MNO Driving.Training

MNO Driving.Training

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MNO Driving.Training, Driving school, မြောက်ဒဂုံမြို့နယ်, Yangon.

25/01/2024

Hello
အားလုံး မဂ်လာပါဗျ
လိုင်စင် ဝန်ဆောင်မှု့ အမြန်လိုချင်သူများ အချိန်တိုအတွင်း လိုင်စင်ကဒ်အရ Service ဆောင်ရွက်ပေးပါသည် ခင်ဗျာ။

ဆက်သွယ်ရန်☎09-421280165

05/01/2024

အမြဲတမ်း D မှာထားပြီးကားမောင်းနေကြတဲ့ မိတ်ဆွေတွေ အတွက် ၊မဖြစ်မနေ ဖတ်သင့်သော
အော်တိုဂီယာအကြောင်း
********************

ကီလို 100 ကျော်နေရင် အရှိန်ကိုO/D
နဲ့လျှော့ပါ ကီလို60/70 ဆိုရင် အရှိန်ကို2နဲ့လျှော့ပါ Lကတော့ဝိတ်နဲ့အမြင့်တတ်ရင်သုံးပါ...

[ " ကီလို-၁၀၀-အေးဆေးပါ------ဒါပေမယ့်--၁-စက္ကန့်မှာ-၈၈--ပေ--သွားနေတာတော့-သင်သိပါ-" ]
၁-စက္ကန့်မှာ-၈၈-ပေ-သွားနေတာကိုအချိန်မီထိန်းချုပ်နိုင်မှ-ကားတစ်စီးဟာ-ဘေးကင်းစွာရပ်တန့်သွားမှာပါ-
ကားရဲ့လားရာအမှန်ကို-လက်ကိုင်ဂွေကို-ထိန်းချုပ်လို့တစ်မျိုး--ကားမြန်နှုန်းကို-ဂီယာ-ဘရိတ်-များနဲ့စနစ်တကျလည်းထိန်းချုပ်တတ်ရပါသေးတယ်-
အဓိက-ပြောပြချင်တာကတော့-ခုခေတ်ပေါ်လူစီး-ကားအားလုံးနီးပါးမှာ-AT/CVT-စနစ်များနဲ့လာတဲ့-အော်တိုဂီယာ-ဖြစ်လို့သွားပါပြီ-
--ယခင်မော်ဒယ်များမှာ-ပါနေကျ--ဂီယာဘုတံကြီးဘေးနားက--အသီးလေးဖြစ်တဲ့--OverDrive- On/Off--ဆိုတဲ့ဖန်ရှင်လေးကို--
အရှိန်-90/100km--လောက်နဲ့မောင်းနေရင်း--လမ်းရဲ့-curve--တွေ-band ---တွေကိုရောက်လာတဲ့အခါ--ဘရိတ်ကိုအရင်မဖမ်းပဲ--
-O/D --On-Off--ဖန်ရှင်ဘုလေးကို-ဖွင့်လိုက်ပိတ်လိုက်ကစားပြီးမောင်းတတ်ဘို့-ကိုလည်းလက်တွေ့ပြောပြလိုက်ပါတယ်--
-P-နဲ့-R--ကိုထိုးဘို့နှိပ်လိုက်ရတဲ့ဘုအကြီးမဟုတ်ပါ---ဒါနဲ့မမှားပါနဲ့--
အဆိုးဆုံးက-ဒီဘုလေးအလုပ်လုပ်ပုံကိုဘာမှန်းမသိ-ညာမှန်းမသိပဲ--ကိုင်လို့ကောင်း-ကြည့်လို့ကောင်းအောင်--အလှအပအစွပ်တွေစွပ်လိုက်တာဟာလည်း-
စနစ်တကျမောင်းဘို့ကိုသင်ပေးလို့မရတော့ပါဘူး--တတ်နိုင်ရင်လက်ကိုင်ဂီယာတံကိုဘာမှမစွပ်ပါနဲ့--ဟုတ်တယ်ဟုတ်-
ဒီ-ဘုလေး-အဖွင့်အပိတ်ကို--ကီလိုမနဲမများအရှိန်လောက်ရောက်မှ-စမ်းကြည့်ရင်-
သူ့ရဲ့အလုပ်လုပ်ပုံကသိသာစွာတွေ့ရပါတယ်--မြို့ထဲနှေးနှေးမောင်းနေတဲ့အချိန်မျိုးမှာတော့--ထူးခြားတာတွေ့ရမှာမဟုတ်ပါ---
ဟိုက်ဝေးလမ်းကြောင်းပေါ်မှာ--ကီလို-မနဲမများနဲ့----၉၀-၁၀၀-ကျော်ကျော်လောက်မောင်းနေရင်း--စောစောကပြောပြတဲ့-ဂီယာတံလက်ကိုင်ကြီးအောက်နားက-
ဘေးဘက်မှာရှိတဲ့-ဒီဘုသီးလေးကိုနှိပ်လိုက်ရင်--ဒိုင်ခွက်ထဲမှာ--O/D --On-Off --ဆိုတဲ့လိမ္မော်ရောင်-မီးလေးလင်းလာပါလိမ့်မယ်-
-ဒီအချိန်မှာ--ဒီဖန်ရှင်ကစတင်အလုပ်လုပ်ပါပြီ--
-ကားရဲ့တက်လာတဲ့-Speed--ကို-ကွန်ထရိုးလေးလုပ်လိုက်ပါပြီ--ကား--အရှိန်နှုန်းမြန်လာမှုကို-သတိပေးချုပ်ချယ်လိုက်ပါပြီ-
ဂီယာဘောက်ခေါ်တဲ့ထရန်စမစ်ရှင်းအားကိုးနဲ့အရှိန်အမျိုးမျိုးပြောင်းကာမောင်းနေတဲ့-ကား-အမြန်နှုန်းဟာ-ရုတ်တရက်---စည်း--ကနဲဖြစ်သွားပါပြီ-
-လွတ်လွတ်လပ်လပ်ပေါ့ရွှတ်ရွှတ်ကြီး-နဲ့ပြေးချင်တိုင်းပြေးမနေတော့ပါဘူး--
-ဒီတော့--Over Drive --မဖြစ်အောင်ထိန်းထားပေးတဲ့သဘောလည်းသက်ရောက်သွားပါတယ်--ဒီအချိန်မှာဘရိတ်ကိုလိုအပ်လို့မှေးမယ်-နင်းမယ်ဆိုပါတော့-
အင်ဂျင်ကွန်ထရိုးတစ်ခုက-လိုအပ်သလိုပံ့ပိုးထားလို့--ဘရိတ်အတွက်လည်းအထောက်အကူပြုပါတယ်--
အမြဲတန်း-ဒီဘုလေးကို-နှိပ်ထားပြီးမောင်းရင်လည်းရပါတယ်----ဒိုင်ခွက်ထဲမှာ-လိမ္မော်ရောင်မီးလေးလင်းလာတာကိုမြင်ရပါမယ်---
နိုင်ငံခြားမှာတော့-ဟိုက်ဝေးလမ်းကိုတက်လိုက်ပြီဆိုတာနဲ့အပြီးနှိပ်မောင်းတယ်လို့သိရပါတယ်--သူ့အဓိပါယ်အရလည်း--အိုဗါဒရိုက်--မဖြစ်အောင်လုပ်ထားပေးတယ်ဆိုပါတယ်-
သူတို့ကတော့-ဆီလေးနဲနဲပိုစားတာကိုဂရုစိုက်ဘို့မလိုဘူးလေ--ဒီမှာက--ဒါမျိုးကိုလုပ်ဘို့အသာထား--ဆီစားသက်သာအောင်-ဘာဂီယာဖြစ်ဖြစ်-
ဖရီးရိုက်နေတာကိုတွေ့နေရပါတယ်----ဂီယာကွန်ထရိုးမပါပဲလွတ်လွတ်လပ်လပ်ကြီးသွားနေတဲ့ကားဟာအလွန်အန္တရာယ်များပါတယ်--
ကားရပ်ဘို့အတွက်-ဘရိတ်တစ်ခုထဲပဲအားကိုးပြုရတော့မယ်--ဒါဟာမကောင်းပါဘူး--
အိုဗါဒရိုက်ကွန်ထရိုးနဲ့သုံးပြီးကားကိုအရှိန်နဲ့မောင်းနေတဲ့အခါ-
-စည်းစည်းလုံးလုံးနဲ့မောင်းနေတာကိုသိရမယ်---ဒါပေမယ့်--ဆီတော့နဲနဲပိုစားပါမယ်----
လမ်းကွေ့တွေ-အစောင်းတွေရောက်တဲ့အခါ--မှာ--ရုတ်တရက်--အရှိန်များသွားတာကိုမခံရပါ--OverDrive--ဖြစ်လာမှာကိုတားဆီးပေးထားတာပါ--
နင်းလိုက်ရင်လည်း--စည်းစည်းလုံးလုံးနဲ့ကားကပြေးမယ်-လီဗါကိုလွှတ်လိုက်ရင်လည်း--ကားက--ဂီယာအောက်တစ်ချက်ကိုဆင်းသွားသလို--ငြိမ့်ကနဲ-
ကွန်ထရိုးအငယ်စားလေး-တစ်ခု၀င်သွားကာ-ထိန်းလို့သိမ်းလို့ကောင်းမယ်ပေါ့ဗျာ--ဘရိတ်အားကိုးနဲ့ထင်တိုင်းမမောင်းရပါဘူး--
ကိုယ်မောင်းနိုင်တဲ့အခြေအနေ-လမ်းအခြေအနေများကိုတွက်ဆကာ--ကိုယ်နိုင်တဲ့ကွန်ထရိုးနဲ့ကားကိုမောင်းရပါတယ်ခင်ဗျာ--
[ ဂီယာတံလက်ကိုင်ဘုပေါ်လက်ကလေးတင်--အော်တိုဂီယာလို့-သဘောမထားပဲ--ဒီ-ဘုသီးလေးကို-လိုအပ်တဲ့အခါ-ဖွင့်လိုက်ပိတ်လိုက်နဲ့မောင်းတတ်ရင်တော့-
အကောင်းဆုံးပေါ့ဗျာ-]

-ကားမောင်းရင်းအပျင်းလည်းပြေတာကိုတွေ့ရမှာပါ--လုပ်စရာအလုပ်တစ်ခုကိုလည်းအမြဲလုပ်ပြီးသားဖြစ်နေတော့--အိပ်ငိုက်လာတဲ့-စိတ်လည်း-
မရှိတော့ဘူးပေါ့--
မောင်းချင်သလိုမောင်း--ကွေ့တွေ-အစောင်းတွေတွေ့တာနဲ့ဘရိတ်ကိုရုတ်တရက်ဖမ်းရင်--ဗဟိုခွါအားတို့--အီနားရှားတို့ဆိုတဲ့သဘောနဲ့ကားကမှောက်တတ်ပါတယ်-
လမ်းကြောင်းလွဲထွက်တတ်ပါတယ်----
မော်တော်ကားရဲ့-ဘရိတ်ဆိုတာ---****ဘီး-၄-ဘီးကိုသာရပ်တန့်စေတဲ့ကိရိယာပါ--****
***ကားတစ်စီးလုံးကိုရပ်တန့်စေတဲ့--အရာ--မဟုတ်ပါ--ဆိုတာကိုလည်း--သိသူအလွန်နည်းပြီး--ဘရိတ်အားကိုးနဲ့မောင်းနေကြသူများနေလို့ပါ--
စောစောကပြောခဲ့တဲ့--အိုဗာဒရိုက်ကွန်ထရိုးဘုအသေးလေးက--နောက်ပေါ်ဇစ်-ဇက်-ဂီယာတံနဲ့လာတဲ့-ကားအချို့မှာတော့သီးခြားပါမလာတော့ပါဘူး--
(3- AT--ပဲရှိတဲ့မီနီထရပ်ခွေးဘီလူးအုပ်စုကားများမှာမပါပါ-)
ဇစ်-ဇက်-ဂီယာတံနဲ့လာတဲ့-ဒီကားမျိုးမှာတော့---D-နဲ့-ကပ်လျက်နေရာမှာ--S--ဆိုပြီးရေးထားပါတယ်--အရှိန်များလာရင်--စောစောကပြောထားတဲ့-ဘုသီးလေးကိုနှိပ်သကဲ့သို့---သဘောထားပြီး-
ဂီယာတံကို-D--နေရာမှ--S--နေရာကို-ရဲရဲတင်းတင်းပြောင်းလိုက်ပါ---ကားအရှိန်က-စနစ်တကျလျော့ကျသွားတာကိုတွေ့ရပါမယ်--ရိုးရိုး-AT-ဂီယာတံက-2-ကိုပြောင်းလိုက်သလိုပါပဲ-
ဒါလည်း--အိုဗါဒရိုက်ကွန်ထရိုးပါပဲ--မိမိထိန်းသိမ်းနိုင်တဲ့အရှိန်ကိုပြန်ရတော့မှ-D-ကိုပြန်ထားလိုက်ပါ--မြေပြန့်လိုခရီးဝေးသွားရင်-
ဒီလောက်တော့-ကွန်ထရိုးအသီးသီးလုပ်နိုင်ရပါမယ်---ကျန်တဲ့-ဂီယာ-နေရာပြ-2-တို့--L--တို့အကြောင်းကတော့--သာမာန်မောင်းမယ့်သူများအတွက်-နေပြည်တော်လိုမြေပြန့်လမ်းအတွက်-
သုံးစရာမလိုပါ---တောင်ပေါ်/မြေပြန့်-တက်လိုက်ဆင်းလိုက်လုပ်တဲ့အခါမှသုံးရမှာမို့-ခုတော့ရှင်းမပြသေးပါဘူး--ခုပြောနေတဲ့ခေါင်းစဉ်နဲ့

Category

Website

Address

မြောက်ဒဂုံမြို့နယ်
Yangon
အချိန်ပြည့်

Alerts

Be the first to know and let us send you an email when MNO Driving.Training posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.