All BANK Information
Banking knowledge Sharing For Customer's
ကိုယ်သိသမျှကို မျှဝေသိရှိစေရန်နှင့် တခြားသူနေရာ မိမိသာဆိုရင် ဆိုတဲ့ ခံစားချက်ကို ထားရှိပြီး တရက် တလ နှစ် နောင်အဆက်ဆက်မှာ အားလုံး အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ ......🙏🙏🙏
Post ပိုင်ရှင်မူရင်း Post ပိုင်ရှင်များထံမှ ကူယူဖော်ပြထားခြင်းများ ဖြစ်ပါသည်။
26/08/2026
ကမ္ဘောဇဘဏ်အနေဖြင့် ဆိုင်ဘာလုံခြုံရေး စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး သုံးစွဲသူများ၏ လုံခြုံရေးနှင့် ကိုယ်ရေးအချက်အလက်များကို အစဉ်အမြဲ အလေးထား ကာကွယ်စောင့်ရှောက်လျက် ရှိပါသည်။
ဆိုင်ဘာလုံခြုံရေး နောက်ဆုံး စစ်ဆေးမှုများအရ ဘဏ်၏စနစ်များ လုံခြုံရေးကျိုးပေါက်ခြင်း၊ ထိုးဖောက်ဝင်ရောက်ခံရခြင်းမျိုး လုံးဝမရှိကြောင်း တွေ့ရှိရပါသည်။
သုံးစွဲသူများနှင့် အများပြည်သူအနေဖြင့်လည်း မိမိတို့၏ဘဏ်အကောင့်နှင့် ကိုယ်ရေးအချက်အလက်များ လုံခြုံရေးအတွက် အောက်ပါအချက်များကို အထူးသတိပြု လိုက်နာပေးပါရန် အသိပေး နှိုးဆော်အပ်ပါသည် -
- မသင်္ကာဖွယ် လင့်ခ်များ ရှောင်ရှားရန် - မသင်္ကာဖွယ်ရာ (သို့မဟုတ်) မမျှော်လင့်ဘဲ ရောက်ရှိလာသော လင့်ခ်များကို နှိပ်ခြင်းမှ ရှောင်ကြဉ်ပါ။
- အကောင့်လုံခြုံရေး မြှင့်တင်ရန် - မိမိအကောင့်များကို 2FA Verification သို့မဟုတ် Biometric (လက်ဗွေ/မျက်နှာ) စနစ်များဖြင့် လုံခြုံရေး အဆင့်မြှင့်တင်ထားပါ။
- Antivirus အသုံးပြုရန် - မိမိတို့ အသုံးပြုသည့် Laptop နှင့် ကွန်ပျူတာများတွင် Antivirus ဆော့ဖ်ဝဲလ်များ စနစ်တကျ ထည့်သွင်း အသုံးပြုပါ။
- လျှို့ဝှက်အချက်အလက်များ မမျှဝေရန် - အီးမေးလ်၊ SMS သို့မဟုတ် ဆိုရှယ်မီဒီယာများမှ ရောက်ရှိလာသော လင့်ခ်များတွင် ဘဏ်အကောင့်ဝင်သည့် အချက်အလက်များ၊ စကားဝှက်များနှင့် OTP များကို မည်သည့်အခါမျှ ရိုက်ထည့်ခြင်း မပြုလုပ်ပါနှင့်။
သုံးစွဲသူများအနေဖြင့် Phishing လင့်ခ်တစ်ခုကို နှိပ်၍ ဘဏ်အကောင့်ဆိုင်ရာ အချက်အလက်များ ထည့်သွင်းမိသည်ဟု သံသယရှိပါက အကူအညီရယူရန်အတွက် ကမ္ဘောဇဘဏ်၏ Hotline ဖုန်းနံပါတ် 09951018555 သို့ ခေါ်ဆို၍သော်လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့၍သော်လည်းကောင်း ဆက်သွယ်နိုင်ပါသည်။
25/08/2026
ဟင်္သာတ ကမ္ဘောဇဘဏ်ခွဲ (၃) မှာ ဝန်ထမ်းခေါ်ယူနေပါတယ်။
စိတ်ဝင်စားပါက လာရောက်လျှောက်ထားနိုင်ပါသည်။
13/04/2026
မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်များအတွင်း ငွေသားထုတ်ယူနိုင်မည့် uab ATM များ
သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက် (ဧပြီ ၁၁ ရက်မှ ၁၉ ရက်နေ့အထိ) uab ဘဏ်ခွဲတွေ ခေတ္တပိတ်ထားမှာဖြစ်ပေမယ့် Customers များရဲ့ ငွေသားဝန်ဆောင်မှုအတွက် uab ATM က 24/7 အမြဲအသင့်ရှိနေပါတယ်။✨
ပိတ်ရက်များအတွင်း uab ATM, CRM နဲ့ 24/7 digital ဘဏ်ဝန်ဆောင်မှုများဖြစ်တဲ့ uab online, uabpay နဲ့ uabpay+ များကိုလည်း ပုံမှန်အတိုင်းအသုံးပြုနိုင်ပါတယ်။
uab ATM တွေမှာဆိုရင် uab bank ရဲ့ Card တွေသာမက၊ အခြားဘဏ်တွေရဲ့ Debit/Credit Card တွေနဲ့ပါ ငွေသားကို လွယ်လွယ်ကူကူ ထုတ်ယူနိုင်တဲ့အပြင် uab bank card မေ့ကျန်ခဲ့တယ်ဆိုရင်တောင် uabpay App ထဲက Cardless Withdrawal ကိုအသုံးပြုပြီး ငွေသားအလွယ်တကူ ထုတ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။
📍 သင်္ကြန်ကာလအတွင်း အနီးဆုံး ATM Location တွေကို အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ် 👇
https://www.uab.com.mm/location/atms/
သင်္ကြန်ပိတ်ရက်များအတွင်း သိရှိလိုသည်များရှိပါက Contact Center 0 99 4000 5000 (သို့) uab page Messenger သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
အားလုံးပဲ သင်္ကြန်ရက်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။ ✨
(English Content)
uab ATM Services During Myanmar New Year Holidays
Although uab bank branches will be temporarily closed for the Myanmar New Year holidays (April 11th to 19th), our ATMs are available 24/7 to meet your cash needs. ✨
During the holidays, uab ATM and CRM services, as well as 24/7 digital banking services including uab online, uabpay, and uabpay+, will remain available as usual.
At uab ATMs, you can easily withdraw cash using uab bank cards as well as Debit/Credit cards from other banks. Even if you forget your uab card, you can still withdraw cash effortlessly using the Cardless Withdrawal feature in the uabpay App.
📍 Find your nearest ATM location via this link:
https://www.uab.com.mm/location/atms/
For any inquiries during the holidays, please contact our Call Center at 099 4000 5000 or message the uab page.
Wishing you a very happy and peaceful Thingyan! ✨
13/04/2026
A BANK ATM
13/04/2026
08/12/2025
KBZPay နှင့် AYAPAY Wallet များ Update တွေ ပြုလုပ်ထားပါတယ်။
KBZPay ရဲ့ နောက်ဆုံး Version သည် " 5.8.4 " ဖြစ်ပါတယ်။
AYAPAY နောက်ဆုံး Version သည် " 3.3.11 " ဖြစ်ပါတယ်။
Play store ကနေ မိမိဘာသာ Application Update ပြုလုပ်နိုင်ပါတယ်။
06/12/2025
မသိတဲ့ နံပါတ်တွေက ဝင်လာတတ်တဲ့
“ကံထူးရှင်ဖြစ်ဖို့ လင့်ခ်ကို နှိပ်ပါ”
“ဆုကြေးငွေထုတ်ယူဖို့ ကိုယ်ရေးအချက်အလက်များဖြည့်သွင်းပါ” စတဲ့ မက်ဆေ့ချ်တွေဟာ မယုံကြည်သင့်တဲ့ လိမ်လည်မက်ဆေ့ချ်တွေပဲဖြစ်ပါတယ်။
❌❌မစဥ်းစားဘဲ အယုံလွယ်ပြီး လင့်ခ်ထဲဝင်မိတာ၊ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ပေးမိလိုက်တဲ့အခါ ကြီးမားတဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ခံစားရမှာပါ။
✅ ဒီလိုမျိုး မသိတဲ့နံပါတ်များမှ လိမ်လည်တဲ့ မက်ဆေ့ချ်တွေဝင်လာတဲ့အခါ ချက်ချင်းတုံပြန်တာမျိုးမပြုလုပ်ဘဲ သတိနဲ့ယှဥ် ပြန်စဥ်းစားကာ လိမ်လည်မှုများကို ရှောင်ရှားလိုက်ရအောင်။
#သတိနဲ့ယှဥ်ပြန်စဥ်းစား
#လိမ်လည်မှုများသတိထား
06/12/2025
ကမ္ဘောဇဘဏ်မှာ ရက် (၃၀) စာရင်းသေအကောင့်ဖွင့်ထားပြီး
“ကြာကြာစု များများယူ” အစီအစဥ်မှာ ပါဝင်မယ့် လူကြီးမင်းများအနေနဲ့ ပုံမှန်ငွေအပ်နှံချိန်မှာရွေးချယ်ထားတဲ့ရက် (၃၀) သက်တမ်းပြည့်ပြီးတဲ့အချိန်ကိုရောက်ရှိလာပြီဖြစ်လို့ နောက်ထပ် ရက် (၃၀) စီသက်တမ်းဆက်လက်တိုးသွားပါက
✦ ပထမအကြိမ် ရက် (၃၀) သက်တမ်းတိုးခြင်းအတွက်→ မူရင်းအတိုးနှုန်းအပြင် ၀.၀၅% ထပ်ဆောင်းအတိုးနှုန်းကို ရယူနိုင်မှာဖြစ်ကြောင်းသတင်းကောင်းပေးချင်ပါတယ်။
✦ ဒါ့အပြင် ဒုတိယအကြိမ် ရက် (၃၀) ထပ်မံသက်တမ်းတိုးခြင်းအတွက် → ၀.၁% ထပ်ဆောင်း နှင့် ရက်ပေါင်း (၉၀) သက်တမ်းအပြည့် စုဆောင်းနိုင်ပါက ဘဏ်မှ အပိုဆုကြေးအဖြစ် - ၀.၁% ထပ်ဆောင်း ရှိသွားမှာဖြစ်ပါတယ်။
အမြင့်ဆုံးအတိုးနှုန်း- ၉.၇၅% အထိရရှိနိုင်ဖို့နဲ့ စုဆောင်းငွေများကို လုံခြုံစိတ်ချစွာနှင့် တည်ငြိမ်စွာ တိုးပွားစေဖို့ ကြာကြာစု များများယူအစီအစဥ်မှာ အခုပဲပါဝင်လိုက်ပါ။
ယခုအစီအစဥ်ကို - စက်တင်ဘာလ ၂၉ ရက်မှ ဒီဇင်ဘာလ ၃၁ ရက် ၂၀၂၅ ခုနှစ်အထိပြုလုပ်သွားမှာဖြစ်ပါတယ်။
အစီအစဥ်အကြောင်းပိုမိုသိရှိလိုပါက နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲသို့ သွားရောက်မေးမြန်းနိုင်သလို Call Center ဖုန်းနံပါတ် 09951018555 သို့ ဆက်သွယ်နိုင်ပါတယ်။
စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များရှိပါသည်။
06/12/2025
အသက် (၆၀) နှင့်အထက်လူကြီးမင်းများအတွက် စုဆောင်းငွေလေးတွေကို အတိုးနှုန်းမှန်မှန်ရပြီး ယုံကြည်စိတ်ချစွာငွေအပ်နှံလိုတဲ့အခါ Senior Care Savings အကောင့်ဟာ အားကိုးရာပါပဲ။ ကမ္ဘောဇဘဏ်ရဲ့ Senior Care Savings အကောင့်ကို ဖွင့်ထားလိုက်မယ်ဆိုရင် အောက်ပါအထူးခံစားခွင့်တွေရရှိမှာဖြစ်သလို မတ်လ ၃၁ ရက် ၂၀၂၆ ခုနှစ်အထိပြုလုပ်မယ့် အထူးအစီအစဥ်ကိုလည်း ပါဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။
အသက် (၆၀) နှင့်အထက်လူကြီးမင်းများ Senior Care Savings အကောင့်ကိုဖွင့်ထားတဲ့အခါ
✔️ မြင့်မားတဲ့ အတိုးနှုန်းနဲ့အတူ လူကြီးများလိုအပ်သည့်အခါတိုင်း ငွေသွင်းခြင်း သို့မဟုတ် ငွေထုတ်ယူခြင်း
✔️ လစဥ်အသုံးပြုလိုတာတွေကို သုံးနိုင်ဖို့အတွက်လစဉ်အတိုး ရရှိနိုင်ခြင်း
✔️ QMS စနစ်မှတစ်ဆင့် ဦးစားပေးဝန်ဆောင်မှုများကိုရရှိနိုင်မှာဖြစ်ပါတယ်။
အစီအစဥ်မှာ ပါဝင်ဖို့အတွက်-
✦ နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲများသို့ သွားရောက်ပြီး Senior Care Savings အကောင့်ဖွင့်ပါ။
✦ အကောင့်စတင်ဖွင့်ချိန်မှာ အနည်းဆုံး ၁၀၀,၀၀၀ ကျပ်ထားရှိပါ။
✦ အပ်နှံထားတဲ့ ၁၀၀,၀၀၀ ကျပ်တိုင်းအတွက် Lucky Draw ကူပွန်တစ်ခုတစ်ခုရရှိမှာဖြစ်ပြီး Customer တစ်ဦးလျှင် အများဆုံး ကူပွန် ၅၀ အထိ ရယူနိုင်မှာဖြစ်ပါတယ်။
ရရှိနိုင်မယ့်ဆုများကတော့
♥︎ ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်သည့် ကံထူးရှင်များအတွက် - တန်ဖိုး ၅၀,၀၀၀ ကျပ် ရှိတဲ့ Medical Check-up Coupon တစ်စောင်ရရှိမှာဖြစ်ပြီး Strand Square တွင်လာရောက်ထုတ်ယူဖို့လိုအပ်ပါတယ်။
♥︎ ရန်ကုန်တိုင်းဒေသကြီးပြင်ပတွင်နေထိုင်သည့် ကံထူးရှင်များအတွက်- တန်ဖိုး ၅၀,၀၀၀ ကျပ် ရှိတဲ့ Nutritional Supplements ကို မိမိအကောင့်ဖွင့်ခဲ့တဲ့ ကမ္ဘောဇဘဏ်ခွဲတွင်သွားရောက်ထုတ်ယူရမှာဖြစ်ပါတယ်။
ကံထူးရှင်များကို လစဉ်တိုင်းရဲ့ပထမပတ်မှာ ကျပန်းရွေးချယ်ပေးမှာဖြစ်တဲ့အတွက် အတိုးနှုန်းမြင့်မားစွာခံစားနိုင်ပြီး အကျိုးအမြတ်များစွာရှိတဲ့ Senior Care Savings အကောင့်ကို အခုပဲလာရောက်ဖွင့်ဖို့အတွက် ဖိတ်ခေါ်လိုက်ရပါတယ်။
စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များရှိပါသည်။
05/12/2025
Wave အသုံးပြုသူတွေအတွက် Wave Page ကနေ ငွေလွှဲခ နှုန်းထားတွေကို ကြေညာထားတာ ဖြစ်ပါတယ်။
Wave ဆိုင်တွေမှာ ငွေလွှဲငွေထုတ်တဲ့အခါ ဆိုင်က ငွေလွှဲခနှုန်းထားပိုစတာတွေကို ကြည့်ဖို့မမေ့နဲ့နော် 🔔
Wave ဆိုင်တွေက ပိုစတာတွေမှာ မှန်ကန်တဲ့ ငွေလွှဲ၊ ငွေထုတ်ခ နှုန်းထားတွေကို မိမိလွှဲလိုတဲ့ပမာဏအလိုက် အသေးစိတ် ကြည့်ရှုနိုင်တာမို့ ⚠️ အပိုနှုန်းထားကောက်ခံမှုတွေရှိလာခဲ့ရင် သိရှိရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
WAVE ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး အကူအညီရယူလိုပါက WAVE ရဲ့ Official Hotline Number ဖြစ်တဲ့ ၀၉-၇၉၀၀၀ ၉၀၀၀ ကို ဆက်သွယ် အကြောင်းကြားဖို့ တိုက်တွန်းလိုက်ပါတယ်။
#ငွေလွှဲခနှုန်းထား ွှဲခ #အေးဂျင့် ေးဂျင့်
Category
Telephone
Website
Address
Alerts
Be the first to know and let us send you an email when All BANK Information posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.