Yone Min
UMT ယုန်မင်းသံသပိတ်မှကြိုဆိုပါတယ်ခင်ဗျာ
12/05/2026
ကိုယုန်လေးစားခင်မင်ရသောရန်ကုန်တိုင်းသာသနနုဂ္ဂဟအသင်း၏ဥက္ကဌကြီးဦးတင်မိုးအောင်(ကိုနေရှိုင်း)၊အထွေထွေအတွင်းရေးမှုးကိုဗလ၊ရုံးအုပ်ကြီးဦးလှိုင်မြင့်(ရဲမှုးကြီးငြိမ်း)တိုနှင့်အတူဘာသာ၊သာသနာအလုပ်တွေကိုမင်္ဂလာရှိစွာဆွေးနွေးတိုင်ပင်ရင်းအထူးမင်္ဂလာရှိတဲ့နေ့လေးတနေ့ကိုစတင်ဖြတ်သန်းနေပါပြီဗျာ………
ကိုယုန်အား………
ချစ်သူ၊ခင်သူ၊မုန်းသူ၊မနာလိုသူ၊ဒုက္ခမျိုးစုံပေးနေသူ၊
ကွယ်ရာမှာအတင်းအဖျင်းလုပ်ကြံပြောနေကြသူများနှင့်တကွ…..၃၁ဘုံမှာကျင်လည်နေကြသောသတ္တဝါအပေါင်းတို့………
ကုသိုလ်ရေးအားလက်တွဲခေါ်ဆောင်ပေးကြပါသောခြောက်ထပ်ကြီးဘုရားမှဆရာတော်သံဃာတော်များ
ဓမ္မရတိဆရာ/မများနှင့်……
ကိုယုန်အားယုံကြည်စိတ်ချစွာဖြင့်မောင်နှမအရင်းပမာလက်တွဲကုသိုလ်ယူကြပါသောဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့သည်…………
ကျန်းမာချမ်းသာ၍အသက်ရှည်အနာမဲ့ကြပါစေကြောင်းလှိုက်လှိုက်လှဲလှဲမေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ………
ကိုယ်လုပ်တာကိုယ်ပြန်ရမှာမို့………
အကုသိုလ်အလုပ်ကိုရှောင်ကြပြီး………
ကုသိုလ်အလုပ်ဖြင့်ဘဝကိုရိုးရှင်းစွာဖြတ်သန်းကြရအောင်လားဓမ္မမိတ်ဆွေအပေါင်းတို့ရေ………
ဓမ္မအသိလေးပြောပါရစေ………
အကုသိုလ်ဆိုတာ…..မြက်ရိုင်းပမာ…..သူ့အလိုလိုပေါက်လာတာ………။
ကုသိုလ်ဆိုတာ…..ကောက်စပါးပမာ…..ကိုယ်တိုင်စိုက်မှရနိုင်တာ………
ဂျလန်းကျွန်းဆရာတော်ဩဝါဒ….
သုဓမ္မမဏိဇောတဓရဦးတင်အောင်မိုး(ကိုယုန်)
ကျေးဇူးကြီးလှမိနှင့်ဖဦးမြသော်နှင့်ဒေါ်တင်လှ
05/10/2025
နေ့ကြီးနေ့မြတ်သီးတင်းကျွတ်အခါသမယမှာ.....
ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာ၊သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ၊ဆရာသခင်ကျေးဇူးရှင်များအားဂါရဝတရားရှေ့ထား၍ရှစ်ခိုးကန်တော့ပါတယ်ဗျာ.....
05/10/2025
သီတင်းကျွတ်အခါသမယမှာ.....
မိဘဆွေမျိုး၊သင်ဆရာ၊မြင်ဆရာများ.....
ကိုယုန်ထက်တစ်နေ့၊တစ်ရက်၊တစ်နာရီ၊တစ်မိနစ်၊
တစ်စက္ကန့်ကြီးကြသောဓမ္မမိတ်ဆွေသူတော်ကောင်းတို့အပေါ်၌...သိ၍သော်လည်းကောင်း၊မသိ၍သော်လည်းကောင်း၊ကာယကံ၊ဝဇီကံ၊မနောကံ
တို့ဖြင့်ပြစ်များမိတာများရှိခဲ့ပါကဝန်ချတောင်းပန်ရှစ်ခိုးကန်တော့အပ်ပါတယ်ဗျာ.....
ဦးတင်အောင်မိုး(ကိုယုန်)
သုဓမ္မမဏိဇောတဓရ
ကျေးဇူးကြီးလှမိနှင့်ဖဦးမြသော်နှင့်ဒေါ်တင်လှ
15/07/2025
နေ့သစ်လေးတစ်နေ့ကို
အားအင်အသစ်နဲ့
ဖြတ်သန်းပါနော် ...
05/05/2025
ကိုယုန်ခရီးသွားနေသည်။
ကလော၊အောင်ပန်း၊တီဂျစ်၊နောင်တရားအစရှိသောမြို့များ...ရေတံခွန်၊ပအို့ရဟန်းခံရှင်ပြုအလျု၊မွေးနေ့အထိမ်းအမှတ်အဖြစ်အများတောင်းဆိုလို့သီချင်းဆိုခဲ့ရသောညများ....အစစအရာရာကူညီကြပါသောမိတ်ဆွေသူတော်ကောင်းအပေါင်းတို့အားအထူးကျေးဇူးတင်ရှိရပါတယ်ဗျာ။
29/04/2025
အဖြေကရှင်းပါတယ်
29/04/2025
လိုသုံး
တခါတလေလည်း
မအားဘူး မအားဘူး ဆိုတဲ့လူတွေ
တခြားလူတွေနဲ့ အားနေတာမြင်ရတော့
သူတို့အတွက် အမြဲအားခဲ့မိတဲ့
ကိုယ်ကိုကိုယ်ပြန်ရှက်မိတယ် ။
'တရက်တွေ့ဦးမယ်'ဆိုတဲ့စကားဟာ
ဖုန်းချခါနီး ဝတ်ကျေတမ်းကျေပြောတဲ့
စကားတစ်ခွန်းဖြစ်မှန်း
ဘယ်တော့မှမတွေ့ဖြစ်ကြတော့တဲ့အခါမှ
နားလည်လာတယ် ။
ကိုယ်က အားပါတယ်ဆိုတဲ့စကားဟာ
သိပ်အရေးမကြီးတဲ့ကိစ္စလေးတွေကို
ရွှေ့လိုက်ပြီး
သူတို့အတွက်အချိန်ပေးလိုက်တာဖြစ်ပေမယ့်
သူတို့ အားတယ်ဆိုတဲ့စကားဟာ
ကိုယ့်ဆီကတစ်ခုခုအကူအညီယူချင်လို့ပဲဆိုတာ
သိလာတယ် ။
အပေါ်ယံသက်သက်လာပေါင်းတဲ့လူတွေအတွက်
ကိုယ်က ဦးနှောက်ထဲထည့်ထားပေမယ့်
သူတို့စိတ်ကူးထဲက VIP တွေထဲ
ကိုယ်မပါဘူးဆိုတာသိလိုက်တဲ့အချိန်မှာ
တကယ်ကိုကျေကျေနပ်နပ်ပြုံးမိတယ်
လူတွေအကြောင်းကို
လူတွေကပဲ သင်ပေးတယ်
လိုသုံး လာလာလုပ်တဲ့လူတွေကို
လိုရင်တောင်မသုံးတော့ဖို့
ကြိုးစားရဦးမယ်
crd📖📖📖
29/04/2025
မိန်းမတစ်ယောက်ရဲ့ တန်ဖိုးက
သိက္ခာတရားဖြစ်မယ်ဆိုရင်..
ယောက်ျားတစ်ယောက်ရဲ့ တန်ဖိုးက
စောင့်ထိန်းမှုပဲ
မိန်းမတစ်ယောက်ရဲ့ တန်ဖိုးက ကိုယ်ကျင့်တရားဖြစ်မယ်ဆိုရင်..
ယောက်ျားတစ်ယောက်ရဲ့တန်ဖိုးက
ရိုးသားမှုပဲ
မိန်းမတစ်ယောက်ရဲ့ တန်ဖိုးက
အေးချမ်းခြင်းဖြစ်မယ်ဆိုရင်..
ယောက်ျားတစ်ယောက်ရဲ့ တန်ဖိုးက
ရင့်ကျက်ခြင်းပဲ
မိန်းမတစ်ယောက်ရဲ့တန်ဖိုးက
ကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်တည်နိုင်ခြင်းဆိုရင်...
ယောက်ျားတစ်ယောက်ရဲ့တန်ဖိုးက
ဦးစီးဦးဆောင်ပြုနိုင်ခြင်းပဲ
မိန်းမတစ်ယောက်ရဲ့တန်ဖိုးက
သစ္စာစောင့်သိခြင်းဖြစ်မယ်ဆိုရင်.. ယောက်ျားတစ်ယောက်ရဲ့တန်ဖိုးက
ပေးထားတဲ့ ကတိကို မဖောက်ဖျက်ခြင်းပဲ ။
#တန်ဖိုးနားလည်သိတတ်ကြပါစေ
29/04/2025
🌅မင်္ဂလာနံနက်ခင်းပါ 🌅
🏡🏡သင့်စီ အိမ်ဆောက်ဖို့အတွက် ငွေတေ ရောက်ရှိလာပါပီ💸💸
ကျေးဇူးပြုပီး လက်ခံပေးပါအုံး🙏🙏
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
Alerts
Be the first to know and let us send you an email when Yone Min posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.