ability)
စတဲ့ အချက်တွေကို အကဲဖြတ်တာ နည်းနေသေးပါတယ်။
အဲ့ဒီလို ဖြစ်လာတဲ့အခါ…
အလုပ်သမားက
“ကျွန်တော်တို့ ကျွန်မတို့ ကြိုးစားလည်း အတူတူပဲ…”
“အလုပ်သက်တမ်းပဲ ကြာလာတယ်…”
“ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို ဘယ်သူမှ မမြင်ဘူး…”
လို့ ခံစားလာရတတ်ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ
အလုပ်လုပ်ချင်စိတ် တွေလျော့လာတယ်။
တိုးတက်ချင်စိတ်တွေလျော့လာတယ်။
နောက်ဆုံးမှာ အလုပ်ပြောင်းဖို့ စဉ်းစားလာပါတော့တယ်။
ဒါကြောင့်…
စက်ရုံတစ်ခုက
အတွေ့အကြုံရှိတဲ့ အလုပ်သမားတွေကို ရေရှည်ထိန်းထားချင်တယ်…
အရည်အချင်းရှိတဲ့ အလုပ်သမားအသစ်တွေကို ဆွဲဆောင်ချင်တယ်…
ဆိုရင်…
လုပ်ခလစာတိုးပေးရုံနဲ့ မလုံလောက်တော့ပါဘူး။
မျှတပြီး ပွင့်လင်းမြင်သာတဲ့ Performance Evaluation System စွမ်းဆောင်ရည် အကဲဖြတ်စနစ်၊
Skill Assessment System ကျွမ်းကျင်မှူအကဲဖြတ်မှုစနစ်၊
Promotion System ရာထူးတိုးတဲ့စနစ်
အစရှိတဲ့ စနစ်တွေကို တည်ဆောက်ဖို့ လိုအပ်ပါတယ်။
ရာထူးတိုးတယ် ဆိုတာ…
အလုပ်လုပ်လာတဲ့ နှစ်အရေအတွက်ပေါ် ပဲမူတည်နေတာ မဟုတ်ပါဘူး။
ဒီလိုပဲ Attendance တစ်ခုတည်းပေါ် မူတည်တာလည်း မဟုတ်ပါဘူး။
“ဒီလူက ဘာတွေတတ်လာပြီလဲ?”
“ဘယ်လို ကျွမ်းကျင်မှုတွေ တိုးတက်လာပြီလဲ?”
“နောက်တစ်ဆင့် တာဝန်ယူဖို့ အဆင်သင့်ဖြစ်ပြီလား?”
ဆိုတာကို အခြေခံပြီး ဆုံးဖြတ်သင့်ပါတယ်။
ဒီလိုစနစ်တစ်ခု ရှိလာတဲ့အခါ…
✔ အလုပ်သမားတွေက သင်ယူချင်လာမယ်။
✔ ကိုယ့်ကိုယ်ကို တိုးတက်အောင် ကြိုးစားလာမယ်။
✔ စက်ရုံကို ရေရှည်လက်တွဲချင်လာမယ်။
✔ စီမံအုပ်ချုပ်ရေးပိုင်း အနေနဲ့ကလည်း အနာဂတ် ရဲ့ Supervisor နဲ့ Leader တွေကို ကိုယ့်စက်ရုံထဲကပဲ မွေးထုတ်နိုင်လာပါမယ်။
Social Compliance Management ဆိုတာ Audit အောင်ဖို့ပဲ မဟုတ်ပါဘူး။
သင့်ရဲ့ လုပ်ငန်းခွင်က လူတွေ တိုးတက်လာအောင်၊ လုပ်ငန်းစဉ်တွေ ပိုမိုကောင်းမွန်လာအောင်၊ Management System ကို ခိုင်မာလာအောင် တည်ဆောက်ပေးတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် သင့်စက်ရုံမှာ ဝန်ထမ်းတွေရေရှည်လုပ်ကိုင်စေနိုင်ပြီး ကောင်းမွန်ပြီး အရည်ချင်းပြည့်တဲ့ ဝန်ထမ်းသစ်တွေကို ဆွဲဆောင်နိုင်စေမှာဖြစ်ပါတယ်။
ProEthics Solutions
လုပ်ငန်းခွင်အတွက်အဓိကလေ့လာမှတ်သားဖို့လိုနေတဲ့ ILO Convention နံပါတ်လေးတွေကို ဗဟုသုတအနေနဲ့ မှတ်သားလို့ရအောင် စုစည်းဖော်ပြပေးထားပါတယ်။
👇🏼👇🏼👇🏼👇🏼
👶 ILO Convention No. 138
Minimum Age Convention
📌 မှတ်သားရန်
ILO Convention (138) သည် အလုပ်လုပ်ရန် အနည်းဆုံးအသက် ကို သတ်မှတ်ထားသော အပြည်ပြည်ဆိုင်ရာ အလုပ်သမားစံနှုန်း ဖြစ်ပါသည်။
ရည်ရွယ်ချက်မှာ ကလေးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်ရန် ဖြစ်ပါသည်။
👶 ILO Convention No. 182
Worst Forms of Child Labour Convention
📌 မှတ်သားရန်
ILO Convention (182) သည် ကလေးများအတွက် အဆိုးရွားဆုံး ကလေးအလုပ်သမားပုံစံများ ကို တားမြစ်ပြီး အမြန်ဆုံး ဖယ်ရှားပစ်ရန် ရည်ရွယ်ထားသော Convention ဖြစ်ပါသည်။
⛓ ILO Convention No. 29
Forced Labour Convention
📌 မှတ်သားရန်
ILO Convention (29) သည် အတင်းအဓမ္မ လုပ်အားပေးစေခြင်း ကို တားမြစ်ထားသော အပြည်ပြည်ဆိုင်ရာ စံနှုန်း ဖြစ်ပါသည်။
⛓ ILO Convention No. 105
Abolition of Forced Labour Convention
📌 မှတ်သားရန်
ILO Convention (105) သည် အတင်းအဓမ္မ လုပ်အားပေးစေခြင်းကို ဖျက်သိမ်းရန်နှင့် မည်သည့်ပုံစံဖြင့်မဆို အသုံးမပြုရန် ပြဋ္ဌာန်းထားသော Convention ဖြစ်ပါသည်။
🤝 ILO Convention No. 87
Freedom of Association Convention
📌 မှတ်သားရန်
ILO Convention (87) သည် အလုပ်သမားများနှင့် အလုပ်ရှင်များ၏ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် ကို ကာကွယ်ပေးသော Convention ဖြစ်ပါသည်။
🤝 ILO Convention No. 98
Right to Organise and Collective Bargaining
📌 မှတ်သားရန်
ILO Convention (98) သည် အလုပ်သမားများ၏ စုပေါင်းညှိနှိုင်းဆွေးနွေးခွင့် (Collective Bargaining) ကို ကာကွယ်ပေးသော Convention ဖြစ်ပါသည်။
⚖️ ILO Convention No. 100
Equal Remuneration Convention
📌 မှတ်သားရန်
ILO Convention (100) သည် တူညီတဲ့ အလုပ်အတွက် တန်းတူလုပ်ခလစာ ရရှိစေရန် ပြဋ္ဌာန်းထားသော Convention ဖြစ်ပါသည်။
🚫 ILO Convention No. 111
Discrimination Convention
📌 မှတ်သားရန်
ILO Convention (111) သည် အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုများကို တားမြစ်ရန် ရည်ရွယ်ထားသော Convention ဖြစ်ပါသည်။
🦺 ILO Convention No. 155
Occupational Safety and Health Convention
📌 မှတ်သားရန်
ILO Convention (155) သည် လုံခြုံပြီး ကျန်းမာရေးနှင့် ညီညွတ်သော လုပ်ငန်းခွင် တည်ဆောက်ရန် ရည်ရွယ်ထားသော Convention ဖြစ်ပါသည်။
ProEthics Solutions
HR က Social Compliance ကို သိဖို့ လိုသလားလို့ ကျွန်မကို မကြာခဏလာမေးနေကြလို့ ဒီ video clip လေးနဲ့ဖြေပေးလိုက်ပါတယ်။
လုပ်ငန်းခွင်ထဲမှာကလေးအလုပ်သမားတွေတွေ့ လာရင်…
အလုပ်ချိန်နဲ့ပတ်သက်တဲ့ပြဿနာ ဖြစ်လာရင်…
မကျေပ်ချက် တိုင်ကြားမှု ရှိလာရင်…
HR က Social Compliance ကို မသိဘဲ ဘယ်လို စီမံခန့်ခွဲနိုင်မှာပါလဲ?
တကယ်တော့…
HR Department ဟာ Social Compliance Management System ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
HR ရဲ့ နေ့စဉ် ဆုံးဖြတ်ချက်တွေဟာ…
လုပ်ငန်းခွင်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေ
အကြောင်းအရာတွေနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ဆက်စပ်နေပါတယ်။
HR ရဲ့ အလုပ်ဟာ အလုပ်သမားကို အလုပ်ခန့်တာနဲ့ မပြီးဆုံးပါဘူး။
HR ရဲ့ ဆုံးဖြတ်ချက်တိုင်းဟာ Social Compliance Risk ကို လျှော့ချနိုင်သလို၊ မသိဘဲထားမိရင်လည်း Risk ကို တိုးစေနိုင်ပါတယ်။
ProEthics Solutions
“အလုပ်သမားရှားပါးမှုပြဿနာကို HR Department တစ်ခုတည်းကပဲဖြေရှင်းနိုင်ပါသလား?”
စက်ရုံအများစုမှာ အလုပ်သမားရှားပါးမှုတွေဖြစ်လာရင် ဒါဟာHR ရဲ့ ပြဿနာတစ်ခုလို မြင်တတ်ကြပါတယ်။
Recruitment မှာ လူတောင်းသလောက်မရခဲ့ရင်…
HR ကို ပြောကြပါတယ်။
စက်ရုံထဲမှာ Child Labour တွေ့လာရင်…
HR ပဲဖြေရှင်းရမယ်လို့ပဲတွေးပါတယ်။
အလုပ်သမားထွက်နှုန်း Turnover တွေများလာရင်…
HR ကို ပဲမေးကြပါတယ်။
ဒါပေမယ့်…
Management အနေနဲ့ မေးသင့်တဲ့ မေးခွန်းက တခြားတစ်ခု ဖြစ်ပါတယ်။
“လုပ်ငန်းခွင်ထဲမှာ Production Planning တွေက HR ဌာနကို အဆင်ပြေအောင် အထောက်အကူပြုပေးနေသလား?”
စက်ရုံမှာ Production Planတွေက မကြာခဏ ပြောင်းလဲနေမယ်…
Order Schedule ကမတည်ငြိမ်ဘူး…
လက်ရှိလူအင်အားနဲ့ ၄င်းတို့ရဲ့ ထုတ်လုပ်နိုင်တဲ့စွမ်းအား Production Capacity ကို လက်တွေ့မတွက်ချက်ထားဘူး။
လူအင်အားစီမံထားမှု Manpower Planning မရှိဘူး။
ဒီလိုအခြေအနေတွေမှာ…
HR က ဘယ်လို Recruitment Plan တွေသေချာချနိုင်မှာပါလဲ?
Training Plan တွေကို ဘယ်လို ရေးဆွဲမှာပါလဲ?
Skill Development ကို ဘယ်လို စီစဉ်မှာပါလဲ?
အဲဒါတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်ရလာဒ်အနေနဲ့…
• လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေမလုံလောက်ခြင်း
• Excessive Overtime အချိန်ပိုအလွန်အကျွံဆင်းရခြင်းတွေ ထပ်ခါထပ်ခါဖြစ်ခြင်း၊
• အတွေ့အကြုံမရှိတဲ့ အလုပ်သမားတွေကို အလျင်စလို ခန့်ထားရခြင်း၊
• လုံလောက်တဲ့ Training မပေးနိုင်ခြင်း၊
• လုပ်ငန်းခွင်ထဲမှာ ကလေးအလုပ်သမားတွေ့နိုင်တဲ့ Risk တွေ ပိုများလာခြင်း၊
စတဲ့ ပြဿနာတွေ လုပ်ငန်းခွင်ထဲမှာဆက်တိုက် ဖြစ်ပေါ်လာနိုင်ပါတယ်။
တစ်ခါတစ်ရံမှာ…
ကလေးအလုပ်သမားပြဿနာ ဟာ Recruitment Process ဝန်ထမ်းခန့်ထားရေးတစ်ခုတည်းရဲ့ ပြဿနာ မဟုတ်ပါဘူး။
Production Planning၊ Capacity Planning၊ Workforce Planning နဲ့ Management Decision တွေကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ပါတယ်။
Social Compliance ကို Department တစ်ခုတည်းရဲ့ တာဝန်ပဲလို့ မမြင်ဘဲ…
Management System တစ်ခုလုံးရဲ့ တာဝန်အဖြစ် မြင်နိုင်မှသာ၊ဌာနအားလုံး ပူးပေါင်းဆောင်ရွက်ပြီး ပြဿနာကို balanced ညီညီ အတူတကွဖြေရှင်းနိုင်မှသာ ကောင်းမွန်ပြီးရေရှည်တည်တံ့တဲ့ စီးပွါးရေးလုပ်ငန်းခွင်တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။
ProEthics Solutions
International Standards တွေကို နားလည်ခြင်းဟာ Audit အတွက်သာ မဟုတ်ဘဲ စက်ရုံလုပ်ငန်းတစ်ခု ဟာ ရေရှည်ယှဉ်ပြိုင်နိုင်ဖို့၊ Buyer ယုံကြည်မှု ရရှိဖို့၊ နိုင်ငံတကာဈေးကွက်မှာ ရပ်တည်နိုင်ဖို့ အရေးကြီးလာတာ ဖြစ်ပါတယ်။
ProEthic Solution
05/07/2026
📢 သင်တန်းသားလက်ခံမှု နောက်ဆုံးအခြေအနေ
ProEthics Solutions မှ ဖွင့်လှစ်သင်ကြားမည့်
“Beyond Audit Preparation: Practical Skills for Identifying, Managing and Remediating Social Compliance Issues”
“AUDIT စစ်ဆေးမှုအတွက် ပြင်ဆင်နေခြင်းထက် လက်တွေ့ကျသော ကျွမ်းကျင်မှုများဖြစ်သည့် Social Compliance ပြဿနာများကို ဖော်ထုတ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ပြန်လည်ပြင်ဆင်ဖြေရှင်းခြင်း”
သင်တန်းအတွက် သင်တန်းသားနေရာ (၅) နေရာသာ ကျန်ရှိပါတော့သည်။
Social Compliance Management System၊ Due Diligence၊ Risk Identification၊ Root Cause Analysis နှင့် Practical Case Studies များကို လက်တွေ့အတွေ့အကြုံများနှင့်အတူ လေ့လာလိုသူများအတွက် ယခုသင်တန်းသည် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါသည်။
စိတ်ဝင်စားသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ပါပြီ။
📩 ProEthics Solutions Page (သို့မဟုတ်) TikTok Message Box မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။
ProEthics Solutions
အလုပ်သမားရှားပါးမှုကို Recruitment တစ်ခုတည်းနဲ့ မဖြေရှင်းနိုင်ပါဘူး။
အရင်းခံအကြောင်းရင်း (Root Causes) ကို ဖော်ထုတ်ပြီး Management System ကို စဉ်ဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်နိုင်မှသာ ရေရှည်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
Recruitment က လစ်လပ်နေတဲ့နေရာကို ဖြည့်ပေးနိုင်ပါတယ်။
ဒါပေမယ့်…
ကောင်းမွန်တဲ့ Management System ကသာ ဝန်ထမ်းတွေ အလုပ်မထွက်ချင်အောင် ဖန်တီးပေးနိုင်ပါတယ်။
တစ်ခါတစ်ရံ Management အတွက် အရေးကြီးဆုံး မေးခွန်းက…
“လူသစ်တွေကို ဘယ်လို ပိုခန့်ရမလဲ?” မဟုတ်ပါဘူး။
“ဝန်ထမ်းကောင်းတွေ ဘာကြောင့် ထွက်သွားကြတာလဲ?” ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။
ProEthics Solutions
အန္တရာယ်ဖြစ်နိုင်ခြေ Risk မရှိတဲ့ စက်ရုံဆိုတာ မရှိပါဘူး။
အန္တရာယ်ဖြစ်နိုင်ခြေ Risk ကို မသိတဲ့ မရှာနိုင်တဲ့ စက်ရုံပဲ ရှိပါတယ်။
Social Compliance Management System ကောင်းတစ်ခုဆိုတာ Risk မရှိအောင်လုပ်တာ တစ်ခုထဲမဟုတ်ပါဘူး။
ဖြစ်လာနိုင်ခြေရှိတဲ့Risk ကို စောစောသိထားပြီး မဖြစ်ခင် မှာ ကြိုတင်စီမံခန့်ခွဲနိုင်တာ ဖြစ်ပါတယ်။
Social Compliance Management System ကောင်းတစ်ခုဆိုတာ
❌ Audit ကို စောင့်မနေပါဘူး။
✔ ကိုယ်တိုင် Risk Assessmentတွေ လုပ်ပါတယ်။
✔ ကိုယ်တိုင် Monitoring လုပ်ပါတယ်။
✔ ကိုယ်တိုင် ပြဿာဖြစ်ရတဲ့ အရင်းအမြစ် Root Cause ကို လေ့လာပါတယ်။
✔ ကိုယ်တိုင် လုပ်ငန်းခွင်ကိုကောင်းမွန်တိုးတက်အောင်ပဲ လုပ်ပါတယ်။
ဒါဟာ OECD Due Diligence ရဲ့ အဓိက အယူအဆတစ်ခုလည်း ဖြစ်ပါတယ်။
ProEthics Solutions
လာမည့် ဇူလိုင်လ ၁၁ ရက်နေ့မှာ စတင်မယ့် Beyond Audit Preparation
CSR, HR & Compliance Professionals များအတွက် လက်တွေ့အခြေပြု Social Compliance နဲ့ ပတ်သက်တဲ့ online သင်တန်းမှာ တက်ရောက်ကြဖို့ သင်တန်းအပ်နှံကြတဲ့ စက်ရံများမှတာဝန်ရှိသူများ၊ သင်တန်းသားများ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ ProEthics Solutions မှ သင်တန်းအတွက် အကောင်းဆုံးကြိုးစားပြင်ဆင်နေပါတယ်။
ProEthics Solutions
Category
Address
Yangon
11201