Yangon Guide

Yangon Guide

Share

Our purpose is to guide you about foods, festival and should to visit places in Yangon. That's why w

Photos from Yangon Guide's post 14/06/2026

အညာဒေသ အရသာစစ်စစ်ကို လွမ်းဆွတ်နေမိသူတွေအတွက် အညာမြေရဲ့ အလွမ်းပြေ "နှမ်းဖတ်ချဉ်" မြန်မာထမင်းဆိုင် 🍛✨

#မြန်မာထမင်းဆိုင် ゚

13/06/2026

၃၆,၀၀၀ တည်းနဲ့ အကင်၊ ဟော့ပေါ့၊ မာလာရှမ်းကော (၃) မျိုးလုံး စားလို့ရတဲ့ဆိုင် 😬

#စားကြမယ် #အစားအသောက်

02/06/2026

“တစ်ကိုက်စားလိုက်တာနဲ့ အရသာက တကယ်မေ့လို့မရဘူး 😍
ဒီဆိုင်လေးကတော့ တကယ် recommend ပါပဲ 🔥”

23/05/2026

ဂန္ဓဝင်ထမင်းပေါင်းနဲ့ ဝက်သုံးထပ်သားကြိုးချည် စားမယ် 🤤🍲🍛

ဆိုင်ရဲ့ Signature ဖြစ်တဲ့ 'ဂန္ဓဝင်ထမင်းပေါင်း' အပြင်၊ အိဖတ်နေပြီး အဆီအသား မျှတတဲ့ 'ဝက်သုံးထပ်သား ကြိုးချည်' နဲ့ အချဉ်အစပ် အနေတော်လေးနဲ့ ခံတွင်းမြိန်စေမယ့် 'ဝက်သုံးထပ်သား ကြံမဆိုင်' တို့ကို မြည်းစမ်းခဲ့ပါတယ်။ ဗိုက်ဆာနေရင်တော့ လင်း Video လေးကို အဆုံးထိကြည့်လိုက်နော် ....

゚viralシ

16/05/2026

နာမည်နဲ့လိုက်အောင် "မမေ့နိုင်"တဲ့ အင်ဒိုကြက်ကြော် !

"နာမည်က 'မမေ့နိုင်' တဲ့... စားပြီးရင်ရော တကယ်ပဲ မမေ့နိုင်အောင် ကောင်းရဲ့လား? ဒီနေ့ Vlog မှာတော့ နာမည်ကြီးနေတဲ့ အင်ဒိုကြက်ကြော်ကို သွားစားခဲ့ပါတယ်။ ကြက်ကြော်ရဲ့ အပြင်သားကြွပ်ပြီး အတွင်းသား နူးနူးအိအိလေးရယ် နဲ့ အင်ဒိုစတိုင် ငရုတ်သီးထောင်း (Sambal) စပ်စပ်လေးက လိုက်ဖက်လွန်းလို့ ထမင်းမြိန်ခဲ့တဲ့ နေ့ဘဲ ။ ဘယ်လောက်တောင် အရသာရှိလဲဆိုတာ ဗီဒီယိုထဲမှာ အတူတူ ကြည့်လိုက်ရအောင်!"

Photos from Yangon Guide's post 10/05/2026

အင်ဒိုကြက်ကြော် ငရုတ်သီးထောင်း ထိမိနေတာဘဲ 🤤
ကြက်သားကြော်ပူပူလေးကိုမှ ငရုတ်သီးစိမ်းကြော်နဲ့ တွဲစားရတဲ့အရသာ အတော်ကို ကောင်းတာ

နေမကောင်းဖြစ်ပြီး ပါးစပ်ပျက်နေတဲ့ လင်းအတွက် ရွေးချယ်မှုမှန်သွားခဲ့ပြီ 🤤

゚ ゚viralシ #အင်ဒိုကြက်ကြော်

28/03/2026

ဂျုံပြားကြီးကနေ မြီးရှည်အထိ ခေါက်ဆွဲစုံစုံလင်လင် ရတဲ့ဆိုင်

'ခေါက်ဆွဲ' ဆိုရင် ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် ကြိုက်တယ်ဆိုတဲ့သူတွေအတွက်
ဒီဆိုင်လေးမှာ ဂျုံပြားကြီး၊ ဂျုံအလုံး၊ ဆီချက်ဂျုံ၊ရှမ်းခေါက်ဆွဲ၊ ဆန်စီးခေါက်ဆွဲ ကနေ မိုးကုတ်မြီးရှည်အထိ ခေါက်ဆွဲအမျိုးအစားတော်တော်စုံစုံလင်လင် ရပါတယ်။ယူနန်စတိုင်လ်စစ်စစ်မို့ အရသာက တော်တော်လေး ထိထိမိမိရှိတယ်။ခေါက်ဆွဲကြိုက်သူတွေ သဘောကျမယ့် ဆိုင်လေးတစ်ဆိုင်မို့ vlog လေးမှာ ဘာတွေ မှာစားခဲ့လဲဆိုတာ ကြည့်လိုက်ရအောင်။

ဆိုင်နာမည်-Morning Tea House
ဆိုင်လိပ်စာ-အမှတ် (၂၄၈/ခ) အေးသာယာလမ်း တာမွေမြို့နယ် ရန်ကုန်မြို့

21/03/2026

ထမင်းပူပူလေးကို ဟင်းရည်ဆမ်း၊ ငါးရံ့ခေါင်းဟင်း အနှစ်လေးနဲ့ နယ်ဖတ်ပြီး စားရတဲ့ အရသာကတော့ ရှယ်ပဲ။ မြင့် ချစ်တီးထမင်းဆိုင်ရဲ့ ထူးခြားချက်ဖြစ်တဲ့ ဟင်းအရသာ နဲ့ ငါးရံ့ခေါင်းရဲ့ အသားအိအိလေးက တကယ့်ကို ရှယ် 🤤
ထမင်းဝိုင်းမှာ ပါတဲ့ အရန်ဟင်းတွေနဲ့တင် ထမင်းမေ့ဟင်းမေ့ စားလို့ကောင်း 🤤

လိပ်စာ- အမှတ် (၃၃၀) ပြည်သာယာလမ်း ၊ အထက (၂) သဃ်န်းကျွန်း ကျောင်းရှေ့ ၊ သဃ်န်းကျွန်းမြို့နယ်

Photos from Yangon Guide's post 19/03/2026

ကမ်းနားခေါက်ဆွဲဆိုင်လို့ နာမည်ကြီးတဲ့ Strand Noodle Station 🤤

ရောက်တိုင်းစားဖြစ်တဲ့ Menu တွေ 🍜🍛
ဒီဆိုင်က အာလူးထောင်းက အတော်လေးကို အရသာရှိပြီး ဘယ်အချိန်စားစားမရိုးတာ 🤤
ကမ်းနားမမလလ ခေါက်ဆွဲကတော့ တစ်ပွဲကို နှစ်ယောက်လောက်စားလို့ရတယ် 😁
ဝက်သားပေါင်းကလည်း စားရတာ နူးညံ့အိစက်နေတာ🤭

ဆိုင်နာမည် - Strand Noodel Station
ဆိုင်လိပ်စာ - အမှတ် ၈၅-၈၇ သိမိဖြူလမ်းမကြီး (CB Bankဘေး) ကမ်းနားလမ်း နှင့် ကုန်သည်လမ်းကြား

‼️တစ်ခုဘဲ ..တစ်ချို့ဟင်းပွဲတွေ Menu ထဲက ဈေးနှုန်းလေးနဲ့ စားပြီးတဲ့အခါ ရှင်းတဲ့ ဈေးနှုန်းလေးက မတူတော့ ဈေးနှုန်းအပြောင်းအလဲရှိရင် menu ကဒ်ထဲမှာပါ တစ်ခါထဲ update လေး ပြောင်းပေးထားရင် ပိုအဆင်ပြေမှာ ☺️☺️

14/03/2026

နေရာမရှိတာတောင် စောင့်ပြီးစားရတဲ့ ကျောက်မြောင်းက 'မစိုး' ရခိုင်မုန့်တီ - တကယ်ပဲ တန်ရဲ့လား 🤤
နာမည်ကြီးသလောက် လက်ရာက ရှယ်ဖြစ်နေမလား 🤭ဘယ်လောက်တောင် ထိမိလဲဆိုတာ ဗီဒီယိုထဲမှာ အတူတူကြည့်လိုက်ရအောင်နော်။ အစပ်ကြိုက်တဲ့သူတွေ၊ ရခိုင်မုန့်တီမှ အရည်သောက် ကြိုက်သူတွေအတွက် ဒီဆိုင်ကို လမိးညွှန်ပေးလိုက်တယ်နော် ☺️😍

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

Yangon