Mufti Muhammad Anas

Mufti Muhammad Anas

Share

I love Allah & Prophet Mohammed (S) !

23/09/2026

ဒရ်စေဟဒီးစ်(၅)
“အလ္လာဟ်အပေါ်ယုံပုံအားကိုးပါ”

29/08/2026

ဒရ်စေဟဒီးစ်(၄)
“အမှန်တရားတွင်ရှိသောအာနိသင်”

21/08/2026

ဒရ်စေဟဒီးစ်(၃)
(ငတ်မွတ်နေသောကရုဏာ)

15/08/2026

🫶!الْحُزْنُ يَأْكُلُ الْإِنْسَانَ
(ဝမ်းနည်းပူဆွေးမှုသည် လူသားကို အတွင်းထဲမှ ဝါးမြိုပစ်သည်)
အိဗ်နုလ် ကိုင်ယင်မ် (ရဟိမဟုလ္လာဟ်) ၏ အဆုံးအမ
“ဝမ်းနည်းမှုသည် လူသား၏ စိတ်နှလုံးကို အားနည်းစေသည်၊ စိတ်ဓာတ်နှင့် သန္နိဋ္ဌာန်ကို ကျဆင်းစေကာ သတ္တိကို ယိုယွင်းစေသည်”။
(ရှိုင်သွာန်) အတွက် သောကရောက်နေသော (မုအ်မင်န်) ကို မြင်တွေ့ရခြင်းထက် ပိုမိုဝမ်းမြောက်စရာ မရှိပါ။
ကျနော်တို့ရဲ့ ဘဝမှာ ရုပ်ပိုင်းဆိုင်ရာ ဖျားနာမှုတွေကိုတော့ အထူးတလည် ဂရုစိုက် ကုသလေ့ရှိကြပေမဲ့၊ စိတ်အတွင်းထဲက နာကျင်မှုနဲ့ ဝမ်းနည်းမှုတွေကိုတော့ ပစ်ပယ်ထားတတ်ကြပါတယ်။
အမှန်တော့ လူအများစု ခံစားနေရတဲ့ ရောဂါဝေဒနာတွေဟာ သူတို့ စားသောက်လိုက်တဲ့ အစားအစာတွေကြောင့် မဟုတ်ဘဲ၊ စိတ်ထဲမှာ စုပြုံထားတဲ့ ပူဆွေးသောကတွေက အတွင်းထဲကနေ လှိုက်စားနေလို့ပဲ ဖြစ်ပါတယ်။
ဝမ်းနည်းစိတ် ပြင်းထန်လာတဲ့အခါ ဘာမှ စားမဝင်၊ ဘယ်သူနဲ့မှ မတွေ့ချင်တော့ဘဲ ကိုယ့်အနားမှာ ရှိတဲ့ ကောင်းမွန်တဲ့အရာတွေအားလုံး အရောင်မှိန်သွားတတ်ပါတယ်။
ဒါပေမဲ့ မိတ်ဆွေ... ကျနော်တို့ဟာ အတွင်းစိတ်ကနေပဲ လင်းလက်တောက်ပနိုင်သလို၊ အတွင်းစိတ်ကနေပဲ ငြိမ်းသတ်သွားနိုင်ကြတာပါ။ သုခနဲ့ ဒုက္ခ၊ ဝမ်းနည်းစရာနဲ့ ဝမ်းသာစရာဆိုတာ ဘဝမှာ လူတိုင်းဆီ လှည့်ပတ်ရောက်ရှိလာတာချည်းပါပဲ။ ကွာခြားသွားတာတစ်ခုကတော့— အဲဒီဝမ်းနည်းမှုကို ရက်အနည်းငယ်ပဲ တည်းခိုမယ့် "ဧည့်သည်" အဖြစ် သဘောထားပြီး နှုတ်ဆက်လိုက်နိုင်မလား၊ ဒါမှမဟုတ် မိမိနှလုံးသားထဲမှာ "အပြီးအပိုင်" သောင်တင်ခွင့် ပေးလိုက်မလားဆိုတဲ့ ရွေးချယ်မှုပါပဲ။
ဒါကြောင့် ဒီနေ့ပဲ ထလိုက်ပါ... သင့်နှလုံးသားပေါ်မှာ တင်ကျန်နေတဲ့ အတိတ်က ဝမ်းနည်းမှု ဖုန်မှုန့်တွေကို ခါထုတ်လိုက်ပါ။ အပြင်ဘက်ကမ္ဘာကြီး လှပလာဖို့အတွက် သင့်ရဲ့ အတွင်းစိတ်ကမ္ဘာကို အရင်ဆုံး အလင်းရောင်ပေးလိုက်ပါ။
မှတ်ထားပါ— ဒီလို ခက်ခဲတဲ့ ခရီးမှာ သင်တစ်ယောက်တည်း နာကျင်နေတာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ လူတိုင်း ကိုယ်စီ ဒဏ်ရာတွေနဲ့ ရုန်းကန်နေကြတာပါ။ ကောင်းမွန်တဲ့ မျှော်လင့်ချက်ကို အမြဲ ဆုပ်ကိုင်ထားပါ၊ သင့်ထံ ကောင်းခြင်းမင်္ဂလာတွေ မလွဲမသွေ ရောက်ရှိလာပါလိမ့်မယ်။
မုဖ်သီ မုဟမ္မဒ်အနတ်စ် မဟ်မူဒီ၊ အခ်သရီ၊

13/08/2026

ဒရ်စေဟဒီးစ်(၂)
(ချိုသောအဆိပ်)

10/08/2026

ဒရ်စေဟဒီးစ်(၁)
(လူသားတို့၏အလှ)

26/07/2026

ကျွန်တော့်၏ ယောက္ခထီးဖြစ်သူ ဟာဂျီအိဗ်ရာဟီးမ်အဟ်မဒ် အလ္လာဟ်အမိန့်ခံယူသွားပါသဖြင့် မဂ်ဖိရသ်အတွက် ဒုအာပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

23/06/2026

🕋 မုဟရ်ရမ်လသည် အစ္စလာမ့်ပြက္ခဒိန်၏ ပထမဆုံးလဖြစ်သကဲ့သို့ အလွန်အရေးကြီးပြီး မြင့်မြတ်သောလတစ်လလည်း ဖြစ်ပါသည်။ ဤလ၏ ၁၀ ရက်နေ့သည် အာရှူရာနေ့ဟု လူသိများပြီး မွတ်စ်လင်မ်များအတွက် ဘာသာရေးအရ သမိုင်းဝင်သည့် ထူးခြားသည့်နေ့တစ်နေ့ ဖြစ်ပါသည်။ ဤနေ့တွင် တမန်တော်မြတ်ကြီး (ဆွလ်လလ္လာဟု အလိုင်ဟိဝစလမ်) က အချို့သော အလေ့အကျင့်များကို အလေးထား၍ လိုက်နာရန်တိုက်တွန်းထားပေသည်။ အာရှူရာနေ့တွင် ပြုလုပ်သင့်သော အဓိက လုပ်ငန်းသုံးခုနှင့် ၎င်းတို့၏ အကျိုးကျေးဇူးများကို ဖော်ပြသွားပါမည်။

၁။ ✅နောင်တတရားရခြင်း (သောင်ဝ်ဗဟ်အမှားဝန်ခံခြင်း) သည် အကောင်းဆုံးအမလ်ဖြစ်ပါသည်။
အာရှူရာနေ့၏ အရေးကြီးဆုံး လုပ်ငန်းတစ်ခုမှာ အလ္လာဟ်အရှင်မြတ်ထံ နောင်တတရားရခြင်း (သောင်ဝ်ဗဟ်အမှားဝန်ခံခြင်း) ဖြစ်ပါသည်။ တမန်တော်မြတ် (ဆွလ်လလ္လာဟု အလိုင်ဟိဝစလမ်) က မိန့်ကြားတော်မူသည်မှာ "မုဟရ်ရမ် (လ) သည် အလ္လာဟ်အရှင်မြတ်၏လ ဖြစ်သည်။ ဤ (မုဟရ်ရမ်၁၀ရက်) နေ့တွင် အလ္လာဟ်အရှင်မြတ်သည် မျိုးနွယ်စုတစ်ခု (ဘနီအစ္စရာအီးလ်) ၏ နောင်တကို လက်ခံတော်မူခဲ့ပြီး အခြားမျိုးနွယ်စုများ၏ နောင်တကိုလည်း လက်ခံတော်မူမည်။" (ဆူနန် သိရ်မိဇီ၊ ၇၄၁)
ဤဟဒီးဆ်သည် အာရှူရာနေ့တွင် နောင်တတရားရခြင်း၏ ကြီးမားသော အရေးပါမှုကို ဖော်ပြပါသည်။ ဤနေ့သည် မိမိတို့၏ အပြစ်များအတွက် နောင်တရရန်၊ အလ္လာဟ်အရှင်မြတ်ထံ ခွင့်လွှတ်မှုတောင်းခံရန်နှင့် မိမိတို့၏ ဘဝများကို ပြုပြင်ပြောင်းလဲရန် အထူးအခွင့်အရေးတစ်ခု ဖြစ်သည်။ အပြစ်များမှ လွတ်မြောက်လိုသူတိုင်း ဤနေ့တွင် စိတ်ရင်းမှန်ဖြင့် သောင်ဝ်ဗဟ်အမှားဝန်ခံခြင်း ပြုရမည်ဖြစ်သည်။

၂။ ✅ရိုဇာ (ဥပုသ်စောင့်ခြင်း)
အာရှူရာနေ့တွင် ရိုဇာ ထားခြင်းသည်လည်း အလွန်ကြီးကျယ်သော ကုသိုလ်တစ်ပါး ဖြစ်ပါသည်။ တမန်တော်မြတ် (ဆွလ်လလ္လာဟု အလိုင်ဟိဝစလမ်) က မိန့်ကြားတော်မူသည်မှာ " မုဟရ်ရမ်၁၀ရက် (အာရှူရာနေ့) တွင် ရိုဇာ ထားသူသည် လွန်ခဲ့သောတစ်နှစ်တာ ကာလအတွင်း ကျူးလွန်ခဲ့သော အပြစ်များအတွက် ခွင့်လွှတ်ခြင်းခံရမည်ဟု ကျွန်ုပ် အလ္လာဟ်အရှင်မြတ်ထံမှ မျှော်လင့်ပါသည်။" (ဆွဟီးဟ် မွတ်စလင်မ်၊ ၂၇၄၇)
ဤဟဒီးဆ်သည် အာရှူရာနေ့တွင် ရိုဇာထားခြင်းဖြင့် ကြီးမားသော လွတ်ငြိမ်းခွင့်ကို ရရှိနိုင်ကြောင်း ဖော်ပြပါသည်။ ထို့ကြောင့် မွတ်စ်လင်မ်တိုင်း ဤနေ့တွင် ရိုဇာထားရန် အထူးကြိုးစားသင့်ပါသည်။ ပိုမိုကောင်းမွန်စေရန်အတွက် အာရှူရာနေ့မတိုင်မီ (၉) ရက်နေ့ (သို့) နောက်တစ်ရက် (၁၁) ရက်နေ့တွင်ပါ ရိုဇာထားခြင်းဖြင့် ဂျူးလူမျိုးများနှင့် ကွဲပြားခြားနားစေရန် တမန်တော်မြတ်က တိုက်တွန်းခဲ့ပါသည်။

၃။ ✅မိသားစုအပေါ် ဖောဖောသီသီသုံးစွဲခြင်း
အာရှူရာနေ့တွင် မိမိ၏မိသားစုအပေါ် ပိုမိုေကာင်းမွန်စွာသုံးစွဲ ခြင်းသည်လည်း မွန်မြတ်သော အလေ့အကျင့်တစ်ခု ဖြစ်ပါသည်။ တမန်တော်မြတ် (ဆွလ်လလ္လာဟု အလိုင်ဟိဝစလမ်) က မိန့်ကြားတော်မူသည်မှာ "မည်သူမဆို အာရှူရာနေ့ (မုဟရ်ရမ်၁၀ရက်) တွင် မိမိ၏မိသားစုအပေါ် ဖောဖောသီသီသုံးစွဲလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ တစ်နှစ်တာလုံးအတွက် စားဝတ်နေရေးကို ပြည့်စုံစေမည်။" (အလ်မွတ်ဂျမ် အလ်ကဘီးရ် လစ်တွဘ်ရာနီ၊ ၁၀၀၀၇)
ဤဟဒီးဆ်သည် မိသားစုကို ဂရုစိုက်ခြင်းနှင့် ရက်ရောခြင်း၏ အရေးကြီးမှုကို မီးမောင်းထိုးပြပါသည်။ အာရှူရာနေ့တွင် မိမိ၏မိသားစုဝင်များအတွက် အစားအစာ၊ အဝတ်အထည် သို့မဟုတ် အခြားလိုအပ်သော ပစ္စည်းများကို ပိုမိုဖြည့်ဆည်းပေးခြင်းဖြင့် အလ္လာဟ်အရှင်မြတ်ထံမှ မေတ္တာနှင့် ကောင်းချီးများကို ရရှိနိုင်ပါသည်။ ဤသည်မှာ လူမှုဆက်ဆံရေးကို ခိုင်မြဲစေပြီး ဘာသာရေးနှင့် စီးပွားရေးနှစ်ခုစလုံးတွင် ကောင်းကျိုးများကို ဆောင်ကြဉ်းပေးပါသည်။

* နိဂုံးချုပ်အနေဖြင့် အာရှူရာနေ့ (မုဟရ်ရမ်၁၀ရက်) သည် မွတ်စ်လင်မ်များအတွက် သောင်ဝ်ဗဟ်အမှားဝန်ခံခြင်း၊ ဥပုသ်စောင့်ခြင်းနှင့် မိသားစုအပေါ် ရက်ရောစွာ ပေးကမ်းသုံးစွဲခြင်းဖြင့် အလ္လာဟ်အရှင်မြတ်နှင့် ပိုမိုနီးစပ်စေရန် အဖိုးမဖြတ်နိုင်သော အခွင့်အရေးတစ်ခု ဖြစ်ပါသည်။ ဤမွန်မြတ်သော အလေ့အကျင့်များကို လိုက်နာခြင်းဖြင့် ကျွန်ုပ်တို့၏ ဘဝများသည် ကောင်းချီးမင်္ဂလာများနှင့် ပြည့်စုံစေမည်ဖြစ်ပါသည်။

20/06/2026

မုဟရ်ရမ်လ နှင့် အာရှူရဟ်၏ထူးမြတ်မှု.
ဂျုမုအဟ်ဗရာန်
ဗရာန်အစအဆုံး
🫶https://t.me/M***i_Muhammad_Anas

17/06/2026

မွန်မြတ်သောသူတွင် ရှိရမည့်အချက်(၄)ချက် ဂျုမုအဟ်ဗရာန်
ဗရာန်အစအဆုံး
🫶https://t.me/M***i_Muhammad_Anas

Category

Telephone

Website

Address

Yangon