Try Me
Organic Microgreens
ဒီတစ်ခါတော့ အပင်ချစ်သူတွေအတွက် ဉာဏ်စမ်းလေးပါ 😁
Germination ၄ ရက်မှာ အပင်ပင်စည်ကအရင်မြေကြီးထဲက ကုန်းထလာပါတယ်
၁၀ ရက်လောက်ရောက်ရင်တော့ မြေကြီးထဲကမျိုးစေ့က မြေပေါ်မှာ ပေါ်လာပါပြီနော် ☺️
Hint လေးပေးပါမယ် အနံရှိတဲ့အပင်ပါ 😜
#နေကြာပင်ပေါက်
01/09/2026
မနက်က ဈေးဆိုင်တစ်ဆိုင်မှာ ဟင်းသီးဟင်းရွက်သွားဝယ်တော့ ပန်းငရုတ်ပွတွေရဲ့အညှာမှာ အပြာရောင်အဖတ်တွေကပ်နေလို့ ဈေးသည်နဲ့ဈေးဝယ်ကြား အပြန်အလှန်ပြောနေကြတာ ကြုံရတယ်။ ကြည့်လိုက်တော့ အတော်ဆိုးဆိုး။ ဈေးသည်က "ညီမရယ် အသီးအရွက်အားလုံးကိုလေ ဓာတုဆေးဖျန်းပြီးမှ ဆိုင်တွေကိုရောက်လာတာ။ အဲ့ဒီလိုမလုပ်ရင် အခုလိုလတ်ဆတ်နေမှာ မဟုတ်ဘူး။ အိမ်မှာ ဆားရည်နဲ့နာရီဝက်လောက်စိမ်ပြီးမှစားနော်"တဲ့။
တနေ့ကလည်း တရုတ်မှာ မုန်ညင်းထုတ်တွေကို ဆေးရည်စိမ်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ဟိုးလေးတကျော်ကျော် ဖြစ်ကြတာ သိကြမှာပါ။ သူတို့နိုင်ငံမှာတော့ စစ်ဆေးအဖြေရှာကြမှာဖြစ်ပေမယ့် ကျွန်တော်တို့လိုနိုင်ငံမှာကျ ကိုယ့်အသက်ကိုယ်ရှာကြံမွေးရမှာဖြစ်လေတော့ အတတ်နိုင်ဆုံး သန့်ရှင်းပြီးမှသာ ချက်ပြုတ်စားကြပါဗျာ။ ငွေကြေးတတ်နိုင်သူတွေကတော့ အော်ဂဲနစ်အသီးအရွက်တွေ ဝယ်စားကြရင်း အော်ဂဲနစ်စိုက်ပျိုးရေးတွေ လုပ်ကြဖို့ တိုက်တွန်းပါတယ်ဗျာ။
30/08/2026
ပုံမြင်ရုံနဲ့ လျှာပေါ်မယ်အရသာတန်းပေါ်တာမျိုး🤤
🌱Grow Kit ကာကာတစ်ဦးရဲ့ ကိုယ်တိုင်စိုက်၊ ကိုယ်တိုင်ခူး၊ ကိုယ်တိုင်ချက် လက်စွမ်းပြမှုလေးပါ🤤 အကဲဖြတ်ရရင်တော့ plating ကအစ အကုန်ကောင်းပါတယ်။ မကောင်းတာတစ်ခုက ကျွန်တော် မစားလိုက်ရတာပါဘဲ😭
28/08/2026
မညာပါဘူး😅 နေကြာပင်ပျိုစိုက်တိုင်း နေကြာပွင့်ကြီးပွင့်တဲ့အထိစိုက်မယ်ဆိုပြီး ကြိုးစားဖူးတယ်😁ခက်တာက MG အဆင့်ကိုကျော်သွားရင် အပင်က အတော်ရုပ်ဆိုးတာဗျ။ အမွှေးတွေနဲ့။ အပင်ကလည်း ပိန်ရှည်ကြီး။ ဖြောင့်မတ်ပြီးလည်း မကြီးဘူး။ သည်းခံပြီးစိုက်လိုက်တာ တခေါက်တော့ နေကြာပွင့်အထိ ရဖူးတယ်။ သေးသေးလေးပါ။ ပြီးတော့သေတာပဲ😂
မိတ်ဆွေတို့ရော ဘယ်လိုလဲ?
27/08/2026
ကိုယ်တွေလူမျိုးအများစုနဲ့ ခံတွင်းတွေ့တဲ့ Microgreens မျိုးလေး...
၆ ရက်ကြာမှ အပင်စပေါက်တယ် 😅
ဘာမျိုးလေးလဲသိကြလားဗျို့
အကြောင်းအမျိုးမျိုးကြောင့် microgreens စိုက်တဲ့နေရာမှာ မှိုကျလေ့ရှိတတ်ပါတယ်...
Qualified seeds, quality growing medium တွေကိုသုံးပေးရပါတယ် (အဲဒါတောင် 100% မှိုမလိုက်ဖူးလို့ အာမခံမရပါဘူး...အဖြစ်နဲသွားတာပဲရှိပါတယ်)
မှိုရလို့ ပျော်ရတဲ့မျက်နှာမဟုတ်တာ microgreens မှာရှိပါတယ် 😁😁
နေ့စဉ်ရေလောင်းတိုင်း သေချာစစ်ဆေးပြီး တွေ့တာနဲ့ချက်ချင်းဖယ်ရှားပေးရပါတယ် 😅
အိမ်မှာစိုက်နေကြတဲ့ grower အမျိုးတို့အားလုံးအဆင်ပြေကြပါစေဗျာ 🥰
#နေကြာပင်ပေါက်
19/08/2026
ကာကာတွေက မင်မင့်ထက်တောင် စိတ်ရှည်ကြတယ် 😁
မင်မင်တောင်နေကြာစေ့အဲလောက် ပြန့်ပြန့်လေးမခင်းဖြစ်ဘူး 😁
မျက်စိရှေ့တင် ကိုယ်တိုင်စိုက်ထားတာလေးတွေ တစ်ရက်ထက်တစ်ရက်ကြီးလာတာ မြင်နေရတာနဲ့တင် အင်မတန်စိတ်ချမ်းသာဖို့ကောင်းပါတယ်
စိုက်ပြီးတစ်ပတ်ဆို လတ်လတ်ဆတ်ဆတ်ခူးစားလို့ရပါပြီ 🥰
GrowKit stock လေးတွေလည်း အလုံအလောက်ရှိလို့ အိမ်မှာပဲ လွယ်လွယ်ကူကူစိုက်ပြီးစားဖို့ လိုအပ်ရင်မှာယူလို့ရပါတယ်နော်
ရန်ကုန်မြို့တွင်းတော့ COD ရပါတယ်ခင်ဗျ
နယ်အော်ဒါတွေကိုတော့ ငွေချေပြီးတာနဲ့ ကားဂိတ် သို့ deli အပ်ပေးပါတယ်နော် 🤩
#နေကြာပင်ပေါက်
Grow Kit ဝယ်ထားသူတွေ မမေ့ကြပါနဲ့‼️
လာကြွားကြဦး😁
Click here to claim your Sponsored Listing.
Contact the restaurant
Telephone
Website
Address
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |