Future Booster

Future Booster

Share

We present opportunities for jobs, scholarships and others.

Photos from Future Booster's post 21/08/2024

Office Helper
SARA အဖွဲ့
မြစ်ကြီးနားမြို့၊ကချင်ပြည်နယ်
လျှောက်လွှာပိတ်ရက် 27.8.2024

ခေါ်စာအသေးစိတ်ကိုတော့ အောက်ကပုံတွေမှာပါတဲ့အလုပ်ခေါ်စာလေးသေချာဖတ်ကြည့်ပြီးအဲမှာပါတဲ့အတိုင်းလျှောက်ကြပါနော်
CV နဲ့ Cover letter ရေးပေးတဲ့ service ရှိပါတယ်နော် messenger က တစ်ဆင့်ဆက်သွယ်ပါ
online service ဖြစ်တဲ့အတွက် Hard copy (စာရွက်နဲ့) မပေးပါ email သို့ viber ကနေပို့ပေးမှာပါ

21/08/2024

မရန်မာ့ အခြေအနေလေး တစ်ချက်ရှိုး

Photos from Future Booster's post 01/07/2024

သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်ကြဖို့လိုပြီ
( #ရေဘေးအန္တရာယ်)
ငမိုးခေါင်လွန်းတဲ့ လန်ဇိုရုတ် လို့ခေါ်တဲ့ မီးတောင်ကျွန်းလေးပေါ်ကပုံပါ။ ဒါပေမယ့် ဒီကျွန်းမှာ သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်ကြလို့ ဝိုင်တွေထွက်ရာ နေရာအဖြစ် နာမည်ကြီးပါတယ်။

Photos from Future Booster's post 01/07/2024

ဒီနေ့ Lisa ဆီမှာ မုန့်သွားစားလိုက်တယ် 😁

27/06/2024

Strongest evidence to get employed or rejected 😀

26/10/2021

အလုပ်လျှောက်ထားရာမှာ CV (ကိုယ်ရေးရာဇဝင်) ကောင်းကောင်းတစ်ခု မရှိမဖြစ်လိုအပ်ပါတယ်။ ဆောင်ရန်ရှောင်ရန်များကိုလေ့လာသိရှိဖို့ ဖော်ပြပါ link များရှိ activity များမှတဆင့် လေ့လာလိုက်ပါ။

✔ Advice on writing a good CV - http://bit.ly/LEWritingACV1
✔ Writing Skills: A CV - http://bit.ly/LEWritingACV2

လုပ်ငန်းသုံးအင်္ဂလိပ်စာအသုံးအနှုန်းများကို ပိုမိုလေ့လာလိုပါက ကျွန်ုပ်တို့ရဲ့ English for the Workplace အခမဲ့အွန်လိုင်းသင်တန်းကို တက်ရောက်နိုင်ပါပြီ။

သင်တန်းကာလ ၄ပါတ်ကြာမြင့်မှာဖြစ်ပြီး https://bit.ly/EnglishForWorkOct21 မှာ စာရင်းပေးတက်‌ရောက်နိုင်ပါပြီ။

23/10/2021

Online English Course for Young Adults and Adults

Level. Pre-intermediate
Time. 3 pm- 4:30 pm (Tue, Wed, Thu)
Fee 35000 per month
Starting date. 2 Nov 2021
Duration 3 months

ဒီအတန်းဟာ pre-intermediate level အတွက်ဖြစ်လို့ English အခြေခံ အသင့်အတင့်ရှိသူများအတွက် သင့်တော်ပါတယ်။

လူဦးရေ ကန့်သတ်ထားတဲ့အတွက် တက်ဖို့ဆုံးဖြတ်ပြီးရင် အမြန်ဆုံးဆက်သွယ် စာရင်းပေးသွင်းလိုက်ပါ။ (messenger chat box / 09250327449 ကိုဆက်သွယ်ပေးပါ)

https://m.facebook.com/story.php?story_fbid=3060138390971652&id=100009265628947

20/10/2021

Free Online Reading Class



📌Reading လုပ်ကြတာ တတိယမြောက် စာအုပ်အဖြစ်
"7 Habits of Highly Effective People" ကို သင်တန်းသား/ သူတွေရဲ့ Vote ရရှိမှုအများဆုံးနဲ့ ‌ရွေးချယ်ဖြစ်ခဲ့ကြပါတယ်။

📌ဒီစာအုပ်ဟာ ကမ္ဘာမှာ လူကြိုက်များလွန်းလို့ အခေါက်ခေါက်အခါခါ ပြန်ထုတ်ဝေပေးရတဲ့ စာအုပ်တွေထဲကတစ်အုပ်ဖြစ်ပါတယ်။ စာအုပ်အရေအတွက် သန်းချီ ရောင်းရတဲ့စာအုပ်လည်း ဖြစ်ပါတယ်။

📌ဒီစာအုပ်ဟာ အရင်ဖတ်ခဲ့တဲ့ ဝတ္ထု (fiction) တွေနဲ့မတူဘဲ ထက်မြက်သူတွေ၊ ထိထိရောက်ရောက် အလုပ်လုပ်နိုင်သူတွေရဲ့ အကျင့်စရိုက်တွေကို ရေးသားထားတဲ့ non-fiction ဖြစ်ပါတယ်။
ဒါကြောင့် စာသင်တုန်းမှာ စာဖတ်ရုံဖတ်သွားတာထက် အပြန်အလှန်‌ ဆွေးနွေးပြီး ထင်မြင်ချက်တွေ၊ ယူဆချက်တွေကို ဖလှယ်ကာ ဘဝတိုးတက်ရာတိုးတက်‌ကြောင်းအတွက် ပိုပြီးအကျိုးများစေနိုင်မှာပါ။

📌ဒီစာအုပ်ဟာ လူကြီး၊ လူငယ်မရွေး ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်လည်းဖြစ်ပြန်ပါတယ်။ လူကြီးတွေအနေနဲ့ မိမိဘဝမှာ အောင်မြင်ထွန်း‌ေပါက်နိုင်ဖို့ ဘယ်လိုအကျင့်တွေ လိုက်နာကျင့်ကြံသင့်တယ် ဆိုတာကိုသိရှိသဘောပေါက်လာမှာဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့လည်း ကိုယ့်ဘဝအောင်မြင်တိုးတက်ဖို့ ဘယ်လိုပြင်ဆင်ထားသင့်သလဲ။ ကိုယ်တိုင်လူကြီးဖြစ်တဲ့အခါ ပိုမိုအောင်မြင်တဲ့ အခြေအနေရောက်အောင် ဘာတွေကို ကြိုလေ့ကျင့် ပြင်ဆင်ထားသင့်သလဲ ဆိုတာတွေကို ဒီစာအုပ်ကိုဖတ်ရင်းနဲ့ မြင်မိနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် စာအတူတူဖတ်ပြီး ဆွေးနွေးငြင်းခုံကြဖို့ ဖိတ်ခေါ်ပါတယ်။

📌ဒီ Telegram link က ဝင်ပါ။ (Telegram app အရင် download ဆွဲပြီး Account ဖွင့်ထားဖို့လိုပါတယ်)
https://t.me/joinchat/sHtiCWBocHo3ZGJl

📌အတန်းအချိန် 10:00 - 11:30 am (Sat, Sun)
သင်တန်းနေရာ Zoom

📌အရင်ဖတ်ခဲ့တဲ့ စာအုပ်တွေအကြောင်း မြည်းစမ်းကြည့်ချင်တယ်ဆိုရင် အောက်က You Tube link ကိုဝင်ကြည့်ပါ။
https://www.youtube.com/channel/UC3wkHEMFc9gCveXQhIkVzHQ

📌နောက်အစီစဉ်တစ်ခုအနေနဲ့ စာအုပ်အသစ်တစ်အုပ် သင်တဲ့အခါတိုင်း စာအုပ်လှူတဲ့ အစီစဉ်ပါ။ စာအုပ်တစ်အုပ်သင်တိုင်း ငွေ 10000 ကျပ် အလှူထည့်ဝင်ကြရတာဖြစ်ပါတယ်။ ပထမအကြိမ် လှူဒါန်းခဲ့ကြပြီးဖြစ်ပါတယ်။
အောက်က link တွေကိုဝင်ကြည့်နိုင်ပါတယ်။

📌အလှူငွေပမာဏ - 10000 (တစ်သောင်းကျပ်)

https://m.facebook.com/story.php?story_fbid=3009100856075406&id=100009265628947

https://m.facebook.com/story.php?story_fbid=3040213152964176&id=100009265628947

📌4 skills for Elementary level
4 skills for Intermediate level စတဲ့အခြားသင်တန်းတွေ စုံစမ်းချင်တယ်ဆိုရင် Messenger မှာ လာမေးမြန်းနိုင်ပါတယ်။

14/10/2021

Online English Class ဖွင့်ပါတော့မယ် ခင်ဗျာ

ခုလိုကာလကြီး မှာ အိမ်နေရင်းနဲ့အားလပ်ချိန်မှာ အကျိုးရှိရှိနဲ့ English ကို ကျွမ်းကျင်အောင်လေ့လာနိုင်မယ့် အခွင့်အရေးမို့ လက်မလွှတ်သင့်ပါဘူး လို့ ပြောပါရစေ။

Level - Elementary
Time - 5 pm- 6:30 pm (Tue, Wed, Thu)
Start date - 2 Nov 2021
End date - 27 Jan 2022
Duration - 3 months
Fee - 75000

📌ဒီအတန်းဟာ Elementary English 4 skills သင်တန်းဖြစ်တဲ့အတွက်-

📌English ကို အခုမှစပြီးလေ့လာမယ့်သူတွေ၊

📌English vocabulary, grammar တွေကို ထိုက်သင့်သလောက်သိပေမဲ့ Confidence ရှိရှိ မသုံးနိုင်သေးတဲ့သူတွေ၊

📌English က ကိုယ့်အတွက် အရေးကြီးလာမှန်းသိပေမဲ့ English နဲ့ဝေးကွာနေပြီးတော့ အခုစပြီးလေ့လာချင်နေတဲ့သူတွေ
အတွက် သင့်တော်ပါတယ်။

📌သင်တန်းကြေးကစုစုပေါင်း 75000ဆိုပေမဲ့ တစ်လမှာ 25000 ဘဲ ကျသင့်မှာဖြစ်ပါတယ်။
(သင်တန်းကြေး 75000ကို သင်တန်းမတက်မီ တစ်ခါတည်း ပေးသွင်းရမှာဖြစ်ပါတယ်)
K pay .09250327449 ကို လွှဲပေးရမှာပါ။

📌လူဦးရေ အကန့်အသတ် ရှိတဲ့အတွက် တက်မယ်လို့ ဆုံးဖြတ်ပြီးရင် အမြန်ဆုံး စာရင်း ပေးသွင်းလိုက်ပါ။

⚡တက်ချင်တယ် စိတ်ဝင်စားတယ် ဆိုရင် ခု postအောက် Comment မှာ လို့ ရိုက်ခဲ့ပေးပါခင်ဗျာ။

🗣️(ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ သူငယ်ချင်း မိတ်ဆွေတွေကိုပဲ ဖြစ်ဖြစ် သင်တန်းအကြောင်း သိရအောင် Mention လုပ်ပြီး Share ပေးနိုင်ပါတယ်)

လိုအပ်သည်များ သိရှိလိုပါက messenger ကဖြစ်စေ
ph. 09250327449 ကိုဆက်သွယ်၍ဖြစ်စေ မေးမြန်း စုံစမ်းနိုင်ပါတယ်။

14/01/2021

Scholarship လျှောက်သူတွေအနေနဲ့ Volunteer& Community Service အတွေအကြုံရှိဖို့လိုသလား? အရေးရောကြီးလား?

Comment box မှာ ထင်မြင်ချက်လေးတွေကို ရေးသွားကြပါ။

(scholarship အတွက်လိုအပ်တဲ့ အရေးကြီးတဲ့ အချက်အလက်လေးတွေကို တင်ပေးသွားဖို့ရှိပါတယ်။ အခြား စိတ်ဝင်စားသူတွေပါ သိနိုင်အောင် Page ကို like & share လုပ်ပေးပါ)

Category

Website

Address

Yangon

Alerts

Be the first to know and let us send you an email when Future Booster posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.