Asia Haemo Care - AHC

Asia Haemo Care - AHC

Share

(ဓာတ်ခွဲခန်းသုံးပစ္စည်းများ ဖြန့်ချီရေး)

Lab Supplies🔬💻🌹

AHC - Let Us Grow Together !!! 💪💪💪

Photos from Asia Haemo Care - AHC's post 09/09/2024

Buy at Peace in September 💠🌷🍀
......

September လ အတွင်းမှာ

ငွေစျေးအတက်အကျ ကို လုံးဝ စိတ်မပူပဲ

အောက်က ပုံလေးတွေထဲက price လေးတွေနဲ့

စိတ်အေးချမ်းသာစွာ စျေးဝယ်ပါ 😊

💎💎💎

P.S. လက်ရှိ Stock အကုန်အထိ ဒီစျေးနဲ့ တမင်ထားပေးတာမို့လို့ မြန်မြန်လေးလာနော် 🤗💛

Photos from Asia Haemo Care - AHC's post 23/08/2024

ဆီးစစ်တဲ့အခါ Microscope အောက်မှာ တွေ့လိုက်ရတဲ့
ရှည်ရှည်အချောင်းလေးတွေ က ကျန်းမာရေးအတွက်
ဘယ်လောက်အရေးပါတဲ့နေရာမှာ ရှိနေလဲ ???

Urinary Casts 💦
.............

🔬🔍

Urinary Cast ဆိုတာ

လူနာ​တွေရဲ့ ဆီးကို microscope အောက်မှာ စစ်ဆေးတဲ့အခါမှာ
တခါတလေ တွေ့ရတတ်တဲ့ အချောင်းပုံစံ /အိတ်အရှည် ပုံစံလို အရာလေးတွေ

ဖြစ်ပါတယ်။
................

💊

ဒီ Cast လေးတွေကို တွေ့ရခြင်းဟာ

ကျောက်ကပ်မှာ ဘယ်လို ပြဿနာတွေ ဖြစ်နေလဲ၊
ဘယ်လို ရောဂါကူးစက်မှု မျိုးတွေ ကြုံတွေ့ နေရလဲဆိုတာတွေကို

ညွှန်ပြပေးနိုင်ပါတယ်။
................

💠 Cast အမျိုးအစားများ 💠

⚜ 1. Hyaline Cast

⚜ 2. Red Blood Cell Cast

⚜ 3. White Blood Cell Cast

⚜ 4. Bacterial Cast

⚜ 5. Fatty Cast

⚜ 6. Renal tubular epithelial Cast

⚜ 7. Pigment Cast

⚜ 8. Granular Cast

⚜ 9. Waxy Cast

ပုံမှန်ကျန်းမာတဲ့လူတွေ ရေသောက်နည်းတဲ့အခါ (ဒါမှမဟုတ်) ရေဓာတ်ခမ်းခြောက်နေတဲ့ အခါ
သူတို့ရဲ့ဆီးမှာ ရံဖန်ရံခါတွေ့ရတတ်တဲ့ သိပ်မထူးခြားတဲ့ Cast တွေ ရှိသလို

အရေးကြီးတဲ့ ကျန်းမာရေးအခြေအနေတွေကို ညွှန်ပြပေးနိုင်တဲ့ Cast အမျိုးအစားတွေလည်း အများကြီးရှိပါတယ်။

🔴⚪🔵

Cast တွေဟာ သူတို့ကိုဖြစ်ပေါ်စေတဲ့ အရာတွေအပေါ်လိုက်ပြီး
အမျိုးအစား ကွဲပြားသွားပါတယ်။

➖ ပရိုတိန်း၊ သွေးနီဥ၊ သွေးဖြူဥ၊ ဘက်တီးယား၊
ကိုယ်တွင်းအင်္ဂါတွေရဲ့ အပေါ်ယံလွှာဆဲလ်၊ အဆီ အစရှိတဲ့ အရာတွေ
အများကြီးကနေ ​ပြုလုပ်ထားနိုင်ပါတယ် ။

⚠

Cast အမျိုးအစားတစ်ခုချင်းစီဟာ သူတို့ကိုပြုလုပ်ထားတဲ့အရာတွေအပေါ်မူတည်ပြီး

ရောဂါဖြစ်ပေါ်လာစေတဲ့အကြောင်းရင်းကို ခန့်မှန်းညွှန်ပြပေးနိုင်တဲ့အထိ အရေးပါတဲ့ အတွက် -

ဆရာဝန်ကြီးတွေ ရောဂါတစ်ခုကို အဖြေရှာ ကုသတဲ့နေရာမှာ အထိုက်အလျောက် အကူအညီ ဖြစ်စေပါတယ်။

⚜💠 1. Hyaline Cast

Uromodulin လို့ခေါ်တဲ့ ပရိုတိန်း တစ်မျိုးနဲ့ ပြုလုပ်ထားတဲ့ Cast ဖြစ်ပါတယ်။

ပုံမှန်ရေသောက်နည်း ရေဓာတ်ခမ်းခြောက် တဲ့အခါ၊ အပြင်းအထန်
လေ့ကျင့်ခန်းလုပ်ထားတဲ့အခါ တွေမှာ တွေ့ရတတ်သလို

နာတာရှည် ကျောက်ကပ်ရောဂါသမားတွေမှာလဲ တွေ့ရတတ် ပါတယ်။

⚜💠 2. Red Blood Cell Cast

သွေးနီဥတွေနဲ့ ပြုလုပ်ထားပြီး၊
အနီရောင် or လိမ္မော်နီရောင် cast တွေ ဖြစ်ပါတယ်။

ကျောက်ကပ် သွေးယိုစီးခြင်း နဲ့
ကျောက်ကပ်အတွင်းရောင်ရမ်းမှု (Glomerulonephritis) တို့

ဖြစ်ပေါ်တဲ့ အခြေအနေတွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။

⚜💠 3. White Blood Cell Cast

သွေးဖြူဥ တွေနဲ့ ပြုလုပ်ထားတဲ့ cast တွေဖြစ်ပါတယ်။

ကျောက်ကပ်ရောင်ရမ်းမှု နဲ့ ကျောက်ကပ်တွေအထိ ရောက်လာတဲ့
ရောဂါကူးစက်မှုတွေမှာ တွေ့ရတတ်ပါတယ်။

⚜💠 4. Bacterial Cast

Cast တွေရဲ့အထဲမှာ ဘက်တီးယားတွေ တွေ့နေရတဲ့ Cast တွေဖြစ်ပါတယ်။

ရောဂါကူးစက်မှုတစ်ခုခု ရှိနေပြီဆိုတဲ့ သိသာတဲ့အချက်ပြမှုတစ်ခုဖြစ်ပြီး၊ WBC cast တွေနဲ့အတူ တွေ့ရတတ်ပါတယ်။

⚜💠 5. Fatty Cast

အဆီတွေနဲ့ ပြုလုပ်ထားတဲ့ cast တွေဖြစ်ပါတယ်။

ဆီးထဲမှာ အဆီတွေတွေ့နေရပြီဆိုတာက -
ကျောက်ကပ်ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘူးဆိုတဲ့
အချက်ပြတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

ဆီးထဲမှာ ပရိုတိန်းတွေအများကြီးပါနေတဲ့အခြေအနေ
(Nephrotic Syndrome)၊
ပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ်ခုခံအားစနစ်ကြောင့်ဖြစ်တဲ့ရောဂါ (Lupus)၊
အဆီဆဲလ်တွေ ကျောက်ကပ်ဆဲလ်တွေထဲစုပုံပြီးဖြစ်လာတဲ့ကျောက်ကပ်ရောဂါ (lipoid nephrosis) တွေမှာ

တွေ့ရတတ်ပါတယ်။

⚜💠 6. Renal Tubular Epithelial Cast

အရေပြားမှာ တွေ့ရတဲ့ ဆဲလ် တွေနဲ့ ပုံစံတူတဲ့
ခန္ဓာကိုယ်ထဲက ကလီစာတွေရဲ့ အပေါ်ယံအလွှာဆဲလ်တွေ

သေသွားပြီး စုပြုံလာတဲ့ အခြေအနေကြောင့် ဖြစ်လာတဲ့ cast တွေဖြစ်ပါတယ်။

ကျောက်ကပ်ပြွန်တွေ ဒဏ်ရာရနေတဲ့ အခြေအနေမျိုးမှာ တွေ့ရတတ်ပါတယ်။

⚜💠 7. Pigment Cast

အရောင်တွေပါတဲ့ cast တွေဖြစ်ပြီး၊
လက်ရှိသောက်နေရတဲ့ဆေးတွေကြောင့် ဖြစ်လာတတ်တာ ဖြစ်ပါတယ်။

ရောဂါအခြေနေတွေနဲ့တော့ သိပ်မဆိုင်တတ်ပါဘူး။

⚜💠 8. Granular Cast

Hyaline cast တွေနဲ့ နည်းနည်းဆင်တူတဲ့ cast တွေဖြစ် ပေမယ့်

နာတာရှည် ကျောက်ကပ်ရောဂါကြောင့် ဆဲလ်တွေပျက်ဆီးမှုများလာတဲ့အခြေအနေ နဲ့ ပိုပြီး ဆက်စပ်မှုရှိနေတတ်ပါတယ်။

ဆီးကျန်ခြင်း (urinary retention)
ဆီးပိုးဝင်ခြင်း (urinary tract infection UTI)
နာတာရှည်​ ပြင်းထန် ကျောက်ကပ်ရောဂါသမားတွေမှာ တွေ့ရတတ်ပါတယ်။

⚜💠 9. Waxy Cast

Granular Cast တွေကနေ ပုံပြောင်းပြီးဖြစ်လာတဲ့castပုံစံတွေပါ။
သိသာတဲ့ ဆဲလ်ပျက်ဆီးမှုတွေကြောင့် ဖြစ်လာတတ်ပါတယ်။

ဆီးကျန်ခြင်း (urinary retention) နဲ့ တခြားကျောက်ကပ်ရောဂါသမားတွေမှာ တွေ့ရတတ်ပါတယ်။

******

✴💠 Most Common အတွေ့ရအများဆုံး Cast💠✴

အပေါ်က ပြောထားတဲ့ cast တွေထဲ မှာမှ "Hyaline Cast" တွေကတော့

ရောဂါကူးစက်မှုတွေ နာတာရှည် ရောဂါတွေကြောင့်မဟုတ်ဘဲ

ပုံမှန်ကျန်းမာနေတဲ့သူတွေ ရေသောက်နည်းတာ၊
လေ့ကျင့်ခန်း အပြင်းအထန် လုပ်တာတွေကြောင့်လဲ ဖြစ်လာနိုင်တာမို့လို့

Microscope အောက်မှာ ဆီးစစ်​ဆေးမှုတွေ ပြုလုပ် တဲ့အခါ
တခြားcast တွေထက်စာရင် ပိုပြီးအတွေ့ရများတတ်ပါတယ်။

🔰🔰🔰🔰🔰🔰🔰🔰

🔬📄

💦Casts in Urine Routine Examination (U-RE) Results 💦

1️⃣

ဓာတ်ခွဲခန်းတွေမှာ ဆရာဝန်ကြီးတွေရဲ့ ညွှန်ကြားချက်နဲ့ပဲဖြစ်ဖြစ်
မိမိသဘောဆန္ဒအရ ပဲ ဖြစ်ဖြစ် ဆီးစစ်ဆေးတဲ့အခါမှာ

ဆီးအဖြေ (Urine RE result )မှာ urinary cast တွေ ရှိကြောင်း တွေ့ခဲ့ရမယ်ဆိုရင်

အဲ့ဒိစစ်ဆေးမှုအဖြေဟာ

➖ သာမန် ဆီးစစ်တဲ့အချောင်းလေးကို ဆီးထဲကို နှစ်ပြီး
ပြောင်းလဲလာတဲ့အရောင်ကို တိုက်ကြည့်ပြီး၊ စစ်ဆေးအဖြေထုတ်ရုံမျိုး
မဟုတ်ပဲ

➖ ကျွမ်းကျင်တဲ့ ဓာတ်ခွဲပညာရှင်များမှ Microscope အောက်မှာ အသေအချာစစ်ဆေးပြီး အဖြေရှာပေးနိုင်တဲ့အခါမျိုးမှာသာ
တွေ့ရတတ်တဲ့ အဖြေမျိုး ဖြစ်ကြောင်း ။ ။

ပထမအဆင့်အနေနဲ့ သိရှိရမှာဖြစ်ပြီး ✅
..

2️⃣

ကိုယ့်ရဲ့ ဆီးအဖြေမှာ အပေါ်မှာပြောပြထားတဲ့ Cast တွေ ရှိကြောင်း
တွေ့ခဲ့မယ်ဆိုရင်

သာမန်အဖြေ​လေး တစ်ခုအနေနဲ့ သဘောထားပြီး ပေါ့ပေါ့လေးမနေပဲ

⚠ အရေးကြီးတဲ့ ကျန်းမာရေးအခြေအနေတွေကို
ညွှန်ပြပေးနေတဲ့ အချက်အလက်တစ်ခုအဖြစ် အရေးတယူထည့်သွင်း စဥ်းစားပေးမယ်ဆိုရင်

ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေ အတွက်
အချိန်လွန်မှ အသိနောက်ကျရတဲ့ဖြစ်ရပ်မျိုးတွေကနေ

အတတ်နိုင်ဆုံးရှောင်ရှားနိုင်မှာဖြစ်ကြောင်း။ ။✅

🙏🙏🙏

27/02/2024

AHC Order 🍀🍀🍀

Update Contact ☎

09-420 142365
09-956 450984

or page messenger 🤗

Photos from Asia Haemo Care - AHC's post 20/01/2024

စျေး​တွေ လိုက်မေးရင်းနဲ့ ၊လိုချင်တာတွေ တစစီ လိုက်ရှာရရင်းနဲ့
အချိန်ကုန်စရာမလိုရလေအောင် ⏰⏰⏰


.....

ကိုယ်တိုင်လဲ လိုင်းပေါ်မှာ လိုချင်တဲ့ ပစ္စည်းတွေလိုက်ရှာတဲ့အချိန်
Comment တွေမန့် ၊ Message box တွေသွား၊ Ph တွေခေါ်ရတာ
ကြာလာတော့
စိတ်မရှည်တော့တာ မို့လို့ 😅
.....

🍀

ဒီနေ့ ဒီရက်က စပြီး

AHC company မှာ ရနိုင်မယ့် ပစ္စည်း မှန်သမျှ - ဘာပဲ လိုလို

ချစ်ရတဲ့ Customer တွေ

တကူးတက စျေးမေးပြီး ဝယ်စရာမလို
အချိန်ကုန်စရာ မလို ရလေအောင်

ရနိုင်မယ့် ပစ္စည်းပုံနဲ့ Update စျေးလေးတွေ အပြောင်းအလဲရှိတိုင်း
ပုံမှန်လေး တင်ပေးသွားပါမယ်ရှင့် 🙏
......

လိုအပ်တာလေးများရှိရင် အမြန်ဆုံး မှာယူနိုင်ပါတယ် 🤗

Order Now! ☎ 09-956 450 984
or from AHC page message box 🗨

18/01/2024

Page ကို သေချာလေး Promote မလုပ်ဖြစ်တာတောင်

တွေမှာ - ရှာတွေ့တဲ့အခါမှာရော
ဒီအတိုင်း သတိတရ အနေနဲ့ရော

တကူးတက မှာယူအားပေးနေကြတဲ့
အကိုအမတွေ မောင်လေးညီမလေးတွေ အားလုံးကို
ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 😊💖

✨

တနိုင်တပိုင်amountလေးနဲ့ တတ်နိုင်လောက်လေး
ကိုယ်ပိုင်အလုပ်စလုပ်ဖြစ်နေတဲ့
ကိုယ့်လိုလူမျိုး အတွက် အများကြီး အားတက်ရပါတယ် 🙏

✨

စိတ်ဓာတ်ကျချိန်တိုင်းရောက်လာတဲ့ ဘဝရဲ့ဗီတာမင်လေးတွေပါပဲ 💌


🍀

15/01/2024

Good Luck 🍀 = Preparation + Attitude + Will to grab Chances + Action💖✨

Telephone

Website

Address

Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Alerts

Be the first to know and let us send you an email when Asia Haemo Care - AHC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.