Tele.Dr
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tele.Dr, Medical and health, Kamayut, Yangon.
Comment မှာ သိလိုရာမေးရင်း အသည်းရောဂါ အခမဲ့ ပြသဆွေးနွေးခွင့် အခွင့်အရေး ရယူပါ✨
ဝမ်းချုပ်ခြင်းနှင့် အသည်းရောဂါ ဘယ်လိုဆက်စပ်နေလဲ (အပိုင်း - ၂)
"လူတိုင်း ဖြစ်နေကြတာပါပဲ... ဒါက ကိစ္စမရှိပါဘူး" ဆိုပြီး ခပ်ပေါ့ပေါ့လေး သဘောထားနေကြတဲ့ ဝမ်းချုပ်ခြင်း ပြဿနာဟာ တကယ်တော့ သတိမထားရင် ရေရှည်မှာ ဒုက္ခပေးနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဆိုတာ တွေးမိကြပါသလား? 🧐🚽
ဒီတစ်ခေါက်မှာတော့ ဝမ်းချုပ်တဲ့အခါမှာ ထိရောက်စွာ အသုံးပြုနိုင်မယ့် ဆေးဝါးအမျိုးအစားတွေကို အသည်းရောဂါဆေးပညာဌာန (ဆေးတက္ကသိုလ်-၁၊ ရန်ကုန်) ရဲ့ တွဲဖက်ပါမောက္ခ ဆရာမကြီး ဒေါက်တာ မေကြည်ကျော် က အသေးစိတ် မျှဝေဆွေးနွေးပေးထားပါတယ်။ 👩⚕️🩺
ဗီဒီယိုလေးထဲမှာ🎁 အထူးအစီအစဉ်လေးလည်း ပါဝင်ပါတယ်!
ဗီဒီယိုလေးကို အဆုံးထိကြည့်ရှုရင်း အဖိုးတန်တဲ့ အသိပညာတွေ ရယူနိုင်ရုံတင်မကဘဲ... ဆရာမကြီး ဒေါက်တာ မေကြည်ကျော် နဲ့ အွန်လိုင်းမှတစ်ဆင့် အသည်းကျန်းမာရေး အခမဲ့ (Free) ဆွေးနွေးခွင့်ရမယ့် အခွင့်အရေးကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။ 📱💬
ဆရာမကြီးနှင့် အသည်းရောဂါအကြောင်း အခမဲ့တိုင်ပင်ဆွေးနွေးခွင့်အတွက် အသေးစိတ်စည်းကမ်းချက်များကို First Comment တွင် ဖတ်ရှုနိုင်ပါတယ် 👇
#အသည်းရောဂါ #ဝမ်းချုပ်ခြင်း
အခမဲ့အသည်းကျန်းမာရေး ပြသဆွေးနွေးခွင့်ကို Comment မန့်ခ်ရင်း ရယူပါ✨
"လူတိုင်း ဖြစ်နေကြတာပါပဲ... ဒါက ကိစ္စမရှိပါဘူး" ဆိုပြီး ခပ်ပေါ့ပေါ့လေး သဘောထားနေကြတဲ့ ဝမ်းချုပ်ခြင်း ပြဿနာဟာ တကယ်တော့ သတိမထားရင် ရေရှည်မှာ ဒုက္ခပေးနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဆိုတာ တွေးမိကြပါသလား? 🧐🚽
ဒီတစ်ခေါက်မှာတော့ ဝမ်းချုပ်ခြင်းနဲ့ ပတ်သက်ပြီး လူတိုင်းသိထားသင့်တဲ့ အချက်အလက်တွေကို အသည်းရောဂါဆေးပညာဌာန (ဆေးတက္ကသိုလ်-၁၊ ရန်ကုန်) ရဲ့ တွဲဖက်ပါမောက္ခ ဆရာမကြီး ဒေါက်တာ မေကြည်ကျော် က အသေးစိတ် မျှဝေဆွေးနွေးပေးထားပါတယ်။ 👩⚕️🩺
ဗီဒီယိုလေးထဲမှာ🎁 အထူးအစီအစဉ်လေးလည်း ပါဝင်ပါတယ်!
ဗီဒီယိုလေးကို အဆုံးထိကြည့်ရှုရင်း အဖိုးတန်တဲ့ အသိပညာတွေ ရယူနိုင်ရုံတင်မကဘဲ... ဆရာမကြီး ဒေါက်တာ မေကြည်ကျော် နဲ့ အွန်လိုင်းမှတစ်ဆင့် အသည်းကျန်းမာရေး အခမဲ့ (Free) ဆွေးနွေးခွင့်ရမယ့် အခွင့်အရေးကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။ 📱💬
ဆရာမကြီးနှင့် အသည်းရောဂါအကြောင်း အခမဲ့တိုင်ပင်ဆွေးနွေးခွင့်အတွက် အသေးစိတ်စည်းကမ်းချက်များကို First Comment တွင် ဖတ်ရှုနိုင်ပါတယ် 👇
04/03/2026
🩺 အသည်းကျန်းမာရေး အခမဲ့ဆွေးနွေးနိုင်မယ့် အခွင့်အရေး ✨
လာမယ့် မတ်လ (၇) ရက်နေ့ ကနေစပြီး... 🗓️ အသည်းရောဂါဆေးပညာဌာန (ဆေးတက္ကသိုလ်-၁၊ ရန်ကုန်) ရဲ့ တွဲဖက်ပါမောက္ခ ဒေါက်တာမေကြည်ကျော် ကိုယ်တိုင် ပါဝင်ဆွေးနွေးပေးထားတဲ့ ကျန်းမာရေးအသိပညာပေး Video Series လေးကို လိုတိုရှင်း မိခင်နဲ့ကလေး page မှာ တင်ဆက်ပေးသွားဖို့ ရှိပါတယ်ရှင်။ 🎥💖
ဒီဗီဒီယိုလေးတွေကို ကြည့်ရှုရင်းနဲ့ ဆရာမကြီးနဲ့ အသည်းကျန်းမာရေး အခမဲ့ ဆွေးနွေးခွင့် ရယူနိုင်မယ့် အစီအစဉ်လေးလည်း ပါဝင်တာမို့... 🎁 မိမိနဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးအတွက် လက်မလွှတ်တမ်း စောင့်ကြည့်ပေးကြဖို့ သတင်းပါးလိုက်ပါရစေနော်။ 👩⚕️🤝👨👩👧👦
18/02/2026
နေ့စဉ်လူနေမှု ဘဝ မှာ အများဆုံး ကြုံတွေ့ရတဲ့ အရေပြားဆိုင်ရာ ပြသာနာ အမျိုးမျိုးအတွက် Tele Doctor မှာ Online Consultation ရယူနိုင်ပြီဖြစ်ပါတယ်
အသက်အရွယ်မရွေး ကြုံတွေ့ရတဲ့ အရေပြားဆိုင်ရာ
ပြသာနာ ဆိုတာ တကြိမ် ဆေးရုံ ဆေးခန်းသွားရုံ နဲ့ သက်သာပျောက်ကင်း နိုင်တာ မဟုတ်ပဲ အချိန်ပေးပြီး ကုသမှ သက်သာပျောက်ကင်းနိုင်တာ မလို့ ဆေးရုံဆေးခန်း ခဏခဏ သွားဖို့ အချိန်မပေးနိုင်တာ ၊ အထူးကုဆရာဝန်ကြီးတွေ နဲ့ အချိန်ယူဆွေးနွေး တိုင်ပင် ချင်တာတွေ အတွက်ဆိုရင်…
အရေပြားဆိုင်ရာ အထူးကု သမားတော်ကြီ:
ဒေါက်တာ ထူးထူးကျော် နှင့် Tele Doctor မှ
တဆင့် ထိရောက်တဲ့ အွန်းလိုင်းဆွေးနွေးမှု ရယူလိုက်ပါနော်
Doctor
18/02/2026
အသည်း အထူးကု ဆရာဝန်မကြီး
ဒေါက်တာ မေကြည်ကျော် နှင့် အသည်းရောဂါ အမျိုးမျိုးအတွက် Tele Doctor မှ တဆင့် အိမ်မှာနေရင်း သက်တောင့်သက်သာ နှင့် မှန်ကန်ထိရောက် တဲ့ Onlineကုသမှုများကို ဆွေးနွေးတိုင်ပင် နိုင်ပြီ ဖြစ်ပါတယ်
Doctor
အမြဲလိုလို ပင်ပန်းနေတာ၊ ခြေကုန်လက်ပမ်းကျနေတာ၊ အစားတွေကိုပဲ စားချင်နေတာမျိုး ဖြစ်နေပြီလား... ဒါက ဘာကြောင့်လဲ ရောဂါလား! အခြားဘယ်လို အကြောင်းအရင်းကြောင့် ဖြစ်မလဲဆိုတာကို ဗီဒီယိုလေးထဲမှာ မျှဝေပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော် ....
Teleconsultation - အထူးကုဆရာဝန်ကြီးတွေ နဲ့ ဆေးခန်းပြဖို့အတွက် ဝန်ဆောင်မှု
Doctor
ပြသာနာ ရဲ့ အစ
ဆရာဝန်ကြီး ညွှန်လို့ Patient ကဖုန်းဆက်ပါတယ်
Tele Doctor ဘက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ စတောင်းပါတယ်
တောင်းတဲ့အချိန်မှာ တခုချင်းစီအတွက် ခနခန ဖုန်းဆက်ပါတယ်
အဲ့ဒါနဲ့ အမ မြတ်ဆု ရေးပို့ထားတဲ့ Procedure အတိုင်း အကုန်ပို့ပေးရင်ရပါပြီလို့ ပြောလိုက်ပါတယ်
တကယ်လည်း အလုပ်ရှုပ်နေချိန်ဆိုတော့
ခနခနconfirmလုပ်ဖုန်းခေါ်နေတာကို စိတ်မရှည်မိလိုက်ပါဘူး
အခန့်မသင့်ချင်တော့ လိုင်းတွေ ကျနေတာရယ်
တခြားပြသာနာလေးရှိတော့ သူပို့ထားတဲ့စာတွေကို ချက်ချင်း မဖတ်မိပါဘူး
ဆရာက လည်း ညမှ ကြည့်မှာဆိုတော့ ရုံးပြန်ရောက်မှ ပို့မယ်ပေါ့ ဆိုတဲ့ အတွေးလည်း ပါပါတယ်
သူက သူပို့ထားတာတွေ မပြန်တော့ ဖုန်းတွေ တချိန်လုံးဆက်
စိတ်ထဲ တအားပင်ပန်းလာပြီး အမ ဆရာကြီး က ညမှ ကြည့်မှာပါ အမ ပို့စရာရှိတာတွေ သာ ပို့ထားပေးပါ ကျမ တကယ်မအားလို့ပါလို့ပြောလိုက်မိတယ်
ညဆေးခနိး ပြတော့ အားလုံး အဆင်ပြေသွားပြီပေါ့
နှစိပတ်လောက်နေတော့ ဆရာက ဖုန်းဆက်တယ်
ဆေးရုံ ကို ဖုန်းဆက်တယ်တဲ့
နင့်နာမည် ဖုန်းနံပါတ်နဲ့
Patient ကို မချေမငံ ဆက်ဆံလို့ အလုပ်ဖြုတ်ပေးပါတဲ့
🥹🥹🥹🥹
ဆေးရုံ က လူတွေ ကလည်း အဲ့ဝန်ထမ်းမရှိဘူး ဆိုပြီးရှာရင်း ဆရာ့ရဲ့ Personal Teleဖြစ်မယ်ထင်ပြီးမေးမှ သိရတာ
စိတ်ထဲ တကယ်မကောင်းသွားတာ
လူနာမို့ စိုးရိမ်စိတ်တဲ့ ဆက်နေတာကို ကိုယိအဆင်မပြေတာ နဲ့ သေချာမရှင်းပြလိုက်မိလို့ အမကို ဖုန်းဆက်တောင်းပန်လိုက်ပါတယိ…
ဖြုတ်လို့မရတဲ့ ဝန်ထမ်းလေး ကျမ -😬😬😬
Professional ကျကျဝန်ဆောင်မှု အကောင်းဆုံးပေးနိုင်ဖို့ ကြိုးစားနေပါတယ်
အဆင်မပြေဖြစ်ခဲ့ရတာတွေကို အနူးအညွတ်တောင်းပန်ရင်း….
15/12/2025
အောင်လံ က အန်တီ ပေါ့
အသည်းရေဖျဉ်းစွဲနေတော့ အသည်းအထူးကုဆရာဝန်မကြီး Prof Win Win Swe နဲ့ ပြနေရတာပါ
အန်တီရဲ့ သားက သီးရွက် ကုန်သည်
Covidကာလ ထဲ က အန်တီက ဆေးရုံတက်လိုက် အွန်လိုင်းပြလိုက်နဲ့ပါပဲ
အန်တီ ကံကောင်းတာ က အန်တီ သားရော ချွေးမရော က တအားဂရုစိုက်တာ
မှတ်မိသလောက် Covidကာလ တလျှောက်လုံး အန်တီ အတွက် ဆေးဝယ်ပေးရတာပါ
ဆေးဝယ်ဖို့ တန်းစီနေရတဲ့အချိန် ညီမလေး ဘယ်လောက်စျေးကြီးကြီး အကို ပေးပါ့မယ် ရအောင်ဝယ်ပေးပါပေါ့
Tele Doctor ကလည်း ကိုယိ့လူနာ အတွက် လိုအပ်တာဆိုတော့ မရရအောင် ဝယ်ပေးတာပါ
Covid ကာလ ဆေးတွေ တန်းစီဝယ်ရတဲ့ အချိန်ပေါ့
ကိုယ့်ကလည်း ကိုယ့်အလုပ်အတွက် ရော လိုအပ်နေတာ အတွက်ရော စေတနာလေးနဲ့ လုပ်ပေးလို့ထင်ပါရဲ့
ဆေးပို့ပေးရင် မုနိ့ဖိုးပေးတာတဲ့ မယူဘူးနော်
မုန့်ဖိုးပေးရင် နောကိခါ မဝယ်ပေးဘူးလို့ ပြောလိုက်မှ
ရန်ကုန်ဆေးခနိးလာပြတိုင်း လက်ဆောင်တွေ အမြဲ ပို့ပေးတော့တာပါပဲ
Lock Down ဖြစ်နေချိန်တောင် ညီမလေး စားစရာမရှိမှာဆိုးလို့ ဆိုပြီး ဆီ၁၀ပိသာပုံးတွေလိုက် ပို့လိုက်
သူ့ပွဲရုံ က ထွက်တာ ရော တခြားပွဲရုံ က ပစ္စည်းတွေရော ပို့တာ
ဘာလို့ ပေးတာ လဲ မေးတော့ အဖြေကလေ…
ညီမလေး ဆေးဝယ်ပေးလို့ အမေ က အသက်ဆက်ရှင်နေတာတဲ့
တခါမှ မသိတဲ့ မိသားစုလိုက်ကြီးရဲ့ အချစ်တော်လေး
Tele Doctor….
အန်တီဆေးရုံတက် ဆေးဖြန်းတော့ သတင်းမေးသွားတာ
ဆရာမလေး မြတ်ဆု လာမယ်ဆိုလို့ အမျိုးတွေ က လာကြည့်တာတဲ့
ပြီးတော့ နယ်က ချက်လာတဲ့ ဟင်းတွေ နဲ့ ဆေးရုံမှာထမင်းတွေကျွေးတာ..မစားဘူးဆိုတော့
ကိုညီလေး က မှာလိုက်တယ် …သူ့ညီမလေး ကို ဂရုစိုက်ပေးပါ တကူးတက လာကြည့်ပေးတာပါတဲ့
အန်တီကလည်း Covidကာလဆိုတော့ အလုပ်အဆင်မပြေရင် အောင်လံ မှာနေတဲ့ ပွဲရုံ လုပ်တတ်အောင်သင်ပေးမယ်တဲ့…
အဲ့နောက်ပိုင်း အန်တီနေကောင်းတော့ ၆လ တနှစ်နေမှ ဆေးခနိး ပြရတယ်…
Tele မကြညိ့ပဲ လူကိုယ်တိုင်ပဲ လာပြရတာမို့ အဆက်အသွယ် မရှိပေမယ့် လက်ဆောင်တွေ ကတော့ ရမြဲပါ🥰🥰🥰
မြန်မာတို့ရဲ့ ချစ်စရာ ဓလေ့
တဦးက စေတနာ တဦးက မေတ္တာ …..
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Yangon