Notes for peace
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Notes for peace, Public Figure, No. 85, Baho Road, Near Khine Shwe War Bus Stop, Kamayut, Yangon.
05/06/2025
အေးပါဟာ🤣
゚viralシfypシ゚viralシalシ
゚viralシfypシ゚viralシalシ
31/05/2025
ငါတို့ငယ်ငယ်က လူကြီးတွေက မင်္ဂလာဆောင်ပြီး
ငါတို့ကြီးတော့ ကလေးတွေက မင်္ဂလာဆောင်ကြတယ်
ဘယ်မှာလဲ တရားမျှတမှု😞
Photo Crd
21/05/2025
စာချစ်သူတို့ရေ…
စိုးရိမ်စရာကောင်းတဲ့ COVID-19 တတိယလှိုင်းကြီးက အနီးအနားကို ရောက်လာပြန်ပြီနော်။ ဒီတစ်ခါတော့ ဗိုင်းရပ်စ်က ကူးစက်မြန်ပြီး ရောဂါလက္ခဏာတွေပါ ပြောင်းလဲလာတာကြောင့် အားလုံး သတိထားဖို့ လိုအပ်နေပါပြီ။
ကဲ... ဒါဆို ဒီဗီဇပြောင်း Covid-19 ကူးစက်ခံရရင် နေ့ရက်အလိုက် ဘယ်လိုလက္ခဏာတွေ ထူးခြားလာနိုင်လဲဆိုတာကို Chulalongkorn ဆေးရုံ (ထိုင်းနိုင်ငံ) ကနေ ထုတ်ပြန်ထားတာလေးတွေကို ကြည့်လိုက်ရအောင်နော်။
အစောပိုင်းရက်များ (၁-၃ ရက်)
ပထမဆုံးရက်တွေမှာတော့ ရိုးရိုးအအေးမိတာ၊ လည်ချောင်းနည်းနည်းနာတာလောက်ပဲ ရှိတတ်ပါတယ်။ ဖျားတာ၊ ပင်ပန်းတာမျိုး မဖြစ်သေးဘဲ ပုံမှန်အတိုင်းပဲ ရှိနေပါသေးတယ်။
အလယ်အလတ်ရက်များ (၄-၅ ရက်)
ဒီရက်တွေမှာ အာသီးရောင်ပြီး လည်ချောင်းနာတာ ပိုဆိုးလာနိုင်တယ်။ ကိုယ်အပူချိန်က ပုံမှန် 36.5°C ကနေ 36.7°C လောက်ကို ရောက်လာနိုင်ပြီး အစာမျိုချရခက်တာ၊ ခေါင်းကိုက်တာ၊ အစာအိမ်လေထပြီး နည်းနည်းမူးဝေတာမျိုးတွေပါ တွေ့ရတတ်ပါတယ်။ ပင်ပန်းနွမ်းနယ်တာ၊ အဆစ်အမြစ်ကိုက်ခဲတာတွေလည်း စလာတတ်ပါတယ်။
နောက်ပိုင်းရက်များ (၆-၉ ရက်)
၆ ရက်မြောက်နေ့ကနေစပြီး ကိုယ်အပူချိန် 37°C+ အထက်ကို သိသိသာသာ မြင့်တက်လာပြီး ချောင်းခြောက်ဆိုးတာ၊ လည်ချောင်းနာကျင်တာ၊ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်တာတွေ ဖြစ်လာပါလိမ့်မယ်။ 37.4°C ကနေ 38°C +++ အထိ ဖျားလာနိုင်ပြီး အသက်ရှူရတာ အခက်အခဲဖြစ်တာ၊ ခြေချောင်းတွေ နာကျင်တာ၊ ဝမ်းလျှော/အော့အန်တာတွေပါ ကြုံလာနိုင်ပါတယ်။
၉ ရက်မြောက်နေ့မှာ ရောဂါအခြေအနေ မထူးခြားဘဲ အပြင်းအထန်ဖျားပြီး အသက်ရှူရခက်ခဲနေပြီဆိုရင်တော့ သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန် ရိုက်ဖို့ လုံးဝလိုအပ်နေပါပြီနော်။
ဒီတော့ ရောဂါမဖြစ်အောင် ဘယ်လိုတွေ အကောင်းဆုံး ကာကွယ်သင့်လဲဆိုတာ ကြည့်လိုက်ရအောင်!
၁။ Mask သေချာတပ်ပါ။ 😷
၂။ လက်ကို ဆပ်ပြာနဲ့ စက္ကန့် (၂၀) လောက် သေချာ စင်အောင် ဆေးပါ။ 🧼
၃။ တစ်ယောက်နဲ့တစ်ယောက် ၆ ပေအကွာလေး နေပါ။ ↔️
၄။ တစ်ခုခုကို ထိပြီးတိုင်း ပိုးသတ်ဆေးနဲ့ ဖြန်းတာမျိုး၊ လက်သန့်ဆေးရည်သုံးတာမျိုး လုပ်ပါ။ 🧴
၅။ လက်ဆွဲနှုတ်ဆက်တာမျိုးကိုတော့ ဒီအချိန်မှာ ရှောင်ကြဉ်တာ အကောင်းဆုံးပါ။ 🚫
၆။ အပြင်သွားတဲ့အခါ လက်အိတ်လေးတွေ ဝတ်သွားရင်တော့ ပိုပြီး စိတ်ချရတာပေါ့နော်။ 🧤
ဒီအချက်အလက်တွေက အားလုံး အသိပညာ ဗဟုသုတရအောင် ရည်ရွယ်ပြီး ပြန်လည်မျှဝေပေးတာပါ။
မိမိမှာ ဒီလို ရောဂါလက္ခဏာတွေထဲက တစ်ခုခု
ခံစားရပြီဆိုတာနဲ့ ဘာမှမစောင့်ဆိုင်းဘဲ တတ်ကျွမ်းတဲ့ ဆရာဝန်တွေ၊ ဒါမှမဟုတ် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံး သွားရောက်ပြသပြီး စစ်ဆေးကုသမှု ခံယူဖို့ကိုတော့ လုံးဝမမေ့ပါနဲ့လို့ အထူးမှာချင်ပါတယ်။
အားလုံး ဘေးကင်းလုံခြုံပြီး ကျန်းမာကြပါစေနော်!
GandaWinMagazine
21/05/2025
ကောင်းပြည့်မရရင်နေ
တစ်သောင်းပြည့်ရင် ကျေနပ်ပီတဲ့
Crd
ဘဝကထင်သလိုမဖြစ်လာတာ သဘာဝပါ ဘဲလေ
21/05/2025
သိပ်လှပတဲ့အမျိုးသမီးထဲမှာတော့မပါပေမယ့်
ကိုယ်ကျင့်သိက္ခာကိုတန်ဖိုးထားတဲ့အမျိုးသမီးထဲမှာတော့ပါတယ်။
တစ်ခုခုလိုချင်လို့သူများဆီတောင်းယူရတဲ့ဘဝထက်
ကိုယ်ပိုင်အလုပ်လုပ်ပြီ ကိုယ်ပိုင်ဝင်ငွေနဲ့ဝယ်ယူနိုင်အောင်ကြိုးစားတယ်။
ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားနေတဲ့အမျိုးသမီးတစ်ယောက်မို့ ဘယ်သူမှအနားမှာရှိမနေရင်တောင်မှ တစ်ယောက်တည်းတောက်ပနိုင်အောင် ကြိုးစားတယ်။
လက်တွဲဖော်ဆိုတာရှိလည်းဖြစ်တယ် မရှိလည်းဖြစ်တယ် အိုစာမင်စာတွေစုမိဆောင်းမိတဲ့တစ်နေ့ကျရင်သိပ်အေးချမ်းသောမြို့လေးမှာ တစ်ကိုယ်တည်းအေးချမ်းစွာအနားယူမယ်လို့ဆုံးဖြတ်ထားတယ်။
သိပ်ရိုးရှင်းသောအိမ်မက်တွေနဲ့အတူပေါ့။
#ဖားစည်ရည်ကျော်
နိုဝင်ဘာ ၁ရက်
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Telephone
Website
Address
Yangon