Handmade by Thoon
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Handmade by Thoon, Yangon.
Sold out ပြီးသား orderများဖြစ်ပါတယ်💙🫶
☔🌧️ ဝါဆိုမိုးနဲ့အတူ အနားမှာ အမြဲဆောင်ထားဖြစ်တဲ့ မိုးရာသီအိတ်လေး ✨
ဝါဆိုလရဲ့ မိုးအေးအေးလေးမှာ သဘာဝရဲ့ အေးချမ်းမှုကို ခံစားရင်း... မိုးစက် မိုးပေါက်လေးတွေ၊ တိမ်တိုက်နဲ့ ထီးပုံစံ Patchwork လေးတွေနဲ့ ဖန်တီးထားတာဖြစ်ပါတယ်။
အိတ်ကလေးက သေးသေးကွေးကွေး ချစ်စရာ ပုံစံလေးကိုမှ နှုတ်ခမ်းနီ၊ သော့၊ ပိုက်ဆံနဲ့ တိုလီမုတ်စ ပစ္စည်းလေးတွေကို သပ်သပ်ရပ်ရပ် စုထည့်ထားဖို့ အသင့်တော်ဆုံးပါပဲနော်🤍🫶
✨ Material & Quality Details
China Yarn Dyed Fabric (Grade A) နဲ့ YKK Zip တို့ကိုအသုံးပြုထားပြီး
Patchwork (ပိတ်စလေးများ ဆက်ခြင်း)၊
Appliqué (ပိတ်ကပ် အလှဆင်ခြင်း)၊
Quilting (ပိတ်ဖောင်းကြွ ချုပ်လုပ်ခြင်း) စသောပညာရပ်တွေကို ပေါင်းစပ်ကာ 100% လက်ချုပ် သီးသန့်နဲ့ပဲ တစိမ့်စိမ့် ချုပ်လုပ်ဖန်တီးထားတဲ့ Premium Handmade လက်ရာစစ်စစ်ဖြစ်ပါတယ်။
Price: 70,000 MMK ✨💸
မိမိ ကြိုက်နှစ်သက်ရာ Customized Design သီးသန့် Order လေးတွေလည်း လက်ခံပေးပါတယ်ရှင့်။
Mini card holder ✨
02/07/2026
Handmade with love, styled by me. ✨
One and Only Limited Design
(Customer Ordered) 🛍️✨
Ph, passport, ပိုက်ဆံ, ကဒ် အကုန်ဆံ့ပြီး ကိုင်ရတာ အရမ်းအဆင်ပြေတဲ့ Patchwork Wallet လေး🦊🐻
"Overseas သွားတော့မယ့် သူငယ်ချင်းအတွက် အမှတ်တရလက်ဆောင်လေး ပေးချင်လို့" ဆိုပြီး လာမှာထားတဲ့ သီးသန့် Customized Order အိတ်ကလေး ဖြစ်ပါတယ်ရှင်။ (အခုအိတ်လေးကတော့ စက်ချုပ်ဒီဇိုင်းလေးပါနော်) 🧵
အသုံးပြုထားတဲ့ ပိတ်စဒီဇိုင်းလှလှလေးတွေက နောက်ထပ်ရဖို့ မလွယ်ကူတော့တာမို့ ပုံစံတူ လုံးဝ (လုံးဝ) ထပ်မရနိုင်တော့ပါဘူးရှင်။ 🙅♀️❌
စက်ချုပ်ပဲဖြစ်ဖြစ်၊ လက်ချုပ်ပဲဖြစ်ဖြစ်... ဘာပဲအပ်အပ် တစ်လုံးချင်းစီကို Customized အသေးစိတ် သေသေချာချာ ပုံဖော်ပေးတာမို့ နောက်ထပ် ဘယ်လိုဒီဇိုင်းဆန်းလေးတွေ ထပ်ထွက်လာဦးမလဲဆိုတာ စောင့်မျှော်ပေးပါဦးရှင် 🦊🐻✨
Sue' girl 👒
06/06/2026
👒 Sue' အရုပ်မလေး ✨
Handmade လောကမှာ Sunbonnet Sue ဆိုတာ ၁၉ ရာစုနှောင်းပိုင်းကတည်းက ရေပန်းစားခဲ့တဲ့ Classic character လေးပါ။
မျက်နှာမပြဘဲ ကိုယ်ဟန်အနေအထားနဲ့တင် အသက်ဝင်အောင် ဖန်တီးရတဲ့ အရုပ်မလေး ဖြစ်ပါတယ်ရှင်။
မျက်နှာလေးကို ဦးထုပ်ဝိုင်းကြီးနဲ့ ကွယ်ထားတဲ့ ဒီဇိုင်းလေးဟာ ယနေ့အချိန်ထိ ဟန်းမိတ်ချစ်သူတွေရဲ့ အသည်းစွဲ ဖြစ်နေဆဲပါပဲ။ 🥰
ဒီတစ်ခါတော့ အဲ့ဒီ Sue' လေးကိုမှ Mini pouch အိတ်ပုစိလေး ချုပ်ထားတာပါရှင့်။
Sue လေးရဲ့ ချစ်စရာပုံရိပ်ကို ယက္ကန်းပိတ်စလေးတွေနဲ့ အနုစိတ် အပြင်ပိုင်းတင်မက အတွင်းပိတ်စအထိ 100% လက်ချုပ်နဲ့ သေသေချာချာ ဂရုစိုက် ချုပ်လုပ်ထားတာပါ 🪡💖
Coin, Earbuds, Lipstick နဲ့ သော့လေးတွေ ထည့်သိမ်းဖို့ သင့်တော်တဲ့ အရွယ်အစားလေးပါ။
Handmade ပစ္စည်း စုဆောင်းရတာ သဘောကျသူတွေအတွက် မရှိမဖြစ် Item လေးတစ်ခုပေါ့။
Angel Wings🤍🪽
10/05/2026
မေလရဲ့ အပူဒဏ်ကို ခေတ္တမေ့လျော့စေတဲ့ မိုးပြေးလေးနဲ့အတူ... 🌦️✨
မိုးရွာပြီးစ လေထုထဲမှာ တောက်ပနေတဲ့ နတ်သမီးလေးပါ 🧚♀️🤍
စက်ချုပ်မဟုတ်ဘဲ လက်ချုပ်နဲ့ပဲ အချိန်ပေးပြီး သေသေချာချာလေး ပုံဖော်ထားတာ မို့လို့ ကိုင်လိုက်တိုင်းမှာ ဖန်တီးသူရဲ့ စေတနာကို ခံစားရမှာပါ🪡
ပူအိုက်တဲ့နေ့ရက်တွေကြားမှာ အေးမြတဲ့ အလှတရားလေးတစ်ခုအဖြစ် အနားမှာ ရှိနေပေးမယ့် နတ်သမီးလေးပေါ့🥰
ချစ်စရာ key holder လေးကိုပညာဒါနသင်ပေးပြီး လိုနေတဲ့ပိတ်စလေးပါ ပို့ပေးတဲ့ ALNI handmade က မအယ်နီကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🫶🤎
25/04/2026
မင်္ဂလာဆောင် ပြန်ကမ်းလက်ဆောင်အတွက်💑
Card Holder အလုံး ၃၀၀ အော်ဒါလေးပါ
အိတ်သေးသေးလေးတွေဆိုပေမဲ့
တယောက်ထဲ အစအဆုံး ချုပ်လုပ်ရတာမို့
အီစိမ့်သွားတဲ့အထိ ပင်ပန်းပေမဲ့လည်း
အခုလိုထုပ်ပိုးပြီးစီးသွားတဲ့ အနေအထားရောက်တော့ ပင်ပန်းသမျှတွေ အကုန်ပျောက်ပြီး ပီတိတွေပဲ ကျန်ပါတော့တယ်✨
ယုံကြည်စိတ်ချစွာ မှာယူပေးတဲ့ မင်္ဂလာဇနီးမောင်နှံနှစ်ဦးလည်း တသက်လုံး ရွှေလက်တွဲမြဲပြီး ပန်းခင်းလမ်းကို အတူတူ လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်ရှင်🥰
Telephone
Website
Address
Alerts
Be the first to know and let us send you an email when Handmade by Thoon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.