Advance Innovation
Our vision is to enable a high-quality and viable healthcare system in Myanmar.
17/04/2026
မြန်မာ့ရိုးရာ မဟာသင်္ကြန် နှစ်သစ်ကူးဆုတောင်းလွှာ....🙏🙏🙏
.,Ltd
02/03/2026
တောင်သူလယ်သမားနေ့ (၂.၃.၂၀၂၆)
နေပူမရှောင်၊ မိုးရွာမရှောင် ရုန်းကန်လှုပ်ရှားရင်း နိုင်ငံရဲ့ စားနပ်ရိက္ခာကဏ္ဍကို ကျောထောက်နောက်ခံပြုပေးနေကြတဲ့ တောင်သူဦးကြီးများအားလုံး သက်ရှည်ကျန်းမာပြီး စိုက်ပျိုးသမျှ သီးနှံတိုင်း အောင်မြင်ဖြစ်ထွန်းပါစေကြောင်း KTT Group Pte.,Ltd မိသားစုမှ တောင်သူလယ်သမားနေ့မှာ လေးစားစွာ ဂုဏ်ပြုဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🙏🙏
.,Ltd #တောင်သူလယ်သမားနေ့
17/02/2026
Gong Xi Fa Cai 🐴🧧🎐
စိတ်ခွန်အားအပြည့်နှင့် အောင်မြင်မှုပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်သော 2026 Lunar New Year ဖြစ်ပါစေကြောင်း KTT Group Pte.,Ltd မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🙏🙏
.,Ltd
12/02/2026
ယနေ့ကျရောက်သော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အခါသမယတွင် တိုင်းရင်းသား ညီကိုမောင်နှမများအားလုံး နှလုံးစိတ်၀မ်း အေးချမ်းကြပါစေကြောင်း KTT Group Pt., Ltd မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🙏
.,Ltd
06/02/2026
မျက်စိဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အလွန်အရေးကြီးသလို ထိခိုက်လွယ်တဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ဖုန်းနဲ့ ကွန်ပျူတာတွေကို အသုံးများလာကြတဲ့အတွက် မျက်စိကျန်းမာရေးအတွက် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။
ဒါကြောင့် မျက်စိကျန်းမာရေးနှင့် အမြင်အာရုံတိုးတတ်စေရန်အတွက် ဆောင်ရန် အချက်(၅)ချက်ကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
(၁) ဖုန်း၊ ကွန်ပျူတာကို မိနစ် ၂၀ ကြည့်ပြီးတိုင်းမှာ ပေ ၂၀ အကွာအဝေးကို စက္ကန့် ၂၀ ကြာကြည့်ပေးပြီး မျက်စိကို အနားပေးပါ။
(၂) အာဟာရပြည့်၀စေသော ဗီတာမင် A (မုန်လာဥနီ၊ သင်္ဘောသီး)၊ ဗီတာမင် C နှင့် E၊ ဇင့် (Zinc) နှင့် Omega-3 ပါဝင်သော အစားအစာများ (ငါး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ) ကို များများစားပေးပါ။
(၃) အပြင်ထွက်တဲ့အခါ ခရမ်းလွန်ရောင်ခြည် (UV Rays) ဒဏ်ကနေ ကာကွယ်ဖို့ အရည်အသွေးကောင်းတဲ့ နေကာမျက်မှန်ကို တပ်ဆင်ပါ။
(၄) မျက်စိပုံမှန် စစ်ဆေးပါ။ အမြင်အာရုံ ပြောင်းလဲမှုရှိရှိ မရှိရှိ အနည်းဆုံး တစ်နှစ်(တစ်ကြိမ်) မျက်စိဆရာဝန်နှင့် ပြသ စစ်ဆေးသင့်ပါတယ်။
(၅) ညဘက်မှာ အိပ်ရေးဝဝ အိပ်စက်ခြင်းက မျက်စိကြွက်သားတွေကို အနားရစေပြီး မျက်စိခြောက်သွေ့ခြင်းမှ ကာကွယ်ပေးပါတယ်။
.,Ltd
30/01/2026
ဆီးချိုမျက်စိရောဂါအကြောင်း သိကောင်းစရာ....💙💙💙
Advance Innovation
27/01/2026
👁 EyRIS သည် မျက်စိနှင့် အာရုံကြောပိုင်းဆိုင်ရာ ရောဂါဝေဒနာများကို အဖြေရှာဖွေပေးဖို့အတွက် AI နည်းပညာသုံး အဆင့်မြင့် မျက်စိစမ်းသပ်စစ်ဆေးရေး စက်ကိရိယာတစ်ခု ဖြစ်ပါသည်။
👁 EyRIS သည် မြန်မာနိုင်ငံကို ပထမဦးဆုံးရောက်ရှိလာသော AI နည်းပညာသုံး အဆင့်မြင့် မျက်စိစမ်းသပ်စစ်ဆေးရေး စက်ကိရိယာတစ်ခုဖြစ်ပြီး....
👁 မျက်စိနှင့် မျက်ကြည်လွှာကို EyRIS စက်ဖြင့်စစ်ဆေးလိုက်ရုံဖြင့် အတွင်းတိမ်၊ အပြင်တိမ် စသည့် မျက်စိရောဂါများကို သိရှိစေရုံသာမက.... သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်၊ နှလုံး စသည့် ရောဂါဝေဒနာများနှင့်ပတ်သက်ပြီး မျက်လုံးကျန်းမာရေး စစ်ဆေးချက်ထွက်ရှိလာသည့် အဖြေပေါ်မူတည်ပြီး ကျွမ်းကျင်ဆရာဝန်များနှင့် ဆွေးနွေးကာ လိုအပ်သောဆောင်ရွက်ချက်တွေကို ဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပါသည်။
👁 EyRIS မျက်စိစမ်းသပ်စက် ဆိုတာ အဆင့်မြင့် AI နည်းပညာကို အသုံးပြုထားပြီး လူသားတွေရဲ့ ဖြစ်လေ့ရှိတဲ့ ရောဂါနဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို မဖြစ်ခင်ကတည်းက ကြိုတင်သိရှိနိုင်ဖို့အတွက် အထူးထုတ်လုပ်ထားသည့် မျက်စိစမ်းသပ်စစ်ဆေးရေး စက်ကိရိယာတစ်ခုဖြစ်တာကြောင့်.... လက်ရှိတွင် Advance Innovation Limited မှ မျက်စိအထူးကုဆရာ၀န်ကြီးများဖြင့် ပူးပေါင်းပါ၀င်ပြီး မျက်စိရောဂါဝေဒနာရှင်များအား စတင် စမ်းသပ် ကုသပေးခြင်း စစ်ဆေးခြင်းလုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးလျက်ရှိပါသည်။ 👩⚕️👨⚕️
.,Ltd
16/01/2026
အမြင်အာရုံကို သဘာ၀အတိုင်း တိုးတတ်စေမည့် နည်းလမ်း (၇) မျိုး
(၁) ဖုန်း၊ ကွန်ပျူတာ (သို့မဟုတ်) Laptop များကို (၂-၃ နာရီ) ကြည့်ပြီးတိုင်းမှာ (၂ မိနစ်)လောက် မျက်လုံးကို ခဏမှိတ်ထားပေးပါ။
(၂) မျက်၀န်းတစ်၀ိုက်ကို အခါအားလျော်စွာ လက်ညှိုးနှင့် လက်ခလည်ကို အသုံးပြုပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။
(၃) မျက်လုံးကို အပေါ် အောက် (သို့မဟုတ်) ဘေးတိုက် ကြည့်ပေးခြင်းဖြင့် မျက်လုံးလေ့ကျင့်ခန်းပြုလုပ်ပေးပါ။
(၄) မုန်လာဉနီဖျော်ရည် နေ့စဉ် သောက်သုံးပေးပါ။
(၅) ပစ္စည်းတစ်ခုကို မျက်လုံးနှင့် အနီးဆုံးနေရာမှာထားပြီး တဖြည်းဖြည်း ဝေး သောနေရာသို့ရွှေ့ပြီး ခပ်ဝေးဝေး ကြည့်ပေးပါ။
(၆) ရေခပ်နွေးနွေးဖြင့် မျက်လုံးကို ဆေးကြောပေးပါ။
(၇) ညစဉ် အိပ်ယာမ၀င်ခင် (၂ နာရီ) အလိုမှာ ဖုန်း၊ ကွန်ပျူတာ (သို့မဟုတ်) Laptop များ ကြည့်ခြင်းကိုရှောင်ပါ။
အထက်ပါနည်းလမ်းများကို လိုက်နာခြင်းဖြင့် အမြင်အာရုံ တိုးတတ်ကောင်းမွန်သော မျက်၀န်းတစ်စုံကို ပိုင်ဆိုင်နိုင်ပါသည်။
.,Ltd
06/09/2025
❝ ဂရုဓမ္မ အခါတော်နေ့ ၊ တော်သလင်းလပြည့်နေ့ ❞
တော်သလင်းလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ ရက်ကောင်းရက်မြတ်များထဲမှ တစ်ခုဖြစ်ပါသည်။
ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူသော ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်လာ "ကုရုဓမ္မဇာတက" ဇာတ်တော်ကို အကြောင်းပြုပြီး တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ "ဂရုဓမ္မ" ဆိုတာကတော့ ငါးပါးသီလ စင်ကြယ်လုံခြုံအောင် စောင့်ထိန်းခြင်းကို ဆိုလိုပါသည်။
တော်သလင်းလပြည့်နေ့မှာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ပြီး ဥပုသ်သီလစောင့်တည် နိုင်ကြပါစေကြောင်း KTT Group Pte.,Ltd မိသားစုမှ နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတယ်.....🙏🙏🙏
#ဂရုဓမ္မအခါတော်နေ့
#တော်သလင်းလပြည့်နေ့
.,Ltd