Breakthrough Zone

Breakthrough Zone

Share

What we can do?

16/06/2026

လောကကြီးမှာ လူတွေအကုန်လုံးကလေ အတူတူပဲ
ဘာတူတာလဲဆိုတော့ သူများအားနည်းချက်ကိုချနင်းတာခြင်းတူညီတာ
ငါဒီအရာနဲ့ပတ်သက်ပြီး trauma ရှိတဲ့အတွက် ကျေးဇူးပြုပြီးမလုပ်ဖို့တောင်းပန်ခဲ့ဖူးပေမယ့် ဒီအားနည်းချက်ကိုပဲနောက်ဆုံးချနင်းသွားကြတာ
လူတွေကကိုယ်ချင်းစာစိတ်ကင်းမဲ့လာတာလား ဒါမှမဟုတ် ငါကပဲအထိခိုက်မခံလွန်းတာလား
သေချာတာကတော့အကုန်လုံးက ရင်ဘတ်အပေါက်နဲ့လူတွေကြီးပါပဲ အမြဲဖြည့်နေရတဲ့ရင်ဘတ်အပေါက်ကြီးတစ်ခုပေါ့
ဘာတွေနဲ့ပဲဖြည့်နေပါစေ ဘယ်တော့မှမပြည့်ဝသွားနိုင်တဲ့ ဆာလောင်မှု ဝမ်းနည်းမှုတွေနဲ့ လေးလံမှုတွေကိုသယ်ပိုးပြီး ရှေ့ဆက်လျှောက်နေကြရတာပါပဲ
ဘဝကတိုတိုလေးလို့ပြောကြပေမယ့် အိပ်မရတဲ့ညတွေကတော့ရှည်တာပဲ မနက်မိုးလင်းတဲ့အထိအိပ်မရတဲ့ညတွေနဲ့
ကောက်ရိုးတစ်မျှင်လောက်ပဲရှိတဲ့ မျှော်လင့်ချက်တွေကြားထဲမှာ နောက်ဆုံးကိုယ့်ကိုကိုယ်ပါ ပြန်ရှာမတွေ့တော့တဲ့ထိပဲ
မှန်လား မှားလား ဆုံးဖြတ်ချက်တွေကိုဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတော့တဲ့အထိ လူတွေဟာ ကိုယ်ချင်းစာစိတ်ကင်းမဲ့သွားကြတာလား ဒါမှမဟုတ် ဒါကဘဝပဲလား
If life is like this I don’t want it

Category

Telephone

Address

1st Street
Yangon
YGN