STEM Channel Myanmar

STEM Channel Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from STEM Channel Myanmar, Youth Organization, Yangon.

မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်များ၊ မိဘများ နှင့် ဆရာသမားများ အတွက် ပညာရေးဆိုင်ရာသတင်းအချက်အလက် အခွင့်အလမ်းများ၊ သိပ္ပံနှင့်နည်းပညာနယ်ပယ်မှ စိတ်ဝင်စားဖွယ်အကြောင်းအရာများနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို မျှဝေပေးသွားပါမည်။

17/09/2026

📣 𝐑𝐞𝐦𝐨𝐭𝐞 𝐉𝐨𝐛 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 – 𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐋𝐨𝐚𝐧 𝐎𝐟𝐟𝐢𝐜𝐞𝐫

Parami University မှာ Student Loan Officer ရာထူးအတွက် အလုပ်အကိုင်အခွင့်အရေးရှိနေပါတယ်။ 💼

ဒီရာထူးက Student Loan ပြန်လည်ပေးဆပ်မှု (loan repayment) တွေကို စီမံခန့်ခွဲခြင်း၊ မှတ်တမ်းနဲ့ စာရွက်စာတမ်းတွေကို တိကျမှန်ကန်အောင် ထိန်းသိမ်းခြင်း၊ ကျောင်းသား/ဘွဲ့ရများနဲ့ ဆက်သွယ်ညှိနှိုင်းခြင်းတို့ကို အဓိကတာဝန်ယူရမယ့် Full-Time ရာထူး ဖြစ်ပါတယ်။

🏢 အဖွဲ့အစည်း - Parami University
💼 ရာထူး - Student Loan Officer
📍 Remote – ရန်ကုန်အခြေစိုက်သူများကို ဦးစားပေးမှာဖြစ်ပါတယ်
🕐 Employment: Full-Time တစ်ပတ် (၄၀) နာရီ
📅 အလုပ်စတင်လုပ်ကိုင်ရမည့်နေ့ - ၂၀၂၆၊ အောက်တိုဘာလ (၁၅)ရက်
📄 တစ်နှစ်အလုပ်စာချုပ်၊ extension ဖြစ်နိုင်
💰 Compensation - အတွေ့အကြုံအပေါ် မူတည်

🎓 လိုအပ်သော အရည်အချင်းများ
• Bachelor’s Degree ရရှိထားသူ
• English ဘာသာစကား ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ
• Finance, Accounting, Loan Administration သို့မဟုတ် ဆက်စပ်လုပ်ငန်းအတွေ့အကြုံရှိသူ
• အသေးစိတ်အချက်အလက်များကို ဂရုတစိုက်လုပ်ကိုင်နိုင်ပြီး Organization ကောင်းမွန်သူ
• Communication Skills ကောင်းမွန်သူ
• Digital Tools များကို အသုံးပြုနိုင်သူ
• Confidential Information များကို တာဝန်ယူထိန်းသိမ်းနိုင်သူ
• တစ်ဦးတည်း လွတ်လပ်စွာလုပ်ကိုင်နိုင်သလို Team နဲ့လည်း ပူးပေါင်းလုပ်ကိုင်နိုင်သူ

📌 အဓိကတာဝန်များ
Student Loan repayment schedule များ စီစဉ်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် collection ပြုလုပ်ခြင်း၊ Finance နှင့် Financial Aid teams များနှင့် ပူးပေါင်းကာ records/documentation များကို တိကျအောင် ထိန်းသိမ်းခြင်း၊ repayment အခြေအနေများအတွက် reports ပြင်ဆင်ခြင်းနှင့် ကျောင်းသား/ဘွဲ့ရများထံ ဆက်သွယ် follow-up ပြုလုပ်ခြင်းတို့ ပါဝင်ပါတယ်။

📄 လျှောက်ထားရန်
အောက်ပါအချက်အလက်များကို PDF File တစ်ခုတည်း အဖြစ် စုစည်းပြီး Human Resources Department သို့ ပေးပို့ရမှာဖြစ်ပါတယ်။
• Single-page Cover Letter
• CV
• Expected Salary
• Professional References ၂ ဦး၏ Contact Information (Phone & Email)

📧 Email: [email protected]
⏰ နောက်ဆုံးလျှောက်ထားရန် - ၂၀၂၆၊ စက်တင်ဘာလ (၃၀)ရက်

📍 Yangon အခြေစိုက်သူများကို ဦးစားပေးစဉ်းစားမည်ဖြစ်သော်လည်း လိုအပ်သောအရည်အချင်းနှင့် စိတ်အားထက်သန်မှုရှိသည့် Remote Applicants များကိုလည်း လက်ခံစဉ်းစားပေးမှာဖြစ်ပါတယ်။

⚠️ Applications တွေကို deadline မတိုင်မီ rolling basis နဲ့ စစ်ဆေးသွားမှာဖြစ်တဲ့အတွက် စိတ်ဝင်စားသူများအနေနဲ့ အချိန်မဆွဲဘဲ စောစောလျှောက်ထားထားဖို့ အကြံပြုပါတယ်။

🔗အလုပ်အကိုင်အကြောင်းအသေးစိတ်လေ့လာရန်လင့်ခ်ကို ကော်မန့်မှာကြည့်ရှုနိုင်ပါတယ်။

17/09/2026

📣 𝐑𝐞𝐦𝐨𝐭𝐞 𝐉𝐨𝐛 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 – 𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐋𝐨𝐚𝐧 𝐎𝐟𝐟𝐢𝐜𝐞𝐫

Parami University မှာ Student Loan Officer ရာထူးအတွက် အလုပ်အကိုင်အခွင့်အရေးရှိနေပါတယ်။ 💼

ဒီရာထူးက Student Loan ပြန်လည်ပေးဆပ်မှု (loan repayment) တွေကို စီမံခန့်ခွဲခြင်း၊ မှတ်တမ်းနဲ့ စာရွက်စာတမ်းတွေကို တိကျမှန်ကန်အောင် ထိန်းသိမ်းခြင်း၊ ကျောင်းသား/ဘွဲ့ရများနဲ့ ဆက်သွယ်ညှိနှိုင်းခြင်းတို့ကို အဓိကတာဝန်ယူရမယ့် Full-Time ရာထူး ဖြစ်ပါတယ်။

🏢 Organization: Parami University
💼 Position: Student Loan Officer
📍 Work Base: Remote – Yangon အခြေစိုက်သူများကို ဦးစားပေးပါမယ်
🕐 Employment: Full-time (တစ်ပတ် 40 နာရီ)
📅 Start Date: 15 October 2026
📄 Contract: 1-year contract, extension ဖြစ်နိုင်
💰 Compensation: အတွေ့အကြုံအပေါ် မူတည်

🎓 လိုအပ်သော အရည်အချင်းများ
• Bachelor’s Degree ရရှိထားသူ
• English ဘာသာစကား ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ
• Finance, Accounting, Loan Administration သို့မဟုတ် ဆက်စပ်လုပ်ငန်းအတွေ့အကြုံရှိသူ
• အသေးစိတ်အချက်အလက်များကို ဂရုတစိုက်လုပ်ကိုင်နိုင်ပြီး Organization ကောင်းမွန်သူ
• Communication Skills ကောင်းမွန်သူ
• Digital Tools များကို အသုံးပြုနိုင်သူ
• Confidential Information များကို တာဝန်ယူထိန်းသိမ်းနိုင်သူ
• တစ်ဦးတည်း လွတ်လပ်စွာလုပ်ကိုင်နိုင်သလို Team နဲ့လည်း ပူးပေါင်းလုပ်ကိုင်နိုင်သူ

📌 အဓိကတာဝန်များ
Student Loan repayment schedule များ စီစဉ်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် collection ပြုလုပ်ခြင်း၊ Finance နှင့် Financial Aid teams များနှင့် ပူးပေါင်းကာ records/documentation များကို တိကျအောင် ထိန်းသိမ်းခြင်း၊ repayment အခြေအနေများအတွက် reports ပြင်ဆင်ခြင်းနှင့် ကျောင်းသား/ဘွဲ့ရများထံ ဆက်သွယ် follow-up ပြုလုပ်ခြင်းတို့ ပါဝင်ပါတယ်။

📄 လျှောက်ထားရန်
အောက်ပါအချက်အလက်များကို PDF File တစ်ခုတည်း အဖြစ် စုစည်းပြီး Human Resources Department သို့ ပေးပို့ရမှာဖြစ်ပါတယ်။
• Single-page Cover Letter
• CV
• Expected Salary
• Professional References ၂ ဦး၏ Contact Information (Phone & Email)

📧 Email: [email protected]
⏰ Deadline: 30 September 2026

📍 Yangon အခြေစိုက်သူများကို ဦးစားပေးစဉ်းစားမည်ဖြစ်သော်လည်း လိုအပ်သောအရည်အချင်းနှင့် စိတ်အားထက်သန်မှုရှိသည့် Remote Applicants များကိုလည်း လက်ခံစဉ်းစားပေးမည်ဖြစ်ပါတယ်။

⚠️ Applications တွေကို deadline မတိုင်မီ rolling basis နဲ့ စစ်ဆေးသွားမှာဖြစ်တဲ့အတွက် စိတ်ဝင်စားသူများအနေနဲ့ အချိန်မဆွဲဘဲ စောစောလျှောက်ထားထားဖို့ အကြံပြုပါတယ်။

17/09/2026

🇪🇺 EU Delegation to Myanmar မှာ လူငယ်ဘွဲ့ရများအတွက် Funded Traineeship အခွင့်အရေး

နိုင်ငံတကာဆက်ဆံရေး၊ သံတမန်ရေးရာနဲ့ Public Diplomacy လုပ်ငန်းတွေကို စိတ်ဝင်စားတဲ့ လူငယ်ဘွဲ့ရတွေအတွက် European Union Delegation to Myanmar ကနေ (၆) လအထိ ပါဝင်နိုင်မယ့် Funded Traineeship အခွင့်အရေး တစ်ခုရှိနေပါတယ်။ 🌍

ဒီအလုပ်သင်က Political, Press and Information (PPI) Section မှာ လုပ်ကိုင်ရမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေကို လေ့လာသုံးသပ်ခြင်း၊ EU ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို Communication & Outreach လုပ်ငန်းတွေနဲ့ ချိတ်ဆက်ပေးခြင်း၊ Event တွေစီစဉ်ရာမှာ ကူညီခြင်း၊ Communication Materials တွေ ပြင်ဆင်ခြင်းနဲ့ Meetings / Conferences / Seminars တွေမှာ ပါဝင်ပြီး Report ရေးသားခြင်း စတဲ့ လုပ်ငန်းအတွေ့အကြုံတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

✨ ဘယ်သူတွေ လျှောက်ထားနိုင်လဲ?
🔹 Myanmar Citizenship ရှိသူများသာ လျှောက်ထားနိုင်ပါတယ်။
🔹 International Relations, Political Science, Development, Economics, Law သို့မဟုတ် ဆက်စပ်ဘာသာရပ်တစ်ခုခုနဲ့ University Degree ရရှိထားသူ ဖြစ်ရပါမယ်။
🔹 English နဲ့ Burmese ဘာသာစကား နှစ်မျိုးစလုံးကို ပြောဆိုရေးသားရာမှာ ကောင်းမွန်စွာ အသုံးပြုနိုင်ရပါမယ်။
🔹 EU နဲ့ မြန်မာနိုင်ငံမှာ EU က ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို အခြေခံနားလည်ထားရပါမယ်။
🔹 ဘွဲ့ရပြီးနောက် Professional Experience ၁ နှစ်မပြည့်သေးသူ ဖြစ်ရပါမယ်။
🔹 Diplomacy, Development Cooperation စတဲ့ နယ်ပယ်တွေမှာ Internship, Academic Research ဒါမှမဟုတ် Volunteering အတွေ့အကြုံရှိရင် အားသာချက်ဖြစ်ပါတယ်။

📌 Traineeship ကာလ — (၆) လအထိ
📌 စတင်မည့်အချိန် — ၂၀၂၆၊ နို၀င်ဘာလခန့်
💰 Monthly Grant ရရှိပါမယ်

📄 လျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများ
• Europass CV (အခြား CV Format များကို လက်ခံမည်မဟုတ်ပါ)
• Cover Letter
• Application Form

📩 လျှောက်ထားရန် Email: [email protected]

📌 Email Subject မှာ “Funded Traineeship - One Delegation 2026” လို့ ထည့်သွင်းပေးပို့ရပါမယ်။

⏰ နောက်ဆုံးလျှောက်ထားရန် - ၂၀၂၆၊ စက်တင်ဘာလ (၂၉)ရက်၊ ညနေ ၅:၀၀ နာရီ (မြန်မာစံတော်ချိန်)

နိုင်ငံတကာဆက်ဆံရေးနဲ့ EU Delegation ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို လက်တွေ့လေ့လာရင်း Professional Experience ရယူချင်တဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေအနေနဲ့ အသေးစိတ် Eligibility နဲ့ လျှောက်ထားပုံကို Official Information မှာ သေချာစစ်ဆေးပြီး လျှောက်ထားနိုင်ပါတယ်နော်။ 🇪🇺

🔗 အသေးစိတ်အချက်အလက်နှင့် Application Form ကို ကော်မန့်မှာဖော်ပြထားတဲ့ Official Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

17/09/2026

🌍🇪🇺 မြန်မာလူငယ်တွေအတွက် 𝐄𝐔 နဲ့အတူ လေ့လာ၊ ချိတ်ဆက်ပြီး အတွေ့အကြုံရယူနိုင်မယ့် 𝐌𝐄𝐄𝐓𝐮𝐩 𝟐𝟎𝟐𝟕

နိုင်ငံတကာအရေးအရာတွေ၊ Europe အကြောင်းအရာတွေ၊ လူငယ်တွေရဲ့ လူမှုအသိုင်းအဝိုင်းအပေါ် အကျိုးသက်ရောက်မှုတွေကို စိတ်ဝင်စားတဲ့ အသက် (၁၆-၂၄) နှစ်အရွယ် လူငယ်များအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ အခွင့်အရေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 🇲🇲✨

Myanmar–EU Empowerment (MEETup) 2027 ဟာ European Union (EU) က ထောက်ပံ့ပေးပြီး EU Delegation in Myanmar၊ EU Member State Embassies နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းအကောင်အထည်ဖော်တဲ့ လူငယ်အစီအစဉ်တစ်ခု ဖြစ်ပါတယ်။

📌 ဘယ်သူတွေ လျှောက်ထားနိုင်လဲ?
• အသက် (၁၆-၂၄) နှစ်အတွင်းရှိသူများ
• English အဆင့် Intermediate အနည်းဆုံး ရှိသူ
• ကိုယ်ပိုင်/ပညာရေး/အလုပ်အကိုင်အရ တိုးတက်လိုစိတ်ရှိသူ
• ပူးပေါင်းဆောင်ရွက်ပြီး အတွေးအမြင်တွေ မျှဝေလိုသူ
• Europe၊ International Relations နဲ့ Social Impact ကို စိတ်ဝင်စားသူ
• Yangon Region မှာ နေထိုင်သူ သို့မဟုတ် Yangon သို့ လူကိုယ်တိုင်လာရောက်ရမယ့် activities တွေအတွက် ကိုယ်တိုင်စီစဉ်နိုင်သူ
• Remote participation လိုအပ်တဲ့အချိန်မှာ Stable Internet အသုံးပြုနိုင်သူ

💡 ပါဝင်ရင် ဘာတွေလုပ်ရမလဲ?
Workshop၊ Meetup နဲ့ Dialogue Sessions တွေမှာ ပါဝင်ခြင်း၊ EU Experts နဲ့ အတွေ့အကြုံဖလှယ်ခြင်း၊ အခြားလူငယ်တွေနဲ့ ပူးပေါင်းပြီး idea တွေ ဖန်တီးခြင်း၊ ကိုယ့်အတွေ့အကြုံနဲ့ အသံကို ဖော်ပြနိုင်မယ့် Creative Content တွေ ဖန်တီးခြင်းတို့ ပါဝင်ပါတယ်။

⏳ Program Duration:
📅 Mid-November 2026 – Mid-March 2027
⏰ တစ်လလျှင် အနည်းဆုံး (၄) နာရီ ပါဝင်ရန် လိုအပ်ပါတယ်။

📄 လျှောက်ထားရန် လိုအပ်သောစာရွက်စာတမ်းများ
• Passport သို့မဟုတ် NRC/Identity Card မိတ္တူ
• Personal CV
• Expression of Motivation & Interest
• ထပ်မံအထောက်အကူပြုနိုင်တဲ့ School Certificates၊ Diplomas၊ Recommendation Letter စတာတွေကိုလည်း တင်ပြနိုင်ပါတယ်။

🗓️ အရေးကြီးရက်စွဲများ
🔹 Online Info Session – 21 September 2026
🔹 Application Deadline – 30 September 2026, 11:59 PM (Myanmar Time)
🔹 Shortlisting – 1–14 October 2026
🔹 Interviews – 15–26 October 2026
🔹 Selected Candidates Announcement – 30 October 2026

✨ MEETup 2027 က သင်ယူရုံသာမက အခြားလူငယ်တွေနဲ့ ချိတ်ဆက်ပြီး ကိုယ့်အတွေးအမြင်တွေကို မျှဝေဖို့ အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။

👉 စိတ်ဝင်စားတဲ့ လူငယ်တွေက Official Application Form မှတစ်ဆင့် သတ်မှတ်ရက်မတိုင်ခင် လျှောက်ထားနိုင်ပါတယ်။

📩 မေးမြန်းလိုပါက [email protected] ကို ဆက်သွယ်နိုင်ပါတယ်။

🔗အသေးစိတ်လေ့လာရန်လင့်ခ်ကို ကော်မန့်မှာကြည့်ရှုနိုင်ပါတယ်။

16/09/2026

🤖🇩🇪 𝐀𝐈 နယ်ပယ်မှာ 𝐏𝐡𝐃 / 𝐏𝐨𝐬𝐭𝐝𝐨𝐜 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡 လုပ်နေသူတွေအတွက် ဂျာမနီမှာ 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡 အခွင့်အလမ်း

Artificial Intelligence (AI) နဲ့ ဆက်စပ်တဲ့နယ်ပယ်တွေမှာ Research လုပ်နေတဲ့ နိုင်ငံတကာ PhD Candidates နဲ့ Postdoctoral Researchers တွေအတွက် DAAD ရဲ့ Heilbronn AI Fellowship အစီအစဥ်ကို လျှောက်ထားကြည့်နိုင်ပါတယ်။ 🇩🇪🤖

ဒီ Fellowship က ဂျာမနီနိုင်ငံ Heilbronn ရှိ AI Research Ecosystem ထဲမှာ Research Project တစ်ခုကို လုပ်ဆောင်နိုင်ဖို့ ထောက်ပံ့ပေးတာဖြစ်ပြီး University, Research Institution, Industry နဲ့ Innovation/Startup Ecosystem တွေနဲ့လည်း ချိတ်ဆက်လုပ်ကိုင်နိုင်မယ့် အခွင့်အရေးရှိပါတယ်။

🎓 ဘယ်သူတွေ လျှောက်နိုင်လဲ?
• နိုင်ငံတကာ PhD Candidates (Dissertation defense မတိုင်မီ Final Year ဖြစ်ရမယ်)
• PhD/Doctorate ရရှိပြီး (၅) နှစ်အတွင်းရှိတဲ့ Postdoctoral Researchers
• AI သို့မဟုတ် ဆက်စပ်နယ်ပယ်မှာ ခိုင်မာတဲ့ Academic/Research Background ရှိသူ
• University သို့မဟုတ် Research Institution တစ်ခုနဲ့ affiliation ရှိသူ
• Heilbronn ရှိ သတ်မှတ်ထားတဲ့ Host Institution တစ်ခုမှာ Research Project လုပ်ဆောင်မယ့်သူ

🔬 Research လုပ်နိုင်မယ့်နေရာတွေကတော့
DHBW, Heilbronn University of Applied Sciences, TUM Campus Heilbronn, Fraunhofer, Max Planck Institute နဲ့ အခြားသတ်မှတ်ထားတဲ့ Research/Innovation Institutions တွေ ပါဝင်ပါတယ်။

💶 Fellowship Benefits
• တစ်လ €2,800 Fellowship allowance
• Health, Accident & Personal Liability Insurance အတွက် ထောက်ပံ့မှု
• International Travel Cost အတွက် Lump-sum support
• သတ်မှတ်ချက်များနှင့် ကိုက်ညီပါက Family Benefits ရရှိနိုင်ခြေ
• Disability / Chronic illness နဲ့ ဆက်စပ်တဲ့ အပိုကုန်ကျစရိတ်များအတွက်လည်း သီးခြားစိစစ်ပြီး ထောက်ပံ့မှုရနိုင်ပါတယ်။

⏳ Funding Duration
Research Stay ကို (၁) လမှ (၁၂) လအထိ လုပ်ဆောင်နိုင်ပါတယ်။

📌 အရေးကြီးတာတစ်ခုကတော့ ဒီ Fellowship က Bachelor / Master ကျောင်းသားတွေအတွက် Scholarship မဟုတ်ဘဲ AI Research လုပ်နေတဲ့ PhD Candidates နဲ့ Postdoctoral Researchers တွေအတွက် ဖြစ်ပါတယ်။

လျှောက်ထားရာမှာ Academic Record, Research Proposal, Research Project ရဲ့ Quality & Feasibility နဲ့ Host Institution နဲ့ သင့်တော်မှုတို့ကို အဓိက စိစစ်မှာဖြစ်ပါတယ်။

👉 အသေးစိတ် Eligibility, Required Documents နဲ့ Application Procedure တွေကို DAAD Scholarship Database မှာ သေချာလေ့လာစစ်ဆေးဖို့ လိုအပ်ပါတယ်နော်။

🔗အသေးစိတ်လေ့လာရန်လင့်ခ်ကို ကော်မန့်မှာကြည့်ရှုနိုင်ပါတယ်။

16/09/2026

🍃 သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 အတွက် တစ်ခုခုလုပ်ဆောင်ချင်တဲ့ လူငယ်တွေအတွက် 𝐕𝐨𝐥𝐮𝐧𝐭𝐞𝐞𝐫 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လက်တွေ့အတွေ့အကြုံတွေ ရယူရင်း ကိုယ့် Community အတွက်လည်း ပါဝင်ကူညီချင်တယ်ဆိုရင် ဒီ Volunteer Program လေးတစ်ခုရှိပါတယ်။ 🤝🌱

ရှင်သန်ခွင့် – Life Sparks က ဦးစီးဆောင်ရွက်ပြီး Young City Shapers / Yangon City Shapers ရဲ့ ထောက်ပံ့ကူညီမှုနဲ့အတူ အကောင်အထည်ဖော်မယ့် Project လေးဖြစ်ပါတယ်။

📅 Volunteer Program (၃) ရက်

🔹 ၂၀၂၆၊ စက်တင်ဘာလ (၁၉)ရက်
ဟေရမုန် Organic Farm မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများနဲ့ Training ပြုလုပ်ပါမယ်။

🔹 ၂၀၂၆၊ အောက်တိုဘာလ (၃)ရက် နှင့် (၉)ရက်
မှော်ဘီမြို့နယ်မှာ Project Activities တွေကို လက်တွေ့ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

🌱 ဘာတွေ လေ့လာပြီး ပါဝင်လုပ်ဆောင်ရမလဲ?

♻️ Vermicompost — တီကောင်အသုံးပြုပြီး မြေဆွေးပြုလုပ်ခြင်း
♻️ Domestic Waste — အိမ်သုံးစွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ ခွဲခြားခြင်း
🌾 Seed Preservation — ဒေသမျိုးရင်းစေ့တွေကို ထိန်းသိမ်းခြင်း

ဒီ Activities တွေကို Environmental ပညာရှင်တွေနဲ့အတူ Workshop ပုံစံနဲ့ လက်တွေ့ပါဝင်လေ့လာနိုင်မှာပါ။

✨ Volunteer တွေအတွက် စီစဉ်ပေးထားတာတွေကတော့ ...
🚌 Project Day တွေအတွက် Transportation
🍱 Lunch & Refreshments
🌿 Environmentalists တွေဆီကနေ လက်တွေ့အသုံးချနိုင်တဲ့ အသိပညာနဲ့ အတွေ့အကြုံများ

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ Experience အများကြီးရှိထားဖို့ မလိုအပ်ပါဘူးနော်။ 🙌

အဓိကကတော့ (၃) ရက်လုံး အစအဆုံး ပါဝင်နိုင်မယ့် Commitment ရှိပြီး သဘာဝပတ်ဝန်းကျင်နဲ့ Community အတွက် ပါဝင်လုပ်ဆောင်ချင်တဲ့ လူငယ်ဖြစ်ဖို့ပါ။

⚠️ လူဦးရေကန့်သတ်ထားပြီး Rolling Recruitment စနစ်နဲ့ လျှောက်လွှာလက်ခံမှာဖြစ်တဲ့အတွက် သတ်မှတ်လူဦးရေပြည့်သွားရင် Form ကို ပိတ်သိမ်းသွားမှာဖြစ်ပါတယ်။

📌 နောက်ဆုံးလျှောက်ထားရန် - ၂၀၂၆၊ စက်တင်ဘာလ (၁၇)ရက်

🔗လျှောက်ထားရန်လင့်ခ်ကို ကော်မန့်မှာကြည့်ရှုနိုင်ပါတယ်နော်။

31/08/2026

🌏 လူငယ်ခေါင်းဆောင်တွေအတွက် 𝐑𝐞𝐠𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐨𝐩𝐞𝐫𝐚𝐭𝐢𝐨𝐧 & 𝐌𝐚𝐫𝐢𝐭𝐢𝐦𝐞 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 ဆိုင်ရာ အခွင့်အရေး!

နိုင်ငံတကာရေးရာ၊ International Relations၊ Political Science၊ International Law နဲ့ Maritime Security ဆိုင်ရာ စိတ်ဝင်စားသူ လူငယ်တွေ အတွက် Young Leaders Programme 2026 မှာ ပါဝင်ဖို့ လျှောက်ထားနိုင်ပါပြီ။ ✨

Young Leaders Programme: Regional Cooperation and Next-Generation Solutions ကို Vietnam နိုင်ငံ၊ Hanoi မြို့မှာ October 6–8, 2026 အတွင်း ကျင်းပမှာဖြစ်ပြီး 18th South China Sea International Conference နဲ့အတူ ဒေသတွင်းက လူငယ်သုတေသီတွေ၊ ပညာရှင်တွေနဲ့ Policy Experts တွေကြား အမြင်ဖလှယ်နိုင်မယ့် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။

ဒီ Programme မှာ ရွေးချယ်ခံရတဲ့ Young Leaders ၈ ဦး အနေနဲ့ Conference ရဲ့ ဆွေးနွေးပွဲတွေကို တက်ရောက်နိုင်သလို၊ ကိုယ်ပိုင် Policy Pitch ကိုလည်း Young Leaders Special Session မှာ တင်ပြခွင့်ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒေသတွင်းနဲ့ နိုင်ငံတကာက ပညာရှင်တွေ၊ Think Tanks နဲ့ Universities တွေက လူငယ်တွေနဲ့ Network တည်ဆောက်နိုင်မှာပါ။ 🌐

🎯 ဘယ်သူတွေ လျှောက်ထားနိုင်လဲ?
• Programme စတင်ချိန်မှာ အသက် 20–35 နှစ် ကြားရှိသူ
• English Language ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ
• Political Science, International Relations, International Law သို့မဟုတ် Social Sciences နယ်ပယ်တွေမှာ Background ရှိသူ
• Maritime Security နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားပြီး ပါဝင်ဆောင်ရွက်ထားသူ

🎁 ရရှိမယ့်အကျိုးခံစားခွင့်များ
✈️ Round-trip Economy Class Airfare
🏨 3-night Accommodation
🍽️ Meals & Local Transportation
🌏 18th South China Sea International Conference ကို အပြည့်အဝ တက်ရောက်ခွင့်
🤝 နိုင်ငံတကာ Scholars & Experts တွေနဲ့ Network တည်ဆောက်ခွင့်
📜 Certificate of Attendance
🌐 Young Leaders Programme Alumni Network မှာ ပါဝင်ခွင့်

📅 Application Deadline:
13 September 2026 | 23:59 (GMT+7)

📍 Venue: Hanoi, Vietnam
📆 Programme: 6–8 October 2026
👥 Selected Participants: 8 Young Leaders

🔗 လျှောက်ထားရန်လင့်ခ်ကို ကော်မန့်မှာကြည့်ရှုနိုင်ပါတယ်။

နိုင်ငံတကာရေးရာနဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတွေကို စိတ်ဝင်စားပြီး အနာဂတ်မှာ Regional Issues တွေအပေါ် အမြင်နဲ့ အကြံပြုချက်တွေ ပေးနိုင်မယ့် Young Leader တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ဒီအခွင့်အရေးကို လက်မလွှတ်သင့်ပါဘူး။ 🌱🌏

31/08/2026

🌏 𝐁𝐚𝐧𝐠𝐤𝐨𝐤 မှာ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 ပိုင်းကို လက်တွေ့လေ့လာချင်သူတွေအတွက် 𝐈𝐧𝐭𝐞𝐫𝐧𝐬𝐡𝐢𝐩 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲

International Development, Regional Cooperation နဲ့ Project Management ပိုင်းတွေကို စိတ်ဝင်စားပြီး နိုင်ငံတကာအဖွဲ့အစည်းတစ်ခုမှာ လက်တွေ့အတွေ့အကြုံ ရယူချင်သူတွေအတွက် အခွင့်အရေးလေးတစ်ခု မျှဝေပေးချင်ပါတယ်။

Mekong Institute (MI) ရဲ့ Mekong–Republic of Korea Cooperation Fund (MKCF) Project Office က Project Intern (Monitoring & Evaluation – M&E) ကို ခေါ်ယူနေပါတယ်။

📍 နေရာ - Bangkok, Thailand
⏳ ကြာချိန် - (၆) လ
🗓️ စတင်မည့်ရက် - ၂၀၂၆၊ အောက်တိုဘာလ (၁)ရက်
💼 အလုပ်ချိန် - တစ်ပတ် နာရီ (၄၀) | Full-Time
🌍 နိုင်ငံသား - မည်သည့်နိုင်ငံသားမဆို လျှောက်ထားနိုင်
💰 Stipend - တစ်လ USD 1,000

ဒီ Internship မှာ Development Projects တွေရဲ့ Monitoring & Evaluation, Research, Documentation, Reporting, Data Management နဲ့ Project Coordination ပိုင်းတွေကို လက်တွေ့ပါဝင်လေ့လာခွင့် ရရှိမှာဖြစ်ပါတယ်။

အထူးသဖြင့် International Relations, Development Studies, Economics, Public Policy, Political Science, Communications, Project Management, Environment စတဲ့ သက်ဆိုင်ရာဘာသာရပ်တွေကို လေ့လာနေသူ ဒါမှမဟုတ် ဘွဲ့ရပြီးသူတွေအတွက် သင့်တော်ပါတယ်။

💡 အဓိကလိုအပ်ချက်တွေကတော့ ...
• Research, Analytical & Writing Skills ကောင်းမွန်ခြင်း
• English ကို ကောင်းမွန်စွာ ရေးသားပြောဆိုနိုင်ခြင်း
• Word, Excel, PowerPoint နဲ့ Canva အသုံးပြုနိုင်ခြင်း
• Database, Spreadsheet နဲ့ Project Tracker တွေကို စီမံနိုင်ခြင်း
• International & Multicultural Team နဲ့ ပူးပေါင်းလုပ်ကိုင်နိုင်ခြင်း

International Development နဲ့ Regional Cooperation ပိုင်းကို Career အဖြစ် ဆက်လက်တည်ဆောက်ချင်သူတွေအတွက် Mekong ဒေသနဲ့ Republic of Korea တို့ကြား ပူးပေါင်းဆောင်ရွက်တဲ့ Development Projects တွေကို လက်တွေ့လေ့လာနိုင်မယ့် အခွင့်အရေး တစ်ခုလည်း ဖြစ်ပါတယ်။ 🌱

📄 လျှောက်ထားရန် လိုအပ်တာတွေကတော့ —
CV, Cover Letter, Academic Certificate / University Enrollment Confirmation နဲ့ Academic or Professional Referee တစ်ဦးရဲ့ Contact Details တို့ ဖြစ်ပါတယ်။

⏰ နောက်ဆုံးလျှောက်ထားရန် - ၂၀၂၆၊ စက်တင်ဘာလ (၇)ရက်

🔗 လျှောက်ထားရန်လင့်ခ်ကို ကော်မန့်မှာကြည့်ရှုနိုင်ပါတယ်။
Application Form ထဲမှာ “Project Internship (M&E)” ကို ရွေးချယ်ပြီး လျှောက်ထားပါနော်။

စိတ်ဝင်စားတဲ့သူတွေ ကိုယ်တိုင်လည်း လျှောက်ထားကြည့်နိုင်သလို၊ ဒီလိုအခွင့်အရေးမျိုးကို စောင့်နေတဲ့ သူငယ်ချင်းတွေရှိရင်လည်း မျှဝေပေးလိုက်ပါနော်။ 💙

26/08/2026

🤖 AI ကို အသုံးပြုရုံတင်မကဘဲ ကိုယ့်အတွက် အလုပ်လုပ်ခိုင်းကြည့်မလား?

မန္တလေးမှာ နေထိုင်တဲ့ ကျောင်းသားလူငယ်တွေအတွက် AI Agents တွေကို နေ့စဉ်ဘဝ၊ ပညာရေးနဲ့ အလုပ်တွေမှာ ဘယ်လိုအသုံးချနိုင်မလဲဆိုတာ လက်တွေ့လေ့လာနိုင်မယ့် Digital Literacy Workshop လေးရှိပါတယ်။ 💡

ဒီ Workshop ကို Jefferson Center Mandalay က စီစဥ်ပေးထားပြီး AI Agents ဆိုတာဘာလဲ၊ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကနေစပြီး AI နဲ့ Automation Tools တွေကို အသုံးပြုပြီးတော့
✨ အချိန်ကုန်သက်သာအောင် လုပ်ဆောင်ခြင်း
✨ နေ့စဉ်လုပ်ငန်းတွေကို ပိုမိုလွယ်ကူအောင် ပြုလုပ်ခြင်း
✨ အချက်အလက်တွေကို စနစ်တကျ စီမံခြင်း
✨ ကျောင်းစာ၊ အလုပ်နဲ့ နေ့စဉ်ဘဝမှာ Productivity မြှင့်တင်ခြင်း
စတာတွေကို ဘယ်လိုလုပ်ကိုင်မလဲဆိုတာကိုလေ့လာနိုင်မှာပါ။

💻 Coding အတွေ့အကြုံ မလိုဘဲ AI ကို စိတ်ဝင်စားပြီး အသစ်တွေကို စမ်းသပ်လေ့လာချင်သူ၊ အသက် (၁၄)နှစ်နှင့်အထက် မန္တလေးမှာနေထိုင်တဲ့ ကျောင်းသားလူငယ်တွေအတွက် အထူးသင့်တော်ပါတယ်။

🎉 Workshop က အခမဲ့ဖြစ်ပေမယ့် ကြိုတင်စာရင်းပေးသွင်းဖို့တော့လိုအပ်ပါတယ်။

📅 နေ့ရက် - ၂၀၂၆၊ သြဂုတ်လ (၂၉)ရက်
⏰ အချိန် - 1:00 PM – 4:00 PM
📍 နေရာ - Jefferson Center Mandalay

📌 တက်ရောက်မယ့်သူများအတွက် သတိပြုရန်
• မူရင်း NRC Card / Driving License / Student ID တစ်ခုခု ယူဆာင်လာဖို့လိုအပ်ပါတယ်
• ကိုယ်ပိုင် Laptop ယူလာရပါမယ်
• Premium VPN ကို ကြိုတင် Install လုပ်ဖို့လိုအပ်ပါတယ်

🔗စာရင်းပေးသွင်းရန်လင့်ခ်ကို ကော်မန့်မှာကြည့်ပါနော်။
📝 စာရင်းပေးသွင်းရာမှာ Form ကို English ဘာသာစကားနဲ့ဖြည့်ပေးဖို့လည်းလိုအပ်ပါတယ်နော်။

AI ကို ပိုပြီးထိရောက်စွာ အသုံးချတတ်ချင်တဲ့ မန္တလေးက ကျောင်းသားလူငယ်တွေရှိရင် ဒီအခွင့်အရေးလေးကို လက်မလွတ်ဖို့မျှဝေပေးလိုက်ပါနော်။ 🤖✨

25/08/2026

Scholarship မရရှိသေးတာက လမ်းဆုံးမဟုတ်ပါဘူး 🌱🎓

Scholarship လျှောက်တဲ့အခါ အောင်မြင်မှုထက် မအောင်မြင်မှုတွေကို ပိုတွေ့ကြုံရတဲ့အချိန်တွေလည်း ရှိနိုင်ပါတယ်။ Application မအောင်တာ၊ စာလေ့လာရာမှာ အခက်အခဲရှိတာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းလာတာတွေက လူငယ်တော်တော်များများ ကြုံတွေ့ရတတ်တဲ့အရာတွေပါ။

အရေးကြီးတာက အဲ့ဒီအခက်အခဲတွေပြီးရင် ဘယ်လိုပြန်စမလဲ ဘယ်လိုပြန်ပြင်ဆင်မလဲဆိုတာပါ။ 💪

ဒီတစ်ခေါက် Women's Development Initiatives (Myanmar) ရဲ့ Conversation with Youth အစီအစဉ်မှာ U Chan Aye (Bright Institute) နဲ့အတူ Scholarship လျှောက်ထားရာမှာ လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ဖို့ Academic Resilience တည်ဆောက်နည်းတွေကို လွတ်လပ်စွာ ဆွေးနွေးမျှဝေသွားမှာ ဖြစ်ပါတယ်။

💡 ဆွေးနွေးမယ့်အကြောင်းအရာတွေကတော့ ...
• Academic Resilience ဆိုတာ ဘာလဲ၊ ဘာကြောင့်အရေးကြီးလဲ
• Scholarship လျှောက်ထားဖို့ ဘယ်လိုပြင်ဆင်သင့်လဲ
• မအောင်မြင်မှုတွေကနေ ဘာတွေသင်ယူနိုင်မလဲ
• ကိုယ့်ရဲ့ ရည်မှန်းချက်ကို စိတ်မလျှော့ဘဲ ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လိုပြင်ဆင်မလဲ

Scholarship လျှောက်ဖို့ စိတ်ကူးရှိသူတွေအပြင် လက်ရှိ Scholarship Application တွေ ပြင်ဆင်နေသူတွေ၊ မအောင်မြင်မှုတွေကြောင့် စိတ်ဓာတ်ကျနေသူတွေအတွက်လည်း အတွေ့အကြုံနဲ့ အကြံပြုချက်တွေ ရရှိနိုင်မယ့် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။ 💙

📅 နေ့ရက် - ၂၀၂၆၊ စက်တင်ဘာလ (၄)ရက်
🕢 အချိန် - ည (၇း၃၀)နာရီမှ ည (၉)နာရီအထိ | မြန်မာစံတော်ချိန်
💻 နေရာ - Zoom
🎟️ အခမဲ့ဖြစ်ပါတယ်

Zoom Link ကို စာရင်းသွင်းပြီးသူများထံ ပေးပို့ပေးသွားမှာဖြစ်လို့ တက်ရောက်လိုသူများအနေနဲ့ ကော်မန့်မှာဖော်ပြထားတဲ့ လင့်ခ်ကနေ စာရင်းပေးသွင်းနိုင်ပါတယ်နော်။

အခက်အခဲတွေကို ကျော်ဖြတ်ပြီး အိပ်မက် Scholarship ဆီသို့အရောက်သွားချင်တဲ့ ညီအစ်ကို မောင်နှမတွေအားလုံးကို ပါ၀င်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်🌱✨

Telephone

Address

Yangon