Thet's Collection

Thet's Collection

Share

service

30/10/2024
19/01/2023

ဆံပင်တွေ တအားကျွတ်နေလား . . . ဗောက်ထလို့ စိတ်ညစ်နေလား . . . ဆံသားတွေ ကြမ်းဖွာပြီး ပျက်စီးနေပြီလား . . .။

ဆံကေသာနဲ့ ပတ်သက်ပြီး မိန်းမသားအများစု ကြုံတွေ့နေရတဲ့ ပြဿနာတွေအတွက် Sal Sal Sue Hair Care Product တွေ ရှိပါတယ်။

🌟 Sal Sal Sue Hair Treatment Shampoo

Chemical ပစ္စည်းတွေ ပေါများတဲ့ ဒီနေ့ခေတ်မှာ ကိုယ့်ရဲ့ ဆံကေသာကို သဘာဝပစ္စည်းစစ်စစ်တွေနဲ့ သဘာဝအတိုင်း သန်စွမ်းကျန်းမာနေစေချင်ရင် ဆယ်ဆယ်ဆူး ဆံသားအားဖြည့်ခေါင်းလျှော်ရည် (Sal Sal Sue Hair Treatment Shampoo) ကို သတိရလိုက်ပါ။

Sal Sal Sue Hair Treatment Shampoo ရဲ့ အဓိက အားသာချက်က

🌚 ဆံပင်ကျွတ်တာ
🌚 ‌ဆံပင်ပျက်စီးပြီး အရှည်နှေးတာ
🌚 ဆံပင်ကြမ်းတာ
🌚 ဗောက်ထတာတွေကို သိသိသာသာ သက်သာစေတဲ့အပြင် ဆံကေသာကို အထိရောက်ဆုံး အားဖြည့်ပေးနိုင်တာပဲ ဖြစ်ပါတယ်။

ရှားစောင်းလက်ပပ်၊ ထောလပတ်ရွက်၊ လက်ဖက်ရွက်၊ အုန်းဆီ၊ ပျားရည် အစရှိတဲ့ ဆံကေသာကိုအကျိုးပြုစေမယ့် ပါဝင်ပစ္စည်းတွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားလို့ ဆံကေသာ ကျန်းမာသန်စွမ်းလိုသူတွေအနေနဲ့ စမ်းသပ်သုံးစွဲ ကြည့်သင့်ပါတယ်။

🌟 Sal Sal Sue Hair Treatment Serum

Sal Sal Sue ဆံသားအားဖြည့်ဆီမှာ ဆံကေသာကျန်းမာသန်စွမ်းဖို့ အဓိကလိုအပ်တဲ့ အုန်း‌ဆီ၊ မုန်ညင်းဆီ၊ သံလွင်ဆီ၊ ကော်ဖီ၊ ဗီတာမင် E စတာတွေကို သဘာဝအတိုင်း အချိုးညီညီ‌ ပေါင်းစပ်ထုတ်လုပ်ထားပါတယ်။ ခေါင်းမလျှော်ခင် အနည်းဆုံး နာရီဝက်အလိုမှာ လိမ်းကျံထားပေးရုံနဲ့ ခေါင်းလျှော်ပြီးတဲ့အခါ ပျော့ပျောင်းနူးညံ့တဲ့ ဆံကေသာလေးကို ရရှိပိုင်ဆိုင်နိုင်မှာပါ။

နောက်ပြီး ဆံပင်ကျွတ်ခြင်းကို ထိထိရောက်ရောက် တားဆီးပေးနိုင်လို့ ဆံကေသာကျန်းမာသန်စွမ်းလိုသူတွေ စမ်းသပ်သုံးစွဲဖို့ တိုက်တွန်းလိုက်ပါတယ်။

🌟 Sal Sal Sue Hair Mask

ထောပတ်သီးရဲ့ အဆီအနှစ်၊ ဆံသားကိုအားဖြည့်ပေးနိုင်မယ့် ပရိုတင်းဓာတ်တစ်မျိုးဖြစ်တဲ့ Keratin တို့နဲ့ အဓိကထား ထုတ်လုပ်ထားတဲ့ Sal Sal Sue Hair Mask ဟာ
ဆံသားကို ပိုသားလေးလို နူးညံ့အိစက်နေစေဖို့ ကူညီပေးနိုင်ပါတယ်။

အသုံးပြုနည်းအနေနဲ့ကတော့

♥ အရင်ဆုံး နှစ်သက်ရာရှန်ပူတစ်မျိုးမျိုးနဲ့ ခေါင်းလျှော်ပါ။ (ဆယ်ဆယ်ဆူးရှန်ပူနဲ့ ဆိုရင်တော့ အကောင်း‌ဆုံးပေါ့။)
♥ ပြီးတဲ့အခါ ဆံပင်ပေါ် Hair Mask ကို သုတ်ပြီး ၃မိနစ် မှ ၅ မိနစ်အထိ ကြာအောင် ထားပါ။
♥ အချိန်ပြည့်တဲ့အခါ ရေစင်အောင်ဆေးချပါ။
♥ ရေသုတ်ပြီး ပုံမှန်အတိုင်း ဆံပင်ပုံသွင်းနိုင်ပါပြီ။

Sal Sal Sue Hair Care Product တွေနဲ့ ပတ်သက်ပြီး သိချင်တာတွေရှိရင်လည်း Page Chat Box ကနေ လာမေးလို့ရပါတယ်နော်။

Photos from Grace's Glow up Guide's post 02/01/2023
Photos from Thet's Collection's post 09/12/2022
Photos from Let’s Care with Juliee's post 29/11/2022
29/11/2022

ဆံပင်ကျွတ်ရတဲ့ အဓိကအကြောင်းအရင်းတွေ အများကြီးရှိနိုင်ပါတယ်။ ပုံမှန်ထက်ပိုပြီးဆံပင်ကျွတ်နေပြီဆိုရင်တော့ အောက်ပါ အချက်တွေကို ပြန်လည်ဆန်းစစ်ကြည့်သင့်ပါတယ်။

၁ ဟော်မုန်းအပြောင်းအလဲများနေတာလား။
၂ အပူအစပ်တွေ စားတာများနေလား။
၃ အာဟာရဓာတ် မညီမမျှဖြစ်နေလား။
၄ ကျန်းမာရေးကြောင့် ဆေးတွေ သောက်နေရလား။
၅ ကိုယ်နဲ့ ဓာတ်မတည့်တဲ့ ခေါင်းလျှော်ရည် သုံးမိနေလား။
၆ ခေါင်းလျှော်တဲ့အခါ ရှန်ပူ၊ ပေါင်းဆေး၊ ပျော့ဆေးတွေကို သေချာပြောင်စင်အောင် ဆေးကြောရဲ့လား။
၇ ကိုယ်သုံးတဲ့ Hair Product တွေထဲမှာ ကိုယ်နဲ့ ဓာတ်မတည့်တာတွေ ပါနေလား။
၈ Chemical တွေနဲ့ အထိအတွေ့များနေလို့လား။

ဆံပင်ကျွတ်တဲ့ ပြဿနာအတွက် အကောင်းဆုံးနည်းလမ်းကတော့ ရေများများသောက်တာ၊ အာဟာရဓာတ်စုံလင်အောင် စားသောက်တာ၊ Vit-E ပါတဲ့ ဖြည့်စွက်ဆေးဝါးတွေ ‌မှီဝဲသောက်သုံးတာမျိုးတွေအပြင် ကိုယ့်ရဲ့ ဦးရေပြားနဲ့တည့်ပြီး ဆံသားကို အထိရောက်ဆုံး အားဖြည့်ပေးနိုင်တဲ့ ဆီ၊ ခေါင်းလျှော်ရည်၊ ပေါင်းဆေး၊ Haircoat တွေကိုလည်း
အလျဉ်းသင့်သလို သုံးပေးတာပဲဖြစ်ပါတယ်။

သဘာဝပါဝင်ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားပြီး ဈေးနှုန်းသင့်တင့်တဲ့ ဆံသားအားဖြည့်ဆီ နဲ့ ခေါင်းလျှော်ရည် ကို သုံးချင်တယ်ဆိုရင်တော့ မမဆူးရဲ့ Sal Sal Sue Hair Treatment Serum နဲ့ Shampoo ရှိတယ်နော်။
တစ် Set လုံးကိုမှ ၁၅၀၀၀ ပဲကျသင့်ပြီး အမြန်ဆုံးပို့ဆောင်ပေးနိုင်ပါတယ်။

24/11/2022

ဗောက်ထရခြင်း အကြောင်းအရင်းတွေထဲမှာ ဦးရေပြားခြောက်သွေ့ခြင်းက ထိပ်ဆုံးက ပါဝင်ပါတယ်။ အထူးသဖြင့် အခုလို ဆောင်းတွင်းမှာ အသားအရေခြောက်တတ်တော့ ဗောက်ထတာ ပိုပြီးသိသာတာပေါ့။ နောက်ပြီး ဗောက်ထတော့ ဆံပင်တွေပါ ကျွတ်ပြန်ရော။

ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ ဆယ်ဆယ်ဆူး ရှိပါတယ်။

ဆံကေသာကျန်းမာသန်စွမ်းဖို့ အဓိကလိုအပ်တဲ့ အုန်း‌ဆီ၊ မုန်ညင်းဆီ၊ သံလွင်ဆီ၊ ကော်ဖီ၊ ဗီတာမင် E စတာတွေကို သဘာဝအတိုင်း အချိုးညီညီ‌ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ ဆယ်ဆယ်ဆူး ဆံသားအားဖြည့်ဆီလေးကို ခေါင်းမလျှော်ခင် တစ်ညလောက် ကြိုလိမ်းထားရုံနဲ့ ဦးရေပြားဗောက်ထတာကို သက်သာစေမှာပါ။

နောက်ရက်ကျ ဆယ်ဆယ်ဆူးရှန်ပူလေးနဲ့ ခေါင်းလျှော်ပေါ့နော်။

ဆယ်ဆယ်ဆူးရှန်ပူမှာက ရှားစောင်းလက်ပပ်၊ ထောလပတ်၊ လက်ဖက်ရွက်၊ အုန်းဆီ၊ ပျားရည် စတဲ့ သဘာဝပစ္စည်းတွေပါလို့ ဆံသားကို အားဖြည့်ပေးနိုင်တဲ့အပြင် ဦးရေပြားခြောက်သွေ့မှုကို ကာကွယ်ပေးပြီး ဗောက်ထခြင်း၊ ဆံပင်ကျွတ်ခြင်းနဲ့ ဆံသားနှစ်ခွဖြစ်ခြင်း၊ ဆံပင်ဖွာခြင်း၊ ပျက်စီးခြင်းတွေကိုပါ သက်သာစေနိုင်ပါတယ်။

ကဲ . . . နှစ်မျိုးပေါင်းမှ ငွေကျပ် တစ်သောင်းခွဲတည်းဆိုတော့ တန်လည်း တန်‌တယ်နော်။ တစ်မျိုးချင်းစီ ခွဲဝယ်လို့လည်း ရပါတယ်။ အသေးစိတ် သိချင်တာရှိရင် CB ကနေ လာမေးနော်။

Telephone

Website

Address

Industrial Estate
Yangon
1111

Alerts

Be the first to know and let us send you an email when Thet's Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.