Choice

Choice

Share

💯100% authentic & direct from 🇹🇭
Thank you for shopping with us❣️

Photos from Choice's post 21/06/2026

နောက်ဆုံးဈေးရောင်းတင်ခဲ့တာ July August 2025 ကမို့ ခုဆို ၁နှစ်နီးပါးရှိပါပြီ.. အဲ့တုန်းက ကောက်ခဲ့သော order များအားလုံး အားနာစွာနဲ့ပဲ cancel လုပ်ပါရစေရှင် .. ❗️

တစ်ဦးချင်းလိုက်ပြောဖို့ ကြိုးစားပေမဲ့လဲ အဆင်မပြေတာမို့ ဒီ Post လေးနဲ့ပဲ အသိပေးပါရစေနော်..

ပစ္စည်းတွေရောက်ရင်ယူပါမယ် ပြောခဲ့ကြသော တစ်ဦးချင်းစီကို တကယ်ကျေးဇူးတင်ပါတယ်.. ကျေးဇူးလဲတင် အားလဲနာရတာမို့ ဒီ post ကနေပဲ Cancel လုပ်ခွင့်ပြုပါနော်.. ❗️

Page လေးကနေ သတိတရ အဆင်ပြေရဲ့လား ဈေးမရောင်းတော့ဖူးလား လာလာမေးကြတဲ့ တစ်ဦးချင်းကိုလဲ ကျေးဇူးတင်ပါတယ် မေတ္တာဓါတ်တွေလဲ ရရှိပါတယ်.. ဒီတစ်နှစ်အတွင်းမှာ စာမပြန်ဖြစ်တာ ပစ္စည်းပို့တာနောက်ကျသွားမိတာတွေအတွက်အနူးအညွတ်တောင်းပန်ပါရစေနော်🙏

❗️Preorder item များအားလုံး Cancel ပါရစေရှင် ငွေလွှဲထားသူများ ကို ပြန်မလွှဲရသေးတာ ရှိသေးရင် page မှာ အချိန်မရွေး ပြန်လာယူပါရှင် ( prepaid တော့ ကောက်လေ့မရှိပေမဲ့ preorder များသွားချိန်မှာ deposit အနဲငယ် (10000-20000) ယူထားတာလေးတွေရှိတာမို့ပါ ပြန်လဲလွှဲထားပြီးပါပြီ ကျန်နေခဲ့တာရှိရင်လဲ အချိန်မရွေးလာယူလို့ရပါတယ်ရှင် ❗️

21/06/2026

ပစ္စည်းတွေ မရချိန်မှ page က ဝင်မရလိုက် log ကျ သွားလိုက်မို့ စာလေးတွေ ဝင်ထားတာလဲ မပြန်နိုင်တာကြာပါပြီ..

အရင် post အဟောင်းတွေ ရသေးလားမေးကြတာ တွေ အများကြီးဝင်ပါတယ် ခုချိန် အဲ့ဈေးတွေနဲ့ ဘယ်မှာမှ မရတော့ပါဖူးရှင်

ဒီ page admin တွေ ဈေးမရောင်းချင်ဖူးထင်မှာဆိုးလို့ပါ ..

Date နီးသော items များရယ် လက်ကျန်တာလေးတွေကို ဈေးလေးညှိပြီးတင်ဖို့ ရှိပါတယ် တခြားသော personal အကြောင်းကြောင်းကြောင့် မတင်ဖြစ်သေးတာပါ post အသစ်တင် မရောင်းဖြစ်သေးပါဖူးရှင် သတိတရ ရှိပေးကြတာ ကျေးဇူးအများကြီးတင်ရပါတယ်..

Post လေးတွေ တင်မယ်ဆို ကြိုပြောပါ့မယ်ရှင်

Prepaid ရှင်းထားပြီး ပစ္စည်းမရသေးသူများ စရံလေးတွေ ပြန်လာယူကြပါအုံးနော် ပြန်လွှဲထားပြီးပေမဲ့ ကျန်ခဲ့မှာ စိုးလို့ပါ..

03/05/2026

ခက်ခက်ခဲခဲ နဲ့ အစပျိုးထားရပြီး သေချာတည်ဆောက်ထားရတဲ့ Business တစ်ခုကို ရုတ်တရပ် ရပ်လိုက်ရတဲ့အခါ အဓိက ထိခိုက်သွားရတာ စိတ်ပိုင်းဆိုင်ရာပါ..

မရောက်လာတော့တဲ့ ပစ္စည်း ပုံးတွေရယ် Tracking လဲ လိုက်မရ ဘယ်ဆီမှန်းမသိနေတာတွေရယ် ဆက်သွားဖို့ရာလဲ မလွယ်ကူတဲ့ အခြေအနေတွေမှာ ဘာဆက်လုပ်ရမယ် မသိတော့ပဲ ရှိနေပြီးသား အပို ပစ္စည်းတွေလဲ ထုတ်မရောင်းနိုင် စာရင်းတွေလဲ မလုပ်နိုင်တော့ အကုန်ပစ်ထားပြီး နေခဲ့တာ လ အတော်ကို ကြာခဲ့ပါပြီ..

ကိုယ်တိုင်လဲဆောက်တည်ရာမရချိန်မှာ အခြားသော ကိစ္စရပ်များကြောင့်လဲ လူအပိုလဲမရှိချိန် အကုန် လစ်ဟင်းသွားတာတွေ အတွက် ပစ္စည်း မပို့နိုင် လိုက်တာတွေ အတွက် Customer အားလူံးကို တောင်းပန်ပါတယ်နော် ( ဒီ ၅ နှစ်တာမှာ ဒါ ပထမဆုံးအကြိမ် လစ်ဟင်းမှုပါ)

Deposit ပေးထားတာတွေ အကုန် Refund ပြန်လွှဲပေးထားပါတယ် ပို့ဖို့ပြောလက်စတွေလဲ သေချာ ပို့ထားပေးပါပြီ.. ဆက်မရောင်းတော့ဖူးလားလို့ လာမေးကြရင် လက်ရှိ အခြေအနေက နေ့စဉ် ပြောင်းလဲမှုတွေရယ် ဈေးပြန်ဝယ်မယ်လုပ်လိုက် လမ်းက ပြန်ပိတ်လိုက် .. နေ့ရက်တိုင်းက ဘာမှန်းမသိတာရော Cargo fees ရဲ့ ကြောက်ခမန်းလိလိ တက်တာတွေကြောင့် ဘယ်ကစရမယ်ကိုမသိတော့ပဲ ကိုယ်တိုင်လဲ လမ်းပျောက်နေသေးတာမို့ ဆက်မရောင်းဖြစ်သေးပါဖူးရှင်..

လက်ကျန် Ground Stock တွေ စစ်ပြီးရင်တော့ လက်ကျန်လေးတွေ အကုန် ဖြတ်ရင်း .. လုပ်ငန်းတွေ ပြန်အဆင်ပြေမဲ့အချိန် ကိုပဲ မျှော်ရမယ်ထင်ပါတယ်..

ဒီကာလတွေမှာ ကျန်းမာရေးက အရေးကြီးတာကို ကိုယ်တိုင်သိလိုက်ရလို့ အမတို့လဲ နေကောင်းကျန်းမာအောင်နေကြပါအုံးနော် .. အရင်လို ဈေးသေချာလေး ပြန်ရောင်းခွင့်ရဖို့ကိုပဲ မျှော်လင့်နေပါတော့မယ်.

05/01/2026

ခုပို့ဖို့ လိုက်ပြောဖြစ်တာတွေက လက်ရှိ ရန်ကုန်ကိုရောက်ထားတာတွေပါ လတွေကြာတော့ မယူဖြစ်တာတွေလဲ cancel တွေ အကုန်နောက်မှ instock sale သီးသန့်တင်ပါမယ်ရှင်

Cargo ဆီပိတ်မိနေသော Mossdoom, Bostanten, Hodekt ,Corolla တွေကတော့ ရောက်ခါမှပဲ Cancel post တင်ရတော့မှာပါ ( မယူဖြစ်တော့တာတွေ အများကြီးပါ )

ခုရောက်တာတွေကိုလဲ မယူတော့ရင် ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်နော် စောင့်ထားပေးတာကိုပဲကျေးဇူးတင်ပါတယ် .. ပစ္စည်းတွေတော့ မသိမ်းထားပေးတော့ပါဖူးရှင် စာရင်းတွေ အကုန်ဖြတ်ပြီးခါမှပဲ Instock တွေလဲ တင်လို့ရမှာမလို့ပါ..

Cancel တွေ အများကြီးပါပဲ .. လက်ကျန်တွေ အကုန်ဖြတ်ချင်တာမို့ အားလုံးရှင်းပြီးမှ တင်မယ်နော်..

Photos from Choice's post 04/01/2026

အရင်တင်ထားခဲ့သမျှတွေ ရသေးလား လာမေးကြတာ အားလဲနာပါတယ် page လေး နားထားတာ ၆ လ ရှိနေပါပြီ...

ယနေ့အထိ ၇ လပိုင်းရောင်းခဲ့သမျှတွေ cargo ဆီကနေကို မရသေးပါဖူးရှင်
preorders တွေက တစ်ခါရောက်ရင် kg 20-30 နီးပါးဆိုတော့ item တစ်မျိုးကို အရေအတွက်20 ဝန်းကျင်လောက် ရောင်းရပါတယ် ( ပုံတွေက ပစ္စည်းတစ်ခါရောက်ရင် အပြည့် ကိုပြချင်တာပါ )

ပုံမှန်လည်ပတ်နေတဲ့ business တစ်ခု က ရပ်လိုက်ရတာ ခုဆို ၆ လ လောက်ရှိပါပြီ စောင့်ခိုင်းရတာတွေလဲ အားနာရပါတယ်

Cargo fees 6000 ဝန်းကျင်ကနေ ၄-၅ ဆ တက်သွားတာတောင် သယ်မရတာတွေ အတွက် တကယ်ကိုအားနာပါတယ် ဒီလကုန်ထိမှ မရတော့ရင် cancel ခွင့်သာ ပြုပါတော့နော်😔

ဒီရက်ထဲ အရင်ရောက်ထားတဲ့ စုထားသမျှတွေ ပို့ဖို့ တစ်ဦးချင်းလိုက်မေးပါမယ်ရှင် မယူဖြစ်တော့ရင်လဲ တစ်ခါတည်းသာ ပြောပေးပါနော်

Online shop လေး 2021 တည်းက အစပြုလာခဲ့တာ 2025 မှာတော့ အနားယူတာ အကြာဆုံးပါပဲ.. ဒီနှစ်မှာတော့ ပြန်အဆင်ပြေမယ်လို့ မျှော်လင့်ရတာပါပဲ 🥺

ဈေးတွေ ပြန်ရောင်းချင်ပါတယ် ခုက ပစ္စည်းကို သယ်မရတာပါ ကိုယ်သယ်နေတဲ့ cargo က လုံးဝ လက်မခံသေးတာလဲ ပါပါတယ် အသစ်လဲ ထပ်မရှာချင်တာမို့ ဘယ်ချိန်ထိ နားရအုံးမယ် မသိသေးဖူး အမတို့ရယ်..

တစ်ချက်လေးမှ မငြိုငြင်ကြပဲ လာမပြောကြတဲ့ အမတို့ ကို တကယ် ကျေးဇူးတင်ပါတယ်နော်.. 🙏🙏🙏

Category

Website

Address

Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00