SHIM

SHIM

Share

ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်နဲ့ လူမှုဘဝဆက်ဆံရေးတွေကို တည်ဆောက်နိုင်ဖို့ Mindfulness based Self-Awarenes

16/07/2026

Workplace Mindfulness

အလုပ်အကြောင်း မတွေးဘဲ ခေါင်းထဲရောက်နေတယ်။

လွန်ခဲ့တဲ့ ၆လလောက်တုန်းက သဉ္ဇာ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက် သူ့အလုပ်ထဲကလုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေလို့ အိမ်ပြန်ရောက်တဲ့အထိ စိတ်ညစ်နေရတယ်လို့ ရင်ဖွင့်လာခဲ့တယ်။

အဲ့ဒီအချိန်မှာ သဉ္ဇာ ပြန်ပြောပေးဖြစ်တာက အလုပ်မှာဖြစ်တဲ့အရာတွေကို အိမ်အထိ မသယ်လာနိုင်အောင် ကြိုးစားကြည့်ဖို့ပါပဲ။

ဒါက ပြောရတာတော့ လွယ်ပေမဲ့ တကယ်တမ်းလက်တွေ့မှာတော့ သိပ်မလွယ်လှဘူး။

သဉ္ဇာကိုယ်တိုင်လည်း အလုပ်ကြောင့် စိတ်ဖိစီးမှုတွေ ကြုံလာရတဲ့အခါ အလုပ်က ကိစ္စတွေကို ကိုယ့်ရဲ့ personal timeမှာ မတွေးမိအောင် ကြိုးစားရတာ လုံးဝမလွယ်ကူဘူးဆိုတာကတော့ လက်တွေ့ပါပဲ။

ဘာလို့လဲဆိုတော့...သဉ္ဇာတို့က တစ်နေ့တာမှာ အလုပ်အတွက် (၈) နာရီလောက် အချိန်ပေးကြရတယ်။

ဒါပေမယ့်...သဉ္ဇာတို့ စိတ်ကတော့ ၈ နာရီနဲ့ အလုပ်မဆင်းနိုင်ကြဘူး။

အလုပ်က ပြီးသွားပေမယ့်...
ကိုယ်ကတော့ ပြီးသွားတဲ့ အလုပ်ကို စိတ်ထဲမှာ ထပ်ခါထပ်ခါ ပြန်လုပ်နေတတ်တယ်။

တစ်ယောက်ယောက် ပြောလိုက်တဲ့ စကားတစ်ခွန်းကို ပြန်တွေးတယ်။

ကိုယ်လုပ်လိုက်တဲ့ အမှားတစ်ခုကို အခါခါ ပြန်ဝေဖန်တယ်။

မဖြစ်သေးတဲ့ မနက်ဖြန်ကို ကြိုစိုးရိမ်နေမိကြတယ်။

ဒီလိုနဲ့...အလုပ်က အပြင်မှာတော့ အလုပ်ကပြီးသွားလို့ အိမ်ပြန်ရောက်နေ​ပေမယ့် စိတ်ထဲမှာတော့ အလုပ်ထဲက အကြောင်းအရာတွေက ဆက်ပြီး လည်ပတ်နေတုန်းပဲ။

တကယ်တမ်း...လူကို ပင်ပန်းစေတာက အလုပ်ကြောင့်ချည်းပဲတော့ မဟုတ်ပါဘူး။

ပြီးသွားတဲ့ အဖြစ်အပျက်ကို မပြီးသေးတဲ့အရာတစ်ခုလို စိတ်က ဆက်ပြီး သယ်ဆောင်ထားမိတာကြောင့်လည်း ပါပါတယ်။

အဲ့ဒီလို အချိန်မျိုးတွေများလာတဲ့အခါ...သဉ္ဇာတို့ရဲ့ အလုပ်ဆင်းချိန်တွေဟာ အနားယူရမယ့်အချိန် မဟုတ်တော့ဘဲ အလုပ်ရဲ့ နောက်ဆက်တွဲခံစားချက်တွေကို ဆက်လက်သယ်ဆောင်ရတဲ့ အချိန်တစ်ခု ဖြစ်လာတတ်ပါတယ်။

သဉ္ဇာ့အတွက်တော့ အမြဲပြောနေကျ Mindfulnessဆိုတာ အကြောင်းအရာတွေနဲ့ စိတ်ခံစားချက်တွေကို မေ့ပစ်ဖို့ သင်ပေးတာ မဟုတ်ဘဲ
ပြီးသွားတဲ့ အရာကို ပြီးသွားတဲ့အရာအဖြစ် လက်ခံနိုင်ဖို့ သင်ပေးတာပါ။

အလုပ်ချိန်မှာ အလုပ်လုပ်ပါ။
အနားယူချိန်မှာ အနားယူပါ။

အဲ့ဒီနှစ်ခုကြားက နယ်နိမိတ်လေးကို သတိထားနိုင်လာတဲ့အခါ...

အလုပ်က ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေမယ်။

ဘဝတစ်ခုလုံးတော့ ဖြစ်လာမှာ မဟုတ်တော့ပါဘူး။

သဉ္ဇာလည်း pressure တွေကြုံလာတိုင်း Mindfulness ကို အမြဲသတိတရလေ့ကျင့်ပြီး ကြိုးစားဖြစ်နေဆဲပါပဲ။

ဒီအကြောင်းအရာကနေ ကိုယ့်ရဲ့ အလုပ်ခွင်အတွေ့အကြုံတွေကို ပြန်မြင်မိတယ်ဆိုရင် သဉ္ဇာ လက်ရှိမှာ Workplace Mindfulnes Program တွေကို ပြုလုပ်ပေးနေပါတယ်။

လုပ်ငန်းခွင် ဝင်နေကြသူတွေအနေနဲ့

🔹ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေ၊ အတွေးပုံစံတွေ၊ စိတ်ခံစားချက်တွေကို ပိုနားလည်လာပြီး

🔹အလုပ်ခွင်မှာ ပိုမိုတည်ငြိမ်စွာနဲ့ ဆက်ဆံပြောဆိုနိုင်ဖို့ Mindfulness-based Approach တွေကိုသုံးပြီး လေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။

အသေးစိတ် သိချင်တယ်ဆိုရင် Page Messenger ကနေ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်။

Serina

Photos from SHIM's post 25/06/2026

ပြောဆိုညှိနှိုင်းရ ခက်ခဲတဲ့သူတွေနဲ့ ဆက်ဆံရတဲ့အခါ...

လုပ်ငန်းခွင်မှာ လူတိုင်းနဲ့ အဆင်ပြေဖို့ဆိုတာ မလွယ်ပါဘူး။

တချို့လူတွေက ပြောဆိုရခက်ခဲတတ်သလို၊ တချို့ဆက်ဆံရေးတွေကလည်း ကိုယ်ရဲ့ energyကို မျှော်လင့်ထားတာထက် ပိုမိုကုန်ခမ်းစေနိုင်ပါတယ်။

ဒီလိုအခြေအနေတွေမှာ တစ်ဖက်လူကို ပြောင်းလဲဖို့ ကြိုးစားတာထက် ကိုယ့်ရဲ့ တုံ့ပြန်ပုံကို သတိရှိရှိ ရွေးချယ်နိုင်ဖို့က ပိုအရေးကြီးပါတယ်။

ဒီ Post မှာတော့ ခက်ခဲတဲ့ Conversation တွေကို ပိုမိုတည်ငြိမ်စွာ ကိုင်တွယ်နိုင်ဖို့ "STOP" Mindfulness Technique ကို အခြေခံထားတဲ့ ရိုးရှင်းလွယ်ကူတဲ့ Mindfulness Tips လေးတွေကို မျှဝေပေးထားပါတယ်။

“SHIM – A Space to Clear Your Mind.”

by Serinara

23/06/2026

[ဒီအလုပ်ကြီး မလုပ်ချင်တော့ဘူး]

Monday မနက် Alarm မြည်တာနဲ့ စိတ်ပင်ပန်းသွားတာမျိုး ကြုံဖူးလား။

Phone Notification တက်လာတိုင်း အလုပ်က Message ဖြစ်နေမလားဆိုပြီး ရင်ထဲ ထိတ်ကနဲ ဖြစ်သွားတာမျိုးရော။

Meeting တစ်ခုပြီးတစ်ခု တက်နေရင်း To-do List ကတော့ မပြီးနိုင်သေးဘူး။

အလုပ်ချိန်ပြီးသွားပေမဲ့ စိတ်က အလုပ်ထဲက မထွက်နိုင်သေးဘူး။

အိမ်ရောက်တဲ့အထိ အလုပ်အကြောင်းတွေးနေမိတယ်။

အဲ့ဒီလိုရက်တွေ များလာတဲ့အခါ

"ဒီအလုပ်ကြီး မလုပ်ချင်တော့ဘူး..." ဆိုတဲ့ အတွေးမျိုး ဝင်လာတတ်ပါတယ်။

Burnout ဖြစ်နေတဲ့အချိန်မှာ လူတော်တော်များများက "အလုပ်ထွက်လိုက်သင့်လား?" ဆိုတာကို အရင်စဉ်းစားမိတတ်ကြပါတယ်။

ဒါပေမဲ့ တစ်ကယ်တမ်းကတော့ အလုပ်ထွက်လိုက်ဖို့ထက် ဒီပြသနာတွေရဲ့ အကြောင်းရင်းကို သိလိုက်နိုင်ဖို့က ပိုပြီး အရေးကြီးပါတယ်။

ပင်ပန်းလွန်းလို့ အလုပ်ထွက်လိုက်သည့်တိုင်အောင် ကိုယ့်ရဲ့စိတ်ကို သေချာနားမလည်နိုင်သေးတဲ့အတွက် ခဏပဲအနားရမှာပါ။

တစ်ခါတလေ ပြဿနာက အလုပ်တစ်ခုတည်းကြောင့် မဟုတ်ဘဲ

▪️သတိမထားမိခဲ့တဲ့ စိတ်ဖိစီးမှုတွေ၊
မဖြေရှင်းရသေးတဲ့ စိတ်ခံစားချက်တွေ၊
▪️ထပ်ခါထပ်ခါ ဖြစ်ပေါ်နေတဲ့ အတွေးပုံစံတွေကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။

ဒီအကြောင်းရင်းတွေကို နားမလည်သေးဘဲ အလုပ်ပြောင်းလိုက်ရင် နေရာသစ်တစ်ခုမှာ အလုပ်လုပ်နေပေမဲ့ တူညီတဲ့ စိတ်ဖိစီးမှုတွေ၊ တူညီတဲ့ ပင်ပန်းမှုတွေကိုပဲ ပြန်လည်ကြုံတွေ့နေရဦးမှာပါပဲ။

ဒါကြောင့်

🔹ကိုယ့်ရဲ့ စိတ်ဖိစီးမှု Pattern တွေ၊

🔹စိတ်ခံစားချက်တွေရဲ့ Root Cause တွေကို

အရင်နားလည်ဖို့က အလုပ်ပြောင်းဖို့ထက် ပိုပြီးအရေးကြီးပါတယ်။

အောင်မြင်ပျော်ရွှင်တဲ့ လုပ်ငန်းခွင်နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့ ကိုယ့်ရဲ့ Problem Pattern တွေကို သိဖို့လိုအပ်ပါတယ်။

➡️ကိုယ်အမြဲကြုံနေရတဲ့ Problem Pattern တွေက ဘာတွေလဲ။

➡️ဖြေရှင်းဖို့လိုနေတဲ့ တကယ့်ပြဿနာက ဘာများလဲ။

အဖြေတွေကို အပြင်မှာ ရှာမယ့်အစား ကိုယ့်ကိုယ်ကို နားလည်ဖို့ကနေ စကြည့်နိုင်ပါတယ်။

👉SHIM မှာ အတူ အဖြေရှာကြည့်နိုင်ပါတယ်။

“SHIM- A space to clear your mind.”
by Serinara

18/06/2026

[တစ်ကြိမ်မှာ တစ်ခုပဲ]

အလုပ်တာဝန်တွေ များလွန်းလို့ စိတ်ဖိစီးနေတယ်။

လုပ်စရာတွေများတဲ့နေ့တွေဆိုရင် လုပ်ရမယ့်အလုပ်တွေက တစ်ခုပြီးတစ်ခုနဲ့ ပိုများတယ်လို့ ထင်ရတယ်။

Message တွေ ဝင်နေတယ်။
Meeting တွေ ရှိနေတယ်။
Deadline ကလည်း နီးလာနေတယ်။

ဒီလိုအချိန်တွေမှာ စိတ်ဖိစီးမှုတွေ ဖြစ်လာတာ သဘာဝပါပဲ။

ဒါပေမဲ့ စိတ်မောလူမောဖြစ်ရတယ်ဆိုတာ အလုပ်တွေများလို့ မဟုတ်ဘဲ
"ဒီနေ့ ဒီအလုပ်တွေ အကုန်ပြီးပါ့မလား"
"အချိန်မီ မပြီးရင် ဘယ်လိုလုပ်မလဲ"
"အမှားပါသွားရင်ရော"
ဆိုတဲ့ အတွေးတွေကို စိတ်ထဲမှာ တစ်ပြိုင်တည်း တွေးနေမိလို့ပါပဲ။

ဒီလိုအလုပ်တွေ ပုံနေတဲ့အချိန်မှာ ခဏလောက်ရပ်ပြီး ကိုယ့်ကိုယ်ကို ဒီမေးခွန်းလေး မေးကြည့်လိုက်ပါ။

"အခု ဒီအချိန်မှာ တကယ်လုပ်ဖို့ လိုအပ်နေတဲ့ အလုပ်တစ်ခုက ဘာလဲ?"

ပြီးရင် အဲဒီအလုပ်တစ်ခုတည်းကိုပဲ အာရုံစိုက်ကြည့်ပါ။

အလုပ် ၁၀ ခုကို တစ်ပြိုင်တည်း ပြီးအောင် လုပ်ဖို့ မလိုပါဘူး။
လုပ်ရမှာတွေ ဘယ်လောက်ပဲများများ အခုလက်ရှိအချိန်မှာ တစ်ခုချင်းစီပဲလုပ်လို့ရမှာပါ။

စိတ်မောလူမောဖြစ်ရတာက အလုပ်များလို့ မဟုတ်ပါဘူး။
အလုပ်အားလုံးကို တစ်ပြိုင်တည်း စိတ်ထဲမှာထည့်ထားပြီး အကုန်လုံးကို မြန်မြန်ပြီးစေချင်နေလို့ဖြစ်ပါတယ်။

ဒီနေ့တော့...ပြီးအောင်လုပ်ရမယ့် အလုပ်အားလုံးကို မတွေးခင် လက်ရှိလုပ်နေတဲ့ အလုပ်တစ်ခုကိုပဲ အာရုံစိုက်ကြည့်လိုက်ပါ။

တစ်ကြိမ်မှာ တစ်ခုပဲလုပ်သွားရင်ကို အဆင်ပြေပါတယ်။

အဆင်ပြေဖို့ မျှော်လင့်ပါတယ်။

“SHIM- A space to clear your mind.”

by Serinara

16/06/2026

[Notification တစ်ခုတက်လာတိုင်း ကြောက်နေမိတယ်]

Phone ထဲက Notification တစ်ခုတက်လာတာနဲ့…
ရင်ထဲမှာ “ထိတ်” ခနဲ ဖြစ်သွားတယ်။

ဘာများဖြစ်သွားပြီလဲ? ဘာများမှားသွားလဲ? ဆိုပြီး Anxiety တွေချက်ချင်းတက်လာတယ်။

တကယ်တော့ Phone Notiကြောင့် ရင်ထိတ်သွားတာ မဟုတ်ပါဘူး။

သူ့ရဲ့နောက်ကွယ်မှာ
▪️အမှားလုပ်မိမှာကို ကြောက်တဲ့စိတ်
▪️အထင်သေးခံရမှာ စိုးရိမ်တဲ့စိတ်
▪️အခြားသူရဲ့ ဝေဖန်ခံရမှာကို စိုးရိမ်တဲ့စိတ်
▪️Perfectဖြစ်နေဖို့ ကိုယ့်ကိုယ်ကို ဖိအားပေးထားတဲ့စိတ် တွေရှိနေတတ်ပါတယ်။

ကိုယ်တိုင်သတိမထားမိတဲ့ ဒီအတွေးတွေကြောင့် ဘာမဟုတ်တဲ့ Phone Notification အသံလေးတစ်ခုကို ကြားမိလိုက်တာနဲ့ လန့်သွားရတာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလိုခံစားရတာက ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။

နောက်တစ်ခါ Notification တက်လာတဲ့အခါ ခဏလေး ရပ်ပြီး ကိုယ့်ကိုယ်ကို ဒီမေးခွန်းလေးမေးကြည့်ဖို့ သတိရပေးပါ။

“အခု ဘာကိုစိတ်ပူနေတာလဲ။ ဘာကြောင့်လဲ။”

အဆင်ပြေဖို့ မျှော်လင့်ပါတယ်။

“SHIM- A space to clear your mind.”

by Serinara

11/06/2026

တစ်ခုခုမှားသွားမှာ ကြောက်တယ်။

တစ်စုံတစ်ယောက်က အမှားလုပ်မိမှာကို ကြောက်တယ်ဆိုတာ မှားသွားမယ်ဆိုတာထက်

• ဒီအရာကြောင့် အခြားသူတွေရဲ့ အထင်အမြင်သေးတာကို ခံရမှာ၊

• အသုံးမကျဘူးလို့ ထင်ခံရမှာ၊

• ကိုယ့်ပတ်ဝန်းကျင်က ချစ်ခင်ရသူတွေနဲ့ ကိုယ်တိုင်ရဲ့ မျှော်လင့်ချက်တွေကို မဖြည့်ဆည်းနိုင်မှာကို တွေးပြီးကြောက်နေတတ်ကြတာဖြစ်ပါတယ်။

အဲ့ဒီကြောက်စိတ်တွေကြောင့်ပဲ

▪️စတောင်မစရသေးဘဲ အဆုံးသတ်သွားတဲ့ အရာတွေရှိတယ်။

▪️ကြိုးစားလို့ရနေသေးတဲ့ အခွင့်အရေးတွေကို လက်လွှတ်လိုက်ရတယ်။

➡️ အမှားလုပ်မိတာက ကြောက်ဖို့​မကောင်းပါဘူး။

အမှားလုပ်မိမှာကို စိုးရိမ်နေတဲ့ အတွေးတွေကပဲ ကြောက်စိတ်ကို ဖန်တီးပေးလိုက်တာဖြစ်ပါတယ်။

ကိုယ်တိုင်ရော အမှားလုပ်မိမှာကို ကြောက်နေမိလား။

ဒါမှမဟုတ် မလုပ်နိုင်ဘူးလို့ ထင်ခံရမှာကို ကြောက်နေမိလား။

“SHIM- A space to clear your mind.”

by Serinara

09/06/2026

Perfectionist တွေအတွက် အခက်ခဲဆုံးအရာက အမှားကို လက်ခံဖို့ မဟုတ်ပါဘူး။

ကိုယ်တိုင်ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပေးလိုက်နိုင်ဖို့ပါပဲ။

ဘာပဲလုပ်လုပ် အမြဲတမ်း မလုံလောက်သေးဘူးဆိုပြီး အပြန်ပြန်အလှန်လှန် သုံးသပ်နေရင်းက ခြေကုန်လက်ပမ်းကျပြီး Burn Out ဖြစ်မှန်းမသိ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် Perfectionist တွေအတွက် အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကို ပြန်ပြီး နားလည်ပေးနိုင်ဖို့ပါပဲ။

အခြားလူတစ်ယောက်က ကိုယ့်ကိုအသိအမှတ်ပြုတာ၊ ချီးကျူးတာတောင် သဘောကျတယ်ဆိုရင် ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးထားပြီး ချီးကျူးပေးသင့်တယ်ဆိုတာ မမေ့လိုက်ဖို့လည်း လိုအပ်ပါတယ်။

နေ့ရက်တိုင်းအတွက် အကောင်းဆုံး ကြိုးစားထားတဲ့ ကိုယ့်ကိုယ်ကို အသိအမှတ်ပြုပေးလိုက်ရအောင်။

“SHIM- A space to clear your mind.”

by Serinara

04/06/2026

➡️ အကောင်းဆုံးပဲ ဖြစ်ချင်ပါတယ်။

လုပ်ငန်းခွင်တိုင်းမှာ အရမ်းအလုပ်ကြိုးစားတဲ့သူတွေရှိတတ်ကြတယ်။

သူတို့က အမြဲပြည့်စုံနေချင်တဲ့သူတွေပေါ့။

ဘာပဲလုပ်လုပ် ပြီးပြည့်စုံနေမှ၊ အကောင်းဆုံး ဖြစ်နေမှ ကြိုက်ကြတယ်။

ဒါကြောင့် သူတို့လုပ်တဲ့ အလုပ်တွေတိုင်းက အပြစ်မရှိအောင် ပြည့်စုံတယ်။ စိတ်ချရတယ်။

ကိုယ်တိုင်ကလည်း အမှားမပါချင်တော့ သူတို့လုပ်တဲ့အလုပ်မှန်သမျှကလည်း ရလဒ်အကောင်းဆုံးပဲထွက်ဖို့ အမြဲကြိုးစားကြတယ်။

ဒါပေမဲ့ "တွေးထားသလောက် မလုပ်နိုင်ခဲ့ဘူး"
"ဒီထက် ပိုလုပ်နိုင်ခဲ့ရမှာ" ဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်တတ်ကြတာလည်း သူတို့ပါပဲ။

သူတို့ရဲ့ Expectation Setting ကိုကမြင့်နေတော့
အခြားသူတွေက ဘယ်လောက်ပဲချီးကျူးနေပါစေသူတို့ကိုယ်တိုင်ရဲ့ Goal ကိုမရောက်မချင်း ကြိုးစားတတ်ကြတဲ့သူတွေပါ။ သူတို့ရဲ့ပြိုင်ဖက်ဆိုတာလည်း သူတို့ကိုယ်တိုင်ပါ။

ဒါကြောင့် တစ်ခါတလေ အခြားသူတွေထက် သူတို့က စိတ်ရောကိုယ်ပါ ပိုပြီးပင်ပန်းကြရတယ်။

Perfectionist တွေအတွက် အခက်ခဲဆုံးအရာက
"ဒီလောက်ဆို ငါအကောင်းဆုံး လုပ်နိုင်ခဲ့တယ်" လို့ ကိုယ့်ကိုယ်ကို အသိအမှတ်ပြုပေးနိုင်ဖို့ ဖြစ်နေတတ်ပါတယ်။

💭ဒီစာကိုဖတ်နေတဲ့သူကရော Perfectionist တစ်ယောက်လား? Comment မှာ ပြောပြခဲ့ပါဦး။

“SHIM- A space to clear your mind.”

by Serinara

02/06/2026

လုပ်ငန်းခွင်ဝင်နေကြသူ အများစုဟာ

▪️နေ့စဉ်အလုပ်တာဝန်တွေကြောင့် ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေ
▪️လုပ်ဖော်ကိုင်ဖက်တွေ အထက်အောက် ဆက်ဆံရေးတွေကြောင့် ဖြစ်လာတဲ့ စိတ်ပင်ပန်းမှုတွေ
▪️ထုတ်မပြောဖြစ်တဲ့ စိုးရိမ်မှုတွေနဲ့ Emotional Struggles တွေကို ကြုံတွေ့နေရပါတယ်။

လုပ်ငန်းခွင်တစ်နေ့တာရဲ့ အဆုံးသတ်မှာ စိတ်ရောကိုယ်ပါ ပင်ပန်းနေတတ်တာက အလုပ်များတာအပြင် အလုပ်နဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေ၊ မဖြေရှင်းရသေးတဲ့ စိတ်ခံစားချက်တွေ၊ အမြဲတွေးပူနေတဲ့ အတွေးတွေကြောင့်လည်း ဖြစ်နေတတ်ပါတယ်။

SHIM က လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ခံစားချက်တွေ၊ အတွေးတွေကို ပိုမိုနားလည်လာဖို့နဲ့ Self-Awareness ကို မြှင့်တင်နိုင်ဖို့ ဆွေးနွေးနိုင်မဲ့ နေရာတစ်ခုဖြစ်ပါတယ်။

အတွေးရှင်းရှင်း၊ စိတ်ရှင်းရှင်းနဲ့ လုပ်ငန်းခွင်နေ့ရက်တွေကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ SHIMက အသင့်ရှိနေမှာပါ။

“SHIM- A space to clear your mind.”

by Serinara

Website

Address

Kamayut Township
Yangon
11211