Crystal Power

Crystal Power

Share

Crystals & Energy Healing Jewellery

13/09/2026

မြ

💎 နဝရတ်ကိုးပါးထဲက အသိဉာဏ်၊ ဆက်သွယ်မှုနဲ့ လေ့လာသင်ယူခြင်းရဲ့ ဆရာဖြစ်တဲ့ ဗုဒ္ဓဟူးဂြိုဟ်နဲ့ မြ

နဝရတ်ကိုးပါးကို လေ့လာတဲ့အခါ ကျောက်တစ်မျိုးစီရဲ့ အရောင်၊ မာကျောမှုနဲ့ သဘာဝဂုဏ်သတ္တိတွေကို သိထားရုံတင်မကဘဲ အဲဒီကျောက်နဲ့ ဆက်စပ်နေတဲ့ ဂြိုဟ်ရဲ့ ယဉ်ကျေးမှုနောက်ခံနဲ့ သင်္ကေတအဓိပ္ပာယ်တွေကိုပါ တွဲပြီးလေ့လာရပါတယ်။

ပတ္တမြားနဲ့ Sun ကို လေ့လာတုန်းက ကိုယ့်အလင်းကို သိမြင်ခြင်း၊ Leadership နဲ့ Responsibility အကြောင်း စဉ်းစားခဲ့ပါတယ်။ နီလာနဲ့ Saturn ကို လေ့လာတဲ့အခါ အချိန်၊ စည်းကမ်း၊ သည်းခံစိတ်ရှည်မှုနဲ့ ရေရှည်တည်တံ့မယ့် System တည်ဆောက်ခြင်းတို့ရဲ့တန်ဖိုးကို မြင်လာရပါတယ်။ စိန်နဲ့ Venus ကတော့ Self-worth၊ မေတ္တာ၊ အလှအပနဲ့ ပျော်ရွှင်မှုကို Balance ရှိရှိ လက်ခံတတ်ဖို့ ပြန်လည်စဉ်းစားမိစေပါတယ်။

ဒီတစ်ခါမှာတော့ ကိုယ့်အတွေးတွေကို ဘယ်လိုစနစ်တကျ စုစည်းသလဲ၊ သိထားတာကို ဘယ်လိုရှင်းလင်းစွာ ပြောပြသလဲ၊ အချက်အလက်တစ်ခုကို လွယ်လွယ်မယုံဘဲ ဘယ်လိုစိစစ်သလဲနဲ့ လူအချင်းချင်းကြား အသိပညာ၊ စကားလုံးနဲ့ တန်ဖိုးတွေကို ဘယ်လိုဖလှယ်သလဲဆိုတဲ့ အပိုင်းဆီကို ရွေ့ကြည့်ချင်ပါတယ်။

အဲဒါကတော့ Mercury — Budha၊ ဗုဒ္ဓဟူးဂြိုဟ်နဲ့ သူ့ကို ကိုယ်စားပြုတဲ့ မြ၊ Emerald တို့ရဲ့အကြောင်းပါပဲ။

Mercury ဟာ နေနဲ့ အနီးဆုံးဂြိုဟ်ဖြစ်ပြီး နေအဖွဲ့အစည်းထဲမှာ အသေးဆုံးဂြိုဟ်လည်း ဖြစ်ပါတယ်။ ကမ္ဘာရဲ့လထက် အနည်းငယ်သာ ပိုကြီးပြီး နေကို တစ်ပတ်ပြည့်ပတ်ဖို့ ကမ္ဘာရက်အားဖြင့် ၈၈ ရက်ခန့်သာ ကြာပါတယ်။ ဒါကြောင့် နေကို အမြန်ဆုံးပတ်လမ်းကြောင်းနဲ့ လှည့်ပတ်နေတဲ့ဂြိုဟ် ဖြစ်ပါတယ်။

ဒီအချက်တွေဟာ Astronomy က လေ့လာအတည်ပြုထားတဲ့ Mercury ရဲ့ ရုပ်ပိုင်းဆိုင်ရာသဘာဝတွေ ဖြစ်ပါတယ်။ လူ့အသိဉာဏ်၊ ဆက်သွယ်မှု၊ စီးပွားရေးနဲ့ လေ့လာသင်ယူမှုတို့ကို Mercury နဲ့ ဆက်စပ်ဖော်ပြထားတာတွေကတော့ Vedic Astrology နဲ့ ယဉ်ကျေးမှုဆိုင်ရာ ရိုးရာအဓိပ္ပာယ်ဖွင့်ဆိုမှုတွေ ဖြစ်ပါတယ်။ ဒီနယ်ပယ်နှစ်ခုကို မရောထွေးဘဲ သူ့နေရာနဲ့သူ ခွဲခြားနားလည်ဖို့ အရေးကြီးပါတယ်။

Mercury ဆိုတဲ့အမည်ဟာ လျင်မြန်စွာ သွားလာတတ်တဲ့ ရှေးရောမနတ်ဘုရား Mercury ရဲ့အမည်ကို ယူထားတာဖြစ်ပြီး သူ့ကို သတင်းစကားပို့ဆောင်ခြင်း၊ ခရီးသွားခြင်းနဲ့ ကူးသန်းရောင်းဝယ်ခြင်းတို့နဲ့ ဆက်စပ်ပုံဖော်ခဲ့ကြပါတယ်။

Vedic ရိုးရာမှာတော့ ဒီဂြိုဟ်ကို Budha လို့ခေါ်ပါတယ်။ Sanskrit အသုံးအနှုန်းထဲမှာ Budha ဟာ အသိဉာဏ်ရှိခြင်း၊ သိမြင်နားလည်ခြင်းနဲ့ လိမ္မာပါးနပ်ခြင်းဆိုတဲ့ အဓိပ္ပာယ်တွေနဲ့ ဆက်နွယ်ပါတယ်။

ဒီနေရာမှာ ခွဲခြားသိထားသင့်တာက Budha နဲ့ Buddha ဟာ မတူညီခြင်း ပါပဲ။

Budha က Vedic ရိုးရာထဲက Mercury ဂြိုဟ်နဲ့ ဆက်စပ်တဲ့အမည်ဖြစ်ပြီး Buddha ကတော့ “နိုးကြားသိမြင်ပြီးသူ” ဆိုတဲ့ အဓိပ္ပာယ်ရှိတဲ့ ဘာသာရေးဆိုင်ရာဂုဏ်ပုဒ် ဖြစ်ပါတယ်။

Roman အက္ခရာနဲ့ ရေးတဲ့အခါ စာလုံးပေါင်းဆင်တူသလို မြင်ရပေမယ့် မူရင်း Sanskrit စာလုံးပေါင်း၊ အသံထွက်နဲ့ ရည်ညွှန်းတဲ့အရာတို့ မတူညီကြပါဘူး။

Vedic Astrology အမြင်အရ Budha ကို Communication, Speech, Intellect, Logic, Analysis, Learning, Writing, Language, Mathematics, Business, Commerce, Negotiation, Curiosity, Wit နဲ့ Adaptability တို့နဲ့ ဆက်စပ်ဖော်ပြကြပါတယ်။

Mercury ရဲ့ အဓိပ္ပာယ်ကို ကြားလိုက်ရင် ဉာဏ်ကောင်းခြင်း၊ စကားပြောကောင်းခြင်းနဲ့ စီးပွားရေးပါးနပ်ခြင်းတို့ကို အရင်ဆုံး တွေးမိနိုင်ပါတယ်။
ဒါပေမယ့် ရင့်ကျက်တဲ့ Mercury Energy ဆိုတာ အချက်အလက်တွေ အများကြီးမှတ်မိနိုင်ခြင်း၊ စကားလုံးလှလှတွေ သုံးတတ်ခြင်းနဲ့ အငြင်းအခုန်တိုင်းမှာ အနိုင်ရနိုင်ခြင်းတစ်ခုတည်း မဟုတ်ပါဘူး။

အသိဉာဏ်ရှိခြင်းဆိုတာ အရာရာကို သိထားခြင်းထက် ကိုယ်မသိသေးတာကို ဝန်ခံနိုင်ခြင်း၊ မှန်ကန်တဲ့မေးခွန်း မေးတတ်ခြင်း၊ အချက်အလက်တွေကို နှိုင်းယှဉ်စစ်ဆေးခြင်းနဲ့ သက်သေအထောက်အထားအသစ် ရလာတဲ့အခါ ကိုယ့်အမြင်ကို ပြန်လည်ပြင်ဆင်နိုင်ခြင်း နဲ့ ပိုပြီးသက်ဆိုင်ပါတယ်။

တစ်ခုခုကို လျင်မြန်စွာ နားလည်နိုင်တာ ကောင်းပေမယ့် မြန်မြန်နားလည်တယ်လို့ ထင်ပြီး အလျင်စလို ဆုံးဖြတ်မိရင် အရေးကြီးတဲ့ Context တွေ ကျန်ခဲ့နိုင်ပါတယ်။
စာတစ်ကြောင်းဖတ်ပြီး အကြောင်းအရာတစ်ခုလုံးကို သိသွားပြီလို့ ထင်ခြင်း၊ Video အတိုတစ်ခုကြည့်ပြီး ပညာရှင်တစ်ယောက်လို ဆုံးဖြတ်ခြင်းနဲ့ ခေါင်းစဉ်တစ်ခုတည်းကို ကြည့်ပြီး သတင်းတစ်ပုဒ်ကို မျှဝေလိုက်ခြင်းတို့ဟာ သိမြင်ခြင်းထက် အလျင်လိုခြင်းနဲ့ ပိုနီးစပ်ပါတယ်။

Mercury ရဲ့ ရင့်ကျက်တဲ့အရည်အသွေးမှာ Source ကို စစ်ဆေးခြင်း၊ Fact နဲ့ Opinion ကို ခွဲခြားခြင်း၊ အချက်အလက်တစ်ခု ဘယ်သူကရေးထားသလဲ၊ ဘာရည်ရွယ်ချက်နဲ့ တင်ပြထားသလဲ၊ သက်သေအထောက်အထားက ဘာလဲဆိုတာ မေးတတ်ခြင်း ပါဝင်ပါတယ်။

အပြောကောင်းတာနဲ့ အမှန်ပြောတာလည်း မတူပါဘူး။

လူတစ်ယောက်က စကားလုံးလှလှနဲ့ ယုံကြည်ချင်စရာကောင်းအောင် ပြောနိုင်ပေမယ့် ပြောထားတဲ့အရာမှာ အချက်အလက်မှန်ကန်မှု၊ တာဝန်ယူမှုနဲ့ Integrity မရှိရင် အဲဒီစကားဟာ Communication ကောင်းတစ်ခု မဖြစ်နိုင်ပါဘူး။

ဆန့်ကျင်ဘက်အားဖြင့် စကားအများကြီး မပြောတတ်ပေမယ့် ပြောသမျှကို ရှင်းလင်းတိကျစွာ ပြောတတ်ပြီး ကိုယ်မသိတာကို မသိဘူးလို့ ရိုးသားစွာ ဝန်ခံနိုင်သူဟာ ပိုပြီးယုံကြည်ရတဲ့ Communicator ဖြစ်နိုင်ပါတယ်။

ဆက်သွယ်မှုဆိုတာ ကိုယ်ပြောချင်တာကို ပြောပြီးသွားခြင်းတစ်ခုတည်း မဟုတ်ပါဘူး။
ကိုယ်ပြောလိုက်တဲ့စကားကို တစ်ဖက်သူ ဘယ်လိုနားလည်သွားသလဲ၊ အသုံးပြုလိုက်တဲ့ Tone က ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲနဲ့ အကြောင်းအရာကို ဘယ်အချိန်၊ ဘယ်နေရာမှာ ပြောသင့်သလဲဆိုတာပါ ထည့်သွင်းစဉ်းစားနိုင်ရပါတယ်။

တစ်ဖက်သူ နားလည်အောင် ရှင်းပြနိုင်ခြင်းဟာ အသိပညာတစ်မျိုးဖြစ်သလို တစ်ဖက်သူပြောတာကို အဆုံးအထိ နားထောင်နိုင်ခြင်းဟာလည်း အရေးကြီးတဲ့ အသိပညာတစ်မျိုး ဖြစ်ပါတယ်။

ကိုယ်ဘာပြန်ပြောမလဲဆိုတာ စဉ်းစားဖို့သာ နားထောင်နေခြင်းနဲ့ သူဘာကို အမှန်တကယ် ပြောချင်နေတာလဲဆိုတာ နားလည်ဖို့ နားထောင်ခြင်းတို့ကြားမှာ ကြီးမားတဲ့ကွာခြားချက် ရှိပါတယ်။

ရင့်ကျက်တဲ့ Mercury Energy မှာ လျင်မြန်မှုရှိသလို တိကျမှုလည်းရှိရပါတယ်။
လိမ္မာပါးနပ်မှုရှိသလို ကျင့်ဝတ်လည်း ရှိရပါတယ်။ အခြေအနေအလိုက် လိုက်လျောညီထွေ ပြောင်းလဲနိုင်ပေမယ့် လူတိုင်းကျေနပ်အောင် ကိုယ့်ရဲ့မူနဲ့ အမှန်တရားကို အမြဲပြောင်းလဲနေခြင်းတော့ မဟုတ်ပါဘူး။

Adaptability ဆိုတာ အခြေအနေအသစ်ကို လေ့လာပြီး ကိုယ့်နည်းလမ်းကို ပြင်ဆင်နိုင်ခြင်းဖြစ်ပြီး မူဝါဒမရှိဘဲ ကြုံရာလူရဲ့စိတ်ကြိုက် အရောင်အတိုင်း လိုက်ပြောင်းနေခြင်း မဟုတ်ပါဘူး။

Communication မရှင်းလင်းဖြစ်နေတဲ့နေရာမှာ လူတွေက ကိုယ်ပိုင် စိတ်အထင် ယူဆချက်နဲ့ အလုပ်
လုပ်လာကြတယ်။

အချင်းချင်းယူဆချက်တွေ မတူညီတဲ့အခါ နားလည်မှုလွဲခြင်း၊ အလုပ်ထပ်ခြင်း၊ တာဝန်လွှဲချခြင်းနဲ့ မလိုအပ်တဲ့ပဋိပက္ခတွေ ပေါ်လာတတ်ပါတယ်။

ဒါကြောင့် မှန်ကန်ရှင်းလင်းတဲ့ Email တစ်စောင်၊ စနစ်တကျရေးထားတဲ့ Process တစ်ခု၊ အဓိပ္ပာယ်မကွေ့ကောက်တဲ့ Contract တစ်စောင်နဲ့ အချိန်မီပေးပို့တဲ့ အချက်အလက်တစ်ခုဟာ သေးငယ်တဲ့အရာတွေလို မြင်ရပေမယ့် ယုံကြည်မှုနဲ့ လုပ်ငန်းလည်ပတ်မှုကို တည်ဆောက်ပေးနေတဲ့ အရေးကြီးတဲ့ Mercury အရည်အသွေးတွေ ဖြစ်ပါတယ်။

စီးပွားရေးမှာလည်း Mercury ရဲ့ သင်ခန်းစာကို ရောင်းအားကောင်းအောင် ပြောတတ်ဆိုတတ် ခြင်းနဲ့ ရှုမြင်ကြပေမယ့် ကိုယ့်ပစ္စည်းနဲ့ ဝန်ဆောင်မှုရဲ့တန်ဖိုးကို မှန်ကန်စွာ ရှင်းပြနိုင်ခြင်း၊ မရှိတဲ့အကျိုးကျေးဇူးကို ရှိသလိုမပြောခြင်း၊ ဖုံးကွယ်ထားတဲ့ အချက်အလက်မရှိခြင်းနဲ့ ဝယ်သူသိသင့်တဲ့ အခြေအနေတွေကို ပွင့်လင်းစွာ အသိပေးခြင်းတို့ကို ပညာရှိစွာ ပြောဆိုနိုင်မှ အားကောင်းတဲ့ Mercury Energy ဖြစ်လာမှာ ဖြစ်ပါတယ်။​

Marketing က လူတွေကို လှည့်စားနိုင်တဲ့ ပညာတစ်ခုလို ဖြစ်လာမယ့်အစား Genuine Value ကို သက်ဆိုင်သူတွေဆီ ရှင်းလင်းစွာ ရောက်ရှိအောင် ဆက်သွယ်ပေးတဲ့တံတားတစ်စင်းသာ ဖြစ်သင့်ပါတယ်။

စကားလုံးတွေကို အမှန်တရား ရှင်းလင်းလာအောင် အသုံးပြုမလား၊ အမှန်တရားကို ဖုံးကွယ်ဖို့ အသုံးပြုမလားဆိုတာကတော့ ကိုယ့်ရဲ့ Ethics အပေါ်မှာ မူတည်ပါတယ်။

Mercury နဲ့ ဆက်စပ်တဲ့ လိမ္မာပါးနပ်မှု၊ စကားပြောနိုင်မှုနဲ့ လိုက်လျောညီထွေဖြစ်နိုင်မှုတို့ Balance ပျက်လာတဲ့အခါ အသိဉာဏ်က Wisdom ဖြစ်လာမယ့်အစား Manipulation အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။

အမှန်တစ်ဝက်ကိုသာ ရွေးပြောခြင်း၊ မေးခွန်းတစ်ခုကို တိုက်ရိုက်မဖြေဘဲ စကားလမ်းကြောင်းလွှဲခြင်း၊ ကိုယ့်အကျိုးအတွက် စကားလုံးအဓိပ္ပာယ်ကို လိုသလိုပြောင်းခြင်း၊ လူတစ်ယောက်ပြောတာကို Context ကနေ ဖြုတ်ယူပြီး အခြားသူတွေ အထင်လွဲအောင် ပြန်လည်ဖြန့်ဝေခြင်း၊ ကိုယ်တိုင် မသေမချာ ဖြစ်နေတဲ့ အကြောင်းအရာကို အခြား စကားစမြည်နဲ့ လှည့်ပတ် အစားထိုးပြောပြီး တစ်ဖက်နားထောင်သူကို ဆန်းစစ် ဝေဖန်ချိန် မရအောင် လှည့်ပတ်ပြောင်းလဲ လိုက်နိုင်ခြင်း တို့ဟာ စကားပြော ပါးနပ်ကျွမ်းကျင်ခြင်း မဟုတ်ပါဘူး။

ဘာသာစကားကို Manipulative Language အဖြစ် အသုံးချနေခြင်းသာ ဖြစ်ပါတယ်။

ထို့အတူ Gossip၊ ကောလာဟလနဲ့ သေချာမစစ်ဆေးရသေးတဲ့ သတင်းတွေကို လျင်မြန်စွာ ဖြန့်ဝေခြင်းကလည်း အချက်အလက်ကို မျှဝေခြင်းထက် လူတွေရဲ့အမြင်ကို ထိန်းချုပ်လိုခြင်းနဲ့ ပိုနီးစပ်သွားနိုင်ပါတယ်။

ကိုယ်မျှဝေလိုက်တဲ့အကြောင်းအရာက လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာ၊ အလုပ်နဲ့ဘဝအပေါ် ဘယ်လိုသက်ရောက်နိုင်သလဲဆိုတာ မစဉ်းစားဘဲ “ကြားလို့ပြန်ပြောတာ” ဆိုရုံနဲ့ က အပြစ်မလွတ်ပါဘူး။

မသေချာတာ၊ မကောင်းတာ မမှန်တာကို အရင်းအမြစ်နားမလည် မသိဘဲ ပြန်လည်သယ်ဆောင် ပြောဆိုခြင်းကို Repeat လုပ်နေတဲ့ အပြစ်ပါ ရှိတာကို နားလည်ရမှာ ဖြစ်ပါတယ်။

ဟာသဉာဏ်ကောင်းခြင်းဟာ Mercury ရဲ့ လှပတဲ့ Expression တစ်ခုဖြစ်နိုင်ပေမယ့် သူတစ်ပါးရဲ့အားနည်းချက်ကို ပရိသတ်ရှေ့မှာ လှောင်ပြောင်ပြီး ကိုယ်က စိတ်ဝင်စားစရာကောင်းသူ ဖြစ်လာဖို့ ကြိုးစားခြင်းကတော့ Wit မဟုတ်ပါဘူး။

ကိုယ့်စကားကြောင့် လူတစ်ယောက်အရှက်ရသွားတာကို “ဟာသပါ” လို့ ပြောလိုက်ရုံနဲ့ အဲဒီစကားရဲ့ အကျိုးသက်ရောက်မှု ပျောက်ကွယ်မသွားပါဘူး။

လေ့လာသင်ယူမှုဘက်မှာလည်း Curiosity ဟာ ကောင်းမွန်တဲ့အစဖြစ်ပေမယ့် စိတ်ဝင်စားရာတိုင်းကို အနည်းငယ်စီ လိုက်ကြည့်ပြီး ဘာကိုမှ နက်နက်ရှိုင်းရှိုင်း မလေ့လာနိုင်ဘူးဆိုရင် အသိပညာတွေက အပိုင်းအစတွေအဖြစ်သာ ကျန်နေတတ်ပါတယ်။

အဲဒါကြောင့် ကျွန်မ သင်တန်းတွေမှာ Jack of All Trades, Master of None ဆိုတာမျိုးကို Mercury ရဲ့ Negative သဘာဝ အဖြစ် သင်ကြားလေ့ရှိပါတယ်။

သင်တန်းတစ်ခုမပြီးခင် နောက်တစ်ခုစခြင်း၊ စာအုပ်တစ်အုပ်ရဲ့ အနှစ်ချုပ်ကိုသာ ဖတ်ပြီး မူရင်းစာအုပ်ကို နားလည်သွားပြီလို့ ထင်ခြင်း၊ စိတ်ဝင်စားစရာအကြောင်းအရာတွေကို ဆက်တိုက်သိမ်းထားပေမယ့် တစ်ခုမှ ပြန်လည်အသုံးမချခြင်းတို့ဟာ Information များလာစေပေမယ့် Knowledge နဲ့ Wisdom ကိုတော့ အလိုအလျောက် မတိုးစေပါဘူး။

သင်ယူခြင်းဆိုတာ အချက်အလက်တွေ စုဆောင်းရုံမဟုတ်ဘဲ ပြန်လည်စဉ်းစားခြင်း၊ မေးခွန်းထုတ်ခြင်း၊ လက်တွေ့အသုံးချခြင်း၊ မှားယွင်းတဲ့နေရာကို ပြန်လည်ပြင်ဆင်ခြင်းနဲ့ သိထားတာကို ကိုယ့်စကားနဲ့ ရှင်းပြနိုင်သည်အထိ နားလည်ခြင်း ဖြစ်ပါတယ်။

Social Media ခေတ်မှာတော့ Mercury ရဲ့ သင်ခန်းစာက ပိုပြီးအရေးကြီးလာပါတယ်။ အချက်အလက်တစ်ခုကို မြန်မြန်တင်နိုင်ခြင်းထက် မှန်မှန်တင်နိုင်ခြင်း၊ Trend တစ်ခုကို အရင်ဆုံးပြောနိုင်ခြင်းထက် အဓိပ္ပာယ်ရှိအောင် ရှင်းပြနိုင်ခြင်းနဲ့ သူတစ်ပါးရဲ့ စာ၊ အယူအဆနဲ့ ဖန်တီးမှုကို အသုံးပြုတဲ့အခါ မူရင်းဖန်တီးသူကို အသိအမှတ်ပြု Credit ပေးနိုင်ခြင်းတို့က ပိုတန်ဖိုးရှိပြီး အများရဲ့ လေးစားမှုကို ကြာလေ ရရှိလေ ဖြစ်ပါတယ်။

အမှန်တရားကို ရှာဖွေခြင်းဆိုတာ ကိုယ်နှစ်သက်တဲ့အဖြေကို သက်သေပြဖို့ အချက်အလက်တွေ ရွေးစုရုံနဲ့ မလုံလောက်ပါဘူး။

ကိုယ့်ယုံကြည်ချက်နဲ့ မကိုက်ညီတဲ့အချက်ကိုပါ ကြည့်နိုင်ခြင်း၊ ကိုယ်မှားနေကြောင်း တွေ့လာတဲ့အခါ ဝန်ခံနိုင်ခြင်းနဲ့ အမှန်ကို သိလာပြီးနောက် ကိုယ့်လုပ်ရပ်ကို ပြင်ဆင်နိုင်မှသာ ကိုယ်လိုအပ်တဲ့ အမှန်တရားကို တကယ် မြင်သိလာမှာ မဟုတ်ပါလား။

နဝရတ်ကိုးပါးရဲ့ ရိုးရာဆက်စပ်မှု အရ မြ၊ Emerald ကို Mercury ခေါ် Budha ရဲ့ အဓိကရတနာအဖြစ် သတ်မှတ်ထားပါတယ်။ မြကို Hindi အသုံးအနှုန်းမှာ Panna လို့လည်း ခေါ်ကြပါတယ်။

မြရဲ့ စိမ်းလန်းတဲ့အရောင်ကို အသစ်ပြန်လည်ပေါက်ဖွားခြင်း၊ လေ့လာသင်ယူခြင်း၊ ကြီးထွားပြောင်းလဲခြင်းနဲ့ စိတ်ကူးအသစ်တွေ ပေါ်ထွက်လာခြင်းတို့နဲ့ ရိုးရာအရ ချိတ်ဆက်ဖော်ပြကြပါတယ်။

Gemology ဘက်ကနေကြည့်ရင် Emerald ဟာ အစိမ်းရောင်ကနေ အပြာသန်းတဲ့အစိမ်းရောင်အထိ တွေ့ရတဲ့ Beryl မိသားစုဝင် ရတနာဖြစ်ပါတယ်။

Emerald ရဲ့ ဓာတုဖွဲ့စည်းပုံက Be₃Al₂Si₆O₁₈ ဖြစ်ပြီး Chromium၊ Vanadium နဲ့ Iron တို့ရဲ့ ပါဝင်မှုက သူ့ရဲ့ အစိမ်းရောင်နဲ့ အရောင်အနုအရင့်တို့ကို သက်ရောက်စေပါတယ်။ တန်ဖိုးမြင့် Emerald တွေမှာ အများအားဖြင့် အပြာသန်းတဲ့အစိမ်းရောင်ကနေ အစိမ်းစစ်စစ်အထိရှိပြီး အရောင်ပြည့်ဝသော်လည်း အလွန်မှောင်မနေတဲ့အရောင်ကို နှစ်သက်ကြပါတယ်။

Mohs Hardness Scale မှာ Emerald က 7.5 မှ 8 အထိရှိပေမယ့် Hardness ကောင်းတယ်ဆိုတာ ထိခိုက်မှုတိုင်းကို ခံနိုင်တယ်လို့ မဆိုလိုပါဘူး။ သဘာဝ Emerald အများစုမှာ အတွင်းပိုင်း Inclusion နဲ့ Surface-reaching Fracture တွေ ရှိနိုင်တာကြောင့် Ruby နဲ့ Sapphire တို့ထက် ထိခိုက်မှုကို ပိုမိုဂရုစိုက်ဖို့ လိုပါတယ်။

Emerald ထဲက Inclusion တွေဟာ သဘာဝဥယျာဉ်တစ်ခုလို မြင်ရတတ်တာကြောင့် ပြင်သစ်စကားလုံးဖြစ်တဲ့ Jardin သို့မဟုတ် Garden လို့ ချစ်စနိုးခေါ်ကြပါတယ်။ မျက်စိနဲ့ ကြည့်ရုံနဲ့ Inclusion မမြင်ရတဲ့ Natural Emerald တွေဟာ ရှားပါးပါတယ်။

ဒါပေမယ့် Inclusion အားလုံးကို လှပတဲ့အမှတ်အသားလို့သာ Romanticize လုပ်လို့တော့ မရပါဘူး။ Inclusion နဲ့ Fracture အလွန်များလာရင် Emerald ရဲ့ ကြည်လင်မှု၊ တာရှည်ခံနိုင်မှုနဲ့ တန်ဖိုးတို့ကို ထိခိုက်စေနိုင်ပါတယ်။

Emerald တွေရဲ့ မျက်နှာပြင်ထိ ရောက်နေတဲ့ Fracture တွေကို ကြည်လင်မှုပိုကောင်းလာအောင် Oil၊ Resin သို့မဟုတ် Polymer တို့နဲ့ ဖြည့်သွင်းထားတတ်ပါတယ်။ ဒီလို Treatment ပြုလုပ်ထားခြင်းဟာ Emerald လောကမှာ တွေ့ရများပေမယ့် ရောင်းချတဲ့အခါ ဝယ်သူသိသင့်တဲ့အချက်ကို ရှင်းလင်းစွာ အသိပေးဖို့ လိုပါတယ်။

ဒီနေရာမှာ Mercury ရဲ့ Communication နဲ့ Ethics ဆိုင်ရာသင်ခန်းစာကိုလည်း မြင်ရမှာ ဖြစ်ပါတယ်။​လှပတဲ့ပစ္စည်းတစ်ခု ဖြစ်နေတယ်ဆိုတာနဲ့ သူ့ရဲ့ Treatment၊ အရည်အသွေးနဲ့ ထိန်းသိမ်းရမယ့်အချက်တွေကို ဖုံးကွယ်ထားလို့မရပါဘူး။ ရတနာတစ်ပွင့်ရဲ့တန်ဖိုးကို ကျောက်တစ်လုံးတည်းက ဖန်တီးပေးတာမဟုတ်ဘဲ ရောင်းသူနဲ့ ဝယ်သူကြားက မှန်ကန်တဲ့ Disclosure နဲ့ ယုံကြည်မှုကလည်း အတူတကွ တည်ဆောက်ပေးနေတာကို မမေ့ဖို့လိုပါတယ်။

ဒါ့အပြင် အခုလို ကျောက်မျက်များရဲ့ မမြင်ရတဲ့ စွမ်းအင်တွေအကြောင်းကို ပြောတဲ့အခါမှာလည်း သိပ္ပံနည်းကျ စမ်းသပ်ထားလို့ အဖြေက တသတ်မတ်တည်း မရှိနေရင်တောင်မှ ကိုယ်လိုချင်တဲ့ဘက်ကိုပဲ ဆွဲယူပြောလို့ မရပါဘူး။

Personal Experience နဲ့ သိပ္ပံစမ်းသပ်ချက် အယူအဆ အမျိုးမျိုး ကွာခြားနိုင်ကြောင်း နဲ့ ဆေးပညာ ကို အစားထိုး ဆေးဝါးအဖြစ် သုံး၍မရကြောင်း၊ အမှန်တရားတစ်ခုလို တရားသေ မှတ်ရန် မသင့်ကြောင်းကိုပါ Disclaimer ထည့်ပြော၊ ထည့်ရေးရပါတယ်။

ကျွန်မအတွက် Mercury ရဲ့ ရင့်ကျက်တဲ့ Expression ဆိုတာ စကားတွေအများကြီးပြောနိုင်ခြင်းထက် ကျိုးရှိဟုတ်မှန်၊ နှစ်တန်သောစကားကိုသာ မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား ရှင်ရဲ့ သုဂတော ဂုဏ်တော်အတိုင်း မိမိ နှုတ် နဲ့ အသိဥာဏ်ကို ဦးစီးဖို့သာ ဖြစ်တာကို နားလည်လာရပါတယ်။

ကျွန်မအတွက်တော့ Mercury Energy ဟာ သိစရာများလေ၊ သင်ယူမိလေ၊ သင်ယူရင်း မသိတာ ပိုများလာလေလေ နဲ့ သင်ယူခြင်းကို အတောမသတ်နိုင်သလို သိထားသမျှကို လည်း အချက်အလက်စုရုံသာမဟုတ်ဘဲ သေချာ Digest လုပ်ကာ Knowledge ကို Wisdom အဖြစ် Transform လုပ်နိုင်ဖို့ကို သင်ယူနေရခြင်းပဲ ဖြစ်နေပါတော့တယ်။

ဒီစာမှာ ဖော်ပြထားတဲ့ Mercury၊ Budha နဲ့ မြတို့ရဲ့ ဆက်နွယ်မှုတွေကို Vedic Astrology နဲ့ ယဉ်ကျေးမှုဆိုင်ရာ ရိုးရာအဓိပ္ပာယ်ဖွင့်ဆိုမှုအဖြစ် ဖတ်ရှုချင့်ချိန်နိုင်ပါတယ်။ မြဝတ်ဆင်ခြင်းက လူတစ်ယောက်ရဲ့အသိဉာဏ်၊ စီးပွားရေးနဲ့ ကံကြမ္မာကို ပြောင်းလဲစေတယ်ဆိုတဲ့ အယူအဆကို သိပ္ပံနည်းကျ အတည်ပြုထားခြင်း မရှိသေးတာကြောင့် အစွဲအလန်းမဖြစ်ဘဲ ချင့်ချိန်လေ့လာဖို့ သတိပြုစေလိုပါတယ်။

မေတ္တာဖြင့်

Eliza Pru

Applied Jewelry Professional — GIA, USA

Calgary, Alberta, Canada

ကိုးကားနှင့် ဆက်လက်ဖတ်ရှုရန်

💎 NASA Science — Mercury Facts။
💎 GIA — Emerald Description နှင့် Emerald Gem Encyclopedia။
💎 Richard Shaw Brown — Navaratna Astral Talismans။
💎 Harish Johari — The Healing Power of Gemstones: In Ta**ra, Ayurveda, and Astrology။
💎 GemstoneUniverse — Navratna and Planetary Gem Therapy နှင့် Emerald Gemstone Astrology။

13/09/2026

ဒါဟာ ရိုးရိုးလက်ပတ်တစ်ခု မဟုတ်ပါဘူး... သင့်ရဲ့ Aura စွမ်းအင်ဝန်းကျင်ကို ချက်ချင်း ပြောင်းလဲပစ်မယ့် **Magic Energy Shield** တစ်ခုပါ

**"Aura ခိုင်မာသူတွေရဲ့ လျှို့ဝှက်လက်နက်"**
အမှောင်နှင့် အလင်း၏ စွမ်းအင်သံလိုက်"
စကြဝဠာရဲ့ လျှို့ဝှက်ဆန်းကြယ်ဆုံး စွမ်းအင်နှစ်ခု လက်ကောက်ဝတ်မှာ ဆုံစည်းသွားတဲ့အခါ...

🤎အမှောင်ထုရဲ့ ကာကွယ်သူ **Black Onyx (မဟူရာ)** ရဲ့ နက်ရှိုင်းတဲ့ စွမ်းအင်က သင့်ပတ်ဝန်းကျင်က မကောင်းတဲ့ အငွေ့အသက်နဲ့ စိတ်အနှောင့်အယှက်မှန်သမျှကို ဒိုင်းတစ်ခုလို ကာကွယ်ပေးမယ်။

💛နေရောင်ခြည်လို တောက်ပတဲ့ **Golden Tiger's Eye** ရဲ့ မျက်လုံးကတော့ သင့်ဆီလာမယ့် ကံဇာတာနဲ့ ငွေဝင်လမ်းကြောင်းတွေကို တိကျစွာ ဆွဲယူပေးလိမ့်မယ်။

🎉စီးပွားရေးအတွက်
🎉ငွေကြေးနှင့် အရောင်းအဝယ်အတွက်
🎉အောင်မြင်မှုနဲ့ အတိုက်အခိုက်အကာအကွယ်အတွက်

မရှိမဖြစ် ဝတ်ဆင်ရမယ့် စွမ်းအင်လက်ပတ်

မကောင်းတဲ့ Energy တွေကို ပိတ်လိုက်ပါ။
ငွေဝင်လမ်းနဲ့ အောင်မြင်မှုကို ဖွင့်လိုက်ပါ။
**Tiger's Eye + Black Onyx** — ခန့်ညားတယ်၊ ရဲရင့်တယ်၊ အစွမ်းထက်တယ်။
သင့်လက်မှာ ဝတ်ထားရုံနဲ့ ယုံကြည်မှုတွေကို အပြည့်အဝ ခံစားရစေမှာပါ။

🔮 **စွမ်းအင်သန့်စင်ပြီးမှ အရောက်ပို့ပေးပါသည်။
📩 **မှာယူရန်:** Page Messenger (သို့) 09976352391 Viber/Telegram
အသေးစိတ် မေးမြန်းမှာယူရန် Messenger သို့ စာပို့လိုက်ပါ။

Photos from Crystal Power's post 10/09/2026

သီတင်းကျွတ်မှာ လူကြီးသူမတွေကို ဂါရဝပြုနိုင်ဖို့အတွက် အဖိုးတန်တဲ့ လက်ဆောင်

သီတင်းကျွတ်မှာ လူကြီးသူမတွေကို ဂါရဝပြုနိုင်ဖို့အတွက် အဖိုးတန်တဲ့ လက်ဆောင်
🔔
စွမ်းအင်ကျောက်တွေက သဘာဝကျောက်သားတွေဖြစ်လို့ လက်ကထိလိုက်တာနဲ့ လက်မှတဆင့် ခန္ဓာကိုယ်ထဲကို စွမ်းအင်တွေ စီးဝင်လာတယ်ဆိုတာ ခံစားရမှာပါ

ကိုယ် စိတ် နှလုံး ၃ ပါးစလုံး ညီညွတ်မျှတစေပြီး ကျန်းမာရေး လူမှုရေး စီးပွားရေး ကိစ္စတွေအတွက် စွမ်းအင်အထောက်အပံ့ကောင်းတွေ ရရှိမှာအသေအချာမို့

ချစ်ခင်ရတဲ့သူတွေအတွက် ‌စွမ်းအင်ကျောက် ပုတီး နဲ့ အဆောက်လက်ပတ်လေးတွေက တသက်သာအတွက် အဖော်မွန်ကောင်းလေး ဖြစ်မှာပါ။
ဆက်သွယ်မှာယူရန်
09976352381, Viber,Telegram

10/09/2026

တစ်ယောက်ချင်းအတွက် တစ်ခုချင်းသီးသန့်လုပ်ပေးတာဖြစ်လို့ အမှာလေးတွေစိတ်ရှည်ပေးပါနော်
ကျေးဇူးပါ 🥰
ဆက်သွယ်ရန်
09976352381, Viber

09/09/2026

ချစ်ရတဲ့ customer တွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အရင်လက လည်း မှာယူသူတိုင်းကို Special Discount နဲ့ Anniversary လက်ဆောင်တွေ အများကြီး ပေးခဲ့ပါတယ်

ယခု September လရဲ့ ထူးခြားလေးနက်တဲ့ အချိန်အခါမျိုးမှာ အောင်ကံထူးတဲ့ စက်တင်ဘာမှာ အကြီးစားအလန်းစား Promotion ‌တွေ ချစ်ရတဲ့သူလေးဆီ ရောက်ရှိလို့ လာပါပြီနော်🥰🔔
9.9 portal နက္ခတ်စုံတဲ့
၉ လပိုင်း ၉ ရက်နေ့လေးမှာ အောင်နဝင်းဓာတ်တွေနဲ့အတူ ကံကောင်းခြင်းတွေ ရယူပါ 🍀🍀🍀
(Ending & New Beginning) ပြတဲ့ September 9 ၏ ဂဏန်း ၉ (ပြီးမြောက်ခြင်း/အသစ်စတင်ခြင်း) တို့ ပေါင်းစပ်ထားသည့် စွမ်းအင်ဖြစ်သည်။

🔔 အဓိကလုပ်ဆောင်ရန်ကတော့
အကျိုးမပြုတော့သည့် အလေ့အထ၊ နာကျင်မှုနှင့် ပတ်သက်မှုအဟောင်းများကို လက်လွှတ်စွန့်လွှတ်ပြီး အနာဂတ်အသစ်အတွက် စိတ်ကူးအကြံဉာဏ်အသစ်များ ရယူက ကိုယ့်ရဲ ရည်မှန်းချက်ကို စတင်အုတ်မြစ်ချဖို့ အချိန်အခါကောင်းပဲ ဖြစ်ပါတယ်။

Crystal Power ကနေလည်း 9.9 Special အနေနဲ့ သင့်ရဲ့ အဟောင်းတွေရှင်းထုတ်ပြီး အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် လိုအပ်တဲ့ စွမ်အင်ရတနာလေးတွေကို အထူးနှုန်းလေးတွေနဲ့ သင့်လက်ထဲကို ထည့်ပေးချင်ပါတယ် ။

ပေါင်းခြင်း 9 ရတဲ့ Special Price လေးတွေနဲ့ Special Discount ပေးသွားမှာမို့ Right Now Right Time ပါပဲနော် 👉

Crystal Power က စွမ်းအင်ကျောက်တွေင သင့်ရဲ့ တန်ဖိုးရှိတဲ့ နေ့ရက်တိုင်းမှာ အထူရှိနေမှာပါ 🥰
9.9 Portal
9.9 Hyper Sale
9 Days Exclusive Promotion
မှာယူရန် 09976352381, Viber,Telegram ,Fb messenger
🍀
Crystal Power page,
Tik Tok တွင်လည်း ဝင်ရောက်လေ့လာနိုင်ပါသည်။
Facebook 👉 https://www.facebook.com/share/p/1GhaygZVQe/
Tik Tik 👉https://www.tiktok.com/?_r=1&_t=ZS-99adBhsAZMu

09/09/2026

၉ ရက် ၉ လ အောင်ဓာတ်တွေ ရယူပါ
9.9 portal

Photos from Crystal Power's post 09/09/2026

9.9 portal နက္ခတ်စုံတဲ့
၉ လပိုင်း ၉ ရက်နေ့လေးမှာ အောင်နဝင်းဓာတ်တွေနဲ့အတူ ကံကောင်းခြင်းတွေ ရယူပါ 🍀🍀🍀
(Ending & New Beginning) ပြတဲ့ September 9 ၏ ဂဏန်း ၉ (ပြီးမြောက်ခြင်း/အသစ်စတင်ခြင်း) တို့ ပေါင်းစပ်ထားသည့် စွမ်းအင်ဖြစ်သည်။

🔔 အဓိကလုပ်ဆောင်ရန်ကတော့
အကျိုးမပြုတော့သည့် အလေ့အထ၊ နာကျင်မှုနှင့် ပတ်သက်မှုအဟောင်းများကို လက်လွှတ်စွန့်လွှတ်ပြီး အနာဂတ်အသစ်အတွက် စိတ်ကူးအကြံဉာဏ်အသစ်များ ရယူက ကိုယ့်ရဲ ရည်မှန်းချက်ကို စတင်အုတ်မြစ်ချဖို့ အချိန်အခါကောင်းပဲ ဖြစ်ပါတယ်။

Crystal Power ကနေလည်း 9.9 Special အနေနဲ့ သင့်ရဲ့ အဟောင်းတွေရှင်းထုတ်ပြီး အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် လိုအပ်တဲ့ စွမ်အင်ရတနာလေးတွေကို အထူးနှုန်းလေးတွေနဲ့ သင့်လက်ထဲကို ထည့်ပေးချင်ပါတယ် ။

ပေါင်းခြင်း 9 ရတဲ့ Special Price လေးတွေနဲ့ Special Discount ပေးသွားမှာမို့ Right Now Right Time ပါပဲနော် 👉

Crystal Power က စွမ်းအင်ကျောက်တွေင သင့်ရဲ့ တန်ဖိုးရှိတဲ့ နေ့ရက်တိုင်းမှာ အထူရှိနေမှာပါ 🥰
9.9 Portal
9.9 Hyper Sale
9 Days Exclusive Promotion
မှာယူရန် 09976352381, Viber,Telegram ,Fb messenger
🍀

09/09/2026

ကံကောင်းခြင်တွေ လက်ခံရရှိပါစေ

08/09/2026

၉ရက် ၉ လအတွက်
မှာယူနိုင်ပါပြီ
ငွေဆွဲသံလိုက် အဆောင်လက်ပတ် မှာယူရန်
09976352381, Viber ,Messenger
#ငွေဆွဲသံလိုက်

Category

Art

Telephone

Address

Yangon

Opening Hours

Monday 00:00 - 12:00
Tuesday 00:00 - 00:00
Wednesday 00:00 - 00:00
Thursday 00:00 - 00:00
Friday 00:00 - 00:00
Saturday 00:00 - 00:00
Sunday 00:00 - 00:00

Alerts

Be the first to know and let us send you an email when Crystal Power posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.